Tuesday 29 July 2014

လက်တွဲရန်မသင့်သော ယောက်ျားညံ့ (၁၀ မျိုး)

၁။ မိန်းကလေးတစ်ယောက်ကို ချစ်ပါတယ်ပြောပြီး နောက်ကွယ်ကျ ဖောက်ပြန်တတ်တဲ့ယောက်ျား

၂။ ပျင်းမှဖုန်းဆက် သူစိတ်ပျော်နေတဲ့အချိန်ဆို အဖတ်မလုပ် ရှိတယ်လို့တောင်မထင်တဲ့ယောက်ျား

၃ ။မိန်းကလေးတစ်ယောက်ကို တာဝန်ယူချင်စိတ်မရှိသောယောက်ျား

၎။ မိန်းကလေးတစ်ယောက်ရဲ့အရှက်နဲ့ သိက္ခာကိုမငဲ့ကွက်ဘဲ ယုတ်ညဲ့စွာ ပြောဆိုတတ်သောယောက်ျား

၅။ မိန်းကလေးတစ်ယောက်ကို ပျော်တော်ဆက်တစ်ယောက်လို သဘောထားတတ်သောယောက်ျား

၆။ မိန်းကလေးတစ်ယောက်ကို ရန်ဖြစ်လျှင် လက်ပါတတ်သောယောက်ျား

၇။ ကိုယ့်စိတ်ပျော်ဖို့အတွက်ဘဲကြည့်ပြီး မိန်းကလေး တစ်ယောက်ရဲ့ စိတ်ကိုဘယ်တော့မှ မငှဲ့ကွက်တတ်သောယောက်ျား

၈။ ကတိမတည်သောယောက်ျား

၉။ ဘဝအိပ်မက်နှင့် မျှော်မှန်းချက်မရှိသောယောက်ျား

၁၀။ ပြဿနာတစ်ခုကို ခေါင်းရှောင်တတ်သောယောက်ျား........

