
ကျောင်းပြီးပြီးငါးနှစ်အကြာ... မင်္ဂလာဆောင်ပြီးသူတွေက တစ်ဝိုင်း၊
မင်္ဂလာမဆောင်သေးသူတွေက တစ်ဝိုင်း
၁ဝနှစ်အကြာ... ကလေးရှိသူတွေက တစ်ဝိုင်း၊ ကလေးမရှိသူတွေက တစ်ဝိုင်း
၁၅နှစ်အကြာ... လက်ရှိအိမ်ထောင်နဲ့က တစ်ဝိုင်း၊ နောက်တစ်ယောက်ပြောင်းယူထားသူတွေက
တစ်ဝိုင်း
၂ဝနှစ်အကြာ... အသောက်ကြမ်းသူတွေက တစ်ဝိုင်း၊
သိပ်မသောက်သူတွေက တစ်ဝိုင်း
၂၅နှစ်အကြာ... ပြည်တွင်းနေသူတွေက တစ်ဝိုင်း၊
ပြည်ပကပြန်လာသူတွေက တစ်ဝိုင်း
၃ဝနှစ်အကြာ... အသားစားသူတွေက တစ်ဝိုင်း၊
သက်သတ်လွတ်သမားတွေက တစ်ဝိုင်း
၃၅နှစ်အကြာ... ပင်စင်ယူပြီးသူတွေက တစ်ဝိုင်း၊
ပင်စင်မယူရသေးသူတွေက တစ်ဝိုင်း
၎ဝနှစ်အကြာ... သွား" ရှိသူတွေက တစ်ဝိုင်း၊
သွား" မရှိတော့သူတွေက တစ်ဝိုင်း
၄၅နှစ်အကြာ... ကိုယ်တိုင်လာနိုင်သူတွေက တစ်ဝိုင်း၊
တွဲပြီးခေါ်လာရသူတွေက တစ်ဝိုင်း
၅ဝနှစ်အကြာ... လာမယ်လို့ပြောပြီး လာတဲ့သူတွေက
တစ်ဝိုင်း၊ လာမယ်လို့ပြောပြီး မလာနိုင်တဲ့သူတွေကြောင့် လွတ်နေတာက တစ်ဝိုင်း
၅၅နှစ်အကြာ... လာနိုင်သူတွေက တစ်ဝိုင်း၊
မလာနိုင်တော့တဲ့သူတွေရဲ့ ဓာတ်ပုံတွေက တစ်ဝိုင်း
၆ဝနှစ်အကြာ... စားပွဲတစ်ဝိုင်းပြည့်အောင် လူတွေ
မစုံနိုင်တော့ပါ....
လူ့ဘဝက တိုတောင်းလွန်းတယ်၊ ဒီစာကိုကြိုက်နှစ်သက်ရင်
သင့်ကျောင်းနေဖက် သူငယ်ချင်းကောင်းတွေကိုလည်း မျှဝေပေးလိုက်ပါ...
လူ့ဘဝမှာ ပျော်ပျော်နေဖို့၊ ကျန်းမာရေးကို
ဂရုစိုက်ဖို့၊ အစားအသောက်တွေ ဆင်ခြင်ဖို့ သတိပေးလိုက်ပါ...
အသက်ရှင်နေချိန်မှာ အရာရာဟာလှပပါတယ် . . .
*** ထိုင်ဝမ်မှာ ကျောင်းအတူတက်ခဲ့ကြတဲ့ မြန်မာပြည်က
ကျွန်မသူငယ်ချင်းတချို့က WeChatမှာ Group လုပ်ပြီး ပြောကြဆိုကြ ဆက်သွယ်ကြတယ်။
တစ်နေ့က အဲဒီGroup ထဲ သူငယ်ချင်းတစ်ယောက်ဖိတ်လို့ ကျွန်မရောက်သွားတယ်။
မတွေ့တာနှစ်တော်တော်ကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေ၊ အဆက်အသွယ်ပြတ်နေတဲ့
သူငယ်ချင်းတွေကို တွေ့တယ်။ အားလုံးက ကလေးတွဲလဲကြီးတွေနဲ့... သူတို့ပြောတာ
နားထောင်လိုက်၊ ရယ်လိုက်၊ ဓာတ်ပုံကြည့်လိုက်ပေါ့။ ညီမငယ်တစ်ယောက်က
ဒီမိတ်ဆုံစားပွဲ"စာကို မျှဝေလာတော့ စစချင်းမှာ ကျွန်မဖတ်ပြီး ရယ်မိသေးတယ်။
စစဖတ်တော့ ဟာသလိုလို ဘာလိုလိုကိုး၊ ဖတ်ရင်း ဖတ်ရင်း အောက်ဆုံးနားရောက်တော့
စိတ်ထဲတစ်မျိုးဖြစ်သွားတယ်... ဝမ်းနည်းသလိုလို ဘာလိုလိုနဲ့ ဘယ်လိုခံစားချက်မျိုးလဲ
မပြောတတ်ဘူး။ ကျွန်မတို့သူငယ်ချင်း အချင်းချင်းဆုံဖြစ်ရင်လည်း ဒီစာထဲကအတိုင်း
ဘယ်သူက ဘာဖြစ်နေပြီ.. ဘယ်သူက ဘာဖြစ်သွားပြီနဲ့ ပြောတတ်ကြတယ်။ တကယ်လည်း ဘဝဆိုတာ
တိုတိုလေးရယ်.. နှစ် ၆ဝအကြာကို ကိုယ်လည်းခဏဏလေးနဲ့ ရောက်သွားမှာပဲ။ ဒါမှမဟုတ်
ရောက်ချင်မှလည်းရောက်မှာ။ ဒါကြောင့် အသက်ရှင်နေတုန်းလေး..
