Tuesday 30 July 2013

မ၀ါးနိုင်တော့လို့ (ဟာသ)






- တစ်ခါက လူတစ်ယောက်ဟာ မိတ်ဆွေတစ်ဦး အဖွား နေမကောင်းတာကို သတင်းမေးဖို့ ရောက်သွားခဲ့သည်။

- သတင်းမေးနေတုန်းမှာ စားပွဲခုံပေါ်မှာ တင်ထားတဲ့ မြေပဲဆံတွေကို ယူစားတော့သည်။

- သတင်းမေးပြီး အိမ်ပြန်ခါနီး အဖွားကို သူက မြေပဲဆံဧည့်ခံတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောတော့......

- အဖွားက.... * အေးကွယ် အဖွားလည်း အသက်ကြီးတော့ မ၀ါးနိုင်တော့တာနဲ့

အဲ့ဒီမြေပဲဆံ အပြင်ဘက်မှာ ကပ်ထားတဲ့ ချောကလက်တွေလောက်ပဲ စုပ်စား နိုင်တော့တယ်ကွယ်*

ဗျာ.....

ဒိုင်ဆက်မလုပ်တော့ဘူး (ဟာသ)


Ko Min Min shared ဟိုးဟိုးကျော်'s status update. ဟိုးဟိုးကျော်
ရပ်ကွက် ဘောလုံးပွဲ တစ်ခုတွင် ဖြစ်သည်။ ဒိုင်လူကြီးမှ ဘောပွဲစရန် ၀ီစီ မှုတ်လိုက်သည်။

" ဖူးးးးးးးးးးးးးးးးးးး ဖူးးးးးးးးးးး"

" ငင် ၀ီစီက ဘာသံကြီးတုန်း"

" --ခွီးးးးးးးးး ၀ီစီက အဆံလဲ မပါပါလား"

ပွဲကတော့ လှပြီ။ ၀ီစီ အဆံ မပါတဲ့ ဒိုင်လူကြီးနဲကတော့။

" ဖူးးးးးးးးးးးးးးး ဖူးးးးးးးးးးးး ဟိုကောင် အဲ့လို ခြေစုံ ပစ်ဝင်လို့မရဘူး အနီကတ်ပြတယ်"

" ဘာ အနီ ကတ်လဲဗျ ခင်ဗျားက ဘာကောင်လဲ ကျုပ်က ရပ်ကွက်လူကြီးသားရဲ့ သူငယ်ချင်း မောင်ဗျ "

" ငင် ဟုတ်လား ဒါဆို ပန်းရောင် ကတ်"

" ငင် အဲ့ဒါက အပြင်ထွက်ရမှာလား ဆက်ကန်ရမှာလားငင်"

" ထွက်လဲ မထွက်နဲ့ ၀င်လဲ မ၀င်နဲ့ ဘေးစည်းပေါ်မှာကန်"

" ငင်"

" ဖူးးးးးးးးးးးးးးး ဖူးးးးးးးးးးးး ဟိုကောင် လက်ထိဘော လက်ထိဘော အ၀ါကတ်"

" ဘာ အ၀ါကတ်လဲဗျ ကျုပ်က ဂေါပက တူရဲ့ရည်းစားရဲ့ မျက်စောင်းထိုး အိမ်ကဗျ"

" ငင် ဟုတ်လား ဒါဆို အ၀ါ တစ်ကတ်ခွဲ"

" ငင် "

" ဖူးးးးးးးးးးးးးးးး ဖူးးးးးးးးးးးးးးး ဖူးးးးးးးးးး ဟိုကောင် လက်သီးနဲ့ ထိုးတယ် အနီကတ်"

" ဘာ အနီကတ်လဲဗျ ကျုပ်က အုပ်ချုပ်ရေးမှူးမှာ ရေထမ်းတဲ့ ကောင်ရဲ့ တပည့်ဗျ"

" ငင် ဟုတ်လား ဒါဆို အနီနု ကတ်"

" ငင် အဲ့ဒါက ရော ထွက်ရမှာလားငင်"

" ထွက်ရခါနီး နဲနဲ အလို"

" ငင်"

ထိုစဉ် စည်းကြပ်ဒိုင်က အလံထောင်လိုက်သည်။

" လူလဲမယ်ဟေ့"

" ဟာ မလဲဘူး ဘာလို့လဲရမှာလဲ ကျုပ်က အဘဘဘဘဘ"

