Thursday 16 October 2014

သမီးရှိသော ဖခင်များအတွက်

ကျွန်တော်မှာ သမီး၎ယောက်နဲ့သားတစ်ယောက်ရှိပါတယ်။ ကလေးတွေရှိပြီး မိန်းကလေးသမီးတွေ ရှိတယ်ဆိုတော့ စောင့်ရှောက်ရတာ မလွယ်ဘူးလို့ အများကထင်ကြပါတယ်။
ကျွန်တော်ကတော့ တခါမှ စိတ်ထဲမှာတောင် မတွေးမိခဲ့ပါ။ မိသားစုနဲ့ စည်းစည်းလုံးလုံးနေရတာကိုပဲ စိတ်ထဲမှာ ပျော်လှပါတယ်။ သမီးတွေကို ဒီနေ့ထက် မနက်ဖြန် ပိုပြီးချစ်လာတာပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း အားလုံးကိုမသိပင်မဲ့ သမီးတွေကို ကြည့်ရှုစောင့်ရှောက်လာတဲ့ ၁၁ နှစ်အတွင်းမှာ တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံလေးတွေက ၁၃ ချက်ရှိပါတယ်။
၀၁. သမီးတွေက ဖခင်ရဲ့ ချစ်ခြင်းကို အမြဲတမ်းလိုလားကြတယ်။
၀၂. သမီးတွေရဲ့ အနာဂတ် ခင်ပွန်းလောင်းဆိုတာ အဖေနဲ့တူနေတတ်တယ်။
၀၃. သမီးတွေနားထောင်သောသီချင်းကို နားထောင်သင့်တယ်။
၀၄. အမေဖြစ်သူကို ဆက်ဆံပုံကို အမြဲကြည့်နေကြပါတယ်။
၀၅. သမီးတွေ ကြီးပြင်းလာသည်နှင့်အမျှ အမြဲအတူရှိနေပါစေ။
၀၆. အားကစားကိုလည်း မမေ့စေပါ။
၀၇. အမှတ်တရလေးတွေကို လုပ်ဖို့မမေ့ပါနဲ့။
၀၈. သမီးတွေကို အပြင်လောကအကြောင်းကိုလည်း သင်ပြဖို့ မမေ့ပါနဲ့။
၀၉. သမီးရဲ့ ပွဲလေးတွေကိုလည်း သွားရန် ဝင်မလေးပါနဲ့။
၁၀. သမီးအတွက် အချိန်ပေးပါ။
၁၁. ဆံပင်ပဲဖြစ်ဖြစ် လက်သည်းညှပ်တာပဲဖြစ်ဖြစ် လုပ်ပေးပါ။
၁၂. စိတ်ကောင်းထားရန် သင်ပေးပါ။
၁၃. မသိချင်ယောင်မဆောင်ပါနဲ့။
သတင်းအသေးစိတ်ကိုတော့ အောက်မှာဖတ်ပါနော်။

ဘဝကိုတိုးတက်စေမည့်စာစုလေးများ
http://www.chelmo.tips/all-life/general-life/286-201410160001.html

တိုင်းတစ်ပါးက မေမေ့သားသို့

သားရေ ..
မနေ့ က သားကို အမေက သားလေး ဒီလ ငွေလှမ်းပို့ ပြီးပြီလား လို့  ဖုန်းဆက် မေးလိုက် တော့ ..သားက အမေတို့ ကလည်းဗျာ ..ကျနော် ပို့တဲ့အချိန် ရောက် မှာပေါ့ ..အမေတို့ ကလည်း ပီးခဲ့တဲ့လက ပို့လိုက်တာလည်း ကုန်အောင်သုံးနေတာဘဲ .. ကျနော် နိုင်ငံခြား မှာ အမြဲ အလုပ်အဆင်ပြေနေတယ်မထင်နဲ့ နဲနဲ ပါးပါးလဲ စုကြဦး ..ချွေတာသုံး ကြဦး ဗျာ …ဆိုပြီး ဒေါသတကြီး နဲ့  ပြောပြီး ဖုန်းချ သွားတော့ ..အမေ လေ သားနားလည်အောင် ရှင်းပြချိန်မရလိုက်ဘဲ ရင်ထဲမှာ နင့် ပြီးဖုန်းဆိုင်ကနေ အိမ်ပြန် လမ်းတလျောက် စိတ်တွေ မကောင်းခဲ့ဘူး။ လမ်းလျှောက် နေတာတောင် လမ်းနဲ့ ခြေထောက် ထိတယ် လို့  မထင်တော့ပါဘူး သားလေးရယ် …
အမေ့ကြောင့် အမေ့သားလေး စိတ်ဆိုးဒေါသ တွေ ထွက်သွား ရတယ် ဆိုပီး အမေ ရင်ထဲမှာ မကောင်းဘူးကွယ် ..အမေလေ စိတ်ထဲမှာ အရမ်း ဝမ်းနည်းခံစားရပေမယ့် အမေ မငိုဘူး ..အမေလုပ်တဲ့သူ မျက်ရည်ကျ ရင် သားသမီး မှာ ဝဋ်ဆိုက်တတ်တယ် ဆိုလို့  အမေ မငိုဘူး သားအတွက် အမေ့ မျက်ရည် မကျ စေရပါဘူး သားရယ် ….
မနေ့ က အမေ မေးတယ် ဆိုတာကလည်း အမေက သားတို့ လို့  ခေတ်ပညာ တွေ မသိတော့ ဗဟုသုတ နည်းပြီး အမေ့ ဆီ သားလေး ငွေပို့ နေကျ အချိန် မရောက်ရင် သားလေး လုပ်အားခ ပိုက်ဆံတွေ အမေ့ဆီ မရောက်ဘဲ လမ်းမှာများ ပျောက်ပျက် သွားလေမလား စိတ်ပူလို့ မေးမိတာပါကွယ် အမေ့ဆီမှာ အရင် သားပို့ ပေးထားတဲ့ ငွေလေးတွေ ရှိပါသေးတယ်သားရယ် အမေငွေလိုချင်လို့  မေးတာ မဟုတ်ပါဘူး.. သားလေး ဆီက ငွေ ပို တယ် မပို့  ဘူး ဆိုတာ အမေ့အတွက်တော့ အရမ်းကြီး အရေးကြီးမနေပါဘူးသားလေးရယ် .. အမေအလွန်ချစ် တဲ့ သားလေးကို အမေ့ရင်ခွင်ထဲက ခွဲထုတ် ပီး တိုင်းတပါး ကို ပို့  ထား ရ ပြီးပြီပဲလေ..... ....အမေ့သားလေးကို အမေမဖြစ်သာလို့သာ လွှတ်ထားရပေမယ့် သားနဲ့ဝေးနေရတဲ့အချိန်တိုင်း အမေရင်ထဲမှာနာကျင်ခံစားနေရတာချည်းပါသားရယ် ..
သားဆီက ငွေ ဆိုတာကလည်း သားညီလေး နဲ့ ညီမလေး အတွက် ဘဲ အမေ သုံးစွဲ နေခဲ့ပါတယ် သားရယ် သားဆီကငွေ ကို အမေ့ အတွက် ဆိုပီးမခြင်မဆင် မသုံးစွဲရက်ပါဘူး သားရယ် .. သားတို့ ကို လူတလုံး သူတလုံး ဖြစ်အောင် မြေတောင်မြှောက်ပေးဖို့ အတွက်က အမေ့တာဝန် ပါ ..တကယ်ဆိုရင် အမေကပဲ သားတို့ကို ရှာဖွေကျွေးမွေးရမှာပါ သားရယ် ..အခုအချိန်မှာ သားလေးက လိမ်မာစွာနဲ့ အမေ့ကို ကူပြီး ရှာဖွေကျွေးမွေးနေတာကိုက အမေကျေးဇူးတင်လှပါပီ သားရယ် ..အမေမွေးရကျိုး နပ် ပါပီ …
သားရေ ..အမေ့ အတွက်ကတော့လေ..အလှအပတွေည်း မလို တော့ဘူး အရှက်လုံရုံ ဖျင်ကြမ်း တထည် နဲ့လည်း အမေနေနိုင်တယ် ..စားစရာ ထမင်းကြမ်းခဲ ငရုပ်သီး မှုန့် ဖြူး ပြီးလည်း အမေတင်းတိမ်တယ် ..သွားစရာ ဖိနပ်မလို အမေ့ခြေထောက်ဗလာနဲ့လည်း နေပူထဲ အမေ လျှောက်နေတာပါပဲ သားရယ် …..ငါ့သားလေး အမေ့အပေါ် မှာ စိတ် မကွက် ပါနဲ့ နော် သား ..သားလေး အလုပ်ထဲ မှာ ဘာအဆင်အပြေ ဖြစ်နေသလဲ အမေ မသိရပေမယ့် သားလေး စိတ်ချမ်းသာအောင်သာနေပါ။
ငွေမပို့နိုင်သေးရင်လည်း အမေဘက်က ရပါတယ်သားရယ် အမေ့မှာ ခြေနှစ်ဖက် လက်နှစ်ဖက် အကောင်းကြီးရှိပါသေးတယ်ကွယ် ..သားလေး အဆင်မပြေဘူးဆိုရင် ပြန်သာလာခဲ့ သားတို့  လူပုံအလယ် ဘဝလှအောင် အမေ နှစ်ဆ တိုးပြီး ရှိတဲ့ခွန်အားနဲ့ လုပ်ကျွေးမယ်သား ……
တိုင်းတစ်ပါးက မေမေ့သားလေး အမြဲအဆင်ပြေ ပါစေ လို့ လည်း အမေ ဘုရားမှာ နေ့တိုင်း မမေ့မလျှော့ဆုတောင်းပေးလျှက်ပါ နော်.....
သား ရေ… အမေစိတ်မကောင်းလိုက်တာကွယ် ..အမေ့သားလေး အမေ့အပေါ်မှာ အမြန်စိတ်ဆိုးပြေပါစေတော့ကွယ် ….
The Express Times
Credit- Original Writer

ကွန်ဖြူးရှပ်ပြောတဲ့စကား

တရုတ် တွေးခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ်သည်
တနေ့ ညနေတွင် လမ်းလျှောက်ထွက်လာလေတယ်။ လမ်းမှာ လူ၂ယောက်နဲ့တွေ့တဲ့အခါ
ပထမလူက အရင်ပြောတယ်။ "ကွန်ဖြူးရှပ်.. ခင်ဗျားက အရမ်းတော်တဲ့သူပဲ။ အရာရာမှာ စဉ်းစားတွေးခေါ်တတ်တယ်။ ကောင်းရာကိုညွှန်ပြတတ်တယ်။ လူတွေက ခင်ဗျားဆို လေးစားကြတယ်။ ခင်ဗျားက သိပ်ကို အထင်ကြီးလေးစားဖို့ကောင်းတဲ့သူပဲ" ဆိုပြီး ချီးကျူးတယ် တဲ့။ အဲဒီတော့ ကွန်ဖြူးရှပ် က ထိုလူကို ပြုံးပြီးကြည့်နေတယ်။ ဘာမှပြန်မပြောဘူး။ အဲဒီအချိန်မှာပဲ ဒုတိယလူတစ်ယောက် ဆက်ပြောပြန်ရော။ "ကွန်ဖြူးရှပ်.. ခင်ဗျားက အာပလာကောင်ကြီးပါဗျာ.. လူတွေက ခင်ဗျားကို စွတ်အထင်ကြီးနေကြတာ တကယ်တမ်းတော့ ခင်ဗျားက သိတဲ့တတ်တဲ့သူမဟုတ်ပါဘူး။ အလကားပါဗျာ" လို့ ကဲ့ရဲ့တယ်..တဲ့။ အဲဒီလူကိုလဲ ကွန်ဖြူးရှပ် က ပြုံးပြီးကြည့်နေတယ်။ ပြီးတော့ သူ့လမ်းသူ ဆက်လျှောက်သွားတယ်။ အဲဒီအဖြစ်အပျက်ကို အစအဆုံးမြင်လိုက်တဲ့ တံငါသည်တစ်ယောက်က... ကွန်ဖြူးရှပ် နား ကပ်သွားပြီး မေးတယ် ။ "ခင်ဗျားက ခင်ဗျားကို ချီးမွမ်းတဲ့လူ ကိုကော ကဲ့ရဲ့တဲ့လူကိုပါ ဘာမှပြန်မပြောပါလား။ ဘာဖြစ်လို့လဲဗျ" ဆိုတော့ ကွန်ဖြူးရှပ် က ပြုံးပြီး
"သူတို့တွေ ချီးမွမ်းသည်ဖြစ်စေ ကဲ့ရဲ့သည်ဖြစ်စေ ငါ့ရဲ့ နဂိုမူလ အရည်အချင်းကို ထိခိုက်မသွားပါဘူး။ ချီးမွမ်းတာကို မြောက်နေလို့လဲ တိုးတက်လာမှာမဟုတ်သလို ကဲ့ရဲ့တာကို ခံစားနေလို့လဲ ဘဝက နိမ့်ကျမသွားပါဘူး။ နေတတ်ဖို့ပဲလိုပါတယ်။ နောက်ပြီး စကားတွေအားလုံးကိုလည်း အထအနကောက်ပြီးဗွေယူလို့လဲ မသင့်ဘူး။ငါတို့တွေဟာ ချီးမွမ်းခံရဖို့ ကဲ့ရဲ့မခံရဖို့ အလုပ်လုပ်နေကြတာမဟုတ်ဘဲ။ကိုယ်တတ်စွမ်းသမျှ အကျိုးပြုဖို့သာ အဓိကပါပဲ'' ဟု တံငါသည်အား ပြောကြားလိုက်ပေသည်။

The Express Times
Credit- Original Writer

အသက် ၄၀ ကျော် အရွယ်များ အတွက် ခန္ဓာကိုယ် ထိန်းသိမ်းနည်း ၅နည်း

(၁) အပြင်စာများ မစားပါနဲ့
အပြင် စာ တွေကိုစားသုံးတာက ကယ်လိုရီ အပိုတွေကို ရရှိစေပါတယ်။ လတ်တလော လေ့လာမှု အရ အသက် ၄၀ နစ် ကျော် အရွယ်တွေ ကိုယ်အလေးချိန် လျော့ချပေးဖို့ ကယ်လို ရီ ၁၆၀၀ သာစားသုံး
ဖို့ လို အပ် ပါတယ်။ ကယ်လိုရီ ရရှိမှု လျှော့ချဖို့ အတွက် သ ရေ စာ စားသုံးတာ
နဲ့ အပြင် စာစားသုံးမှု တွေကို လျှော့ချ ပေးပါ

(၂) အချို ရည် ရှောင် ပါ
အချိုရည် သောက်သုံးမှုကို လျော့ချလိုက်တာဟာ ကယ်လိုရီ ရနိင် တဲ့ တခြား အစားအစာတွေ လျှော့ချလိုက်တာထက် ကိုယ် အ လေးချိန်လျှော့ချ ရာမှ ပိုမိုထိ ရောက် မှု ရှိတယ်လို့
ဂျွန် ဟော့ ကင်းတက္ကသိုလ် လေ့ လာမှု အရ သိရပါတယ်။ ဘာ့ကြောင့် လဲဆိုတော့ အချိုရည် က ရတဲ့ ကယ်လိုရီက စိတ်ကျေ နပ်မှုကို နည်းစေပြီး ဆာ လောင် မှုကို ပိုမိုစေသော ကြောင့် ဖြစ်ပါတယ်

(၃) အသားဓာတ်ပါ ဝင် အောင် စားပါ
ဥရောပ လေ့ လာမှုတစ်ခု အရ ကိုယ် အ လေးချိန် လျှော့ချ နေတဲ့ သူတွေကို တစ်နေ့တာစားသုံးတဲ့ ကယ်လိုရီရဲ့ ၂၅ရာခိုင်နှုန်းးကို ပရိုတင်း အသားဓာတ်က နေ ရယူတာက ကိုယ် အ လေးချိန် လျှော့ချ ရေးမှာ များစွာ အကျိုးရှိတာ တွေ့ရပါတယ် ဘာ့ ကြောင့် လဲဆိုတော့ ပရိုတင်းက ဗိုက်ပြည့်စေပြီး အစာ ချေဖျက် ဖို့အတွက် ကာဗို ဟိုက် ဒရိတ် နဲ့ အဆီ တွေ ထက် စွမ်းအင် ပိုမို အသုံးပြုတာကြောင့် ပညာရှင်တွေက ပြောပါတယ် ကြက်သား သုံးအောင်စက နေ ပရိုတင်း ၂၆ ဂရမ်။ တူနာငါး သုံးအောင်စက နေ ပရိုတင်း၂၂ ဂရမ်ကို ရရှိနိင် ပါတယ်

(၄) ညစာ မစားမီစွပ်ပြုတ် သောက်ပါ
ညစာ မစားမီ စွပ်ပြုတ်သောက်တာ ကြောင့် ကယ်လို ရီစားသုံးမှုကို ၂၀ရာခိုင်နုန်း လျော့ချနိင် တယ်လို့ သုတေ သီတွေက ဆိုပါတယ် ကယ်လိုရီပိုတဲ့ ခရင် နဲ့ အချိုများတဲ့ အစားအစာတွေကိုတော့ ရှောင် သင့်ပါတယ်

(၅).အသီးအရွက် ဖျော်ရည် သောက်ပါ
အသီးအရွက် ဖျော်ရည်က အစားစားချင် စိတ်ကိုလျော့နည်းစေပြီး ကယ်လို ရီစားသုံးမှုကို
လျော့ချပါတယ် ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သု တေသီ မစ္စတာ ဒေးဗစ် က အမျိုးသားရော အမျိုးသမီးရော ကယ်လိုရီနည်းပြီး နလုံးကျန်းမာစေဖို့ ဆိုဒီယမ် ပါ ဝင် မှုနည်းတဲ့ အသီးအရွက် ဖျော်ရည်သုံးပြီး အချိုရည် သောက် သုံးမှုကို ရှောင် ရှားပါလို့ ပြောပါတယ် #
The Express Times
Credit- Original writer