ပျော်ပျော်နေပါ.. ကျန်းမာရေးကို ဂရုစိုက်ပါ..
အမုန်းရန်ငြိုးတွေ လျော့ပါ.. အသောက်အစား ဆင်ခြင်ပါလို့... <<<
ကျောင်းနေဖက်၊ ကျောင်းမနေဖက် သူငယ်ချင်းတွေကို မှာချင်ပါတယ်...

ရဲအရာရှိတစ်ယောက်...
မိသားစုနဲ့အတူ ပင်လယ်ကမ်းခြေဘက်ကို အပန်းဖြေခရီးထွက်မယ်လို့ စီစဉ်ပြီးကာမှ
ရုံးကအရေးပေါ်ကိစ္စတခုပေါ်လာလို့ ခေါ်ခိုင်းပါလေရော
ဒါနဲ့ မိန်းမနဲ့ ကလေးတွေကို အရင်သွားခိုင်းလိုက်ရတယ်
သူက တစ်ပတ်လောက်နေမှ နောက်ကလိုက်သွားရတာ
ကမ်းခြေက ဟိုတယ်ရောက်ရောဆိုပါတော့...
မိန်းမနဲ့ မတွေ့ရတာလည်း တစ်ပတ်လောက်ကြာပြီဆိုတော့
တွေ့တွေ့ခြင်း ချစ်တင်းနှောဖို့ ကြိုးစားတယ်
မိန်းမက လက်မခံဘူး... ကလေးတွေ ရှိနေတာကိုး
ဒါနဲ့ ကမ်းခြေဖက်ထွက်လာပြီး လူရှင်းတဲ့နေရာမှာ
ချစ်တင်းနှောကြတယ်
အဲ... ကံဆိုးချင်တော့ ကမ်းခြေစောင့်ရဲက
ဖမ်းပါလေရောဗျာ
"ခင်ဗျားတို့ကို ဖမ်းတယ်၊ ဒဏ်ရိုက်မယ်"
"ဘာလို့လည်း"
"အများပြည်သူ နားနေရာနေရာမှာ
မဖွယ်မရာလုပ်လို့"
ဒီတော့ ရဲအရာရှိက သူ့ရဲ့ ရဲတံဆိပ်ကို ထုတ်ပြပြီး
တောင်းပန်တယ်... ..
"မလုပ်ပါနဲ့ဗျာ၊ ကျနော်လည်း
ရဲအရာရှိတစ်ယောက်ပါ"
ကမ်းခြေစောင့်ရဲက သူ့တံဆိပ်ကို ယူကြည့်ပြီး
ပြန်ပြောတယ်... ...
"အေးလေ၊ ရဲအခြင်းခြင်းဖြစ်တာရယ်၊ တစ်ကြိမ်တစ်ခါ
ကျူးလွန်တာရယ်ကြောင့် ခင်ဗျားကိုတော့ လွှတ်ပေးလိုက်မယ်၊ ဒါပေမယ့် ဒီမိန်းမကိုတော့
ဖမ်းကိုဖမ်းရမယ်"
"ဘာဖြစ်လို့လဲဗျ"
"ဘယ့်နှယ့်ဗျာ... ဒီတပတ်ထဲတင် သူ့ကိုဖမ်းမိတာ
သုံးခါရှိပြီလေ"
"ဂျာ..."
သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko
ညအလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နောက်မှာ လူတစ်ယောက် ကပ်ပါလာတယ်။
ဒါကို ကောင်မလေးက သတိထားမိပြီး လန့်နေမိတယ်။
ဖြစ်ချင်တော့ အပြန်လမ်းမှာ သင်္ချိုင်းတစ်ခု
ဖြတ်ရတယ်။
> ကောင်မလေးက ဖြတ်ထိုးဥာဏ်သုံးပြီး
ဂူတစ်ခုရှေ့ရပ်လိုက်တယ်။ အဲဒီနောက် ဂူကိုလက်နဲ့ပုတ်ပြီး
> “အဖေ.. အဖေ.. သမီးပြန်လာပြီ တံခါးဖွင့်ပေးအုန်း”
လို့ ပြောလိုက်တယ်။
> နောက်မှာကပ်ပါလာတဲ့ လူက ကောင်မလေး စကားကြောင့်
ကြောက်လန့်ပြီး
> ထွက်ပြေးသွားခဲ့တယ်။
> ထွက်ပြေးသွားတဲ့လူကို ကြည့်ပြီး ကောင်မလေး
ရယ်မိတယ်။ အဲဒီအချိန်မှာ ဂူနောက်ကနေ
အသံတစ်သံ ထွက်လာတယ်။
> “သမီးကလဲ.. သော့ယူသွားဖို့ မေ့ခဲ့ပြန်ပြီလား!”