" ငင် ရပြီ ရပြီ ဆက်မပြောနဲကတော့ ဟေ့ ရတယ် နှစ်ယောက်လုံးထည့်ကန် တစ်ယောက်နဲ့ တစ်ယောက် ရှေ့နောက် ဖက် ကန်ပစေ ကွာတော့မကွာစေနဲ့ညော်"

" ငင်"

ဒုက္ခ။ ဟို၂ကောင် ပူးဖက်လျက်ကြီး မပြေးတတ်။ မကြာခဏ မှောက်လျက်လဲကုန်သည်။ ခဏကြာတော့ အဆင်ပြေသွား၏။ ပါးစပ်ကတော့ တစ်စုံတစ်ခုကို ပြိုင်တူ ရွတ်နေကြလေသည်။ ဘာတဲ့

" ဘယ် ညာ ဘယ် ညာ ဘယ်ညာ ဘယ် ညာ ဘယ်"

" ငင် တယ်ဟုတ်ပါလား"

" ဖူးးးးးးးးးးးးး ဖူးးးးးးးးးး စည်းကြပ်ဒိုင် အလံထောင်ထားတယ် လူကျွံဘောဟေ့"

" ဟာဗျာ မကျွံပါဘူး ကျုပ်က ဟိုဟာရဲ့ ဟိုဟာ"

"ငင် ရပြီ ဆက်မပြောနဲ့တော့ ဟေ့ စည်းကြပ်ဒိုင် မကျွံဘူး ဆိုပါလား"

" ဟွတ် ကျွံခါနီး နှစ်လက်မ အလို"

" ခွီးးးးးးးးးးးးးး "

" ဖူးးးးးးးးးးးးးး ဖူးးးးးးးးးး ဂိုးတယ် ဂိုးတယ်"

" ဟာ မဂိုးပါဘူး ကျုပ်က ဟိုဒင်းရဲ့ ဟိုဟာ"

" ငင် ကဲဟယ် အနီကတ် ၆၄ ကတ်"

" ငင် ဘူ့ကို ပြတာတုန်း"

" ကိုယ့်ကိုယ်ကိုယ် ပြတာ တာ့တာ တော်ပြီ ဒိုင်ဆက်မလုပ်တော့ဘူး"

" ငင်"

ကိုပွကြီး ခေါ် ကိုပွ

ဟာသကမ္ဘာ (Funny World) အား ဟိုးဟိုးကျော်မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။

နောက်တာပါ




Myanmar Online News Tuesday, July 30, 2013
၁၅ နှစ်ကြာလက်ထက်ပြီးနောက်----
မယားဖြစ်သူက သူ့အလှကို ဘယ်ဖော်ပြမလဲလို့ ခင်ပွန်းကို မေး ပါတယ်။ ယောင်္ကျားဖြစ်သူက တစ်ကိုယ်လုံးကို ဖြည်းဖြည်းချင်းဆီ ကြည့်ရှုပြီး

"A-B-C-D-E-F- G-H-I-J-K" လို့ဖြေပါတယ်။

ဒီတော့ အဓိပ္ပါယ်မသိလို့ ဇနီးဖြစ်သူက ပြန်မေးတဲ့အခါ အောက်ပါ အတိုင်း ပြန်ဖြေပါတယ်။

"Adorable, Beautiful, Cute, Delightful, Elegant, Fashionable, Gorgeous, and Hot"

ဒီတော့ ဇနီးက " ဒါဆို I-J-K က ဘာ အဓိပ္ပါယ်လဲ" လို့တဲ့အခါ ယောင်္ကျား ဖြစ်သူက အောက်ပါအတိုင်း ဖြေပါတယ်။

"I'm Just Kidding"

Ref:joketech
ရိုးရာလေး ဟာသ

www.yoyarlay.com/book/152-natter/36861-i-am-just-kidding
 (kid= ကျီစားသည်။ စ သည်။ နောက် ပြောင် သည်။) (လှည့်စားသည်။ လိမ်ပြောသည်။)

Look, See, Watch နေရာမှန် အသုံးပြုခြင်း

Myanmar Online News Tuesday, July 30, 2013
တော်တော်များများ ဒါကို မှားသုံးကြပါတယ်။ သိနေပေမယ့်လည်း သတိလက်လွတ်ပြောဆို ရေးသား အသုံးပြုမှုကြောင့် Look, See, Watch က နေရာမှန်ကို မရောက်နိုင်သေးပါဘူး။ အလွယ်ကူဆုံး ရှင်းပြပါမယ်။

Look - အကြောင်းပြချက် တစ်ခုခုအတွက် ကြည့်ရှုခြင်း ဖြစ်ပါတယ်။

ဥပမာ - Look at that strange man/ Look at the pictures I took on holiday. I am looking for my mother.