Presentation လုပ်တဲ့အခါ မပြောသင့်သော စကားလုံးများ

အလုပ်မှာ အများရှေ့မှာ ရှင်းပြစရာ ကိစ္စတွေရှိသောအခါ ကြောက်ကလည်းကြောက်တော့ မပြောသင့်တာတွေကို ပြောလိုက်မိတဲ့အခါလည်းရှိပါတယ်။
ဘယ်လို စကားတွေကို ပြောမိနိုင်သလဲ။
၀၁. ဟိုလေ၊ အဲ....
ကိုယ်ပြောမဲ့အကြောင်းကို သေသေချာချာ စဉ်းစားပြီးတော့မှ ပြောသင့်ပါတယ်။ မပြောခင်အစမ်းပြောကြည့်သင့်ပါတယ်။
၀၂. ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။
ဖြစ်နိုင်တယ်လို့ ထင်ပါတယ်လို့ ခဏခဏပြောနေရင်တော့ ရေးထားတဲ့အချက်အလက်တွေက ဟုတ်ကောဟုတ်သေးရဲ့လားလို့ ထင်မှာပါ။
၀၃. ထင်ပါတယ်။
ထင်ပါတယ်လို့ မပြောပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်မယ်လို့ စဉ်းစားထားပါတယ်လို့ ဖြေရင်ကောင်းပါတယ်။
၀၄. XXX ကိုလုပ်ရင် စိတ်ဝင်စားစရာကောင်းလိမ့်မယ်။
ကိုယ့်ရဲ့ထင်မြင်ချက်ကို သိချင်တာကို သိချင်လို့မေးတာကို တိတိကျကျဖြေသင့်ပါတယ်။
၀၅. အခုအရမ်း စိတ်လှုပ်ရှားနေတယ်။
အစည်းအဝေးက မစခင်မှာ မပြောသင့်သောစကားပါ။ သူတပါးရဲ့ ယုံကြည်မူကို အားနည်းစေပါတယ်။
၀၆. မဖြစ်နိုင်ဘူး၊ သူများကိုမေးလဲ အလကားပဲ။
မဖြစ်နိုင်ဘူး၊ သူများကိုမေးလဲ အလကားပဲလို့ ပြောနေရင်တော့ သင့်ပြောနေတဲ့စကားကို နားထောင်နေသူတွေကတော့ သနားစရာပါ။
ဘယ်လိုလုပ်ရမလဲ။
ဒါကြောင့် Presentation လုပ်တဲ့အခါ ကိုယ့်ပြောချင်သောစကား အကြောင်းကို ရဲရဲဝံ့ဝံ့ပြောဖို့လိုပါတယ်။
ရဲရဲဝံ့ဝံ့ပြောဖို့တခုထဲမဟုတ်ပဲ ပြောမဲ့အကြောင်းဟာ သေသေချာချာ လေ့လာထားပြီး အကျိုးအကြောင်း ခိုင်လုံရမှာပါ။
အစည်းအဝေးမှာလည်း ပြောမဲ့အကြောင်းတခုထဲမဟုတ်ပဲ နားထောင်နေသူတွေရဲ့အကြောင်း လိုအပ်ချက်တွေကို သေသေချာချာ လေ့လာထားပါ။
သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ပြောရတဲ့အခါ ကိုယ်ကပြောမဲ့စကားက ဘာကို အဓိကထားပြီးပြောမလဲဆိုတာကိုလဲ စဉ်းစားထားရန်လိုပါတယ်။
ဒီအကြောင်းလေးက အလုပ်ခွင်ထဲမှာ အသုံးဝင်လိမ့်မယ်လို့ ထင်ပါတယ်။ အသုံးချကြည့်လိုက်နော်။
အောက်က Link မှလည်း ဖတ်နိုင်ပါတယ်။
http://www.chelmo.tips/all-life/general-life/279-201410100001.html

○○○ ဒါလေး • • • ချိတ်ဆွဲထား ○○○

စကားတစ်ခွန်းတည်းနဲ့
လူတစ်ယောက်ရဲ့ ဘဝကို ပျက်စီးစေနိုင်တယ် ။

စကားအခွန်း တစ်ထောင်လောက်သုံးမှ
လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ် ။

ဒါကြောင့်
သင့်ပါးစပ်ဖျားမှာရော • • • သင့်နှလုံးသားမှာပါ
မေတ္တာအရင်းခံတဲ့ ကိုယ်ချင်းစာတရားကို
ချိတ်ဆွဲထားပါ ။


လူမှုဆက်ဆံရေး နှင့် အောင်မြင်မှုနည်းပညာ

အောင်မြင်ဖို့အတွက် လှို့ဝှက်ချက်

တစ်ခါက လူငယ်တစ်ယောက်က အောင်မြင်ဖို့ အတွက်
" လျှို့ဝှက်ချက်က ဘာလဲ " ဆိုတာ ဆိုကရေးတီးကို လာမေးတယ် . . .
ဒါနဲ့ . . . . .
ဆိုကရေးတီးကလည်း အဲဒီလူငယ်ကိုခေါ်ပြီး
မြစ်ကမ်းတစ်ခုကို လျှောက်လာခဲ့တယ် . . .
မြစ်ရဲ့ ကမ်းစပ်နားကို ရောက်တာနဲ့ ဆိုကရေးတီးက
ထိုလူငယ်ရဲ့ လည်ပင်းကိုကိုင်ပြီး မြစ်ထဲသို့ ခေါင်းကို နှစ်ချလိုက်ပါတယ် . . .
အချိန်နဲနဲ ကြာလာတော့ လူငယ်လည်း အသက်ရှူကြပ်လို့  မခံနိုင်တော့တာနဲ့
ဆိုကရေးတီး က ထိုလူငယ်ကို လွှတ်ပေးလိုက်ပါတယ် . . .
လွှတ်လွှတ်ချင်းပဲ လူငယ်က ခေါင်းကို ချက်ချင်းထောင်ပြီး
အသက်ကို ပြင်းပြင်းလေး ရှူသွင်းပါတယ် . . .
ဒါနဲ့ ဆိုကရေးတီးကမေးတယ် . . .
" မင်းရေထဲနစ်နေချိန်မှာ မင်းအလိုအပ်ဆုံးကဘာလဲ ? "
လူငယ်ကလည်း " လေ လို့  " ပြန်ဖြေလိုက်တယ်
ဒီတော့ ဆိုကရေးတီးကပြောတယ် . . .
" အောင်မြင်ဖို့ အတွက် လိုအပ်တဲ့အချက်က
မင်းရေနစ်နေချိန်မှာ လိုအပ်တဲ့ လေလိုပဲ ဒါဟာ ဘာ လျှို့ချက်မှ မဟုတ်ဘူး
မင်းမှာသာ ဖြစ်ချင်စိတ်နည်းနေရင် ကောင်းမွန်တဲ့ရလဒ် ရလာမှာမဟုတ်သလို
အောင်မြင်ချင်တဲ့သူဟာ အမြဲတန်းအောင်မြင်နေဖို့  အကြောင်းကြံရွယ်နေရမယ် "
အစဉ်လေးစား ခင်မင်လျှက်
ခင်အေးငယ်

လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတွက်ပုံ

(၁) ဒီပင်္ကရာ ဘုရားပွင့်ရာ ကမ္ဘာကြီးဆုံးသောအခါ ကမ္ဘာကြီး တစ်ခုပေါ်လာ၏ ။ ထိုကမ္ဘာမှာ ဘုရားမပွင့်သော သုညကမ္ဘာဖြစ်၏ ။
ထိုကဲ့ သို့သော သုညကမ္ဘာပေါင်းမည်မျှဟု ရေတွက်မရအောင် များလှ၏ ။ ထို့နောက် ကမ္ဘာတစ်ခုပေါ် လာ၏ ။ ထိုကမ္ဘာ၌ ကောဏ္ဍညဗုဒ္ဓ ပွင့်တော်
မူ၏ ။ ထိုဘုရားပွင့်ရာ ကမ္ဘာကို အသုညကမ္ဘာဟုခေါ်၏ ။ ထို ဒီပင်္ကရာဗုဒ္ဓပွင့်ရာ ကမ္ဘာနှင့် ကောဏ္ဍညဗုဒ္ဓပွင့်တော်မှုရာ ကမ္ဘာနှစ်ခု တို့၏ အကြားကာ
လ၌ ပေါ်ခဲ့သော သုညကမ္ဘာကြီးပေါင်း အသင်္ချေသည် အလောင်းတော်ပါရမီ ဖြည့်ကျင့်ရာ ဗုဒ္ဓန္တရအသေင်္ချေ တစ်ခုဖြစ်၏ ။
(၂) ထိုကောဏ္ဍညဗုဒ္ဓပွင့်ရာ ကမ္ဘာကုန်ဆုံးသောအခါ ဘုရား မပွင့်သည့် သုည ကမ္ဘာပေါင်း အသင်္ချေလာပြန်၏ ။ ထို့နောက် ကမ္ဘာတစ်
ခု ပေါ်လာ၏ ။ ထိုကမ္ဘာ၌ မင်္ဂလဗုဒ္ဓ ၊ သုမနဗုဒ္ဓ ၊ ရေ၀တဗုဒ္ဓ ၊ သောဘိတဗုဒ္ဓ ဟူသော ဗုဒ္ဓလေးဆူပွင့်တော်မူ ၏ ။ ထိုကောဏ္ဍညဗုဒ္ဓပွင့်ရာ ကမ္ဘာနှင့်
မင်္ဂလဗုဒ္ဓတို့ပွင့်ရာ ကမ္ဘာတို့အကြား ကာလ၌ ပေါ်ခဲ့သော သုညကမ္ဘာကြီးပေါင်း အသင်္ချေသည် အလောင်းတော် ပါရမီဖြည့်ကျင့်ရာ ဗုဒ္ဓန္တရအသ
င်္ချေတစ်ခု ဖြစ် ၏ ။
(၃) ထိုဘုရားလေးဆူပွင့်တော်မူရာ ကမ္ဘာကုန်ဆုံးသောအခါ သုည ကမ္ဘာကြီးပေါင်း အသင်္ချေ လာပြန်၏ ။ ထို့နောက် ကမ္ဘာတစ်ခုပေါ်
လာ၏ ။ ထိုကမ္ဘာ၌ အနောမဒဿီ ၊ ပဒုမဗုဒ္ဓ ၊ နာဒရဗုဒ္ဓ ဟူသော ဘုရားသုံးဆူ ပွင့်တော်မူ၏ ။ ထို သောဘိတဗုဒ္ဓ ဘုရားရှင်တို့ပွင့်ရာ ကမ္ဘာနှင့် အနော
မဿီ ဘုရားရှင်တို့ပွင့်ရာ ကမ္ဘာတို့၏ အကြား၌ဖြစ်ပေါ်ခဲ့သော သုညကမ္ဘာ ကြီးပေါင်း အသင်္ချေသည် အလောင်းတော်ပါရမီဖြည့်ကျင့်ရာ ဗုဒ္ဓန္တရအသေ
င်္ချေတစ်ခု ဖြစ်၏ ။
(၄) နာဒရဗုဒ္ဓပွင့်ရာ ကမ္ဘာကုန်ဆုံးသောအခါ သုညကမ္ဘာပေါင်း အသင်္ချေလာပြန်၏ ။ ထို့နောက် ကမ္ဘာတစ်ခုပေါ်လာ ၏ ။ ထိုကမ္ဘာ၌
ပဒုမုတ္တရဗုဒ္ဓပွင့်တော်မူ၏ ။ နာဒရဘုရားရှင်တို့ပွင့်တော်မူရာ ကမ္ဘာနှင့် ပဒုမုတ္တရဗုဒ္ဓပွင့်တော်မူရာ ကမ္ဘာတို့၏ အကြား၌ ဖြစ်ပေါ်ခဲ့သော သုညကမ္ဘာ
ပေါင်း အသင်္ချေသည် အလောင်းတော်ပါရမီဖြည့်ကျင့်ရာ ဗုဒ္ဓန္တရအသေင်္ချေတစ်ခု ဖြစ်၏ ။
ကမ္ဘာတစ်သိန်း
ထို့နောက် ပဒုမုတ္တရဗုဒ္ဓပွင့်ရာ ကမ္ဘာမှ သိခီဗုဒ္ဓနှင့် ဝေဿဘူဗုဒ္ဓနှစ်ဆူပွင့်တော်မူရာ ကမ္ဘာအထိ ကမ္ဘာပေါင်းတစ်သိန်းနှစ်ကမ္ဘာရှိ၏ ။
ကမ္ဘာတစ်သိန်း ဟူ၍သာ အလွယ်ခေါ်ကြ၏ ။ ထို ကမ္ဘာများ အတွင်း၌ ဘုရား ၁၂ ဆူပွင့်တော်မူကြ၏ ။ အလောင်းတော်သည် ထိုကမ္ဘာတစ်သိန်း
ကာလပတ်လုံးလည်း ပါရမီဆယ်ပါး တို့ကို ဖြည့်ကျင့်တော်မူခဲ့ ၏ ။
Credit- အရှုံးမရှိသော ဒဿန စာအုပ်

နောက်ထပ် ရှေ့ တစ်လှမ်းတိုးလိုက်ပါ

ရထားပေါ်မှာ ခင်ဖို့ သိပ်ကောင်းပြီး ခင်မင်စရာကောင်းလေးတစ်ယောက်နဲ့ ဆုံခဲ့တယ်။ သူ့ ပုံစံလေးက ကျွန်တော်ပြော
သမျှကို စိတ်ပါဝင်စားစွာနားထောင်နေတယ်။ သဘောကျစရာရှိလည်း စိတ်လွတ်လပ်လွတ်သဘောကျတတ်တယ်။
ပြုံးစရာရှိလည်း အင်အားအပြည့်နဲ့ စိတ်ပါလက်ပါပြုံးနေပါတယ်။ သူကလည်း ကျွန်တော့်ကို စကားတွေအများကြီးပြန်
ပြောတယ်။ ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့ စကားလုံးလေးတွေပါပဲ။ သူက ကျွန်တော့်ကိုပြောတယ်။ အကိုက သိပ်ခင်ဖို့ 
ကောင်းပါတယ်။ သိပ်ကြင်နာတတ်တဲ့ လူမျိုးပဲ။ ကျွန်တော်က မျက်လုံးမမြင်ပါဘူး။ ခုလိုအကိုနဲ့ ခဏဆုံရတာ ဘုရားပေး
တဲ့ဆုပါလို့ ပြောပြီး ဆင်းသွားပါတယ်။

ဘတ်စ်ကားစီးတော့ ကျွန်တော့်ခပ်လှမ်းလှမ်းက ချစ်စရာကောင်းတဲ့မိန်းကလေးတစ်ယောက်ကို သတိပြုမိလိုက်တယ်။
သူမက ကော်ပတ်ရုပ်လေးအတိုင်းပါပဲ။ ကျွန်တော့်စိတ်ထဲ ဈေးဆိုင်မှာ ထောင်ထားတဲ့ အရုပ်မလေးကို ပြေးသတိရလိုက်
မိတယ်။ သူမက ကျွန်တော့်ကို ပြုံးပြပြီး ခေါင်းလေးပါ အစစ်ထည့်ငြိမ့်ပြပါသေးတယ်။ ကျွန်တော်လည်း ပြန်ပြုံးပြဖြစ်လိုက်
တယ်ထင်တယ်။ သိပ်မကြာခင် မှတ်တိုင်ရောက်တော့ သူမကဆင်းဖို့ လုပ်ပါတယ်။ ကျွန်တော်သူမကို အစအဆုံးလိုက်
ကြည့်ဖြစ်တော့ အတော့်ကိုအံ့သြမင်သက်သွားမိတယ်။ သူမလေးက ခြေထောက်တစ်ဖက်မရှိဘူးပဲ။ သူမ ကျွန်တော့်ကို
ပြုံးပြပြီး ကားပေါ်က ညင်သာစွာဆင်းသွားပါပြီ။
ဘ၀မှာ ပြီးပြည့်စုံတဲ့လူတစ်ယောက်မှ မရှိပါလားလို့ တွေးနေမိတယ်။ ဒါဆိုကျွန်တော်ကရော ဘာချို့ ယွင်းချက်ရှိနေပြီလဲလို့ 
ပြန်သုံးသပ်ကြည့်မိတယ်။ တွေ့ ပါပြီ။ ကျွန်တော့်မှာ ချို့ ယွင်းချက် ကြီးကြီးမားမားကြီးကို တွေ့ ပါပြီ။ ဒါကတော့ အကျိုးမရှိစွာနဲ့ 
အချိန်လေးတွေကုန်စေတာရယ်၊ ကိုယ့်ကိုကိုယ် အမြဲစိတ်ပျက်အားငယ်တတ်တာရယ်။ ဒါဟာ ဟိုမျက်လုံးမမြင်တဲ့ကောင်
လေးရယ်၊ ခြေတစ်ဖက်မရှိတဲ့ ကောင်မလေးရယ်ထက် ပိုဆိုးနေတာပါလား။
လူတော်တော်များများမှာ တူညီတဲ့ အားနည်းချက်ကတော့ အောင်မြင်မှုကိုယူဖို့ ခြေတစ်လှမ်းအလို၊ လက်တစ်ကမ်းအလိုမှာ
ပြိုင်ပွဲကနေ နုတ်ထွက်သွားကြခြင်းပါပဲ။ ရှေ့ တစ်လှမ်းတိုးဖို့  ဇွဲမရှိကြတာ တူညီတဲ့အချက်ပါပဲ။ ကျရှုံးခြင်းရဲ့ ရှေ့ တစ်ကမ်း
ဟာ အောင်မြင်ခြင်းပါပဲ။ ဒါဆို အားနည်းချက်ကို အားသာချက်ပြောင်းဖို့ က နောက်ထပ်ခြေတစ်လှမ်းဆန့် ထုတ်ဖို့ လေးပဲ
မဟုတ်လား။ ဒါကို ပြင်ဖို့ တော့ သိပ်အရေးကြီးမှာပါ။ ကိုယ့်ပတ်ဝန်းကျင် အားနည်းချက်ရှိတဲ့လူတိုင်းကို မြင်တဲ့အချိန်တိုင်း
ကိုယ့်ရဲ့ အားနည်းချက်ကိုလည်း မဆိုင်းမတွပြန်ဆန်းစစ်ပါ။ ပြီးရင် သူများတွေရဲ့အပြုံးကနေ အားကို ပြန်ယူပြီး ဘ၀မှာရှေ့ 
ဆက်တိုးပစ်လိုက်ဖို့ ပါပဲ။
True Man