ထိုကဲ့သို့သော ယောက်ျားမျိုးတို့ကို ပျိုမေများ ရှောင်ရှားသင့်ပါသည်။

Created by S Shwe Yee Htoo

အောင်သင်း၏ အတွေးစကားများ- ၁



အိမ်ထောင်ပြုခြင်း
ယောင်္ကျားတစ်ယောက် အိမ်ထောင်ပြုလိုက်ခြင်းဟာ လုပ်ဆောင်ဖွယ် ကိစ္စတော်တော်များများထဲက
အရေးကြီးတဲ့ ကိစ္စတစ်ခုကိုပြုလိုက်တာပဲ။
(မြန်မာတို့ရ့ဲ လူ့အဖွဲ့စည်း ပြဠာန်းချက်အရ) မိန်းမတစ်ယောက် အိမ်ထောင်ပြုလိုက်တာဟာ အရေး
အကြီးဆုံး ကိစ္စတစ်ခုကို ဆောင်ရွက်လိုက်ရတာ ဖြစ်နေတယ်။
အောင်သင်း
(သင့်ဘ၀၊ ဇန်န၀ါရီ၊ ၉၄)
အသိပညာနှင့် ထိန်းကွပ်သောအလှ
မိန်းကလေးတစ်ယောက်ဟာ မွေးသည်ကစပြီး သေသည်အထိ သုံးစွဲသွားနိုင်တာဟာ ရုပ်ရည်
မဟုတ်ဘူး။
အသိပညာသာလျှင် ဖြစ်တယ်ဆိုတာကိုလည်းသိတယ်။
လှပတဲ့ရုပ်ရည်ကို ပညာနဲ့ ကွပ်ပေးလိုက်တဲ့အခါမှာ
အလှဟာ ပိုပြီးတောက်ပြောင်လာတယ် ဆိုတာကိုလည်း သိတယ်။
ဒါကြောင့် အပေါင်းအသင်း ပတ်ဝန်းကျင်ကစပြီး သတိကြီးစွာနဲ့ဆင်ခြင်နေထိုင်တယ်။
အဲဒီမိန်းကလေးမျိုးဟာ ရှားတာတော့အမှန်ပဲ။
ဒါပေမဲ့ပတ်ဝန်းကျင်ကကိုပဲ ပြန်ပြီးလေးစားရိုသေခြင်း၊ ချစ်ခင်ခြင်းခံရတာကတော့ အဲဒီမိန်းကလေးမျိုးတွေသာလျှင်ဖြစ်ပါတယ်။
အောင်သင်း
(မျိုးဆက်သစ်)
လူ့ဘ၀တွင် အရာရောက်လှသောအရာ
ပြန်ပြီးတစိမ့်စိမ့် စဉ်းစားကြည့်လိုက်တော့
လူ့ဘ၀တွင်ဘယ်သူကမှ တရားဝင်အခွင့်အရေးမပါဘဲလျှက်
အရာရောက်နေသည်မှာ အချစ်ဆိုသောကိစ္စပင်ဖြစ်သည်။
မအိုသေးတဲ့ သူ
(ပေဖူးလွှာ၊ နိုဝင်ဘာ၊ ၈၆)
အချစ်နှင့်မျက်စိ
အချစ်မှာ မျက်စိမရှိဘူးနော်၊ မှန်တယ်။
ဒါပေမယ့် ဦးနှောက်မှာတော့ဖြင့် မျက်စိရှိရလိမ့်မယ်။
အောင်သင်း
(အမွေ)
အချစ်ကို အချိုသတ်ထားပါ
ပညာသင်နေတဲ့အခါမှာ အိမ်ထောင်ကျမသွားအောင်
အချစ်ကို အချိုသတ်ထားပါ။
အောင်သင်း
(အမွေ)
ဒေါင်းမြီးတွေရဲ့ အလှ
ဒေါင်းမြီးရဲ့ အလှဟာ ဒေါင်းတွေရဲ့ အသက်ကို အန္တရာယ်ပြုနေတယ် ၊
ဒေါင်းသားကိုစားချင်တာထက် ဒေါင်းမြီးကိုလိုချင်ကြလို့ဒေါင်းတွေကိုသတ်နေကြတာ မဟုတ်လား။
မိန်းကလေးတွေမှာလည်း လှရင် အဲဒီအလှဟာ အန္တရာယ်တစ်ခုလို ဖြစ်လာတက်တယ်။
အောင်သင်း
(မျိုးဆက်သစ်)
ငယ်ငယ်မှာ စန်းပွင့်လွန်းရင်
လှရင် စန်းပွင့်စမြဲပေါ့ ။
ဒါပေမယ့် ငယ်ငယ်မှာ‘စန်းပွင့်’ လွန်းရင်
ဘ၀မှာ လာဘ်တိတ်သွားတက်တာကို သတိပြုသင့်တယ်။
အောင်သင်း
(မျိုးဆက်သစ်)
အမှားနဲ့ ခဲဖျက်
မှားတာတော့ရှိကြစမြဲပေါ့ ၊
လူတိုင်းမှားတတ်ကြလို့လည်း ခဲတံတွေမှာ ခဲဖျက်တပ်ထားရတာပေါ့ ၊
ဒါပေမယ့် တချို့ အမှားတွေကခဲဖျက်နဲ့ဖျက်လို့မရဘူးနော်။
အောင်သင်း
(စာပေထဲက လူငယ့်သမိုင်း
မန်း၊ ဓမ္မသာလာစာပေ ဟောပြောပွဲ)
ရည်းစားနှင့် ထဘီ
(နင်တို့မိန်းကလေးတွေဟာ) တစ်သက်လုံးပေါင်းရမယ့် လင်လောင်းလျာ ရည်းစားထားတာကျတော့
ထဘီရွေးသလောက်မှ အပင်ပန်းခံပြီး ရွေးပါရဲ့ လားလို့ အောက်မေ့မိတယ်။
ထဘီကျတော့ ကိုယ်နဲ့လိုက်ရဲ့လား၊ အိမ်မှာရှိတဲ့ အင်္ကျီတွေ ၊ လက်ကိုင်အိတ်တွေနဲ့လိုက်ပါ့မလား
ဆိုတာ စဉ်းစားကြတယ်။
ရည်းစားထားလိုက်တော့  ငါ့စိတ်နေစရိုက်နဲ့သင့်ပါ့မလား၊ ငါ့မိဘဆွေမျိုးဝန်းကျင်နဲ့သူနဲ့အဆင်ပြေ
ပါ့မလား ဆိုတာမျိုး စဉ်းစားကြပါရဲ့ လားလို့တွေးမိတယ်။
အောင်သင်း
(ထဘီသင်ခန်းစာ)
(တစ်ခါတုန်းကတပည့်တွေ) ရုပ်ရှင်ကြေးမုံ
မိခင်တွေ အသိပညာမြင့်မှ
နပိုလီယန်နှင့် မဒမ်ကင်ပန်ဆိုသောအမျိုးသမီးကြီးတို့၏အမေးအဖြေကို သွားပြီးသတိရလိုက်မိသည်။
“ပြင်သစ်လူငယ်တွေကို မြှင့်တင်ဖို့ အလိုအပ်ဆုံးဟာ ဘာဖြစ်မယ်ထင်ပါသလဲ”
“မိခင်ကောင်းတွေပါပဲရှင်”
“အောင်မလေး၊ စကားတစ်လုံးတည်းနဲ့စနစ်ကြီးတစ်ခုပြီး သွားတာပါပဲလား ကရို့ ”
မှန်ပါသည်။ မိခင်တွေ (အမျိုးသမီးတွေ)အသိပညာမြင့်မလာဘဲ မျိုးဆက်သစ်လူငယ်တွေ မြင့်မလာ
နိုင်ပါ။
သို့မှသာ “အမေ့သားကောင်းများ” မြောက်မြားစွာပေါ်ထွက်လာမည်ဟု ကျွန်တော်ယုံကြည်ပါသည်။

