Monday 30 June 2014

ဘာဖြစ်လို့ ကျောင်းတက်ရတာလဲ

"ဖေဖေ... သား ဘာဖြစ်လို့ ကျောင်းတက်ရတာလဲ"
ကျောင်းအပ်ပြီး သိပ်မကြာသေးတဲ့သားက ဖခင်ကို ဒီလိုမေးခွန်းထုတ်တယ်။

"သား သိရဲ့လား... ၁နှစ်သက်တမ်းပဲရှိတဲ့ သစ်ပင်လေးဟာ ခြံစည်းရိုးကာ၊ ထင်းစိုက်ဖို့ပဲ အသုံးဝင်တယ်။ ၁ဝနှစ်သက်တမ်းရှိတဲ့သစ်ပင်ကိုတော့ တန်းလုပ်လို့ရတယ်။ အနှစ်၂ဝသက်တမ်း ရှိတဲ့ သစ်ပင်ကိုတော့ ထုပ်လုပ်လို့ရတယ်၊ တိုင်လုပ်လို့ရတယ်၊ အိမ်ထောင်ပရိဘောဂ လုပ်လို့ရတယ်...."

"တကယ်လို့ ကလေးတစ်ယောက်ဟာ ကျောင်းမတက်ခဲ့ရင် အသက်၇နှစ်လောက်ရောက်တာနဲ့ သူဟာ နွားကျောင်းနိုင်တယ်။ အဲဒီထက် နည်းနည်းကြီးလာပြီဆိုရင် နွားတစ်အုပ်ကိုကျောင်းနိုင်တယ်။ ဒါပေမယ့် နွားကျောင်းတာကလွဲပြီး သူတခြားဘာမှ မလုပ်တတ်ဘူး"

"တကယ်လို့ မူလတန်းအထိ သူတက်ခဲ့ဖူးရင် စိုက်ပျိုးနည်းအသစ်နဲ့ လယ်ထဲမှာ သူလုပ်ကိုင်စားသောက်လို့ရတယ်။ မြို့ပေါ်မှာ ပန်းရံလုပ်လို့ရတယ်။ ခြံစောင့်လုပ်လို့ရတယ်။ လမ်းဘေးဈေးသည်လုပ်လို့ရတယ်။ ဒါတွေက မူလတန်းပညာနဲ့ လုံလောက်တယ်"

"တကယ်လို့ အလယ်တန်းအထိ သူတက်ခဲ့ဖူးရင် စက်ပစ္စည်းအသုံးပြုပုံတွေကို သူလေ့လာသင်ယူလို့ရတယ်"
"တကယ်လို့ အထက်တန်းအထိ သူတက်ခဲ့ဖူးရင် စက်ပစ္စည်းပြုပြင်တာတွေကို သူလေ့လာသင်ယူလို့ရတယ်"
"တကယ်လို့ တက္ကသိုလ်အထိ သူတက်ခဲ့ဖူးရင် တိုက်တာကြီးတွေကို သူဆောက်လုပ်နိုင်တယ်၊ လမ်း၊ တံတား၊ သံလမ်းတွေကို သူရေးဆွဲဆောက်လုပ်နိုင်တယ်"
"တကယ်လို့ ဒီထက်ပိုပြီး ဘွဲ့လွန်တွေ သူတက်ခဲ့ဖူးရင် ဖေဖေတို့မှာ နဂိုမရှိတဲ့အရာတွေကို သူတီထွင်နိုင်မယ်.. သား သဘောပေါက်တယ်နော်"
"သဘောပေါက်ပါပြီ ဖေဖေ"