ဘ၀အရသာ

တစ်ခါတုန်းက လူတစ်ယောက်ဟာ တောအုပ်တစ်ခုထဲက ဖြတ်လျှောက်လာတုန်း ကံဆိုးချင်တော့ ရုတ်တရက် အစာရေစာ ငတ်မွတ်နေတဲ့ ကျားကြီးတစ်ကောင်နဲ့ တိုးမိပါတယ်။ ကျားကြီးက ဟိန်းဟောက်လိုက်ပြီး သူ့နောက်ကို တဟုန်ထိုး လိုက်ပါတော့တယ်။ သူလဲ အစွမ်းကုန်ပြေး၊ ကျားကြီးကလဲ အနောက်က ထပ်ချပ်မခွာလိုက်နဲ့ နောက်ဆုံး ပြေးစရာ မြေမရှိတော့ပဲ တောင်ကမ်းပါး အစပ်ထိ ရောက်လာတော့တယ်။ ဒါနဲ့ သူ စဉ်းစားလိုက်မိတယ်။
“ ဒီကျားရဲ့ ဖမ်းစားတာကို အရှင်လတ်လတ် ခံရမယ့်အစား ချောက်ထဲ ခုန်ချတာမှ ကံကောင်းရင် ငါ အသက်ရှင်နိုင်သေးတယ် ” ဆိုတွေးပြီး တောင်ကမ်းပါးကနေ လွှားခနဲ ခုန်ချလိုက်တော့တယ်။
ကံကောင်းချင်တော့ ချောက်ထဲမကျပဲ ကမ်းပါးပြတ် တစ်နေရာမှာ တွယ်ကပ်ပေါက်နေတဲ့ ဆီးပင်တစ်ပင်ပေါ် သွားတင်နေတယ်။ အသက်မသေလို့ ၀မ်းမြောက်ဝမ်းသာ ရှိနေဆဲမှာပဲ ကမ်းပါးပြတ်အောက်မှာ ခြင်္သေ့တစ်ကောင်ဟာ သူ့ကို မော့ကြည့်ပြီး ဟိန်းဟောက်ကာ သူပြုတ် ကျ အလာကို စောင့်နေတာ အတိုင်းသား တွေ့လိုက်ရလို့ ရင်ထဲ ဖိုခနဲ တုန်သွားရရှာတယ်။ ဒါနဲ့ ပြန်တွေးကြည့်လိုက်တော့ ကျားဖြစ်ဖြစ် ခြင်္သေ့ဖြစ်ဖြစ် ဘယ်အကောင်စားတာ ခံရခံရ မထူးဘူး။ သေမှာချည်းပဲလို့ တွေးနေမိပြန်တယ်။
စိတ်နှလုံး ဒုံးဒုံးချပြီး သစ်ပင်ပေါ် ငြိမ်ငြိမ်လေး ထိုင်နေကာမှ အသံတချို့ ကြားလိုက်ရလို့ ကြည့်လိုက်တော့ ကြွက်ဖြူနဲ့ ကြွက်မဲနှစ်ကောင်က သူထိုင်နေတဲ့ ဆီးကိုင်းကို ကျကျနန ကိုက်ဖဲ့နေတယ်။ ရုတ်တရက် စိတ်ပူသွားပြီး မျက်လုံးထဲ ပြာသွားပေမယ့် ပြန်စဉ်းစား လိုက်မိတော့ စိတ်က ပြန်ငြိမ်သွားပြန်တယ်။ ဟုတ်တယ်လေ။ သစ်ကိုင်း ကျိုးကျသေတာက ခြင်္သေ့စာ မိမှာ ထက်စာရင် တော်သေးတာကိုး။
စိတ်ပြန်ငြိမ်သွားလို့ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်မိတော့ ဆီးသီးတွေက ပင်လုံးပြည့်ဝင်း မှည့်ပြီး သီးနေတာ တွေ့လိုက်လို့ မသေခင်တော့ ဆီးသီးတွေ ခူးစားဦးမှဆိုပြီး အားပါးတရ စားလေတော့တယ်။ သူ့တစ်သက် ဒီလောက်ကောင်း ဒီလောက်အရသာရှိတဲ့ ဆီးသီးမျိုး တစ်ခါမှ မစားခဲ့ဘူးသလို ခံစားလိုက်ရတယ်။
ဗိုက်လည်း ပြည့်သွားရော အနှေးနဲ့အမြန် သေရတော့မယ့် အတူတူ၊ မသေခင် တစ်ရေးတစ်မော အိပ်ထားဦးမှဆိုပြီး အိပ်လိုက်တာ တခေါခေါနဲ့ အိပ်မောကျသွားပြန်တယ်။ အိပ်ရာနိုးလာလို့ ကြည့်လိုက်တော့ ကြွက်ဖြူနဲ့ကြွက်မဲ နှစ်ကောင်လုံးကို မတွေ့ရတော့ဘူး။ ကမ်းပါးပေါ်က ကျားနဲ့ ချောက်ထဲက စောင့်နေတဲ့ ခြင်္သေ့လည်း ပျောက်နေတယ်။ ဒါနဲ့ သူလဲ သစ်ကိုင်းတွေကို သတိနဲ့ ဂရုတစိုက်ဆွဲပြီး ကမ်းပါးထိပ်ကို ခဲရာခဲဆစ် ပြန်တက်ရင်း သေဘေးက သီသီလေး လွတ်ခဲ့ရတယ်။
ဖြစ်ပုံက… သူ အိပ်ပျော်သွားတုန်း ဆာလောင်လွန်းနေတဲ့ ကျားက မအောင့်နိုင်တဲ့ အဆုံး ကမ်းပါးပေါ်ကနေ ဟိန်းဟောက်ရင်း သူ့ဆီ ခုန်ချတယ်။ ဟန်ချက်လွဲတော့ ချောက်ထဲ ပြုတ်ကျပြီး ချောက်အောက်မှာ အသင့်စောင့်ဆိုင်းနေတဲ့ ခြင်္သေ့နဲ့ အကြီးအကျယ် သတ်ပုတ်ပြီး၊ နှစ်ကောင်လုံး အနိုင်မရကြပဲ ဒဏ်ရာဒဏ်ချက် ကိုယ်စီနဲ့ မောပမ်းပြီး ထွက်ခွာသွားကြတော့တယ်။ ကြွက်ဖြူနဲ့ ကြွက်မဲကတော့ ကျားဟိန်းပြီး ချောက်ထဲ ခုန်ချလိုက်ထဲက လန့်ပြီး ထွက်ပြေးနှင့်ပြီလေ။
ပုံပြင်လေးက ဒီလို အဆုံးသတ်ထားတယ်။ ဘ၀တွေ ကိုယ်စီမှာလညှ်း အကျပ်အတည်း အခက်အခဲတွေဟာ ဆာလောင်နေတဲ့ ကျားလိုပဲ တကောက်ကောက်နဲ့ မပြတ်လိုက်ခြင်း ခံနေခဲ့ရတယ်။ ခြင်္သေ့နဲ့တူတဲ့ သေခြင်းတရားဟာလဲ ကမ်းပါးအောက်ကနေ လည်တဆန့်ဆန့်နဲ့ မျှော်နေပြန်သေးတယ်။ နေ့လည်နေ့ခင်းနဲ့ ညဥ့်နက်သန်းခေါင်တို့နဲ့ တူတဲ့ ကြွက်ဖြူနဲ့ ကြွက်မဲတို့ကလဲ တခဏတာ ဘ၀ရဲ့ ခန္ဓာကိုယ်တွေကို တလှည့်စီ ကိုက်ဖြတ်နေကြတယ်။
လူ့ဘ၀ရဲ့ အဆိုးဆုံး အချင်းအရာတွေကို သိနေမှတော့ ပုံပြင်ထဲကလို အခက်အခဲတွေကြားထဲမှာမှ တစ်ရေးလောက်အိပ်ရင်း အနားယူပြီး သောကတွေကို တစ်ဆင့်ချင်း အနည်းဆုံးဖြစ်အောင် လျှော့ချ၊ အသက်ရှင်သန်မှုဆိုတဲ့ ဘ၀ရဲ့ ချိုမြိန်တဲ့ ဆီးသီးတွေကို စံနစ်တကျ စားသုံးကြရင် မကောင်းပေဘူးလား။ အခက်အခဲ ဆိုတာတွေအတွက် ရင်ဆိုင်ဖို့ ကြိုးစား ပြင်ဆင်ထားကြပေမယ့် ဘ၀မှာ မမျှော်မှန်းနိုင်တဲ့ အခက်အခဲတွေဟာ စောင့်ကြိုနေတတ်ပါတယ်။ ထိုသို့စောင့်ကြိုနေလည်းပဲ မသိလိုက်ခင်မှာပဲ ဒီအခက်အခဲတွေကို ကိုယ်တိုင် နိုင်နိုင်နင်းနင်း ဖြေရှင်းမိရက်သား ဖြစ်နေတာကို အဆုံးမှာ ၀မ်းမြောက်စဖွယ် တွေ့ရပြန်ကြုံရပြန်ပါသေးတယ်မဟုတ်ပါလား။ဒါကြောင့် အခက်အခဲတွေကြာထဲမှလည်း ချိုမြိန်တဲ့ ဆီးသီးအရသာကို လည်း စားသုံးဖို့မမေ့ပါနဲ့။
မောင်မောင်ချေ(ဓည၀တီ)

ကလေးဘဝ

၁။ သရော်လှောင်ပြောင်မှုများကို ခံစား၍ ကြီးပြင်းလာရသော ကလေးသူငယ်သည် သူရဲဘောနည်းသူ သတ္တိကြောင်သူမျိုး ဖြစ်လာတတ်ပါသည်။
၂။ အမြဲတစေပြစ်တင် ဝေဖန်မှု့ကိုခံစား၍ ကြီးပြင်းလာရသော ကလေးသူငယ်သည် သူတစ်ပါးကို အပြစ်တင်တတ်သူ ရှုံ့ ချတတ်သူ ဖြစ်လာသည်။
၃။ အရာရာမယုံ မသင်္ကာမှုများကြားတွင် ကြီးပြင်းလာရသော ကလေးသူငယ်သည် ကောက်ကျစ်စဉ်းလဲသူ ဖြစ်လာနိုင်လေသည်။
၎။ မိမိပြုသမျှ ဆန့်ကျင်ဘက်ပြုခြင်းကိုသာ ခံစား၍ ကြီးပြင်းလာရသော ကလေးသူငယ်သည် ရန်လိုတတ်သူ ဖြစ်လာတတ်ပေသည်။
၅။ ကြင်နာယုယမှုကို ခံယူ၍ ကြီးပြင်းလာရသော ကလေးသူငယ်သည် သူတစ်ပါးအပေါ်တွင် မေတ္တာထားတတ်သူဖြစ်လာနိုင်သည်။
၆။ အားပေးထောက်ခံမှုများဖြင့် ခံစားပြီး ကြီးပြင်းလာရသော ကလေးသူငယ်များသည် မိမိကိုယ် မိမိယုံကြည်အားကိုး စိတ်ရှိသူ ဖြစ်လာနိုင်သည်။
၇။ သမ္မာတရားဖြင့်ခြံရံ၍ ကြီးပြင်းလာရသော ကလေးသူငယ်သည် အမှန်တရားကို မြတ်နိုးဆောင်ရွက်တတ် သူဖြစ်လာနိုင်ပေသည်။
၈။ ချီးမွမ်းမှု့များကို ခံယူ၍ ကြီးပြင်းလာရသော ကလေးသူငယ်သည် အရာရာတွင် နားလည်စာနာတတ်သူ ဖြစ်လာလေ့ရှိပါသည်။
၉။ စာပေဗဟုသုတတို့ဖြင့် စာသံပေသံကြားတွင် ကြီးပြင်းလာရသော ကလေးသူငယ်သည် ဥာဏ်ပညာ အမြော်အမြင်ဖြင့် ပြည့်စုံ တတ်ပေသည်။
၁၀။ တန်းတူညီမျှ ခွဲဝေခံစားခြင်းတို့ဖြင့် ကြီးပြင်းလာရသော ကလေးသူငယ်သည် လူများအပေါ်ခွင့်လွတ် စာနာတတ်သူ ဖြစ်လာနိုင်ပါသည်။
၁၁။ ကိုယ်၊ နှုတ်၊ နှလုံးကို စောင့်ထိန်းတတ်သော ပတ်ဝန်းကျင်၌နေထိုင်ခွင့်ရလာသော ကလေးသူငယ်သည် သည်းခံစိတ်ရှည်လေ့ရှိ ပါသည်။
၁၂။ စိတ်နှလုံးပျော်ရွှင် ချမ်းမြေ့ မှု ၀န်းရံ၍ ကြီးပြင်းလာရသော ကလေးသူငယ်သည် မေတ္တာတရားနှင့် ချစ်ခင် နှစ်လိုဖွယ်ရာအလှအပ တရားကိုခံယူတတ်သူ အနုပညာဖြင့်သိမ့်မွေ့နူးညံ့သူဖြစ်လာ တတ်ပေသည်။
သင့်ကလေးဘ၀ကို ဘယ်လိုဖြတ်သန်းစေချင်ပါသလဲ?
သုတ အချစ် ဘ၀ စာတိုပေစ's photo.