လေထက်ပေါ့ပြီး ပိုမာတဲ့ ပစ္စည်းရုပ်ဝတ္တု

မကြာသေးတဲ့ ရက်အနည်းငယ်မှပဲ US မက်ဆချုဆက်ပြည်နယ်မှာတည်ရှိတဲ့ နည်းပညာကျောင်း တစ်ကျောင်းနဲ့ အမျိုးသားလုံးခြုံရေး ဓာတ်ခွဲခန်းမှ သုတေသနပညာရှင်တို့ရဲ့အောင်မြင်စွာရရှိလာတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ ထို ရုပ်ဝတ္တု ပစ္စည်းမှာ လေထက်ပေါ့ပါးကာ ဂျဲလ်မှထုတ်ယူထားတဲ့ အလွန်ပေါ့ပါးတဲ့ Aerogel ထက်ပင်ပိုပြီး အကြိမ် (၁ထောင်) သန်မာပါတယ်။ Frozen smoke လို့ အမည်ပေးထားပြီး ပြိုင်ဘက်ကင်းတဲ့ ဂုဏ်သတ္တိတွေနဲ့ ထူးခြားတဲ့ လက္ခဏာတွေ ရှိကာ လေဟာနယ်နဲ့ ကားလုပ်ငန်း နယ်ပယ်တွေမှာ အလွန် အသုံးဝင်နိင်ကြောင်း သိရပါတယ်။
ထို သုတေသနထဲတွင်ပါဝင်ခဲ့သူ တစ်ယောက်ဖြစ်တဲ့ Xiaoyu Rayne Zheng ရဲ့ ပြောကြားချက်အရ သဘာဝကို ဖန်တီးပြုလုပ်ထားတဲ့ ဒီ Metamaterial တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ရှိမူတွေထက် ပိုပြီး အကြိမ် များစွာ အကျိုးပြုနိင်ပါတယ်။ ထိန်းချုပ်ထားတဲ့ ပတ်ဝန်းကျင်တွေမှာရှိတဲ့ ဓာတ်ခွဲခန်းတွေထဲမှာ ထိုသဘာဝကို ဖန်တီးပြုလုပ်ထားတဲ့ ရုပ်ဝတ္တုပစ္စည်းတွေကို ပြုလုပ်ရတာ ဖြစ်ပြီး သဘာဝထဲမှာတော့ သူတို့ကို တွေ့နိင်မှာ မဟုတ်ပါဘူး။ ဒီပစ္စည်းတွေဟာ အလွန်မာကြောကြပြီး တစ်ချိန်တည်းမှာ 3D ပုံဖော်ခြင်းတွေကိုလည်း လုပ်ဆောင်ရရှိနိင်ပါတယ်။
ထိုကြောင့် အသစ်တွေ့ရှိထားတဲ့ ရုပ်ဝတ္တုဟာ ကမ္ဘာ့မှာ ရှိတဲ့ သိပ္ပံဂျာနယ်တွေမှာ ပါတဲ့ အရာတွေထက် အဆ ၁၀၀ မာကြောနေကြောင်း သိရပါတယ်။
အောင်ဟိန်း ( ရိုးရာလေး)