"နွားကျောင်းသား၊ လယ်သမား၊ ခြံစောင့်လုပ်ရတာ မျက်နှာငယ်သလား မငယ်ဘူးလား"
"ငယ်ပါတယ် ဖေဖေ"
"မျက်နှာမငယ်ဘူး သား.... သူတို့က မခိုးမဝှက်ဘူး၊ ရိုးရိုးသားသား ပိုက်ဆံရှာပြီး ကိုယ့်သားသမီး၊ ကိုယ့်မိဘတွေကို ကျွေးမွေးနေသူတွေပါ။ ဒါကြောင့် လုံးဝမျက်နှာမငယ်ပါဘူး။ ကျောင်းတက်ဖူး၊ ကျောင်းခဏပဲနေဖူးတိုင်း အသုံးမကျတာ မဟုတ်ဘူး။ သစ်ပင်လေးလိုပေါ့.. တစ်နှစ်သားမှာလည်း အသုံးဝင်တယ်။ ဒါပေမယ့် သိပ်များများစားစား အသုံးမဝင်ဘူး။
စာဖတ်နည်းတာနဲ့ စာလုံးဝမဖတ်တဲ့ လူတွေကလည်း အသုံးဝင်ပါတယ်။ ဒါပေမယ့် လူထုကို အကျိုးပြုပုံခြင်း၊ ကုညီထောက်ပံ့ပုံခြင်း အနည်းအများ ကွာသွားတယ်၊ သူတို့ရှာဖွေတဲ့ ငွေကြေးအနည်းအများ ကွာသွားတယ်ပေါ့။ ကျောင်းများများတက်ရင် ငွေများများကုန်တယ်၊ အချိန်များများကုန်တယ်.. ဒါပေမယ့် အကျိုးပြုကူညီထောက်ပံ့မှု ကြီးမားတယ်ပေါ့"

ကလေးတွေနဲ့ စကားပြောဆိုချိန်မှာ အတင်းအဓမ္မရိုက်သွင်းတာမျိုး၊ ချော့မော့ဖြားယောင်းတာမျိုး မလိုအပ်ပါဘူး။

သူသဘောပေါက်နားလည်အောင် ရှင်းပြနိုင်ဖို့ပဲလိုပါတယ်။

အဲဒီနောက် သူ့ဘာသာသူ ရွေးချယ်တတ်သွားပါလိမ့်မယ်။

ရေးသားသူ :Nine Nine Sanay @ နိုင်းနိုင်းစနေ

မိဘတွေကို မပြောသင့်တဲ့ စကား(၁ဝ)ခွန်း

လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။ သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကိုထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်.. လူ့ဘဝက တိုတောင်းလွန်းပါတယ်။

ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။ ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက်အရေးပါကြောင်း သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။ သင်ဘာအမှားပဲလုပ်လုပ် သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ မိဘရဲ့ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာဆိပ်ကမ်းဖြစ်ပါတယ်။

(၁) အင်းပါ! အင်းပါ! သိပြီ... အရမ်းရှုပ်တာပဲ!

(၂) ကိစ္စရှိသေးလား? မရှိရင် ဖုန်းချတော့မယ်!
(မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံသက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။ ဖုန်းကိုချဖို့ပဲ မလောပါနဲ့)

(၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့!

(၄) မလုပ်ပါနဲ့လို့ အထပ်ထပ်ပြောထားရက်သားနဲ့..... လုပ်ထားတာတွေကလည်း မကောင်းဘူး။

(သူတို့အင်အားနဲ့မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကို မလုပ်ဖို့တားတယ်။ ဒါပေမဲ့ ဒါဟာ သူတို့အသုံးမဝင်တော့ကြောင်း သူတို့ကိုခံစားစေပါတယ်)

(၅) ဟာ.. ဖေဖေ၊ မေမေတို့နည်းက ခေတ်တုံးနေပြီ။
(မိဘတွေရဲ့အကြံဉာဏ်က ကျွန်တော်တို့အတွက် အသုံးတည့်ချင်မှ တည့်လိမ့်မယ်။ ဒါပေမဲ့ ဒီထက်နားထောင်လို့ကောင်းတဲ့စကားကို ကျွန်တော်တို့ပြောသင့်ပါတယ်)

(၆) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ကြည့် ပစ္စည်းတွေရှာမတွေ့တော့ဘူး။
(ကိုယ့်အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ်။ မရှင်းချင်ရင် သူတို့ရဲ့စေတနာကိုတော့ မစော်ကားပါနဲ့)