ဂျပန် ကျောင်းစာအုပ်ထဲက ဂုဏ်သိက္ခာမဲ့ လူသားတစ်ဦး

ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းသုံးဖတ်စာအုပ်တွေမှာ
ပြဌာန်းခြင်းခံရတဲ့ အများဆုံး လူသားတွေကတော့ ရှေးခေတ်က စစ်သူရဲကောင်းတွေ၊ ပညာရှိတွေ၊ စွန့်စားရှာဖွေသူတွေ၊ နိုင်ငံရေးသုခမိန်တွေ၊ တိုင်းပြည် တည်ဆောက်သူတွေ အကြောင်းကိုသာ အလေးထား ပြဌာန်းထားတာကို တွေ့ခဲ့ရပါတယ်။
ဂျပန်နိုင်ငံရဲ့ ကျောင်းသုံးစာအုပ်ထဲမှာတော့ ဂျပန်နိုင်ငံနဲ့ ဂျပန် လူမျိုးတွေအတွက် ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ လူတဦးအကြောင်း ပြဌာန်းခဲ့ပါတယ်။ သူကတော့ ဂျပန် ပို့ဆောင်ရေး ၀န်ကြီးဌာနက အရာရှိလေး ဟိုဆိုနို ဖြစ်ပါတယ်။
ဂျပန် အစိုးရဟာ ရုရှားနိုင်ငံက ရထားလမ်းတွေကို လေ့လာသင်ယူဖို့ ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီးဌာနက မာဆဘူမိ ဟိုဆိုနို ကို ( ၁၉၁၀) ခုနှစ်မှာ စေလွှတ်ခဲ့ပါတယ်။ ဟိုဆိုနိုဟာ သူရဲ့လေ့လာသင်ကြားမှုတွေ ပြီးဆုံးတဲ့ ၁၉၁၂ ခုနှစ်မှာ အင်္ဂလန်ကနေ တဆင့် အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်ပြီး ပြန်လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကမ္ဘာ့သင်္ဘောပျက်တဲ့ သမိုင်းမှာ အထင်ရှားဆုံး ဖြစ်တဲ့ တိုင်တင်းနစ် သင်္ဘောနဲ့ ပြန်လာခဲ့တာပါ။ ဟိုဆိုနိုဟာ တိုင်းတင်းနစ် သင်္ဘောရဲ့ ဒုတိယတန်းကနေ ခရီးသည်တဦးအနေနဲ့ လိုက်ပါလာခဲ့သူ ဖြစ်ပါတယ်။ အင်္ဂလန်ကနေ ထွက်ခွာလာပြီး ၄ ရက်အကြာ ဧပြီလ ၁၄ ရက် ညဘက် ၁၁ နာရီ ၄၀ မိနစ်အချိန်မှာ ရေခဲတောင်နဲ့ တိုက်မိခဲ့ပါတယ်။
ဟိုဆိုနိုဟာ သင်္ဘော ရေခဲတောင်နဲ့ တိုက်မိပြီး နာရီဝက် အကြာမှာ တံခါးခေါက်သံကြောင့် နိုးလာခဲ့ပါတယ်။ သင်္ဘောအရာရှိက သူ့ကို အသက်ကယ် အင်္ကျီဝတ်ထားဖို့ သတိပေး ပြောဆိုလာခဲ့ပါတယ်။
သင်္ဘောပေါ်ကို တက်ကြည့်တော့ လူတွေရဲ့ ယောက်ယက်ခတ် လှုပ်ရှားနေတာကို တွေ့ရပြီး အသက်ကယ် လှေတွေမှာလည်း ကလေးတွေနဲ့ အမျိုးသမီးတွေ ပြည့်နေပါတော့တယ်။ ဟိုဆိုနိုဟာ အသက်ကယ်လှေကို ချဉ်းကပ်ဖို့ ကြိုးစားတဲအခါ သင်္ဘောအရာရှိတွေရဲ့ မောင်းထုတ်ခြင်းကို ခံခဲ့ရပါတယ်။ တတိယတန်း အဆင့်က စီးလာတဲ့ ခရီးသည် အဖြစ်ထင်ယောင် ထင်မှား ဖြစ်စေလို့ပါ။ ဒါပေမယ့် ဟိုဆိုနိုဟာ အသက်ကယ်လှေပေါ်ကို ရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အစဉ်အလာအရ သင်္ဘောတွေမှာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ ပထမ တန်းက စီတဲ့ ခရီးသည်တွေသာ အသက်ကယ်လှေကို ပထမ ဦးစားပေး စီးခွင့်ရတာပါ။
ဟိုဆိုနိုနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေမှာ ဟိုဆိုနိုဟာ အမျိုးသမီးလို ဟန်ဆောင်ပြီး အသက်ကယ်လှေကို စီးခဲ့ရတာလို့ ဖေါ်ပြခဲ့ကြပါတယ်။
တိုင်တင်းနစ် နစ်မြုတ်မှုကနေ အသက်မသေဘဲ လွတ်မြောက်လာတဲ့ ဟိုဆိုနိုကို ပထမတော့ ဂျပန် သတင်းစာတွေက ချီးကျူး ထောပနာပြု ရေးသားခဲ့ကြပါတယ်။ ဒါပေမယ့် တိုင်တင်းနစ် သင်္ဘော ကနေ လွတ်မြောက်လာတဲ့ နောက်တဦးကတော့ ဟိုဆိုနို အကြောင်းကို သိနေခဲ့ပါတယ်။ ဟိုဆိုနိုဟာ အသက်ကယ် လှေပေါ်ကို တက်ရောက်ခွင့်ရရေးအတွက် အမျိုးသမီး တစ်ဦးလို ၀တ်စားဆင်ယင်ပြီး၊ အမျိုးသမီးလို အသံပြုက အော်ဟစ် အကူအညီ တောင်းခဲ့တယ်လို့ ပြောဆိုတာတွေ ရှိခဲ့ပါတယ်။
အသက်ကယ် လှေပေါ်ကို ရောက်အောင်မတက်ခဲ့ပေမယ့် အသက်မသေဘဲ လွတ်မြောက်လာတဲ့ လူတဦးကတော့ အမေရိကန် လူမျိုး Archibald Gracie IV ဖြစ်ပါတယ်။ သူရေးတဲ့ တိုင်းတင်းနစ် သဘောင်္ နစ်မြုတ်မှုအကြောင်း စာအုပ်ထုတ်ဝေတော့ ဂျပန်အမျိုးသား ဟိုဆိုနို အကြောင်းပါလာခဲ့ပါတယ်။ ဂျပန် လူ့အဖွဲ့အစည်းက ဟိုဆိုနိုဟာ သိက္ခာရှိရှိ လွတ်မြောက်လာတယ်လို့ ထင်ထားခဲ့ပေမယ့် Archibald Gracie IV ရဲ့စာအုပ် ထွက်လာတော့ ဂျပန် အစိုးရက သူ့ကို အလုပ်ကနေ ထုတ်ပယ်လိုက်ပါတယ်။
အမျိုးသမီးနဲ့ ကလေးတွေကို မညှာတာဘဲ ကိုယ်လွတ် ရုန်းထွက်လာတဲ့ ဟိုဆိုနိုကိုဂျပန် အစိုးရနဲ့ ဂျပန်
လူ့အဖွဲ့အစည်းက လက်ခံနိုင်ခြင်း မရှိတဲ့အပြင် ဂျပန်နိုင်ငံနဲ့ ဂျပန်လူမျိုးကို အရှက်ရစေတဲ့ လုပ်ရပ် အဖြစ် သတ်မှတ်ပြီး မိမိကိုယ်ကို သတ်သေဖို့ သတင်းစာကနေ တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။
ဗမာစကားပုံနဲ့ ပြောရမယ်ဆိုရင် အသက်ထက် အရှက်က အရေးကြီးတယ်ဆိုတာ ဂျပန် လူ့အဖွဲ့အစည်းတွက် အချိန်ကာလတွေ ဘယ်လောက်ဘဲရွေ့ရွေ့ မှန်ကန်နေဆဲ မှန်နေဆဲ ဖြစ်ပါတယ်။ ဂျပန် အစဉ်အလာကို မလိုက်နာတဲ့ သူတွေဟာ နိုင်ငံကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေတယ်ဆိုတဲ့ အယူအဆက ဒီနေ့ထိ ယူဆနေဆဲ ဖြစ်ပါတယ်။ နိုင်ငံဆိုတာ လူတစ်ဦးချင်း၊ မိသားစုတစ်စုချင်း၊ ရပ်ရွာတစ်ခုချင်း၊ မြို့နယ်တစ်ခုချင်း၊ ပြည်နယ်တစ်ခုချင်း၊ လူမျိုးစုတစ်စုချင်းစီ စုပေါင်းပြီး တည်ဆောက်ထားတော့ လူတဦးရဲ့ အပြုအမူဟာ နိုင်ငံအတွက် ဂုဏ်သိက္ခာကျဆင်း ဆိုတာ ဖြစ်ကောင်းတဲ့ အရာပါ။
ကျွန်တော်တို့ လူ့အဖွဲ့အစည်းဘက်ကို ပြန်ကြည့်လိုက်ရအောင်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ဂျပန်နဲ့ မနှိုင်းပါနှင့်ဗျာလို့ ပြောကောင်း ပြောနိုင်ပါတယ်။ ကျွန်တော်တို့ ဒီမိုကရေစီခေတ်ကို စလှမ်းနေတဲ့အချိန်မှာ လူတစ်ဦးချင်းအပြုအမူတွေ၊ လူမျိုးစုတစုချင်းရဲ့ အပြုအမူတွေဟာ အင်မတန်မှ အရေးပါပါတယ်။
ဂျပန်အစိုးရကတော့ လူတဦးချင်းရဲ့ အပြုအမူ အမှားကို နောင်လာနောက်သား
တိုင်းပြည်ရဲ့ ဖန်တီးရှင်တွေ အတူယူ မမှားရလေအောင် ကျောင်းစာ သင်ရိုးညွန်းတမ်းမှာ ပြဌာန်းထားခဲ့ တာကိုက ကျွန်တော်တို့ နိုင်ငံအတွက် အလေးထားစရာပါ။
နောင်မျိုးဆက်တွေ လူ့အဖွဲ့အစည်းက လက်မခံနိုင်တဲ့ အပြုအမူတွေ မလုပ်မိအောင် နိုင်ငံအတွက် ဂုဏ်သိက္ခာ ညှိုးနွမ်းစေခဲ့တဲ့ Hosono လိုလူတွေရဲ့လုပ်ရပ်ကို ကျောင်းစာတွေမှာ သင်ကြားပေးတာမျိုးကို မြန်မာနိုင်ငံမှာလည်း ပြဌာန်း ပေးသင့်တယ်လို့ ယူဆမိပါတယ်။
တလောက မြန်မာနိုင်ငံက အတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ နိုင်ငံခြားရေး ၀န်ကြီးဌာန တတိယ အတွင်းဝန် ရာထူးတွေ ဖြေတော့ ၀န်ကြီးအဆင့် ၊ ညွန်ကြားရေးမှူးချုပ်၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေ တန်းစီအောင်တာကို တွေ့လိုက်ရတော့ ကျွန်တော်တို့ရဲ့ နိုင်ငံ့ခေါင်းဆောင်တွေမှာ ကိုယ်ကျင့်တရားဆိုတာ မရှိတော့ဘူး ဆိုတာကို နားလည် လိုက်တယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ပညာရေး သင်ရိုးညွန်းတမ်း ရေးဆွဲတဲ့အခါ လူသားတွေရဲ့ စံပြပုဂ္ဂိုလ်တွေအပါ အ၀င် နိုင်ငံကို ဖျက်ဆီးခဲ့တဲ့၊ နိုင်ငံ့ဂုဏ်ကို ညိုးနွမ်းစေခဲ့တဲ့ လူသားတွေကို ပါ ပြဌာန်း ပေးသင့်တယ်လို့ မြင်မိတယ်။
လူငယ်တွေအနေနဲ့ ၊ The Calm ( တည်ငြိမ်မှု) ၊ The Dignity ( ဂုဏ်သိက္ခာရှိမှု)၊ The ability (စွမ်းရည် ပြည့်ဝမှု)၊ The Grace ( တင့်တယ်မှု) ၊ The Order (အစီအစဉ်တကျ ရှိမှု)၊ The Sacrifices ( စွန်ကလွှတ် အနစ်နာခံမှု) ၊ The Kindness (သနားကြင်နာတတ်မှု) ၊ The Conscience
( ကိုယ်ကျင့်တရား ကောင်းမှု)၊ စတာတွေဟာ ဂုဏ်သိက္ခာရှိတဲ့ လူသားတဦး ဖြစ်လာရေး အင်မတန်မှ အရေးပါကြောင်းတွေးမိပါတယ်။
creditး Mauhka Education Magazine

မျက်နှာ သစ်ရာတွင် အမှတ်မထင် လုပ်မိတတ်သော အမှား (၁၀) ချက်

မျက်နှာ သစ်တာကို တော်တော် များများက အသေးအမွှား ကိစ္စတစ်ခု အနေနဲ့သာ သဘောထား ကြပါတယ်။ ဒါပေမဲ့ မျက်နှာ အသားအရေ ခြောက်သွေ့ခြင်း၊ အဆီပြန်ခြင်း၊ ယားယံခြင်း စတဲ့ အရေပြား ပြဿနာတွေဟာ မှားယွင်းတဲ့ မျက်နှာသစ်တဲ့ အပြုအမူတွေကြောင့် ဖြစ်ပါတယ်။
၁။ မျက်နှာသစ် ဆပ်ပြာ အမျိုးအစားကို ရွေးချယ်ခြင်း။
သင့်တော်တဲ့ မျက်နှာသစ် ဆပ်ပြာဟာ ဖုန်မှုန့်၊ မိတ်ကပ်နဲ့ ချေးညှော်တွေကို လုံးဝသန့်စင် ဖယ်ရှားနိုင်ပြီးတော့ သင့်မျက်နှာပေါ်က ကောင်းမွန်တဲ့ ဆဲလ်တွေနဲ့ သဘာဝ အဆီတွေ ကိုတော့ ချန်ထားပါတယ်။ အဲဒီလို မျက်နှာသစ် ဆပ်ပြာမျိုးကို ရွေးချယ်ပါ။ မျက်နှာသစ်တဲ့ အခါ နှစ်ခါထပ်သစ်ပါ၊ ခပ်ဖွဖွလေး ဆေးကြော သန့်စင်ပါ။
၂။ အလွန်အကျွံ မျက်နှာသစ်ခြင်း။
တစ်နေ့ကို မျက်နှာ တစ်ကြိမ်၊ နှစ်ကြိမ် သစ်တာက ကောင်းမွန် စေပေမယ့် ဒီထက် ပိုရင်တော့ အရေပြားကို ထိခိုက်စေပြီး အဆီပိုပြန် စေတတ်ပါတယ်။ တစ်နေ့လုံး ချွေးမထွက်၊ မိတ်ကပ်၊ နေရောင်ကာ လိမ်းဆေး မလိမ်းထားဘူး ဆိုရင် ညဘက်မှာ မျက်နှာသစ် ဆပ်ပြာ မသုံးပါနဲ့၊ ကြက်သီးနွေး ရေနဲ့သာ သစ်ပါ။ သင့် မျက်နှာကို ဓာတုပစ္စည်းတွေနဲ့ ခဏတာ အဆက်ဖြတ်တာက အသားအရေကို ပိုကျန်းမာစေပါတယ်။
၃။ ရေအပူချိန်
ရေနွေးဟာ ချွေးပေါက်တွေကို ဖွင့်ပေးပြီး ရေအေးကတော့ ချွေးပေါက် ပိတ်စေပါတယ်။ ရေအရမ်း ပူလွန်းရင်လည်း မျက်နှာပြင်က အကျိုးပြု အဆီတွေကို ဖယ်ပစ်ပြီး အရေပြား ခြောက်သွေ့ စေပါတယ်။ ကြက်သီး နွေးရေသာ အသင့်တော်ဆုံး ဖြစ်ပါတယ်။
၎။ အရေပြားကို လွန်ကဲစွာ ပွတ်တိုက် ဂျီးချွတ်ခြင်း။
အရေပြားကို ဂျီးချွတ်တာက ဆဲလ် အသေတွေကို ဖယ်ရှား နိုင်ပေမယ့် တော်သင့်ရုံ လုပ်တာပဲ ကောင်းပါတယ်။ ဂျီးချွတ်လျှင်လည်း သကြားတို့၊ သစ်သီးတို့ကို သုံးပါ။ တစ်ပတ်ကို အလွန်ဆုံး နှစ်ကြိမ်၊ သုံးကြိမ်ပဲ ဂျီးချွတ်တာ ကောင်းပါတယ်။ ဂျီးချွတ်တဲ့ အခါ မျက်နှာ အရေတွန့်ခြင်း မှ ကာကွယ်နိုင်အောင် အ၀တ်စ အစား လက်ချောင်းတွေကိုပဲ သုံးပါ။
၅။ မျက်နှာ ဘယ်လိုသစ်မလဲ
မျက်နှာကို သေသေချာချာ မသစ်တာက အညစ်အကြေး အကြွင်းအကျန်တွေကို စုပုံ လာစေပြီး ချွေးပေါက် ပိတ်စေပါတယ်။ မနက်ခင်းမှာ ဘယ်လောက်ပဲ အလျင် လိုနေပါစေ၊ ညဘက်မှာ ဘယ်လောက်ပဲ ပင်ပန်း နေပါစေ မျက်နှာကိုတော့ သေချာသစ်ပါ။ မေးရိုး တစ်ဝိုက်၊ ဆံပင် အစပ်နားနဲ့ နှာခေါင်းတစ်ဝိုက် ကိုလည်း သစ်ဖို့ မမေ့ပါနဲ့။
၆။ ပြင်းထန်တဲ့ ပါဝင် ပစ္စည်းများကို သုံးခြင်း။
အမွှေးရနံ့များ၊ အရောင်နှင့် ကြာရှည်ခံ ပစ္စည်းများ ပါဝင်သော မျက်နှာသစ် ဆပ်ပြာကို ရှောင်ပါ။ Sodium Lauryl Sulfate ပါရင် ဓာတ် မတည့်မှု ဖြစ်စေနိုင်လို့ ရှောင်သင့်ပါတယ်။ အရေးကြီးတာက မျက်နှာသစ် ဆပ်ပြာ ၀ယ်တိုင်း ပါဝင်ပစ္စည်း အညွှန်းကို အရင်ဖတ်ပါ။
၇။ မျက်နှာသုတ် ပ၀ါနဲ့ ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်း။
မျက်နှာကို မျက်နှာ သုတ်ပ၀ါ နဲ့ ကြမ်းတမ်းစွာ မပွတ်တိုက်ပါနဲ့၊ ညင်သာစွာ သုတ်ပါ။ မျက်နှာ သုတ်ပ၀ါနဲ့ ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်းဟာ အရေ တွန့်စေပါတယ်။ သင့်ရဲ့ သန့်ရှင်းသော မျက်နှာ အတွက် နူးညံ့ သန့်ရှင်းတဲ့ မျက်နှာ သုတ်ပ၀ါကို သုံးပါ။
၈။ အစိုဓာတ်ထိန်းခရင်မ် သုံးရန် စောင့်ခြင်း။
အစိုဓာတ်များများ စိမ့်ဝင်နိုင်စေရန် မျက်နှာသစ် ပြီးပြီးချင်း အရေပြား စိုစွတ်နေစဉ် အစိုဓာတ်ထိန်း ခရင်မ်လိမ်းပါ။ Serum တို့ကဲ့သို့သော တခြား အသားအရေ ထိန်းသိမ်းရေး ပစ္စည်းများကိုလည်း ထိုနည်းတူ သုံးပါ။ မျက်နှာ ရေခြောက်မှ လိမ်းခြင်းဟာ အသားထဲကို စိမ့်ဝင် မှုနည်းပါးစေပြီး အရေပြား စေးကပ်ကပ် ဖြစ်စေပါတယ်။
၉။ ငွေကြေး အများအပြား သုံးခြင်း။
မျက်နှာသစ် ဆပ်ပြာလေး တစ်ခု အတွက်နဲ့ ပိုက်ဆံ အများကြီး မသုံးသင့်ပါ။ ရိုးရိုးရှင်းရှင်း နှင့် သဘာဝ ပစ္စည်းတွေသာ သုံးထားတဲ့၊ သင့်မျက်နှာကို ကြာရှည် အထောက်အကူ ပြုမယ့် အမျိုးအစားကိုသာ ရွေးချယ်ပါ။
၁၀။ အဆီပြန်မှာကို ကြောက်ခြင်း။
အရင်က မျက်နှာ အဆီပြန်တာဟာ ချွေးပေါက် ပိတ်စေတယ်လို့ ယူဆ ခဲ့ကြပေမယ့် အခုတော့ ဒီ အယူအဆက ပြောင်းလဲ သွားပါပြီ။ ကျွမ်းကျင် ပညာရှင်တွေက မျက်နှာကို ဆီသုံးပြီး သန့်စင်တာဟာ ပင်ကို အဆီပြန်တဲ့ မျက်နှာကိုတောင် အကျိုးရှိ စေတယ်လို့ ဆိုပါတယ်။
သဘာဝ အဆီများ၊ အပင်မှ ထုတ်ယူထားသော ဆီ၊ ဗာဒံဆီ၊ ဆီးသီး အစေ့ဆီ၊ စပျစ်သီး အစေ့ဆီ၊ နေကြာစေ့ဆီ စသည် ဆီများဟာ ချွေးပေါက်ရှိ ဖုန်မှုန့်များ နှင့် ဘက်တီးရီးယားများကို ဖယ်ရှားနိုင်ပါတယ်။ (အုန်းဆီနှင့် သံလွင်ဆီ တို့က တချို့သော သူများနှင့် ဓာတ် မတည့်တတ်ပါ။) ထိုဆီများ နှင့် မျက်နှာကို လိမ်းကာ ရေနွေးထဲတွင် နှစ်ထားသော အ၀တ်နှင့် ညင်သာစွာ ပြောင်စင်အောင် သုတ်ပါ။
ဆေးပညာဆိုင်ရာဆောင်းပါးများ
Credit :The Messenger