See - အကြောင်းပြချက် မရှိသော်လည်း အမြင်ရှေ့ ရောက်လာသည်ကို ကြည့်ရှုခြင်း ဖြစ်ပါတယ်။ သူက နည်းနည်း ရုတ်တရက် ဆန်ပါတယ်။ မျော်လင့်မထားတဲ့ အရာမျိုးကို မြင်တဲ့အခါကျ See ကို သုံးပါတယ်။

ဥပမာ - ‘Did you see that bird? – I wasn’t looking for it, it just appeared.
‘I saw you driving to work today.’

Watch - အာရုံစူးစိုက်စွာ ကြည့်ရှုခြင်း။ (အထူးသဖြင့် ရွှေ့ လျားနေသာ အရာများ) ဖြစ်ပါတယ်။ သူကို ဘယ်မှာသုံးတယ်ဆိုတာ သိကြမှာပါ။

Watch TV မှာဆိုရင် တီဗီက မရွေ့ ပါဘူး။ သို့ပေမယ့် တီဗီထဲက ရွေ့ လျားနေတဲ့ ပုံရိပ်များကို ကြည့်ရှုနေခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ I am seeing TV လို့ သုံးလိုက်ရင် တီဗီကပဲ ရုတ်တရက် ကိုယ့်နားပဲ ဖြတ်ပြန် သွားသလားလို့ အဓိပ္ပါယ် သက်ရောက်ပါလိမ့်မယ်။

အသုံးမှားများ

I watched the bird. (မှားတယ်လို့ မဆိုနိုင်ပါဘူး။ ငှက်ကို စောင့်ကြည့် ပေးတယ်လို့ အဓိပ္ပါယ်သက်ရောက်သွားစေမှာပါ။)

I see the picture. (ပန်းချီကားကို ဖြတ်ကနဲ မြင်တဲ့ အဓိပ္ပါယ်မျိုး သက်ရောက်ပါတယ်။

I am looking for the movie. (ပျောက်နေသော ရုပ်ရှင်ကို ရှာသလို အဓိပ္ပါယ်သက်ရောက် သွားစေပါတယ်)


-
အောင်ခမ်း (ရိုးရာလေး)

http://www.yoyarlay.com/book/article/36862-look-see-watch

ဝမ်း တေဘယ်လ်

ည (၁၁) နာ၇ီထိုးမှ ကျွန်တော်တို့လင်မယား ပြန်ေ၇ာက်ကြတယ်။ အဲဒီည ကျွန်တော် နည်းနည်း မူးလာတယ်။ သူငယ်ချင်းတစ်ယောက်က သူ၇ဲ့စီးပွားေ၇းလုပ်ငန်းတစ်ခု အောင်မြင်တဲ့အတွက်
သူ့ သူငယ်ချင်းတွေဖြစ်တဲ့ ကျွန်တော်တို့လင်မယားကို ကန်တော်ကြီးစောင်းမှာ၇ှိတဲ့
အကောင်းဆုံးဆိုတဲ့ စားသောက်ဆိုင်မှာ ညစာကျွေးတယ်။

ကြက်ကောက်၇ိုးမီးကင်လည်းပါတယ်။ ဘဲကင်လည်းပါတယ်။ ယိုးဒယားပုံစံ ချက်ပြုတ်ထားတဲ့ အစားအစာတွေ အားလုံးပါတယ်။ Black Lable, Green Lable လို့ခေါ်ကြတဲ့ နိုင်ငံခြားဖြစ်အ၇က် အကောင်းစားတွေလည်း ပါတယ်။ သူငယ်ချင်းတွေတွေ့ကြတော့ ပြောကြ၊ ဆိုကြ သောက်ကြ၊ စားကြနဲ့ အလွန်ပျော်စ၇ာကောင်းပါတယ်။
စားသောက်ဆိုင်ကလည်း စင်တင်တေးဂီတပါတော့ လှတပတ ကောင်မလေးတွေ၇ဲ့ မပီမသသီချင်းသံကြားမှာ ၇ီဝေဝေယစ်မူးနေတဲ့ ဦနှောက်နဲ့ ဝိုးတဝါးအလှကို ခံစား၇င်း ည (၁၁) နာ၇ီ ထိုးသွားပါတော့တယ်။ ကားကိုဖြေးဖြေးမောင်းပြီး ပြန်လာခဲ့တယ်။ အိမ်ေ၇ာက်တော့ အဖေမအိပ်သေးဘူး။