> အသံကြောင့် ကောင်မလေး ဂူရှေ့ကနေ
ထွက်ပြေးခဲ့ရတယ်။
> ကောင်မလေး ထွက်ပြေးသွားပြီးနောက် ဂူနောက်ကနေ
ဂူဖောက်ထွင်းတဲ့ သူခိုးတစ်ယောက်
ထွက်လာတယ်။
> သူခိုးက “ငါ့အလုပ်ကို အနှောင့်အယှက်ပေးတဲ့ လူတွေ
မှတ်လောက်သားလောက်အောင်
ခြောက်ပစ်ရမယ်” ဆိုပြီး ရယ်နေခဲ့တယ်။
> သူခိုးရယ်လို့ မပြီးခင် သူနဲ့မလှမ်းမကမ်းမှာ
မှတ်တိုင်ကိုင်ပြီး ရပ်နေတဲ့ အဘိုးအိုတစ်ယောက်ကို
တွေ့လိုက်တယ်။
> သူခိုးက “အဘိုးကြီး.. ခင်ဗျား ဘာလုပ်နေတာလဲ”
လို့ မေးတော့ အဘိုးအိုက
> “တောက်.. ဒီလူတွေ ငါ့နာမည်ကို
မှားအောင်ရေးကြတယ်ကွာ” လို့ ပြောလိုက်တယ်။
> အဘိုးအို စကားကိုကြားပြီး သူခိုးထွက်ပြေးသွားခဲ့တယ်။
> ထွက်ပြေးသွားတဲ့ သူခိုးကိုကြည့်ပြီး အဘိုးအို
တဟားဟားနဲ့ ရယ်နေခဲ့တယ်။
> အဘိုးအိုက “ငါ့ စားကျက်ကို လုချင်တဲ့ကောင်
မှတ်လောက်အောင် ဆုံးမရမယ်” လို့
ရေရွတ်လိုက်တယ်။
> အဘိုးအို ရွတ်သံမဆုံးခင်မှာ လက်ထဲကသံတူရွင်း
မတော်တဆ ပြုတ်ကျသွားတယ်။
> တူရွင်းကို အဘိုးအို ကုန်းကောက်ဖို့
ခါးညွှတ်လိုက်တော့ ချုံထဲကနေ လက်တစ်ဖက်နဲ့အတူ
> “ဘယ်ကကောင်လဲကွ.. ငါမှတ်တိုင်ကို
လျှောက်ဖျက်နေတာ” ဆိုတဲ့ အသံအသံ ထွက်လာတယ်။
> အဘိုးအို ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ရတယ်။
> အဘိုးအို ထွက်ပြေးပြီးနောက် သံတိုသံစကောက်တဲ့ လူတစ်ယောက်
ချုံထဲကနေ ထွက်လာတယ်။
အဲဒီလူက မြေပေါ်ကျနေတဲ့ သံတူရွင်းကိုကောက်ပြီး
“သံတူရွင်းရလည်း မဆိုးပါဘူး" ဆိုပြီး
ထပြန်သွားတယ်..
> အဲ့အချိန်မှာဘဲ..အဲ့အဖြစ်အပျက်တွေကို
ဖတ်လိုက်ရတဲ့ ရုပ်ဆိုးဆိုးနဲ့ သရဲက ပြုံးနေလေသတဲ့..
သူငယ်ချင်းများတွက် မျှဝေလိုက်တာပါ။
Credit to--Ko Chan
တရားရုံးတွင် လင်မယားကွာရှင်းပြတ်စဲလိုမှုကို ကြားနာနေသည်။ ကွာရှင်းပြီးသည့်အခါ
သားသမီးများကို မည်သူက ပိုင်ဆိုင်သင့်ကြောင်းနှင့် ပတ်သက်၍ နှစ်ဖက်ရှေ့နေများ
လျှောက်လဲ ကြသည်။
ယောက်ျားဘက်က ရှေ့နေက ပြောသည်။
“ ရုံးတော်ကို မေးခွန်းတစ်ခု မေးပါရစေ။ ဆိုကြပါစို့ .
. . .စက်ထဲကို လူတစ်ယောက်က ပိုက်ဆံ ထည့်လိုက်တယ်။ စက်က စီးကရက်ဘူးကို
ပြန်ထုတ်ပေးလိုက်တယ်။ အဲ့ဒီ စီးကရက်ဘူးကို ဘယ်သူက ပိုင်သလဲ ပိုက်ဆံ ထည့်တဲ့သူလား၊
စက်လား ”
တရားသူကြီးကပြောသည်။
“ ပိုက်ဆံထည့်တဲ့သူပေါ့ ”
“ အဲ့ဒါဆို ကလေးတွေကို ကျနော့ အမှုသည်ရဲ့လက်ထဲကို
အပ်လိုက်ပါ ”