(၇) သား ဘာစားမယ်ဆိုတာ သား သိတယ်။ ဟင်းတွေ ထည့်ထည့်မပေးနဲ့တော့!
(ကျွန်တော်တို့အပြန်ကို စောင့်မျှော်နေကြတဲ့ မိဘတွေက သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ဂရုစိုက်မှုတွေကို ကျွန်တော်တို့အတွက် အထူးစီမံထားတဲ့ထမင်းဟင်းတွေထဲ ထည့်ချက်ထားကြတယ်။ ဒါကို ကျွန်တော်တို့က ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ရုံပါပဲ)

(၈) ဒီဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကိုနားမထောင်ဘူး!
(သူတို့ရဲ့ တစ်သက် ချွေတာလာတဲ့ အကျင့်တွေ ပြောင်းလဲရခက်ပါတယ်။ ဟင်းချက်ရင် တစ်နပ်စာ ချက်ဖို့ အကြံပေးတာက ပိုကောင်းပါတယ်)

(၉) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ်။ တဗျစ်တောက်တောက် မပြောနဲ့ .. နားကိုငြီးတယ်။

(၁ဝ) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆို ဘာဖြစ်လို့ ဒီမှာ ပုံထားရသေးတာလဲ!
(မိဘတွေက ကျွန်တော်တို့နဲ့ အတူကြီးပြင်းလာခဲ့တဲ့ အရာတွေကို သိမ်းထားချင်တတ်ကြတယ်။ သူတို့သိမ်းထားတာတွေ တစ်အိမ်လုံးပြည့်နေပါစေ... နောင်တချိန်မှာ ကျွန်တော်တို့ ကလေးဘဝက ဝတ်ခဲ့တဲ့ အဝတ်အစားတွေကို ကျွန်တော်တို့ တွေ့မိတဲ့အခါ ကျွန်တော်တို့ ဝမ်းသာကြည်နူးကြဦးမယ် မဟုတ်ပါလား။)

Credit to : Original Uploader


မုန်လာဥနီ၏ ကျန်းမာရေးအကျိုးပြုပုံ

မုန်လာဥနီရဲ့ ကျန်းမာရေး အကျိုးပြုပုံကို စာဖတ်သူ အများစု သိရှိမယ်ထင်ပါတယ်။
၁၀၀ မီလီ ဂရမ် မုန်လာဥနီ တစ်တောင့် မှာ ပါဝင်တဲ့ ဓာတ်များကတော့
Vitamin A --93%
Vitamin C --12%
Vitamin D
Vitamin E
Vitamin K
9.4 mcg
Thiamin --3%
Riboflavin --3%
Niacin --8%
Vitamin B6 --8%
Folate--5% အစရှိသဖြင့်တို့ ဖြစ်ပါတယ်။


မုန်လာဥနီ ဖျော်ရည် ပုံမှန်သောက်သုံးခြင်း ဖြင့် အအေးမိ၊ ကြက်ငှက်တို့မှ ကူးဆက်ရောဂါ၊ အခြား ကူးဆက်ရောဂါ၊ ပိုးမွားဘက်တီးရီးယားတို့ကို မကူးစက် မရောက်ရှိ လာအောင် ကိုယ်ခံအားကို ဖြည့်ဆည်း ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

မုန်လာဥနီမှာ ပါဝင်တဲ့ ဗီတာမင် A, C နဲ့ စီလီကွန် ဓာတ်များဟာ အမြင်အာရုံကြောကို ပိုမိုအားဖြည့်ပေးပြီး မျက်စိအားကောင်းလာမှာ ဖြစ်တယ်လို့ သိရပါတယ်။
----
Ref: Medic fact
ရိုးရာလေး ကျန်းမာရေး

http://www.yoyarlay.com/health/beauty/33936-carrot-benefit

မြန်မာ့ပထမဦးဆုံးများ



ပထမဆုံး မြန်မာနိုင်ငံမှာ ပိဋကတ် သုံးပုံအာဂုံဆောင် ဆရာတော် = မင်းကွန်းဆရာတော်ဘုရာကြီး ကမ္ဘဥာဏ်အကောင်းဆုံး ဦးနှောက် အကောင်းဆုံးဆရာတော်ကြီး