အဖေက ကျွန်တော်တို့လင်မယားကို မျော်နေတယ်။ ညနက်လေ စိတ်မချလေဖြစ်ပြီး ကျွန်တော်တို့ကို စောင့်နေတာဖြစ်မယ်။ ကျွန်တော်တို့ကလည်း အိမ်ေ၇ာက်ေ၇ာက်ချင်း အိပ်ယာဝင်လိုက်ကြတယ်။
ကျွန်တော်တို့အိမ်မှာ ထုံးစံတစ်ခု၇ှိတယ်။ နံနက် (၆) နာ၇ီ ဆို၇င်ထမင်းစားခန်းထဲမှာ အားလုံးအတူတူ ဝိုင်းဖွဲ့ထိုင်ပြီး ကော်ဖီသောက်ကြ၇တယ်။ စကားပြောကြ၇တယ်။ ပြီးမှအလုပ်သွားကြ၇တယ်။ အဲဒီနေ့မနက်မှာ မနေ့ညက အကြောင်းပြောဖြစ်တယ်။

"အဖေေ၇ သိလား ကျော်နိုင်ကြီးလေ..။ေ၇နံမှော်အောင်တယ်။ ဒါကြောင့် မနေ့ညက ကျွန်တော်တို့ကို ' ဝမ်းတေဘယ်လ် ' ပေးတယ်အဖေ၇။ ကောင်းလိုက်တဲ့ အစားအစာတွေ။ အ၇က်ဆိုတာလည်း အပျံစား။ အဝသောက်၇တယ်" အဲဒီချိန်မှာ ကျွန်တော်မိန်းမ က ဝင်ပြောလိုက်တယ်။

"ကြက်ကောက်၇ိုးမီးကင်ဆိုတာ တော်တော်ကောင်းတာပဲ။ ယိုးဒယား အစားအစာတွေ
ကလည်း ' ၇ှယ် ' ပဲ ကောင်းလိုက်တာ လွန်ေ၇ာ။
ဟုတ်တယ် အဖေ၇ ကျော်နိုင်ကြီး၇ဲ့ ' ဝမ်းတေဘယ်လ် ' ကတော့ တစ်သက်မမေ့နိုင်စ၇ာပဲ။"

အဖေကျွန်တော့ကို ပြုံးပြုံးကြီးကြည့်ပြီး ကျွန်တော့်စကားကို ခေါင်းတစ်ညိတ်ညိတ်နဲ့ နားထောင်နေပါတယ်။

"Green Lable ဆိုတာလည်း အ၇က်လို့သာပြောတာ တအားကြီး မမူးဘူးဗျ။ နိုင်ငံခြားဖြစ် အ၇က်မို့လား မသိဘူး။ ယဉ်ယဉ်လေးနဲ့၇စ်တစ်တစ် ကလေး။ မနက်အိပ်ယာ ထတော့လည်း ဘာမှမဖြစ်ဘူး သိလား အဖေရ။" ဒီအချိန်မှာ အဖေကကျွန်တော့ကို စကားစပြောပါတယ်။

"ကျော်နိုင်ဆိုတာ ၂၂လမ်းက ကျော်နိုင်ကိုပြော တာလား။ ဝမ်းသာပါတယ်ကွာ။ မင်းတို့တစ်တွေ အဲဒီလို ကြီးပွားကြတာ စားနိုင်ကြတာ ပျော်နိုင်ကြတာ ။ ဒါပေမယ့်တစ်ခုတော့ သတိပေးစ၇ာရှိတယ်။"

အဖေက ကော်ဖီကိုသောက်လိုက်တယ်။ သားသမီးတွေမြေးတွေကို တစ်ယောက်ချင်းစီ
သေချာကြည့်တယ်။ အားလုံးသေချာ နားထောင်ကြ။

"ငါ့သားကြီးကပြောတယ် သူ့ သူငယ်ချင်း၇ဲ့ ' ဝမ်းတေဘယ်လ် ' ဘယ်လိုကောင်းကြောင်း ၊ ဘယ်လိုကျေးဇူးတင်ကြောင်း ၊ ဘယ်လိုပျော်စ၇ာကောင်းကြောင်း အားလုံးကြားကြတယ်နော်။ "