အောင်မြင်မှူ လမ်းညွှန်.. (၁၀)ချက်



(၁)လူတိုင်းကိုပြူံးရွှင်ချိုသာစွာခေါ်ပြောဆိုဆက်ဆံပါ။မင်္ဂလာပါဆိုတဲ့နူတ်ခွန်းဆက်သံဟာကြားရသူကိုကြည်နူးစေပါတယ်။

(၂)မိမိမျက်နှာမှာ အပြုံးကိုဆောင်ပါ.
မျက်မှောင်ကြုတ်ရဖို့ မျက်နှာပြင်မှာ အကြော(၇၂)ခု လှူပ်ရှားရပြီး
ပြုံးဖို့ကတော့အကြော(၁၄)ခုသာလှူပ်ရှားရပါတယ်.ဒီတော့ပြုံးရတာကပိုပြီးသက်သာလွယ်ကူပါတယ်။အစဉ်အမြဲပြုံးနိုင်ပါစေ။လောက ကိုအပြုံးနှင့်အလှဆင်ပါ။

(၃)လူတိုင်းကိုနာမည်ခေါ်ပြီးပြောဆိုပါ။မိမိရဲ့နာမည်ကိုတစ်ဖက်လူကအသိအမှတ်ပြုကာခေါ်ပြောဆက်ဆံခံရတာကိုလူတိုင်းဝမ်းသာပါတယ်။လူနဲ့နာမည်ယှဉ်တွဲပြီးမှတ်မိတက်သူအဖို့လူချစ်လူခင်ပေါများ
ပါတယ်။

(၄)လူတိုင်းအပေါ်မေတ္တာထားပြီးချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီးဆက်ဆံပါ။စေတနာနဲ့ကူညီပါ။တုံ့ပြန်မေတ္တာကိုခံစားရမှာပါ။

(၅)လူတိုင်းကိုစိတ်ရောကိုယ်ပါလှိုက်လှဲစွာဆက်ဆံပါ.လူတွေနဲ့ပေါင်းသင်းဆက်ဆံရတာကျေနပ်စရာပါ.မိတ်ဆွေများခြင်းဟာ အောင်မြင်ဖို့အကြောင်းတစ်ခြုဖစ်ပါတယ်။

(၆)လူတွေကိုစိတ်ဝင်စားပါ။သူတို့ရဲ့ဘ၀ကိုသိရှိနားလည်ပြီးစာနာစိတ်ထားပါ။

(၇)လူတွေကိုချီးမွမ်းရာမှာရက်ရောပါ။လူတွေရဲ့အားသာချက်ကိုဖော်ထုတ်ချီးကျူးပါ...အားနည်းချက်ကိုထောက်ပြဝေဖန်တာအပြစ်တင်တာမလုပ်ချင်ပါနဲ့။

(၈)သူတစ်ပါးရဲ့တွေးအမြင်ကိုလေးစားပါ.ကိစ္စတိုင်းမှာမတူတဲ့အတွေးအမြင်ရှိတက်တာကိုသဘောပေါက်နားလည်ထားပါ.သူ့အမြင်ကိုယ့်အမြင်နဲ့အမှန်တရားတို့ဟာကွဲပြားတက်ပါတယ်။

(၉)သူတစ်ပါးရဲ့အကျိုးကိုဆောင်လိုစိတ်ထားပါ.ဘယ်သူကိုမဆိုကူညီခွင့်ရတာဟာဝမ်းသာစရာပါ.လူဘောင်လောကမှာလူသားအဖို့အများအကျိုးဆောင်ရွှက်ခြင်းဟာအမြတ်ဆုံးပါ။

(၁၀)ပရဟိတ စိတ်မွေးမြူပါ.ကျင့်သုံးပါ.။။

Everyone that works hard will succeed.အလုပ်ကြိုးစားတဲ့ လူတိုင်း အောင်မြင်လိမ့်မယ် ။
================

Special Thank
Origin compose to Thar Kie Nwe

အအေးမီ ၊ နှာစေး ၊ ချောင်းဆိုးခြင်းများ အတွက် နည်းလမ်း ၁၆ သွယ်



ယခုလို မိုးဦးကျရောက်ပြီဆိုမှဖြင့် ရာသီဖျား (ခေါ်) အအေးမိ၍နှာစေး ချောင်းဆိုးခြင်းများ ဖြစ်လာကြပါပြီ။ ပြင်ပနှင့် ထိတွေ့ဆက်ဆံနေရသော အလုပ်သမားဝန်ထမ်း များသာမက ကျောင်းနေရွယ် ကလေးများအားလုံး ကိုယ်ခံအား မကောင်းရင် ကူးစက်ရာသီဖျားပိုးမွှားများ အလွယ် တကူကူးစက်ကာ အလုပ်ပျက်၊ ကျောင်းပျက်ဖြင့် စိတ်ညစ်စရာပါ။