အိုင်းစတိုင်း၏လူသိနည်းသော အကြောင်းအရာများ

နိုဘယ်ဆုရ ကမ္ဘာကျော် ရူပဗေဒ ပညာရှင် အဲလ်ဘတ်အိုင်းစတိုင်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာများက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
၁။ အိုင်းစတိုင်းဟာ အသက် ၄ နှစ်အရွယ်ကစလို့ စကားပြောတတ်
ခဲ့ပါတယ်။ သို့ပေမယ့် အသက် ၉ နှစ်အထိ စကားကို ပီပီပြင်ပြင်၊ များများစားစား မပြောနိုင်ပါဘူး။ တစ်ရက် မိသားစုနှင့် ညစာစားစဉ်ချိန်မှ " The Soup is too hot" လို့ စပြောပြီး သူစကားပြောတတ်ရဲ့ သားနဲ့ မပြောပဲ နေခဲ့ တယ်ဆိုတာ ကို သိသွားပါတယ်။ သူ့ရဲ့ အကြောင်းပြချက်ကတော့ “Because up to now everything was in order." ဖြစ်ပါတယ်။
၂။ အသက် ၅ နှစ်အရွယ်မှာ ဖခင်ဖြစ်သူက သူ့ကို သံလိုက်အိမ်မြောင် တစ်ခု လက်ဆောင်ပေးခဲ့ပြီး ရူပဗေဒပညာအပေါ် ရူးသွတ်ခြင်းကို ယင်း သံလိုက် အိမ်မြောင်မှ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ သံလိုက်အိမ်မြောင်ဟာ ဘာလို့ အရပ် မျက်နှာပြသမှုမှာ ပုံသေဖြစ်နေရတာလည်းကို စတင် စိတ်ဝင်စား ခဲ့ခြင်း ဖြစ် ပါတယ်။
၃။ ကျောင်းပညာရေးမှာ ညံ့ဖျင်းပြီး စာမေးပွဲတောက်လျှောက်ကျတဲ့ အတွက် ကျောင်းအထုတ်ခံရပါတယ်။ အသက် ၁၇ နှစ်အရွယ်က လည်း ကောလိပ်ဝင်ခွင့်ဖြေဆိုတာ သင်္ချာနဲ့ ရူပဗေဒကလွဲလို့ ကျန်တဲ့ ဘာသာတွေ ကျပါတယ်။
၎။ အိုင်းစတိုင်း နှစ်သက်တဲ့ ပစ္စည်းနှစ်ခုကတော့ ခေါင်းဖီး နဲ့ ခြေအိတ်ဖြစ် ပါတယ်။
၅။ City Light အမည်ရ ဟောလိဝုဒ်ရုပ်ရှင် ရုံအတင်ဖွင့်ပွဲကို အိုင်းစတိုင်းရောက်ဖြစ်စဉ် ဟာသမင်းသား ချာလီချက်ပလင် နဲ့ တွေ့ဆုံစဉ် ချာလီမှ သူ့ကို စကားတစ်ခွန်းပြောခဲ့ပါတယ်။ "ကျွန်တော့ကိုကျ လူတွေ နားလည်လို့ အားပေးကြတယ်။ ခများကိုကျ လူတွေနားမလည်လို့ အားပေးကြတယ်"
၆။ အိုင်းစတိုင်း ပထမဇနီး Mileav Maric နဲ့လမ်းခွဲရတဲ့အကြောင်းက သူ့မှာ မောင်နှမဝမ်းကွဲတော်သူ မိန်းကလေး Elsa နဲ့ချစ်ကြိုက်နေ လို့ ဖြစ်ပါတယ်။ ဒါကြောင့် အိုင်းစတိုင်းဟာ အိမ်ထောင်ရေးဖောက်ပြန်သူ တစ်ဦး (Adultery) ဖြစ်ပါတယ်။
၇။ ဟစ်တလာက အိုင်းစတိုင်းကို နံပါတ်တစ် ပြည်သူ့ ရန်သူ အဖြစ် သတ်မှတ်ခဲ့ပါတယ်။
၈။ အိုင်းစတိုင်းကွယ်လွန်ချိန်မှာ သူ့ဦးနှောက်ကို အဖယ်ရှားခံခဲ့ရပါတယ်။ သူ့မိသားစု ခွင့်ပြုချက်ကို နှစ်အတော်ကြာမှ ပြန်လည်တောင်း ဆိုတာ ဖြစ်ပါတယ်။ ဖယ်ရှားသူကတော့ ဒေါက်တာ သောမတ်စ် (Thomas Stoltz Harvey) ဖြစ်ပြီး လေ့လာစစ်ဆေးရန် ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှား က ဆေးပညာရှင်၊ Scientist များထံ ပို့ခဲ့ပြီး အဖြေရှာရာ သာမန်လူတွေထက် ထူးခြားတဲ့ ဦးနှောက်ကို ပိုင်ဆိုင်ထားကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
၉ ။ အိုင်းစတိုင်းဟာ တယောတီး ဝါသနာ ပါသူ တစ်ဦးဖြစ်ပါတယ်။ " အကယ်၍ ရူပဗေဒပညာရှင်သာ ဖြစ်မလာရင်၊ ကျွန်တော်ဟာ အနုပညာရှင် တစ်ဦး ဖြစ်နေလောက်ပါပြီ။ သီချင်းတွေကို ထိုင်တွေးနေမိပြီး အိပ်မက်ထဲမှာလည်း သီချင်းတွေကြားထဲမှာ နေထိုင်နေပါတယ်။ တယောတီးမိတဲ့ အချိန်ကျ ဘဝရဲ့  အပျော်ဆုံး အချိန်တစ်ခုလိုပဲ သတ်မှတ်ခံစားရပါတယ်" လို့ပြောဆိုခဲ့ဖူးပါတယ်။
The Express Times
Credit- Original Writer

ဆေးသုတ်သမားရဲ့ ရင်တွင်းဖြစ်

တစ်ခါက ဆေးသုတ်သမားတစ်ဦးဟာ အိမ်တစ်အိမ်ကို
ဆေးသုတ်ဖို့ ရောက်သွားခဲ့တယ်။ အိမ်ထဲဝင်လိုက်တာနဲ့ မျက်စိကွယ်နေတဲ့
အိမ်ရှင်ယောက်ျားကိုတွေ့တော့ ကရုဏာတက်မိတယ်။ ဒါပေမယ့် သူဟာ
မျက်စိကွယ်နေပေမယ့် ပျော်ပျော်နေတတ်လို့ ဆေးသုတ်သမားနဲ့ ခဏအတွင်းမှာ
ခင်မင်သွားကြတယ်။ ဆေးသုတ်သမား သူတို့အိမ်မှာ ဆေးသုတ်တဲ့ ရက်အတောအတွင်း
သူတို့စကားတွေ ဖောင်ဖွဲ့ပြောဆိုကြပေမယ့် မျက်စိကွယ်နေတဲ့
သူရဲ့အားနည်းချက်ကို ဆေးသုတ်သမား လုံးဝမမေးခဲ့ဘူး။

ဆေးသုတ်ပြီးလို့ စာရင်းရှင်းတဲ့အခါ ဆေးသုတ်သမားက ဆေးသုတ်ခကို
သတ်မှတ်ထားတဲ့ ဈေးထက် တစ်ဝက်လျှော့ယူခဲ့တယ်။ အိမ်ရှင်မက ဘာဖြစ်လို့
လျှော့ပေးရသလဲလို့ မေးတော့ ဆေးသုတ်သမားက "ခင်ဗျားယောက်ျားနဲ့
စကားအတူပြောရတာ ကျွန်တော်အရမ်းပျော်တယ်။ သူရဲ့ ဘ၀အမြင်နဲ့
စိတ်သဘောထားတွေကြောင့် ကျွန်တော့်အဖြစ်က အဲဒီလောက်မဆိုးသေးဘူးဆိုတာ
သိလာရတယ်။ ဒါကြောင့် သူ့ကို ကျေးဇူးတင်တဲ့အနေနဲ့
ကျွန်တော်ဈေးလျှော့ယူလိုက်တာပါ။ သူ့ကြောင့် အလုပ်တွေလုပ်ရတာကို
ပင်ပန်းတယ်လို့ ကျွန်တော်မမြင်တော့ဘူးဗျာ" လို့ ပြန်ပြောလိုက်တယ်။
အဲဒီနောက် အိမ်ရှင်မ ကမ်းပေးတဲ့ ဆေးသုတ်ခကို တစ်ဖက်တည်းသာရှိတဲ့လက်နဲ့
သူလှမ်းယူလိုက်တယ်။
ဖြစ်လာတဲ့ဘ၀၊ ဖြစ်လာတဲ့ ကံကြမ္မာကို ပြောင်းလဲလို့ မရရင် ဘ၀ကိုကြည့်တဲ့
ကိုယ့်အမြင်ကို ပြောင်းလဲကြည့်ပါ။ ပတ်ဝန်းကျင်ကို ပြောင်းလဲလို့ မရရင်
ကိုယ့်ရဲ့ စိတ်အခြေအနေကို ပြောင်းလဲကြည့်ပါ။ ပတ်ဝန်းကျင်နဲ့
လိုက်လျှောညီထွေအောင် နေလို့မရရင် ကိုယ့်ရဲ့ ကိုယ်နေကိုယ်ဟန်၊
စိတ်သဘောထားကို ပြောင်းလဲကြည့်ပါ။ အရာတစ်ခုအပေါ် မြင်တဲ့ ကိုယ့်အမြင်တွေက
အကောင်းလား? အဆိုးလား? ဆိုတာ ကိုယ့်ရဲ့ စိတ်သဘောထားပေါ်မှာပဲ မှုတည်ပါတယ်။
ပုံမှန်အချိန် အထက်ကိုကြည့် ကြိုးစားပါ
စိတ်ဓါတ်ကျနေချိန် အောက်ကိုကြည့် အားတင်းပါ။
သင် ဒီစာကို လက်၂ဘက်နဲ့ကိုင် စာဖတ်နိုင် မြင်နိုင်သေးလျင် သင့်မှာ ကြိုးစားခွင့် အများကြီးရှိပါသေးသည်။
စာပေဟောပြောပွဲ စုစည်းမှူ
Credit to Original writer

စိတ်ညစ်နေရင် (သို့မဟုတ်)ဒေါသထွက်နေရင် ဒါတွေလုပ်ပါ

၁) သင်မပြောင်းလဲနိုင်တဲ့အရာတွေကို လက်ခံလိုက်ပါ... သင်ကိုယ်တိုင် ပြောင်းလဲနိုင်တယ် ပြီးတော့ ပြောင်းလဲချင်စိတ်လဲရှိတယ်ဆိုရင် ပြောင်းလဲပစ်လိုက်ပါ...
၂) သင့်အပေါ် မကောင်းတဲ့သူတွေ သင့်စိတ်ညစ်အောင်လုပ်နေတဲ့သူတွေကို လက်လွှတ်လိုက်ပါ... သူတို့အတွက်စဉ်းစားကြည့်မယ်ဆိုရင်လည်း သူတို့ဘယ်လိုလူတွေလဲဆိုတာ သင်သိပြီးသားပဲ...
၃) သင်အကြိုက်ဆုံး မြူးမြူးကြွကြွတေးသီချင်းတွေ ဖွင့်ပြီး ပေါက်ကွဲပစ်လိုက်ပါ... ရင်ကိုဖွင့်ပြီး အားရပါးရလိုက်ဆိုပါ... တေးသွားနဲ့ အလိုက်သင့်ကခုန်လိုက်ပါ....
၎) ပြေးပါ... ခပ်ဝေးဝေးကို ပြေးပါ... သင့်စိတ်ထဲ သက်တောင့်သက်သာရှိလာတဲ့ အထိပြေးပါ... နောက်ဆုံးမှာ စိတ်ခံစားချက်တွေ အရေးမပါတော့တဲ့အထိ သင်မောပန်းလာပါလိမ့်မယ်...
၅) သင်ချစ်တဲ့သူ တစ်ယောက်ယောက်ဆီဖုန်းဆက်လိုက်ပါ... သူတို့ရဲ့ အသံတွေကို ကြားရတဲ့အခါ သင်နေလို့ထိုင်လို့ ပိုကောင်းလာပါလိမ့်မယ်....
၆) လူစိမ်းတစ်ယောက်ယောက်ကို ပြုံးပြလိုက်ပါ... ဒီနည်းက သင်တို့နှစ်ယောက်လုံး ပြုံးဖြစ်အောင်လုပ်ပေးနိုင်ပါတယ်...
၇) တစ်ယောက်ယောက်ဆီကို အမည်မဖော်တဲ့ ဆုမွန်ကောင်းတောင်းလွှာလေး ပို့ပေးလိုက်ပါ...
၈) သင့်ကိုယ်သင် မကြိုက်တဲ့အချက်တွေကို ချရေးလိုက်ပါ... ပြီးရင် အဲ့ဒါကို စုတ်ဖြဲပြီး မီးရှို့လိုက်ပါ...
၉) သင်အကြိုက်ဆုံး ရုပ်ရှင်ဇာတ်ကား တစ်ကားကားကို ထိုင်ကြည့်လိုက်ပါ....
၁၀) သင့်ကိုယ်သင် ယုံကြည်ပါ...
ဖေ့စ်ဘုတ်သတင်းထောက်
Credit: Original Writer

ရှာရှာဖွေဖွေ ဦးနှောက်ရဲ့ ထူးခြား ၁၂ ထွေ

၁။ သင့်ဦးနှောက်က သင့်ရဲ့ အထိအတွေ့ကို မှတ်မိနေ ပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ကလိထိုးတဲ့ အခါ မယားပါဘူး။
၂။ ဦးနှောက်က အိပ်မက် မက်တဲ့ အချိန်မှာ နိုးနေတဲ့ အချိန်ထက် လုပ်ဆောင်ချက်တွေ ပိုမို လုပ်ဆောင် ရပါတယ်။
၃။ တစ်ရက်ကို ပျှမ်းမျှခြင်း အားဖြင့် အတွေးပေါင်း ၇၀၀၀၀လောက် တွေးလေ့ ရှိပါတယ်။
၎။ သင့်ဦးနှောက်က လျှပ်စစ် watt ပေါင်း ၁၀-၂၃ watt ထိထုတ်ပါတယ်။
၅။ သင့်ဦးနှောက်ကို အပြည့်အ၀ အသုံးချ နေရပြီး ၁၀ရာခိုင်နှုန်းကို မသုံးဘဲ ထားတယ် ဆိုတဲ့ အယူက မမှန်ပါဘူးတဲ့။
၆။ ဦးနှောက်က pain receptors မပါဝင် တာကြောင့် နာကျင်မှုကို မခံစား နိုင်ပါဘူး။ ခေါင်းကိုက်တာဟာ နာဗ်ကြော တွေနဲ့ ခေါင်းထဲက ကြွက်သား တွေက ခံစား သိနိုင်တာပါ။
၇။ stress ဖိအားတွေက ဦးနှောက်ရဲ့ ဆဲလ်တွေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်ကို ပြောင်းလဲ ပစ်နိုင်ပါတယ်။
၈။ တေးဂီတက ဦးနှောက်ကို ပိုပြီး စည်းစနစ် ကျကျဖြစ်အောင် ကူညီပေး ပါတယ်။
၉။ ဦးနှောက်က amygdala ကတခြားသူ တွေရဲ့ မျက်နှာက ခံစားချက် အပြောင်းအလဲကို ဖတ်တဲ့နေရာမှာ ကူညီပေး ပါတယ်။
၁၀။ ဦးနှောက်က သူ့ရဲ့ လုပ်ဆောင်ချက် တွေပြုလုပ် နိုင်ဖို့ သွေး၂၀ရာခိုင်နှုန်းနဲ့ အောက်ဆီဂျင်တွေ လိုအပ်ပါတယ်။
၁၁။ သင်ချစ်တတ်တယ် ဆိုတာ ဦးနှောက်ထဲက chemical တစ်မျိုး ဖြစ်တဲ့ "Oxytocin" ကြောင့်ပါ။
၁၂။ ဦးနှောက်ရဲ့ သွေးကြောလေး တွေကို ဆက်ကြည့်လိုက် မယ်ဆိုရင် မိုင်တစ်သိန်းလောက် ရှိပါတယ်။
The Express Times
Credit- Original Writer

၃၈ - ဖြာ မင်္ဂလာတရားတော် ( 38 Mangalas , Welfares )

၁ . လူဆိုး လူမိုက်ကို မမှီဝဲ မပေါင်းသင်းခြင်း
1. Not to associate with fools.
၂. ပညာရှိ လူလိမ္မာကို မှီဝဲပေါင်းသင်းခြင်း
2. To associate with wise.
၃.ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း
3. To honour those-worthy of honour.
၎. သင့်လျော်သောအရပ်တွင် နေခြင်း
4. To live in suitable region.
၅. ရှေးကပြုဖူးခဲ့သော ကောင်းမှု အထူးရှိခြင်း
5. To have accumulated merits of the past.
၆. မိမိ၏ ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းခြင်း
6. To be rightly concentrated on oneself.
၇. အကြား အမြင်များခြင်း
7. To have immensity of knowledge.
၈. စက်မှု လက်မှု အတတ်တို့ကို တတ်မြောက်ခြင်း
8. To acquire skill in sciences.
၉. လူ့ကျင့်ဝတ်ကို ကောင်းစွာသင်ကြား နားလည်ခြင်း
9. To be well-trained in displine.
၁၀. အပြောအဆို ချိုသာယဉ်ကျေးခြင်း
10. To have pleasant speech.
၁၁. အမိအဖတို့ကို လုပ်ကျွေးပြုစုခြင်း
11. To serve one's actions.
၁၂. ဇနီးနှင့် သားသမီးတို့ကို လုပ်ကျွေးပြုစုခြင်း
12. To look after one's family.
၁၃. ရှုပ်ထွေးမှုကင်းလျှက် စနစ်တကျ ကြိုးစားစူးစိုက် လုပ်ကိုင်ခြင်း
13. To be peaceful in one's action.
၁၄. စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း
14. To donate generously.
၁၅.ကောင်းသော အကျင့်တရားကိုကျင့်ခြင်း
15. To live the life of Dhamma.
၁၆. ဆွေမျိုးတို့ကို ထောက်ပံ့ကူညီခြင်း
16. To help one's relations.
၁၇. အပြစ်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း
17. To abstain from immoral livelihood.
၁၈. မကောင်းမှုကို စိတ်ဖြင့် ရှောင်ရှားခြင်း
18.To abstain from evil (mental).
၁၉. မကောင်းမှုကို ကိုယ် နှုတ်ဖြင့် ရှောင်ရှားခြင်း
19. To abstain from evil (physical)
၂၀. မူးယစ်သေစာ မသောက်စားခြင်း
20. To abstain from intoxicants.
၂၁. ကုသိုလ်တရားတို့ကို မမေ့မလျော့ခြင်း
21. To practice Dhamma deligently.
၂၂. ရိုသေလေးစားထိုက်သူကို ရိုသေလေးစားခြင်း
22. To be respectful.
၂၃. မိမိကိုယ်ကို နှိမ့်ချခြင်း
23. To be humble.
၂၄. တင်းတိမ်ရောင့်ရဲခြင်း
24. To be content.
၂၅. သူ့ကျေးဇူးကိုသိခြင်း
25. To be grateful.
၂၆. သင့်လျော်သောအခါ တရားနာခြင်း
26. To listen Dhamma at appropriate time.
၂၇. သည်းခံခြင်း
27. To be tolerant.
၂၈. ဆိုဆုံးမလွယ်သူ ဖြစ်ခြင်း
28. To be obedient.
၂၉. ရဟန်းသူမြတ်တို့ကို ဖူးမြော်ခြင်း
29. To see saintly people.
၃၀. သင့်လျော်သောအခါတွင် တရားစကား ဆွေးနွေးမေးမြန်းခြင်း
30. To discuss Dhamma at appropriate times.
၃၁. ခြိုးခြံသောအကျင့်ကို ကျင့်ခြင်း
3. To have asectic practices.
၃၂. မြတ်သောအကျင့်ကို ကျင့်ခြင်း
32. To observe celibacy.
၃၃. သစ္စာလေးပါးတရားကို သိမြင်ခြင်း
33. To observe Noble Truths.
၃၄. နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း
34. To realize Nibbana.
၃၅. လောကဓံတရားနှင့် တွေ့သောအခါ စိတ်မတုန်လှုပ်ခြင်း
35. To remain equanimous while coming in contact with visicitudes of life.
၃၆. ပျက်စီးခြင်း . ဆင်းရဲဒုက္ခဖြစ်ခြင်းနှင့် တွေ့ကြုံရသောအခါတွင် စိုးရိမ်ပူဆွေးမှု မရှိခြင်း
36. To remain free from sorrow.
၃၇. လိုချင်တပ်မက်ခြင်း ၊ ရာဂ စသော မြူအညစ်ကြေး မရှိခြင်း
37. To remain free from impurity.
၃၈. စိတ်ကို ပူပန်စေသော ကိလေသာမှ လွတ်ကင်းရာ ဘေးမရှိခြင်း
38. To remain free from