'"ဟုတ်ကဲ့ပါ" အဖေ ။

"ဒါဆို၇င် မင်းတို့အားလုံးကို အဖေမေးမယ် ။ မင်းတို့တတွေကို ငါတို့မိဘနှစ်ပါးက ' ဝမ်းတေဘယ်လ် ' မကဘူး။ 'သ၇ီးတေဘယ်လ် ' ကျွေးနေတယ် ၊ကျွေးခဲ့တယ် ၊ ကျွေးအုံးမှာ မင်းတို့ပျော်ပျော်ပါးပါး
စားသောက်နေကြတာတွေ့၇င် ငါတို့အ၇မ်းပျော်တယ်။ မင်းတို့နေ့တိုင်းဒီလို 'သ၇ီးတေဘယ်လ်' စားနေကြတာကိုတော့ ခုလို ဝမ်းပန်းတသာကြီးပြောဖို့ သတိ မ၇ကြဘူးနော်။"

ကျွန်တော် တော်တော်လန့်သွားတယ်။ အဖေ၇ဲ့မျက်လုံးထဲမှာ အဓိပ္ပါယ်တွေ၇ှိနေတယ်။ အဖေက ဆက်ပြောတယ်။

"မြန်မာစကားပုံမှာ ၇ှိတယ် ' တလုတ်စားဖူး သူ့ကျေးဇူး ' ဆိုတာ။ ထမင်းအလုတ်ပေါင်း များစွာကျွေးခဲ့တဲ့ ၊ နောက်လည်းကျွေးနေဦးမယ့် အဖေတို့ အမေတို့၇ဲ့ကျေးဇူးကိုတော့ မတွေးမိကြဘူးနော်။ သူငယ်ချင်းတစ်ယောက်က ကျွေးတဲ့ ' ဝမ်းတေဘယ်လ် ' ကိုတော့ ၇င်ထဲမှာ မှတ်တမ်းတင်မိတယ်။
အဖေနဲ့အမေ ကျွေးနေတဲ့ ' တေဘယ်လ် 'ပေါင်းများစွာကိုတော့ ၇င်ထဲမှာမှတ်တမ်း မတင်မိခဲ့ကြဘူး တစ်သက်မှာ တစ်ခါလောက်သာကျွေးတဲ့ သူငယ်ချင်းရဲ့ 'ဝမ်းတေဘယ်လ်' ကိုတော့ ကျေးဇူးတင်လိုက်ကြတာ ပြောလို့ကိုမဝကြဘူး။ တစ်သက်လုံး နေ့စဉ်နေ့တိုင်း ဒီစားပွဲးပေါ်မှာ မေ၇တွက်နိုင်အောင် ကျွေးခဲ့တဲ့ တေဘယ်လ်ပေါင်း များစွာကို မင်းတို့ တန်းဖိုး မထားကြဘူးနော်။ "

အဖေပြောမှ ကျွန်တော်စဉ်းစားမိတော့တယ်။ ဟုတ်တယ်။ အဖေနဲ့အမေကျွေးခဲ့တဲ့ ထမင်းတွေ နည်းမှမနည်းပဲကို။ တေဘယ်လ်များစွာ ကျွန်တော်တို့ စားခဲ့ပြီးပြီ။ နောင်လည်း စားနေအုံးမှာပဲ။ ဒါပေမယ့် ဘာကြောင့် ကျေးဇူးတင်ပါတယ်လို့ မတွေးမိကြတာလဲ။ မစဉ်းစားမိကြတာလဲ။
မပြောမိကြတာလဲ။
မြန်မာ စကားပုံမှာ တလုတ်စားဘူး သူ့ကျေးဇူးဆိုတာ ကျွန်တော်တို့ သိကြပါတယ်။ ထမင်းအလုတ်ပေါင်းများစွာကို ကျွေးခဲ့တဲ့၊ နောက်လည်းကျွေးနေဦးမယ့် အဖေတို့ အမေတို့၇ဲ့ကျေးဇူးကို ကျွန်တော်တို့မတွေးမိကြဘူးနော်။ သူငယ်ချင်းတစ်ယောက်ကျွေးခဲ့တဲ့ ဝမ်းတေဘယ်လ်ကိုတော့ ၇င်ထဲမှာ မှတ်တမ်းတင်မိတယ်။ အဖေနဲ့အမေ ကျွေးနေတဲ့ တေဘယ်လ် များစွာကိုတော့ ၇င်ထဲမှာ မှတ်တမ်းမတင်ခဲ့မိဘူး။

ဦးဘုန်း(ဓာတု)
(တွင်း ဆိုသော စာအုပ်မှ)