အအေးမိဖျားနာခြင်းကြောင့် အသက်အန္တရာယ် မစိုးရိမ်ရသော်ငြား အဖျားပျောက်ပြီး ချောင်းတဟွတ်ဟွတ် စွဲကျန်ရစ်ခဲ့ကာ မိသားစုဝင်များနှင့် ပတ်ဝန်းကျင်ရှိသူများကို လက်ဆင့်ကမ်း မကူးစက်ရလေအောင် အောက်ပါနည်းလမ်း (၁၆)သွယ်ဖြင့် မျှဝေလိုက်ရပါသည်။

(၁) အစိမ်းရောင်များများစားပါ။

အစိမ်းရောင် ဟင်းသီးဟင်းရွက်များ စားပေးခြင်း က ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေပါတယ်။ အထူး သဖြင့် ပန်းဂေါ်ဖီစိမ်းထဲတွင် ပါရှိသော ဓာတုဓာတ်ပေါင်း စုက အအေးမိ၍တုပ်ကွေးနှင့် ကူးစက်ဖျားနာများကို ချင်း (ဂျင်း) ကောင်းစွာ တိုက်ထုတ်ပေးနိုင်သဖြင့် ပန်းဂေါ်ဖီစိမ်း ကို ဂျင်းဓားပြားရိုက်၍ ရောနှောကြော်စားရန် Cambridge တက္ကသိုလ်ရှိ အာဟာရဗေဒ ပညာရှင်များက အကြံပြုထား ကြ၏။

(၂) အားဆေးမှီဝဲပါ။

အအေးမိတုပ်ကွေး ဖျားနာခြင်းအတွက် ဗီတာမင်စီ တစ်ခုတည်း မလုံလောက်ပါ ဘူး။ ဗီတာမင်ဒီအပါအဝင် တခြားဗီတာမင်နှင့် သတ္တုဓာတ်တို့ ပါဝင်သော အစားအ သောက်များ မျှတစွာစားပေးရပါမယ်။ ကျွန်မတို့နေ့စဉ် စားသောက်သော အစားအစာများထဲတွင် ထိုဓာတ်များ တစ်ပြိုင်နက်တည်း လုံလောက်စွာမရနိုင်သဖြင့် ဖြည့်စွက်စာအဖြစ် အားဆေးမှီဝဲပေးဖို့လိုပါတယ်။

(၃) အိပ်ရေးဝဝအိပ်ပါ။

တစ်နေ့လျှင် ရှစ်နာရီနှင့်အထက် အိပ်ရေးဝဝအိပ် စက်ခြင်းက သွေးတိုး ရောဂါနှင့် အဝလွန်ခြင်းကိုကာကွယ် ပေးရုံသာမက အအေးမိနှာစေးကဲ့သို့ အသက်ရှူလမ်း ကြောင်းမှကူးစက်ရောဂါပိုးများကိုလည်း တိုက်ထုတ်ပေး နိုင်ပါတယ်။ ဒါ့ပြင် ခုနစ်နာရီထက် လျော့နည်းစွာအိပ် စက်သူများကို ရှစ်နာရီခြေအထက်အိပ်စက်သူများနဲ့ နှိုင်း ယှဉ်ပါက အအေးမိ ကူးစက်ရောဂါဖြစ်နိုင်ခြေအလားအ လာ သုံးဆမျှပိုကြောင်း အမေရိကန် ဆေးသုတေသီများက အကြံပြုထားပါတယ်။

(၄) ပဋိဇီဝဆေးဆောင်ထားပါ။

ယခုလိုမိုးဦးရာသီမှာ ကိုယ်ခံအားနည်းသောကလေး များနှင့် သက်ကြီးရွယ်အိုများတွင် ဗိုင်းရပ်စ်ပိုးကူးစက် လွယ်သဖြင့် အိမ်မှာအအေးမိတုပ်ကွေးဖျားနာပျောက်ဆေး အဆင်သင့်ဆောင်ထားပါ။ လိုအပ်ပါက အသက်ရှူလမ်း ကြောင်းမှ ကူးစက်ပိုး ၂ဝ ရာခိုင်နှုန်းမျှကာကွယ်ပေးသည့် Actimel (ခေါ်) ပဋိဇီဝဆေး ကြိုတင်တိုက်ကျွေးပေးပါ။