Credit - Dhamma Knowledge

မှတ်သားစရာများ

(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလိုကြည်လင်ဝင်းပတယ်။
(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်း ထဲမှာစစ်မှန်တဲ့ ရိုးသားမှုတွေရှိတယ်။
(၃) စကားပြော ညင်သာပျော့ပျောင်းပြီး စကားကြမ်းမပြောတဲ့ မိန်းကလေးတွေ ဟာ ပန်းလေးတစ်ပွင့်နဲ့တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။
(၄) ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ် ကိုဆောင်တယ်။ ရည်မွန်ကျော့ရှင်းတယ်။
(၅) စိတ်ကြီးမ၀င်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။
စိမ့်စမ်းရေ
လို အေးမြတယ်။
(၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့ ပေးဆပ်တဲ့မိခင်လို မေတ္တာရောင်ခြည်မျိုး ထွန်းတောက် တယ်။ ညှာတာကြင်နာတယ်။
(၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရော ကိုယ်ပါ ကျန်းမာတယ်။
(၈) အာရုံစိုက်ပြီး လုပ်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ အသား အရည်ဝင်းပပြီး တည်ကြည်တယ်။ လရဲ့အလင်းတန်းလို ကြည်လင်ပြီး ဆွဲဆောင်မှုနဲ့ပြည့်လို့နေပါတယ်။
မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘ၀ကိုတော့
လှလှပပ ရှင်သန်နေထိုင်သင့်တယ်....။
ဘဝကိုတိုးတက်စေမည့်စာစုလေးများ

ဆေးဝါးမကူဘဲ ဖြေရှင်းနိုင်သော ဝေဒနာများ

ဗောက်ထခြင်း
ဖြေရှင်းနည်း ။ ။ သံလွင်ဆီ အသုံးပြုပါ
သင့်ဦးရေပြားမှာ ဗောက်ထတာကြောင့် ယား ယံတာ၊ ဆံပင်ပေါ်မှာ ဗောက်တွေ အဖတ်လိုက် ကပ်နေတာ စိတ်အနှောင့်အယှက် ဖြစ်နေပါသလား။ ဦးရေပြား ဗောက်ထတာ အများစုက ဆဲလ်ဟောင်း နေရာမှာ အသစ်လဲတာကြောင့်ဖြစ်ပြီး ဆိုးဆိုးရွားရွား ဗောက်ထ တာမျိုးကတော့ မှိုပိုးကြောင့် ဖြစ်တတ်ပါတယ်။ ခေါင်းမလျှော်ခင် သံလွင်ဆီကို အပူပေးပြီး ဦးရေပြားအနှံ့ သေချာစွာ လိမ်းပြီးမှ ဇင့်၊ လက် ဖက်စိမ်းပါတဲ့ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပါ။
လေပွခြင်း
ဖြေရှင်းနည်း ။ ။ ဒိန်ချဉ်သောက်ပါ
လေပွတာက အများစုမှာ ဖြစ်တတ်ကြပြီး ဖြစ်နိုင်တဲ့ အကြောင်းတွေ ကလည်း များစွာရှိပါတယ်။ အစာမကြေတာ၊ လက်တို့စ်နဲ့ မတည့်တာ၊ အမျှင် ဓာတ်ကြွယ် ဝတာတွေကို အလွန်အမင်း စားမိတာနဲ့ တချို့ဆေးဝါး တွေကြောင့် လေပွတာကို ဖြစ်စေပါ တယ်။ လေပွတာကို အကျိုးပြု ဘက်တီးရီးယားတွေ နဲ့ အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။ အူလမ်းကြောင်းမှာ အကျိုးပြု ဘက်တီးရီးယား တွေနည်းသွားတဲ့ အခါမျိုး မှာ အစာတွေကို ချေဖျက်ဖို့နဲ့ မှိုပိုးတွေ ပွားများမှုကို ဟန့်တားဖို့ အားနည်းသွား တတ်ပါတယ်။ အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်တဲ့ ဒိန်ချဉ် သောက်ပြီး လေပွတာကို အလွယ်တကူ ဖြေရှင်းနိုင် ပါတယ်။ ဒိန်ချဉ်ကို စတော်ဘယ်ရီနဲ့ ရောပြီး စားနိုင်ပါတယ်။
ဓာတ်မတည့်ခြင်း
ဖြေရှင်းနည်း ။ ။ နှာခေါင်းစည်းတပ်ထားပါ
အမေရိကန်နိုင်ငံမှာ လူပေါင်း ၁၀-၂၀ ရာခိုင် နှုန်းလောက်က ပန်းဝတ်မှုန်တွေနဲ့ ဓာတ်မတည့်မှုကို ခံစားနေရပါတယ်။ ဓာတ်မတည့် တာကြောင့် နှာ ခေါင်းပိတ်တာ၊ နှာရည်ယိုတာ၊ နှာချေတာနဲ့ ဖျား တာတွေကို ခံစားရနိုင်ပါတယ်။ ပန်းပေါင်းစုံဖူးပွင့်တဲ့ ရာသီတွေမှာ အိမ်အပြင်ထွက်တဲ့အခါ နှာခေါင်းစည်း တပ်သွားပါ။ ပျားရည် တစ်နေ့ လက်ဖက်စားဇွန်းတစ် ဇွန်းသောက်ပါ။ လေ့လာသူတွေက ပျားရည်က ပန်း ဝတ်မှုန်နဲ့ ဓာတ်မတည့်မှုဖြစ်တာကို သက်သာစေ တယ်လို့ တွေ့ရှိခဲ့ပါတယ်။
စိုးရိမ်စိတ်များခြင်း
ဖြေရှင်းနည်း ။ ။ တရားထိုင်ပါ၊ ယောဂကျင့်ပါ
အင်္ဂလန်နိုင်ငံမှာ အရွယ်ရောက်သူတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ဘဝတစ်လျှောက်လုံး မှာ စိုးရိမ်စိတ်များတဲ့ ဝေဒနာကို ခံစားနေရပါတယ်။ စိုးရိမ်စိတ်များတာကြောင့် မလိုလားအပ်တာတွေကို မဆင်မခြင်လုပ်တတ်ကြပါတယ်။ ဒီလိုဖြစ်ရတာဟာ ဦးနှောက်အတွင်းမှာ ဟော်မုန်းဓာတ်တွေ မညီမမျှ ဖြစ်တာကြောင့်ပါ။ တရားထိုင်တာ၊ ယောဂကျင့် တာတွေနဲ့ စိုးရိမ်သောကတွေကို လျော့နည်းသက် သာစေပါတယ်။ အရီဇိုးနားတက္ကသိုလ်မှလေ့လာမှု အရ အေရိုးဗစ်လေ့ကျင့်ခန်းပြုလုပ်တာက စိုးရိမ် စိတ်တွေကို လျှော့ချနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။
အိပ်ရေးပျက်များခြင်း
ဖြေရှင်းနည်း ။ ။ လက်ဖက်ရည်သောက်ပါ
အိပ်မပျော်တာ၊ အိပ်ရေးမဝတာကို လူတိုင်းနီး ပါး ခံစားဖူးကြမှာပါ။ သင်ရဲ့ လူမှုပေါင်းသင်းဆက် ဆံရေး ကောင်းလွန်းတာက အိပ်ပျက်စေတဲ့ အကြောင်း တစ်ခုပါ။အင်တာနက် စာမျက်နှာတွေ ဖတ်ရှုနေတာ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချက်တင်လုပ်နေတာ၊ ညဘက်အိပ်ချိန်လွန်တဲ့ အထိ ဖုန်းပြောနေတာတွေ က သင့်ကို အိပ်ပျက်စေတဲ့အကြောင်းတွေပါ။ ကော်ဖီ သောက်မယ့်အစား ချမ်မိုမိုင်းခတ်ထားတဲ့ လက်ဖက် ရည်သောက်ပေးတာက အိပ်ချင်စိတ်ကို ဖြစ်ပေါ် စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။
The Express Times
Credit- Original Writer

လူသစ်စိတ်သစ် ဖြစ်ချင် လျှင်

မလုပ်ဖူးသေးတဲ့ ကောင်းတဲ့အလုပ်
တွေကို လုပ် ပါ
မ ရောက် ဖူးသေးတဲ့ ကောင်းတဲ့ နေ ရာ
တွေကို သွားပါ
မဖတ် ဖူးသေးတဲ့ ကောင်းတဲ့ စာအုပ်
တွေကို ဖတ် ပါ
မ တွေးဖူးသေးတဲ့ ကောင်းတဲ့ အ တွေးတွေ
ကို တွေးပါ
မသိ သေးတဲ့ စိတ် ကောင်း ရှိသူတွေ နဲ့
မိတ်ဆွေ ဖြစ် အောင် လုပ် ပါ
လူသစ် စိတ်သစ်ဖြစ် အောင်
ဘယ်လို လုပ် ရမလဲဆိုတာ အမြဲစဉ်းစားပါ
#
Credit- ဆရာတော်ဦးဇောတိက

ဘဝဆိုတာ..

မဖြစ်နိုင်ခြင်းဆိုတဲ့ နောက်ကွယ်မှာ ဖြစ်အောင်လုပ်ချင်တဲ့ တံခါးပေါက်လေးရှိတယ်။
ဆုံးရှုံးခြင်းရဲ့ နောက်ကွယ်မှာ တဖန်အောင်မြင်ဖို့အတွက် မျှော်လင့်ချက်တွေရှိတယ်။
နာကျင်ခြင်းရဲ့ နောက်ကွယ်မှာ မခံချင်စိတ်တွေရှိတယ်။
အနိမ်ခံဘဝရဲ့ နောက်ကွယ်မှာ ခံပြင်းစိတ်နဲ့ ကြိုးစားခြင်းစိတ်တွေရှိတယ်။
စွန့်လွှတ်မှုရဲ့ နောက်ကွယ်မှာ တမ်းတငိုကြွေးခြင်းတွေရှိတယ်။
အစွန့်လွတ်ခံရခြင်းရဲ့ နောက်ကွယ်မှာ အရာရာကို နားလည်သွားနိုင်တဲ့ ဘဝသင်ခန်းစာတွေရှိတယ်။
ဘဝဆိုတာ ကိုယ့်ဒူးကိုယ်ချွန်ရမယ်။ ကိုယ့်လမ်းကိုယ်လျှောက်ရမယ်။ ကိုယ့်သမိုင်းကိုယ်ရေးရမယ်။ တကယ်တော့ ဘဝဆိုတာ အားကိုးရှာဖို့ ရောက်လာတာမဟုတ်ပါဘူး။ ကိုယ်ဖောက်ရမဲ့လမ်းအတွက် သင်ခန်းစာယူဖို့ ရောက်လာတာ။ အဲ့တော့ ဘဝမှာ လဲကျသွားရင်--- အားတင်းထား၊ ဘာလို့ လဲကျသွားလဲ သင်ခန်းစာယူ၊ ပြန်ထူထ၊ အောင်မြင်ဖို့အတွက် ဆက်လျှောက်၊ ဒါဘဝပဲ။
(လွမ်းတေး)

သူဘာလို့ ငါ့ထက်သာနေရတာလဲ

တစ်ခါက မောင်ဖြူနဲ့ မောင်မဲ ဟာ ဘွဲ့ရပြီးနောက် ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်လုပ်ကြပါသတဲ့။ နှစ်ယောက်စလုံးဟာ အလုပ်ကို ကြိုးစားလုပ်ကြပါတယ်။ နှစ်အနည်းငယ်ကြာတဲ့အခါ သူဋ္ဌေးက မောင်ဖြူကို အရောင်းမန်နေဂျာ အဖြစ်ရာထူးတိုးပေးလိုက်ပြီး မောင်မဲကတော့ အရောင်းသမားအဖြစ်နဲ့ပဲ လုပ်နေရပါတယ် ။
မောင်မဲဟာ ဆက်ပြီးသည်းမခံနိုင်တော့ပါဘူး။ အလုပ်ထွက်စာရေးပြီး သူဌေးဆီသွားတယ်။
" ဒီမှာသူဌေ့း့ ခင်ဗျားက အလုပ်ကြိုးစားတဲ့သူကိုတန်ဖိုးမထားဘဲ ဖားတဲ့သူကိုမှ ခင်ဗျားက ပ,စားပေး ရာထူးတိုးပေးတာ မဟုတ်လား ။ ဒီတော့ ကျုပ်အလုပ်ထွက်တယ့့် " လို့ ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။
သူဌေးက မောင်မဲ အလုပ်ကြိုးစားတာ သိပါတယ် ။ဒါကြောင့် သူ့သူငယ်ချင်းနဲ့ သူ့အကြားကွာခြားချက်ကို သူသိစေချင်တာနဲ့ "မင်းအလုပ်မထွက်ခင် ဈေးထဲသွားပြီး ဖရဲသီးသည်ရှာပေးနိုင်မလား " လို့ မေးပါတယ်။ မောင်မည်း ခေါင်းညိတ်တော့ " အေ့း့ ဖရဲသီး တစ်ကီလိုကို ဘယ်ဈေးလဲ မေးခဲ့စမ်းကွာ " လို့ခိုင်းတယ်။ မောင်မဲလည်းထွက်သွားပြီး မကြာခင်ပြန်ရောက်လာပါတယ်။
" တစ်ကီလို ၁၂ ဒေါ်လာပါဆရာ"
သူဌေးက "အေ့း့ ဒီမေးခွန်းကိုပဲ မင်းသူငယ်ချင်းမောင်ဖြူကိုလည်း ငါမေးဦးမကွာ " ဆိုပြီး မောင်ဖြူကို ခေါ်ပါတယ်။ စောစောကလိုပဲ ခိုင်းပါတယ်။
မောင်ဖြူပြန်လာတော့ " သူဌေးခင်ဗျာ့း့ ဖရဲသီးသည် တစ်သည်ပဲ တွေ့ခဲ့ပါတယ့့် တစ်ကီလိုကိုတော့ ၁၂ ဒေါ်လာပါ့ ၁ဝ ကီလိုယူရင် ဒေါ်လာ၁ဝဝ နဲ့ ရပါမယ့့် လောလောဆယ်သူ့မှာ ဖရဲသီးအလုံး ၃၄ဝ ရှိပါတယ့့် ဆိုင်မှာခင်းထားတာက ၅၈လုံးပါ့ တစ်လုံးကို ၁၅ ကီလိုလောက်ရှိပါတယ့့် မနေ့ကမှ တောင်အရပ်က ဝယ်လာတာပါ့ အားလုံး လတ်လတ်ဆတ်ဆတ်တွေ ချည်းပါပဲ့ ဖုန်းဆက်ချင်ရင် ဒီမှာသူ့ ဖုန်နံပါတ်ပါ့ "
မောင်မဲဟာ သူငယ်ချင်းနဲ့ သူရဲ့ခြားနားချက်ကို သိသွားပြီး သူ့သူငယ်ချင်းကို အရမ်း အထင်ကြီးလေးစားသွားပါသတဲ့ ။ ထိုအခါ သူဌေးမှ ''မနက်ဖြန်အတွက်မင်းတွေးနေချိန်မှာ သူကနှစ်နဲ့ချီပြီးတွေးပြီးသွားပြီ ။ ရက်နဲ့နှစ်ဆိုတာ ၃၆၅ဆ ၁ ဆ ပေါ့ကွာ'' လို့ပြောလိုက်လေသည်။
ကဲ .. ဒီလောက်ဆို စာဖတ်သူတို့ရော တခြားသူတွေထက်သာဖို့ ဘာတွေလုပ်ရမလဲဆိုတာ သိလောက်ပြီထင်ပါတယ်...ဒါကြောင့် ရတဲ့အချိန်လေး အဆပေါင်းများစွာ ကြိုးစားလိုက်ကြပါစို့..
ဘဝကိုတိုးတက်စေမည့်စာစုလေးများ
Credit - Original Writer

"ဘဝ"

ဘဝဆိုတာ လှေနဲ့တူတယ်
တချို့ က စက် လှေ ပဲ့ကိုင် ထားရုံဘဲ
တချို့က ရွက် လှေ ရွက်လွင့် သွားရုံဘဲ
တချို့က တက် လှေ အားစိုက် လှော်မှ ရွေ့တယ်
ဘယ် လှေ အမျိုးအစားဘဲ ဖြစ်ဖြစ်
ပေါက် နေ တဲ့လှေက ခရီးမ ရောက် သလို
နစ်မြုပ် လွယ် တယ်
ဒီလိုပါဘဲ
အားနည်းချက် တွေ များနေတဲ့လူ ဟာလည်း
မတိုးတက်နိင် သလို ကျရှုံးလွယ် တယ်
ဘဝ မှာမိမိ ကိုယ် ကို အမှန် တိုင်း မြင် ပါ #
အမှန် အတိုင်း မိမိကိုယ်ကို ဝေဖန် ပါ
မိမိလို အပ် ချက် တွေကို ပြုပြင် ပါ #

Credit-မြဝဏိုး စံ (ပေါင်းတည်)

တစ်သက်တာထဲက တစ်ရက်စာ

လူ့ဘဝတစ်သက် ရက်ပေါင်း ၃သောင်းတဲ့။
တကယ်လို့ ၈၃နှစ်အထိအသက်ရှင်ရင် လူ့ဘဝက တကယ့် ရက်ပေါင်း ၃သောင်းလောက်ပဲရှိပါတယ်။
စိတ်ငြိမ်ငြိမ်လေးထားပြီး တွေးကြည့်ဖူးပါသလား...
နေ့ရက်တွေထဲမှာ သင်မပျော်ရွှင်တာက ဘယ်နှရက်လဲ၊
သင်ပျော်ရွှင်တာက ဘယ်နှရက်လဲ၊
တက်ကြွလန်းဆန်းတဲ့ရက်က ဘယ်နှရက်လဲ၊
အေးအေးချမ်းချမ်းဖြတ်သန်းတာက ဘယ်နှရက်လဲ၊
ဘယ်နှရက်က လေးလေးနက်နက်ရှိပြီး ဘယ်နှရက်က ဖြစ်သလိုဖြတ်သန်းနေသလဲ၊
ကိုယ်တိုင်အတွက်အသက်ရှင်တာက ဘယ်နှရက်လဲ၊
တခြားသူအတွက် အသက်ရှင်တာက ဘယ်နှရက်လဲ၊