၁။ ပထမဆုံး သမ္မတ = စ၀်ရွှေသိုက်

၂။ ပထမဆုံး ၀န်ကြီးချုပ် = ဦးနု

၃။ ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး

၎။ ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာ မင်းသားနှင့် မစ္စတာလိန်း (ဒေါက်တာ ဆင်မျူရယ် ဂျွန်ဆင်၏ အင်္ဂလိပ်အဘိဓာန်ကို ပြန်ဆို)

၅။ ပထမဆုံး သိပ္ပံ စာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင်

၆။ ပထမဆုံး အမျိုးသား ကောလိပ်မှ ၀ိဇ္ဖာဘွဲ့ ရသူ = ဆရာကြီး ဦးရာဇာတ်

၇။ ပထမဆုံး အင်ဂျင်နီယာ = ဖန်ချက်ဝန် ဦးရွှေအိုး

၈။ ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော် ဦးဥတ္တမ

၉။ ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း

၁၀။ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု

၁၁။ ပထမဆုံး မြန်မာ့ရုပ်ရှင် ထူထောင်သူနှင့် ဒါရိုက်တာ = လန်ဒန်အတ် ဦးအုန်းမောင်

၁၂။ ပထမဆုံး မြန်မာ့ရုပ်ရှင် ထုူးချွန်ဆုရ မင်းသား = ကျော်စိုး

၁၃။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသမီး = ကြည်ကြည်ဌေး

၁၄။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ကလေးသရုပ်ဆောင် = အောင်ထွန်းလေး

၁၅။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသား = ဦးကျောက်လုံး

၁၆။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသမီး = ဒေါ်မေနွဲ့ 

၁၇။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဒါရိုက်တာ = ဦးသုခ

၁၈။ ပထမဆုံး နိုင်ငံခြားရောက် ဆိုင်းဆရာ = စိန်ဗေဒါ

၁၉။ ပထမဆုံး ကာလပေါ်ဝတ္တုရေး စာရေးဆရာ = ဂျိမ်းစ်လှကျော် (မောင်ရင်မောင် မမယ်မ၀တ္တု)

၂၀။ ပထမဆုံး သတင်းစာ ဆရာမ = အင်ဒီပင်းဒင့်ဒေါ်စန်း

၂၁။ ပထမဆုံး ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာကထိက = ဒေါက်တာဘမော်

၂၂။ ပထမဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး = ပါမောက္ခ ဦးဖေမောင်တင်

၂၃။ ပထမဆုံး စတီရီယို အဆိုတော် =တက္ကသိုလ် ထွန်းနောင်

၂၄။ ပထမဆုံး လေသူရဲ = မီးပုံးပျံ ကျော်ရင်

၂၅။ ပထမဆုံး စက်ရုပ်တီထွင်သူ = ဦးကြည်

၂၆။ ပထမဆုံး နယ်လှည့်ဇာတ်သဘင် = ဂရိတ်ဦးဘိုးစိန်

၂၇။ ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရားဝန်ကြီးချုပ် = ဒေါက်တာဆာမြဘူး(၁၈၈၅-၁၈၈၆)

၂၈။ ပထမဆုံး မြန်မာပါရဂူ = ဒေါက်တာဘဟန် ( ၁၈၉၀-၁၉၆၉) (ပြင်သစ်နှင့်ဂျာမနီပြန်)

၂၉။ ပထမဆုံး ညွှန်ကြားရေးမှူးချုပ်နှင့် အဏုမြူစွမ်းအင် ဦးစီးဌာနတည်ထောင်သူ = ဒေါက်တာ တင်လှိုင်

၃၀။ ပထမဆုံး မြန်မာ ကာတွန်းဆရာ = ဦးဘကလေး ( ဦးရွှေကလေး)

၃၁။ ပထမဆုံး မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဌ = ပညာမင်းကြီး စည်သူဦးကောင်း

၃၂။ ပထမဆုံး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် = ဒေါက်တာ တင်မောင်