(၅) နံနက်စာ စားပါ။

နံနက်စာပုံမှန်စားသူများဟာနံနက်စာလုံးဝမစားသူများထက်အအေးမိကူး
စက်ရောဂါဖြစ်နိုင်ခြေနည်းပါးကြောင်း Cardiff University ရှိ အမေရိကန်ဆေးတက္ကသိုလ်မှ အကြံပြုထားပါ တယ်။ အထူးသဖြင့် ကိုယ်ခံအားကောင်းစေရန် နံနက်စာ ထဲမှာ ဗီတာမင်ဘီအုပ်စုများ၊ သံဓာတ်နှင့် သွပ်ဓာတ် ပါရှိသော အစားအစာများကို စားပေးကြရန် ဆေးသုတေသီ များက ထပ်လောင်း အတည်ပြုထားပါတယ်။

(၆) လက်ဆေးပါ။

ဆေးသိပ္ပံပညာရှင်များ၏ ဓာတ်ခွဲစမ်းသပ်ချက်များ အရ အအေးမိ ဗိုင်းရပ်စ်ပိုးရှိသော သူကိုင်တွယ်ထားသည့် တံခါးလက်ကိုင်ဘုများ ပေါ်တွင်ကျန်ရှိခဲ့ သည့် ဗိုင်းရပ်စ် ပိုးမွှားများသည် ၂၄ နာရီကျော်သည်အထိ အသက်ရှင် နိုင်ကြသည်ဟုဆို၏။ ထို့ကြောင့် အများသုံးတံခါးလက် ကိုင်ဘုများ၊ အရောင်းစင်တာရှိ ပစ္စည်းထည့်တွန်းလှည်း များ၊ တံခါးလက်ရန်းများကို တစ်ခါသုံးတစ်ရှူးဖြင့် ကိုင် တွယ်ပါ။ ၄င်းတို့ကို ကိုင်တွယ်ပြီးနောက် မိမိ၏ မျက်စိ၊ နှာခေါင်းတို့ကို မတို့ထိကြဘဲ ဆပ်ပြာသုံး၍ လက်စင်စင် ဆေးကြောပါ။

(၇) လက်ကို ဖွက်(ဝှက်)ထားပါ။

အအေးမိဝေဒနာခံစားရသူ၏ လက်-ခံတွင်း-နှာရည် တို့မှကူးစက်ပြန့်ပွား စေနိုင်သဖြင့် ရောဂါရှိသူ၏လက်နှင့် ၄င်း၏ အခြားအသုံးအဆောင်ပစ္စည်းများကို မကိုင်တွယ် မထိမိပါစေနှင့်။ နှာချေ ချောင်းဆိုးသော အခါတွင် လည်း ကျန်းမာရေးအသိဖြင့် လက် (သို့မဟုတ်) လက်ကိုင်ပဝါ (သို့မဟုတ်) တစ်ခါသုံး တစ်ရှူးအုပ်ပါ။ ကလေးငယ်များကို ဖက်ရမ်းနမ်းရှုပ်ခြင်းမပြုရ။

(၈) ပလုတ် (အာလုတ်) ကျင်းပါ။

ရေအေးအေးဖြင့် ပလုတ်(အာလုတ်)ကျင်းခြင်းက လည်ချောင်း၊ လည်မျိုတို့မှအချွဲအကျိများနှင့် ဗိုင်းရပ်စ်များ ကိုသန့်စင်ပေးသဖြင့် ဂျပန်ရိုးရာကုထုံးများတွင် နံနက်အိပ် ရာထ သွားမတိုက်မီတစ်ချိန်၊ နေ့လယ်စာနှင့် ညစာစားပြီးချိန် စုစုပေါင်း တစ်နေ့သုံးကြိမ်မျှ ရေအေးဖြင့်အာလုတ်ကျင်းလေ့ရှိသည်။ ထိုသို့ပြုကျင့်ခြင်းက အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်းကို ၃၆ ရာခိုင်နှုန်းမျှ လျှော့ချပေးနိုင်သည်ဟု ဂျပန်ဆေးသု တေသီများက ဆို၏။