လူ့ဘဝ ရက်ပေါင်း ၃သောင်းက တိုတောင်းပြီး ဘယ်လောက်တန်ဖိုးရှိလိုက်သလဲ၊
လူ့ဘဝက တန်ဖိုးရှိတယ်ဆိုတာကို လူတိုင်းသိကြပါတယ်.. ဒါပေမယ့် ဘဝကိုတကယ့်တန်ဖိုးထားတဲ့လူ ဘယ်နှယောက်ပဲရှိနိုင်မလဲ။
တရုတ်စာရေးဆရာ Jiǎng dān က ပြောတယ်...
"လူဟာ လောကကြီးထဲ မတော်တဆရောက်လာတယ်ဆိုပေမယ့်
သေမင်းဆီကိုတော့ ဧကန်မလွဲသွားရပါတယ်" တဲ့။ ဒါကြောင့် တစ်ရက်အသက်ရှင်ရင် ဘဝရဲ့ဖြတ်သန်းမှုတွေကို တစ်ရက် စိတ်ပါပါ ကျွန်မတို့ခံစားသင့်ပါတယ်။ ကိုယ့်စိတ်ကူးအိပ်မက်အတွက် ကြိုးစားအားထုတ်နေချိန်မှာ လမ်းနံဘေးပတ်ဝန်းကျင်က လှပတဲ့ရှုခင်းတွေကိုလည်းခံစားဖို့ မမေ့ပါနဲ့။
လူ့ဘဝရက်ပေါင်း ၃သောင်းလေးပါ။ ဘဝအဆုံးကိုရောက်ချိန်ကျမှ ခြေလမ်းကိုရပ်တန့်ပြီး ဘဝကိုမခံစားခဲ့မိဘူးလို့ နောင်တမရမိပါစေနဲ့။ များပြားလှတဲ့အလုပ်၊ အိမ်မှုကိစ္စတွေထဲကနေ ကိုယ့်ကိုယ်ကို အချိန်တစ်ခုပေးပြီး တောအုပ်တန်းထဲက နေရောင်အကြွေတွေပေါ် လမ်းလျှောက်ကြည့်ပါ။ တိတ်ဆိတ်တဲ့ညမှာ ကောင်းကင်ယံကိုငေးမောကြည့်ပါ။ လရောင်ရဲ့ပက်ဖြန်းမှုကို ခံယူကြည့်ပါ။ ကိုယ့်နေ့နံကြယ်လေးကို ရှာဖွေကြည့်ပါ။
ဘဝက အရောင်စုံရနံ့စုံပါတယ်။ အလုပ်အကိုင်၊ ပိုက်ဆံ၊ ရာထူးဂုဏ်တွေအပြင် ဘဝမှာ ကျွန်မတို့ခံစားသက်ဝင်လို့ရတဲ့ လှပတဲ့အရာတော်တော်များများရှိပါသေးတယ်။ အရသာကောင်းတဲ့ အိမ်ထမင်းဟင်း၊ ချမ်းမြေ့တဲ့မိသားစုဘဝ၊ တိမ်ဖြူဖြူ ကောင်းကင်ပြာပြာ၊ ရောင်စုံပန်းနဲ့ မြက်ခင်းစိမ်းတွေ၊ လွင်ပြင်ကျယ်ကြီးတွေ၊ ပင်လယ်ကြီးတွေ ရှိပါသေးတယ်။ အဲဒီအပြင် ကဗျာ၊ ဂီတ၊ စာအုပ်၊ သူငယ်ချင်းမိတ်ဆွေ၊ အားကစား၊ ရာသီပွဲတော်တွေရှိပါသေးတယ်။
လူ့ဘဝရက်ပေါင်း ၃သောင်းလေးပါ။ နောင်ဘဝဆိုတာ ရှိချင်မှရှိပါလိမ့်မယ်။ စိတ်ညစ် ကြေကွဲဝမ်းနည်းစရာ၊ ဒေါသ မောဟတွေနဲ့ ဒီဘဝတစ်ဝက်ကို မသုံးဖြုန်းမိပါစေနဲ့။ လှပအေးချမ်းတဲ့အရာတွေနဲ့ ဘဝကိုသက်ဝင်ခံစားပြီး လူ့လောကထဲရောက်လာတဲ့ ဒီတစ်သက်ကို ကောင်းကောင်းဆက်ဆံနိုင်ပါစေ။
Nine Nine Sanay @ နိုင်းနိုင်းစနေ

ထောပတ်သီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ

ထောပတ်သီးဟာ အမျိုးသားများအတွက် ယောက်ျားအားကို ပြည့်ဝစေပြီး အမျိုးသမီးများအတွက် အသားအရည်ကို စိုပြေလှစေကာ ဆံကေသာကိုလည်း သန်စွမ်းနက်မှောင်စေပါသည်။ ဆံပင်ကောင်းစေရန် စားသုံးသင့်သော သစ်သီးဝလံထဲတွင် ထောပတ်သီးသည် ထိပ်ဆုံးမှ ပါဝင်နေ၏။
ထောပတ်သီးသည် နှလုံးကျန်းမာရေးကို အထောက်အကူပေးပြီး သက်လုံကောင်းမွန်စေသည့်အတွက် အားကစားသမားများ အစားသင့်ဆုံး အသီးဖြစ်ပါသည်။
ထောပတ်သီးတွင် ပါဝင်သည့် ဗီတာမင် B, ဗီတာမင် E တို့သည် နှလုံးကျန်းမာရေးကို အထောက်အကူပြုပေးပါသည်။
ထောပတ်သီးတွင် ပါဝင်သော ကိုလင်း (Cho line) ဓါတ်သည် လူ၏ ဦးနှောက်ကိုလည်း များစွာအထောက်အပံ့ပေးနိုင်ပါသည်။
ကိုလက်စထရော (LDL ) နည်းပါးသည့်အတွက် ဆိုးကျိုးများကို လုံးဝမဖြစ်စေပဲ အကျိုးပြု ကိုလက်စထရော (HDL) ကိုသာ ပေးစွမ်းပါသည်။
သွေးကြောရောင်ရမ်းမှုဒဏ်ရာများနှင့် သွေးကြောကျဉ်းရောဂါများ မဖြစ်အောင် ကာကွယ်ပေးနိုင်သည့် phenolic ဒြပ်ပေါင်းများ ထောပတ်သီးတွင်ပါဝင်နေပါသည်။
ထောပတ်သီးကို ဖျော်ရည်လုပ်ပြီး သောက်နိုင်သလို ဟင်းသီးဟင်းရွက်များနှင့် ရောစပ်၍ စားသောက်လျှင် ဟင်းသီးဟင်းရွက်များက ပေးစွမ်းသည့် အာဟာရများ အပြည့်အဝ ရရှိစေနိုင်ပါသည်။
ဦးနေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: Avocado for Health

ချဉ်ပေါင်၏ ကျန်းမာရေး လျို့ဝှက်ချက်

ချဉ်ပေါင်ပင် တစ်ပင်လုံးကို အကျိုးရှိရှိ အသုံးပြုနိုင်ပါသည်။ ချဉ်ပေါင်ရွက်ကို ချဉ်ပေါင်ကြော်၊ ဟင်းချို ၊ ချဉ်ရည်ဟင်း...စသည့် ထမင်းမြိန် ဟင်းလျာများအဖြစ် စာလေ့ရှိကြပါသည်။ တချို့ အရပ်ဒေသများ တွင် အရွက်ရင့်ရင့်၊ အပွင့်နှင့် အသီးတို့ ကို နေပူပူ တွင် အခြောက်လှန်း ပြီးလက်ဖက်ရည်ကြမ်း လုပ်သောက်ကြပါသည်။
အသားထူသည့် အနီရောင်ချဉ်ပေါင်ဖူးတို့ ကို လည်း ကြော်၍သော်လည်းကောင်း၊ ချဉ်ရည်ဟင်းအဖြစ်လဲချက်စားနိုင်ပါသည်။ ထို့ ပြင် ချဉ်ပေါင်ဖူးနှင့် ချဉ်ပေါင်ပွင့်တို့ ကို ထန်းလျက်(သို့ မဟုတ်)သကြား ဖြင့်ယိုထိုး၍ သော်လည်းကောင်း၊ Jam၊ သကြားရည်အနှစ်၊ ရှာလကာရည် စားသုံးနိုင်ပါသည်။
ချဉ်ပေါင်ဖူးယို သည် အနံ့ အရသာပိုစူးသဖြင့်၊ ၄င်းကို ဇီးယိုထက်ပို၍ လူကြိုက်များကြပါသည်။ ဒါ့အပြင် အသီးရင့်ရင့်ကို သကြား၊ဆားအနဲငယ်တို့ ဖြင့်ရောကြိုပြီး၊ ဆူလာပါက အအေးခံ၍ ဖျော်ရည်အဖြစ်သောက်နိုင်ပါသည်။
၁။ အူသိမ်၊ အူမတို့ ကို ကောင်းကျိုးပြုပါသည်။
၂။ချဉ်ပေါင်ရွက်ထဲတွင် hydroxy နှင့် amino အက်ဆစ်များကြွယ်ဝစွာပါရှိသောကြောင့် ဆီးအား ကောင်းစေပါသည်။ ဆီးရွှင်၍ ၀မ်းကိုလဲ သက်စေပါသည်။
၃။Vitamin C နှင့် သတ္တုဓာတ်တို့ အမြောက်အများပါရှိသောကြောင့် ကိုယ်ခံစွမ်းအားကောင်းမွန်ခြင်း၊ ဆဲလ်များသေဆုံးခြင်းမှ ကာကွယ်ပေးခြင်း၊ သွားဖုံးနှင့် သွားတို့ ကိုကျန်းမာစေခြင်း၊ free radicals အန္တရာယ်မှ ကာကွယ်ပေးခြင်း၊ အရွယ်ကိုနုပျိုစေ ခြင်း၊ ကင်ဆာရောဂါများ ဖြစ်နိုင်ချေအလားအလာနည်းပါးစေနိုင်ခြင်း၊ အဆုတ်ကိုကျန်းမာစေခြင်း၊ အအေးပတ်ခြင်း၊ ရာသီပေါ်နှာစေးချောင်းဆိုး ကူးစက်ရောဂါများနှင့် နှာရည်ယိုနှာပိတ်ခြင်းတို့ မှလဲ ကာကွယ်ပေးခြင်း...စသည်ဖြင့် ကောင်းကျိုးပြုပါသည်။
၎။ Calcium ဓာတ် အမြောက်အများ ပါရှိသောကြောင့် အရိုးကိုသန်မာစေခြင်း၊ အာရုံကြောအဖွဲ့ အစည်းများနှင့် ကြွက်သားများ ဖွဲ့ စည်းမှုကို တိုးတက်ကောင်းမွန်စေခြင်း၊ သွေးကျဲခြင်းမှကာကွယ်ပေးခြင်း၊ ခြေလက်များတဆစ်ဆစ်နာကျင်ခြင်း နှင့် ထုံထိုင်း လေးလံခြင်းတို့ ကိုသက်သာပျောက်ကင်းစေခြင်း၊ ကလေးငယ်များ ဖွံ့ ဖြိုးမှုနှေးကွေးခြင်းမှ ကာကွယ်ပေးခြင်း.. စသည်ဖြင့် ကောင်းကျိုးပြုပါသည်။
၅။ချဉ်ပေါင်ပန်းပွင့်သည် နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါသည်။
၆။ချဉ်ပေါင်ဖူး၏ အစေ့မှလဲ အဆီထုတ်ယူနိုင်ပါသည်။ ထိုအဆီဖြင့် အရေပြားပေါ်ရှိအနာအမျိုးမျိုးတို့ ကို လိမ်းပေးခြင်းဖြင့် ရောင်ကိုင်းခြင်းကိုသက်သာစေပြီး၊ အနာများလဲ ကျက်စေပါသည်။
၇။ ခြေလည်ပင်းပြတ်ရှနာများ၊ ဖက်ခွက်နာနှင့် ပြန်တည်နာများအတွက် ချဉ်ပေါင်ရွက်ကို မီးမြှိုက်၍ အုံပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါသည်။
၈။ချဉ်ပေါင်ဖူးဖျော်ရည်ကိုသောက်သုံးခြင်းဖြင့် ချောင်းဆိုးရောဂါကိုသက်သာပျောက်ကင်းစေပါသည်။ လူကိုလန်းဆန်းစေနိုင် ပါသည်။
၉။ ချဉ်ပေါင်အစေ့ပြုတ်ရည်ကို သောက်သုံးခြင်းဖြင့် အစာနင်ခြင်းနှင့်အစာမကျေခြင်းတို့ ကို သက်သာပျောက်ကင်းစေ နိုင်ပါသည်။
၁၀။ ချဉ်ပေါင်ရွက်ကို လက်ဘက်ရည်ကြမ်းသောက်သုံးခြင်းအားဖြင့် ကိုလက်စထရောကိုကျစေခြင်း၊ ကိုယ်အလေးချိန်ကျစေပြီး သွေးလည်ပတ်နှုန်းကိုလဲ ကောင်းမွန်စေပါသည်။ ကင်ဆာရောဂါအမျိုးမျိုးတို့ ကိုလဲ ဟန့်  တားကာကွယ်ပေးနိုင်ပါသည်။
၁၁။ဒူးရင်းသီးစားပြီးပါက၊ ချဉ်ပေါင်သီးဖျော်ရည်ကိုသောက်ပေးခြင်းဖြင့် အပူကန်ခြင်းကို ကာကွယ်နိုင်ပါသည်။
သတိပြုရန်။
• သွေးတိုးရောဂါရှိသူများ အလွန်အကျွံမစားသင့်ပါ။ သွေးပေါင်ချိန်တက်နိုင်ပါသည်။ • ချောင်းဆိုးရင်ကြပ် ဝေဒနာသည်များ နှင့်လည်းမသင့် တော်ပါ။
ဘေးထွက်ဆိုးကျိုးအလွန်နဲပါးပြီး၊ ဈေးနှုန်းလဲမကြီးသော မိမိတို့ လက်တကမ်းမျှ ၁၂-လ ရာသီပတ်လုံး အလွယ်ကတူရရှိနိုင်သော ချဉ်ပေါင်ရွက် တို့ ကို အစာလဲဆေး၊ဆေးလဲအစာ အဖြစ် စားသောက်ပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။
ဘာသာပြန်သူ ပေါက်ပေါက်
မှီငြမ်း encyclopedia (health benefits of Roselle)

Saturday 11 October 2014

ကထိန်သင်္ကန်း လှူဒါန်းရကျိုး ငါးမျိုး



“ ရဟန်းတော်များအား ဘုရားရှင်ရဲ့ဝိနည်း(၅)ခုကို အချိန်တစ်ခုထိ လျော့ပါးစေတဲ့ ကထိန်အလှူ”


ကထိန်သင်္ကန်းတည်းဟူသော လှူဖွယ်ဝတ္ထုဟာ ဘယ်လိုထူးခြားချက်နဲ့ ပြည့်စုံသလဲဆိုရင် မြတ်စွာဘုရားရှင်ပညတ်ထားတဲ့မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ၀ိနည်းသိက္ခာပုဒ်တချို့ကို အချိန်ကာလ အကန့်အသန့်တစ်ခုအတွင်း ခေတ္တခဏ ပယ်နုတ်ပေးနိုင်တဲ့ အစွမ်းသတ္တိနဲ့ ပြည့်စုံပါတယ်။ မိမိတို့ လှူလိုက်တဲ့ ကထိန်သင်္ကန်းဟာ ကထိန်အာနိသင်ရတဲ့ သံဃာတော်များကို မြတ်စွာဘုရားရှင်ရဲ့ ၀ိနည်းသိက္ခာပုဒ် ငါးခုကနေ အချိန်ကာလ အကန့်အသတ်အတွင်း ခေတ္တခဏ သက်သာခွင့်ရအောင်ဖန်းတီးပေးနိုင်ပါတယ်။
လောကမှာ မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ၀ိနည်းသိက္ခာပုဒ်တွေကို ဘယ်လူ ဘယ်နတ် ဘယ်ဗြဟ္မာ ဘယ်သတ္တ၀ါမှပယ်လည်း မပယ်နိုင်ပါဘူး။ ဖြည့်လည်းမဖြည့်နိုင်ပါဘူး။ ပြုလည်း မပြင်နိုင်ပါဘူး။ မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ကို ဘယ်သူမှ ကိုယ့်သဘောနဲ့ကိုယ် ပယ်နုတ်ဖြည့်စွက်ခြင်း ပြုပြင်ပြောင်းလဲခြင်း လုပ်လို့မရပါဘူး။ ဒါပေမယ့် ကထိန်အလှူရှင်များ လှူဒါန်းလိုက်တဲ့ ကထိန်းသင်္ဃန်းကတော့ လုပ်နိုင်ပါတယ်။ သိက္ခာပုဒ်တွေအားလုံးကိုတော့ မလုပ်နိုင်ပါဘူး။ သိက္ခာပုဒ်ငါးခုကိုတော့ လုပ်နိုင်ပါတယ်။
(များရာ လိုက်ပြီး ငါးခုလို့ပြောတာပါ။ သိက္ခာပုဒ်အနေနဲ့ကတော့ လေးခုပါပဲ)

ကထိန်အလှူရှင်များလှူဒါန်းလိုက်တဲ့ ကထိန်သင်္ကန်းနဲ့ သံဃာတော်များက ကထိန်ခင်းလိုက်ရပြီ ဆိုရင် ဒီကထိန်ရဲ့အာနိသင်ရတဲ့ သံဃာတော်များဟာ သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့ကနေ စပြီး တပေါင်းလပြည့်နေ့အထိ ငါးလအတွင်းမှာ မြတ်စွာဘုရားပညတ်ထားတဲ့ သိက္ခာပုဒ်(ငါးခုကို) မလိုက်နာ မကျင့်သုံးနေလို့ ရပါတယ်။ တစ်နည်းပြောရရင် မြတ်စွာဘုရား နဂိုကပညတ်ထားတဲ့
သိက္ခာပုဒ် (ငါး)ခုဟာ ဒီငါးလအတောအတွင်းမှာတော့ ကထိန်အာနိသင်ရထားတဲ့ သံဃာတော်တွေ အတွက် သိက္ခာပုဒ်လို့မဆိုနိုင်ဘူး။ ဒီ ငါးလ အတွင်းမှာ ဒီသိက္ခာပုဒ်မရှိတော့ဘူးလို့ သဘောပေါက်ရင် ပိုရှင်းသွားတော့မှာပေါ့။