၃၃။ ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ(ဗ-က-သ) ဥက္ကဌ = ဦးရာရှစ်

၃၄။ ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသူ = စာရေးဆရာ ချစ်ဦးညို (၁၉၂၄- ၁၉၈၇)

၃၅။ ပထမဆုံး လူမူထူးချွန်ဆု ပထမဆင့်ကို ရရှိသူ အမျိုးသမီး = ဟာဂျီမ ပျဉ်းမနား ဒေါ်ပု

၃၆။ ပထမဆုံး ဖလောရင့်နိုက်တင်ဂေးဆု ရရှိသူ = ဗိုလ်မှူးဒေါ်ခင်အုန်းမြ (ခ)စာရေးဆရာမကြီး မြမာလာ

၃၇။ ပထမဆုံး မြန်မာ ကိုယ်ခန္ဓာအလှူရှင် = ဦးဝင်းမြင့်(မန္တလေး)

၃၈။ ပထမဆုံး မြန်မာ ကုလသမဂ္ဂ အတွင်းေ၇းမှုး= ဦးသန့် 

၃၉။ ပထမဆုံး မြန်မာနိုဘယ်လ်ဆုရှင် = ဒေါ်အောင်ဆန်းစုကြည်

ရန်ကုန်မြို့ ဖြစ်ပေါ်လာပုံ

ရန်ကုန်မြို. အရပ်ဒေသသည် ခိုင်မာသော သမိုင်းကြောင်းများအရ အေဒီ ၆ ရာစုခန့်တွင် မွန်လူမျိုးများမှ တည်ထောင်ခဲ့ကြပြီး မူလ အမည်မှာ ဒဂုံ မြို့ဖြစ်သည်။

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ သည် ၁၇၅၅ခုနှစ်တွင် မွန်လူမျိုးများအား အောင်မြင်ပြီးနောက် ရန်အပေါင်း ကုန်စင်သည့် အဓိပ္ပာယ်ဖြင့် ရန်ကုန်ဟု သမုတ်ခေါ်ဝေါ်ခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မှီ အချိန်က ဒဂုံအရပ်သည် တံငါရွာသာသာ လောက်သာရှိကာ အလောင်းမင်းတရားကြီး ၏ အစီအမံဖြင့် ပင်လယ်ကူး သင်္ဘောများဆိုက် ကပ်သည့် ဆိပ်ကမ်းကို မူလ နေရာ ဖြစ်သည့် သန်လျင် မှ ရန်ကုန်ဘက်သို့ ပြောင်းရွှေ့၍ အခွန်အကောက်များ စနစ်တကျ ကောက်ခံခြင်း၊ မြို့ရိုး တံတိုင်းများ၊ ခံတပ်များ ဆောက် လုပ်ခြင်း၊ မြို့ရွာ စည်ကားအောင် ပြည့်တန်ဆာများ ထားရှိခြင်း စသည့် အစီအမံများကို ဉာဏ် အမျှော်အမြင်ကြီးစွာဖြင့် ဆောင်ရွက်စီမံခဲ့ခြင်းဖြစ်သည်။

အလောင်းမင်းတရားကြီး လက်ထက် ရန်ကုန်မြို့၏ အကျယ်အဝန်းမှာ မြောက်ဘက်တွင် ဆူးလေဘုရား တောင်ဘက်တွင် ရန်ကုန်မြစ်၊ အရှေ့ဘက်၌ ကုန်သည်လမ်းဝန်းကျင်၊ (သိမ်ဖြုလမ်းနား အထိ) အနောက်ဘက်တွင် လမ်း(၃၀)သို့မဟုတ် စစ်ကဲမောင်ထော်လေးလမ်း ၀န်းကျင် စသည့် အကျယ်အဝန်းလောက်သာ ရှိပြီး နိုင်ငံခြားသား ကုန်သည်များ၊ မင်းမှူထမ်းများဖြင့် ဘာသာလူမျိုးပေါင်းစုံ အခြေချ နေထိုင်ရာဒေသဖြစ်သည်။
copy by - Danya Wadi