(၉) ဟင်းခတ်အမွှေးအကြိုင်ဆောင်ပါ။

ငရုတ်သီး အခြောက်မှုန့်ထဲတွင်ပါရှိသော capsaicin ဓာတ်ဟာ အင်းဆက်ပိုးမွှား များကိုသေစေသည့်အပြင် အသက်ရှူလမ်းကြောင်းကို ပွင့်လန်းလာစေသလို ကြက် သွန်ဖြူထဲရှိ allicin ဓာတ်ကလည်း အအေးမိ ဗိုင်းရပ်စ်ပိုး များကို တိုက်ဖျက်ပေးပါတယ်။ ထို့ပြင် အအေးမိတုပ်ကွေး နှင့်ချောင်းဆိုးခြင်းအတွက် ချင်း(ဂျင်း)ပြုတ်ရည်က အကောင်းဆုံးဆေး တစ်ခွက်ဟု တရုတ်ဆေးသုတေသီများက ဆိုထားပါတယ်။

(၁ဝ) အရက်အလွန်အကျွံ မသောက်ပါနှင့်။

အချို့သော ယမကာလုလင်များကလည်း မိုးအေး အေးကိုအကြောင်းပြ၍ အရက်ကိုဆေးဖြစ်ဝါးဖြစ်မှီဝဲကြ သည်။ လိုအပ်သည်ထက်ပိုမိုသောက်သုံးပါက အသည်း ကိုထိခိုက်စေသည့်အပြင် ပင်ပန်းအားယုတ်၍ အအေးမိ ကူးစက်ပိုးတို့ကို ခံနိုင်ရည်မရှိတော့ပေ။

(၁၁) ရေသောက် မပျင်းပါနှင့်။

ခန္ဓာကိုယ်တွင်းရေဓာတ်အလုံအလောက်ရရှိမှသာစားထားသမျှအာဟာရများကိုစုပ်ယူနိုင်ပြီး ခွန်အားအဖြစ် ပြောင်းလဲပေးရုံသာမက ခန္ဓာကိုယ်တွင်း မသန့်စင်သော အညစ်အကြေးများကို ချွေး၊ သွေး၊ သလိပ်၊ ဆီး၊ ဝမ်းအဖြစ် ကူညီစွန့်ထုတ်ပေးပါတယ်။ ဓာတ်ကြီးလေးပါးညီမျှရင်ဖြင့် ကိုယ်ခံအားကောင်း ကာ ပြင်ပကူးစက်ရောဂါများလည်း အလွယ်တကူဝင်မလာ နိုင်တော့ပါဘူး။

(၁၂) လမ်းမှန်မှန်လျှောက်ပါ။

တစ်နေ့လျှင် အနည်းဆုံးနာရီဝက်ခန့် လမ်းမှန်မှန် လျှောက်ခြင်းက ဇီဝကမ္မလုပ်ဆောင်ချက်ကို ကောင်းကျိုး ပြုပြီး ပြင်ပရောဂါများကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။

(၁၃) အဖြူရောင်သကြား ရှောင်ပါ။

အရောင်ချွတ်ထားသော အဖြူရောင်သကြားများက ကိုယ်ခံစွမ်းအားကို လုံးဝကောင်းကျိုးမပြုပါ။

(၁၄) မျက်လုံးကို ကာကွယ်ပါ။

အကယ်၍ အအေးမိ၊ တုပ်ကွေးရှိသူက မိမိရှေ့တွင် နှာချေလာပါက မျက်နှာကိုတစ်ဖက်သို့လွှဲထားလိုက်ပါ (သို့မဟုတ်) မျက်လုံးကိုပါ ပိတ်ထားပါ။ သင့်နှာခေါင်းသာ မက မျက်လုံးကလည်းလေထဲရှိဗိုင်းရပ်စ်ပိုးများကိုစုပ်ယူ နိုင်စွမ်းရှိလို့ပါပဲ။

(၁၅) အကောင်းမြင်စိတ်ဓာတ် မွေးမြူပါ။

ဒေါသထွက်ခြင်း၊ အဆိုးမြင်စိတ် စသည့်စိတ်ပိုင်း ဆိုင်ရာအတက်အကျကြောင့် cortisol ဟော်မုန်းထွက်ရှိ လာကာ ထိုဓာတ်က ကိုယ်ခံစွမ်းအားကျဆင်းစေပါတယ်။

(၁၆) ယူကလစ်ပင်ကို ဆောင်ပါ။

ယူကလစ်ပင်၏ အဆီဟာ အအေးမိ၊ နှာစေး၊ ချောင်း ဆိုးခြင်းအတွက် ပိုးသတ်ဆေးအဖြစ် အလွန်အသုံးတည့် သည့်အတွက် ယူကလစ်ဆီကို ရှူဆေးအဖြစ်လည်းကောင်း၊ ယူကလစ်ပင်အရွက်နှင့်အကိုင်းတို့ကို ရေနွေးဖြောရေချိုး ၍လည်းကောင်း အီတလီနိုင်ငံရိုးရာကုထုံးများတွင် အသုံး ပြုလေ့ရှိကြ၏။

အထက်ပါနည်းလမ်း (၁၆) သွယ်ကို လက်ကိုင်ထား ၍ မိမိနှင့်တကွ မိမိပတ်ဝန်းကျင်ကို ကျန်းမာရေးအသိဖြင့် ကြိုတင် ကာကွယ်နိုင်ကြပါ စေကြောင်း။
မှီငြမ်း
(Professor Gßon Eccles of Cardiff University’s Common Cold Centre)

#YangonMediaGroup | #ပေါက်ပေါက်

သင့်ရဲ့ ဝှေးစေ့များကို အကန်ခံရပါက ဘာကြောင့် ဗိုက်နာရပါသလဲ



ဝှေးစေ့တွေဟာ အစာအိမ်ရယ် ကျောက်ကပ်တွေရယ်နဲ့ ကပ်ရက် ၀မ်းဗိုက်ပိုင်းမှာ သဘာဝအလျှောက် ဖြစ်တည်နေတာပါ။ ဝှေးစေ့ဟာ တွဲလောင်းကျနေပေမယ့်လည်း ယင်းအပိုင်းမှာ သွေးကြောတွေနဲ့  အာရုံကြောတွေ ဟာ တွဲဆက် ထားလျှက်ရှိပါတယ်။ ဒါကြောင့် ယောကျာင်္းတစ်ယောက်ဟာ သူရဲ့  ဝှေးစေ့အကန်ခံရပြီဆိုပါက ဒါမှမဟုတ် လက်နဲ့  အညှစ်ခံရပြီဆိုပါက နာကျင်မှုဟာ ဝှေးစေ့ရဲ့  မူလအရင်းခံ အာရုံခံ နာဗ်ကြောတွေ ဖြစ်ကြတဲ့ သုတ်ပိုးအိမ် အာရုံခံ နာဗ်ကြောတွေ တွေကနေတဆင့် ဝှေးစေ့များကနေ ၀မ်းဗိုက်ခေါင်းထဲထိ တက်သွားပြီး ယင်း နာကျင်မှုဟာ ကျောရိုးထိ ဆက်ရောက်သွားပါတယ်။
လူတော်တော်များများဟာ အစာအိမ်နေရာတစ်ဝိုက် နာကျင်မှုအပြင် ပြင်းထန်တဲ့ ပျို့ အန်ချင်စိတ်ပါ ခံစားရနိုင်ပါတယ်။ ယင်းခံစားရမှုဟာ အလိုလျောက် လုပ်ဆောင်အာရုံကြောစနစ်မှ အာရုံခံမှုဆိုင်ရာ သတင်းအချက်အလက်များ ရုတ်တရက် အစုလိုက်အပြုံလိုက် ထုတ်လွှတ်မှုကြောင့်ဖြစ်ပါတယ်။ ယင်းကဲ့သို့ အစုလိုက်အပြုံလိုက် အလျင်အမြန်ထုတ်လွှတ်မှုကို ခန္ဓာကိုယ်အတွင်းမှ ခံစားနိုင်မှု အတိုင်းအတာက ယောကျာင်္းတစ်ယောက် ဝှေးစေ့ကို အကန်ခံရတဲ့အခါ ပျို့ အန်နိုင်သလား မပျို့  အန်နိုင်သလားဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ အခြေခံအားဖြင့်ကတော့ ဝှေးစေ့ကို အကန်ခံရပါက ဝှေးစေ့များမှာ နာကျင်ခြင်း ၊ ၀မ်းဗိုက်ထဲမှာ နာကျင်ခံစားရခြင်း၊ မူးဝေခြင်းပျို့ တက်ခြင်းနဲ့  ပျို့  အန်ခြင်းများ ဖြစ်နိုင်ပါတယ်။
Ref:.todayifoundout.com
ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