ဒီသိက္ခာပုဒ်ငါးခုကို ဒီငါးလအတွင်းမှာ မကျင့်ဘဲ နေလို့ရတယ်ဆိုတော့ မျကင့်လို့လည်း အာပတ်သင့်မသွားဘူးလို့ ဆိုလိုတာပါ။ ကျင့်စရာမလိုဘူးဆိုရင် မလေးမစားလုပ်ရမှာမျိုးတော့ မဟုတ်ပါဘူး။ မြတ်စွာဘုရားကိုယ်တိုင်ကိုက ဒီသိက္ခာပုဒ်(၅)ခု မကျင့်လည်းရတယ်။
ဒီသိက္ခာပုဒ်ငါးခု မရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပြောထားတာပါ။ တပေါင်းလပြည့်
ကျော်သွားရင်တော့ မူလအတိုင်း ပြန်ပြီးတော့ ကျင့်သုံးရမှာပါ။
အဲ့ဒီလို မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ၀ိနည်းသိက္ခာပုဒ်တွေကို ဘယ်လောက်ကြီးကျယ်ခန်းနားတဲ့ ဒါနကုသိုလ်ကမှ မပယ်နုတ်နိုင်ပါဘူး။ ဘယ်လောက်ကြီးကျယ်သန့်စင်တဲ့ သီလကုသိုလ်ကမှလည်း မပယ်နုတ်နိုင်ပါဘူး။ ဘယ်လောက်ကြီးကျယ်တဲ့ ဘာဝနာကုသိုလ်ကမှလည်း မပယ်နုတ်နိုင်ပါဘူး။

အဆင့်အတန်းမြင့်လှတဲ့ ၀ိပဿနာကုသိုလ်တွေ မဂ်ကုသိုလ်တွေ လောကုတ္တရာကုသိုလ်တွေ ကလည်း မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ၀ိနည်းသိက္ခာပုဒ်တွေကို မပယ်နုတ်နိုင်ပါဘူး။ ကထိန်အလှူရှင်များ လှူဒါန်းတဲ့ ကထိန်အလှူ တစ်ခုတည်းကသာလျှင် မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ၀ိနည်းသိက္ခာပုဒ်ငါးခုကို ခေတ္တခဏပယ်နုတ်နိုင်ပါတယ်။ အဲ့ဒါကိုက အင်မတန် ထူးခြားမှုတစ်ခုပါပဲ။ ကထိန်အလှူကို အထူးခြားဆုံးအလှူလို့ပြောရတာ ဒီအချက်က အဓိကပဓာန အကျဆုံးပါပဲ။ ဒီတစ်ချက်တစ်ခုနဲ့တင် ကထိန်အလှူဟာ အထူးခြားဆုံး အလှူဖြစ်နေပါပြီ။ ဘာတွေလဲဆိုတော့
(၁)“ အနာမန္တစာရ ” ဆိုတဲ့သိက္ခာပုဒ်။ ဘာလဲဆိုတော့ မြို့ရွာထဲက အိမ်တစ်အိမ်က ဆွမ်းစားပင့်ထားတယ်ဆိုရင် အဲ့ဒီအိမ်ကို ဆွမ်းမစားခင်မှာပဲဖြစ်ဖြစ် ဆွမ်းစားပြီးနောက်ပိုင်းမှာပဲဖြစ်ဖြစ် ရပ်ထဲရွာထဲ အကြောင်းကိစ္စ တစ်ခုခုနဲ့ထွက်စရာရှိတယ်ဆိုရင် ကျောင်းတိုက်ထဲမှာ ရှိတဲ့ မိမိရဲ့ မျက်မှောက်မှာ ထင်ရှားရှိတဲ့ သံဃာတစ်ပါးပါးကို ပန်ပြောပြီးမှ သွားရတယ်။ “တပည့်တော် ဘယ်သွားမလို့ပါဘုရား ဘာကိစ္စနဲ့ ဘယ်ကြွမလို့ပါဘုရား” စသည်ဖြင့် ရဟန်းသံဃာတစ်ပါးပါးကို ပန်ပြောပြီးမှ မြို့ထဲရွာထဲကို သွားခွင့်ရှိတယ်။ ဘယ်သူ့မှမပန်ဘဲ ငါဆရာတော်ပဲ သွားချင်ရာသွားမယ်၊ မဟုတ်တာလုပ်တာမှ မဟုတ်တာ၊ အချိန်တန်ပြန်မှာပဲဥစ္စာ လို့ ဘယ်သူ့မှ မပန်ပဲ မြို့ထဲရွာထဲကို သွားခွင့်မရှိပါဘူး။ အာပတ်သင့်ပါတယ်။ ကထိန်အာနိသင်ရပြီဆိုရင်တော့ မြို့ရွာထဲ အကြောင်းကိစ္စရှိလို့ ဘယ်သူ့မှ မပန်ဘဲ သွားလို့ရပါတယ်။ အဲ့ဒီလို သွားလို့လဲ အာပတ် မသင့်တော့ပါဘူး။ အပြစ်မရောက်ပါဘူး။ သို့သော်လည်း ယဉ်ကျေးမှုစည်းကမ်းအရတော့ ပြောရမှာပေါ့ ဒါမှလည်း အကြောင်းကိစ္စရှိတဲ့အခါ ဆက်သွယ်လို့ရတာပေါ့။ ပြောလို့ ဆိုလို့ရတာပေါ့။
(၂)“အသမာဒါနစာရ” ဆိုတာကတော့ သံဃာတော်များဟာ တိစီဝရိက်အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းကို တစ်ညမှ ကိုယ်နဲ့ကင်းကွာနေခွင့် မရှိပါဘူး။ မိမိ တိစီဝရိက် အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်း၊
ဧကသီရယ်၊ သင်းပိုင်ရယ်၊ နှစ်ထပ်သင်္ကန်းကြီးရယ် ဒီသုံးထည်ကို
နောက်တစ်နေ့ အာရုံတက်တဲ့ အချိန်မှာ ကိုယ့်ရဲ့ နှစ်တောင့်ထွာပတ်ဝန်းကျင်မှာ ရှိနေရမယ်။ ခန္ဓာကိုယ်မှာ ၀တ်ထားလို့ပဲဖြစ်ဖြစ် မ၀တ်ရင်လည်း  ကိုယ့်ရဲ့ နှစ်တောင်ထွာ အတွင်းမှာ ခေါက်ထားပြီးတော့ပဲဖြစ်ဖြစ် ရှိနေရမယ်။ ကိုယ့်ရဲ့နှစ်တောင့်ထွာအတွင်းမှာ အဲ့ဒီ တိစီဝရိက် အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းသုံးထည် မရှိဘူးဆိုရင် အာပတ်သင့်သွားပြီ။

ဒီနေရာမှာ “တိစီစရိက်အဓိဋ္ဌာန်” ဆိုတဲ့ အဓိပ္ပာယ်လေးကို နည်းနည်းလေး အာရုံပြုကြည့်ရအောင်။ တိစီဝရိက် ဆိုတာကတော့ “တိ” ဆိုတာ သုံးခုပါပဲ။“စီဝရိက်” ဆိုတာ သင်္ကန်းပေါ့။
ဝိနည်း တိဝီ၀ရိက်အဓိဋ္ဌာန်တယ် ဆိုတာကတော့ ဧကသီတစ်ခုကိုလည်း
ဤသင်္ကန်းကို ဧကသီအဖြစ်နဲ့ အသိအမှတ်ပြုပြီး အသုံးပြုပါမယ်။ ဒီလို အဓိဋ္ဌာန် တင်ထားရတယ်။ သင်းပိုင်းတစ်ခုကိုလည်းပဲ ဤသင်္ကန်းကို သင်းပိုင်အဖြစ်နဲ့ အသိအမှတ်ပြုပြီး အသုံးပြုပါမယ်။ သင်းပိုင်းမှတ်မှတ် အသုံးပြုပါမယ်။ နှစ်ထပ်သင်္ကန်းကိုလည်း ဤနှစ်ထပ်သင်္ကန်းကြီးကို နှစ်ထပ်သင်္ကန်းကြီးအဖြစ်နဲ့ အသိအမှတ်ပြုပြီး အသုံးပြုပါမယ်။ အဲ့ဒီလို အဓိဋ္ဌာန်ထားရတယ်။

အဲ့ဒီလိုအားဖြင့် ဧကသီတစ်ထည် သင်းပိုင်းတစ်ထည် နှစ်ထပ်သင်္ကန်းတစ်ထည် သင်္ကန်းသုံးထည် ကို သူ့ဆိုင်ရာ ဆိုင်ရာ နာမည်တွေနဲ့ အဓိဋ္ဌာန်ထားတာကို တိစီဝရိက် အဓိဋ္ဌာန် တင်တယ်လို့ ခေါ်တယ်။ သုံးထည်ထက်ပိုပြီးတော့ အဓိဋ္ဌာန်မထားရဘူး။ အဲ့ဒီသုံးထည်ကို ၀ိနည်းတိစီဝရိက် အဓိဋ္ဌာန် တင်ထားတဲ့ သင်္ကန်းလို့ ခေါ်တယ်။ လောကမှာ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းပါမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ စာချုပ်မှာ လက်မှတ်ထိုး သလို ဒီသင်္ကန်းသုံးထည်ကို သင်းပိုင်မှတ်မှတ် ဧကသီမှတ်မှတ် သင်္ကန်းကြီးမှတ်မှတ် အသုံးပြုပါမယ်လို့ လက်မှတ်ထိုးပြီးတော့ မခွဲမခွာ သုံးလိုက်တဲ့ သဘောပါပဲ။
အဲ့ဒီ ၀ိနည်းတိစီဝရိက်အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းဟာ အရုဏ်တက်တဲ့အချိန်မှာ ကိုယ့်နှစ်ထောင့်ထွာ အတွင်း ရှိနေရမယ်။ မရှိရင် အာပတ်သင့်ပါတယ်။ တိစီဝရိက်က နှစ်မျိုးရှိပါတယ်။ ခုနကပြောတာက ၀ိနည်းတိစီဝရိက်ပါ။
နောက်တစ်ခုက ဓုတင်တိစီဝရိက်ပါ။ ဓုတင်ဆောင်တဲ့ပုဂ္ဂိုလ်များလည်း သင်္ကန်းသုံးထည်ပဲ ထားရပါတယ်။ အဲ့ဒီ ဓုတင်တိစီဝရိက် ဆောင်ထားတဲ့သူကတော့ သင်္ကန်းသုံးထည်ထက် ပိုထားခွင့်မရှိဘူး။ သင်္ကန်းကြီးရယ်၊ သင်းပိုင်ရယ်၊ ဧကသီရယ် ဒါပဲထားရတယ်။ ခုနကပြောတဲ့ ၀ိနည်းတိစီဝရိက် အဓိဋ္ဌာန်ထားတဲ့ ရဟန်းတော်က သင်္ကန်းသုံးထည်ကိုသာ သင်းပိုင်မှတ်မှတ်၊ ဧကသီမှတ်မှတ်၊ သင်္ကန်းကြီးမှတ်မှတ် အဓိဋ္ဌာန်တင်ထားပြီး ကျန်တဲ့သင်္ကန်းတွေကိုတော့ ဆယ်စုံပဲဖြစ်ဖြစ်၊ အစုံတစ်ရာပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲဖြစ်ဖြစ် ၊ ပရိက္ခာရစောဠ အဓိဋ္ဌာန်လို့ခေါ်တဲ့ သာမန်အသုံးအဆောင် သင်္ကန်းအဖြစ်နဲ့ပဲ အဓိဋ္ဌာန်တင်ထားလို့ရှိရင် အစုံပေါင်းမျာစွာ သိမ်းဆည်းထားပိုင်ခွင့် ရှိပါတယ်။ သိမ်းစည်းထားလို့ ဘာအာပါတ်မှ မသင့်ပါဘူး။

ဓုတင်တိစီဝရိက်ဆောင်တဲ့ ရဟန်းကတော့ သုံးထည်ပဲထားရပါတယ်။ သင်းပိုင် ဧကသီ သင်္ကန်းကြီး ဘာမှအပိုထားခွင့်မရှိပါဘူး။ သင်္ကန်းသုံးထည်ကလွဲရင် အ၀တ်မှန်သမျှ ဘာမှမထားဘဲနဲ့ နေထိုင်ကျင့်သုံးကြတဲ့ နည်းပါပဲ။ သင်္ကန်းများများထားရင် ကိလေသာများများဖြစ်တယ်လို့ ယူဆပြီး ကိလေသာကို ခါတွက်ဖျက်ဆီးတဲ့ အနေနဲ့ ကျင့်သုံးကြတာပါပဲ။ (ဓုတင်=ကိလေသာကို ခါတွက်ခြင်း၏ အကြောင်း)
ဝိနည်းတိစီဝရိက်အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းကိုယ့်ရဲ့ နှစ်တောင့်ထွာတွင်းမှာ မရှိဘဲနဲ့ အရုဏ်တက်သွားရင် အာပတ်သင့်တယ်။ ဒါပေမယ့် ခုကထိန်သင်္ကန်းနဲ့ ကထိန်ခင်းလိုက်ပြီဆိုရင်တော့ ကထိန်အာနိသင်ရတဲ့ သံဃာတော်များဟာ နှစ်တောင့်ထွာ မကလို့ နှစ်မိုင်ပဲဝေးဝေး ထားလို့ရပါပြီ။ အရုဏ်တက်တဲ့အချိန်မှာ ကိုယ့်အနားမှာ မရှိလည်းပဲ ဘာပတ်မှ မသင့်တော့ပါဘူး။ ဘာအပြစ်မှ မဖြစ်တော့ပါဘူး။ တပေါင်းလပြည့်အထိပေါ့။
(၃) "ဂဏဘောဇန" ဆိုတာက လူဝတ်ကြောင် ပုဂ္ဂိုလ်များက သာသနာသုံး သံဃာတော်သုံး ဝေါဟာရနဲ့မဟုတ်ဘဲ လူဝတ်ကြောင်သုံး ဝေါဟာရနဲ့သံဃာတော်များကို ဆွမ်းစားပင့်တယ်။ အရှင်ဘုရား တပည့်တော်တို့အိမ် သံဃာငါးပါး မုန့်ဟင်းခါးစားကြွပါ၊ တပည့်တော်တို့အိမ်ကို သံဃာငါးပါး ခေါက်ဆွဲစားကြွပါလို့ မအပ်စပ်တဲ့ အသုံးအနှုန်းနဲ့ ဆွမ်းစားပင့်တယ်။ အဲ့ဒီလို ဆွမ်းကို သံဃာတော်လေးပါးနဲ့ အထက် တစ်ပေါင်းတည်း ကြွရောက်ပြီးတော့ မဘုန်းပေးကောင်းပါဘူး။ မအပ်စပ်တဲ့ အသုံးအနှုန်းနဲ့ ဆွမ်းစားပင့်တဲ့ ဆွမ်းမျိုးကို ဘုဉ်းပေးသုံးဆောင် လို့ရှိရင် အာပတ်သင့်ပါတယ်။ အပြစ်ဖြစ်ပါတယ်။ တစ်ပါး၊ နှစ်ပါး၊ သုံးပါးအထိတော့ ဘုဉ်းပေးကောင်းပါတယ်။ တစ်ပါးတည်းကို မအပ်စပ်တဲ့ အသုံးအနှုန်းနဲ့ပင့်ရင်တော့ ဘုဉ်းပေးကောင်းပါတယ်။
ကထိန်အလှူရှင်များ လှူဒါန်းလိုက်တဲ့ ကထိန်ခင်းလိုက်ပြီဆိုရင်တော့ ကထိန်အာနိသင်ရတဲ့ သံဃာတော်များဟာ မအပ်စပ်တဲ့ အသုံးမနှုန်း နဲ့ ဘယ်လိုပဲလျှောက်လျှောက် ဘယ်လိုပဲ ဆွမ်းစားပင့်ပင့် တစ်ပေါင်းတည်းကြွရောက်ပြီးတော့ ဆွမ်းဘုဉ်းပေးကောင်းသွားပါပြီ။ အဲ့ဒါကြောင့် ကထိန်အာနိသင် ရပြီဆိုရင်တော့ ၀ါးကြောလို့ပဲလျှောက်လျှောက် ၀ိုက်ကြောလို့ပဲလျှောက်လျှောက် သံဃာတော်များဟာ မအပ်စပ်တဲ့ အသုံးအနှုန်းနဲ့ ပင့်တဲ့ဆွမ်းကို ဘုဉ်းပေးကောင်းပါတယ်။
(၄)“ယာဝဒတ္တစီဝရ” ဆိုတာကတော့ ရဟန်းတော်များဟာ မိမိတို့ကို လှူဒါန်းထားတဲ့ သင်္ကန်းတွေကို ဆယ်ရက်အတွင်းမှာ အဓိဋ္ဌာန်တင်၊ ၀ိကပ္ပနာ ၀ိနည်းကံတစ်ခုခု ပြုမထားဘဲနဲ့ ဒကာ၊ ဒကာမလာလှူတဲ့ သင်္ကန်းတွေကို နိဗ္ဗာနဿပစ္စယော ဟောတု ဆိုပြီး အလှူခံပြီးတော့ ဗီရိုထဲမှာ
သွားထည့်ထားလိုက်တယ်။ အဲ့ဒီလို ဆယ်ရက်ကျော်သွားရင် အဲ့ဒီသင်္ကန်းတွေကို မသုံးကောင်း တော့ဘူး။ စွန့်ပစ်လိုက်ရတော့မယ်။ စွန့်လည်းစွန့်လိုက်ရမယ်၊ သိက္ခာပုဒ်ကိုလည်း ဒေသနာကြား ပြီးတော့ အာပတ်ဖြေရမယ်။ ဆယ်ရက်အတွင်းမှာ အဓိဋ္ဌာန်တင်ခြင်း၊ ၀ိကပ္ပနာပြုခြင်း ဆိုတဲ့ ၀ိနည်းကံတစ်ခုကို ပြုထားမှသာ အဲ့ဒီသင်္ကန်းကို သိမ်းထားခွင့်ရှိပါတယ်။ အခု ကထိန်အာနိသင်ရတဲ့ သံဃာတော်များကတော့ ဆယ်ရက်မကလို့ ဘယ်နှရက်ပဲဖြစ်ဖြစ် လကျော်ပြီးပဲဖြစ်ဖြစ် အဓိဋ္ဌာန် ၀ိကပ္ပနာမပြုဘဲနဲ့ ငါးလအတွင်းမှာ လွတ်လပ်စွာ သင်္ကန်းကို သိမ်းဆည်းထားခွင့် ရသွားပါတယ်။

(၅)“ယော စ တတ္ထ စီဝရုပ္ပါဒ” ဆိုတာ ကျောင်းတိုက် တစ်တိုက်အတွင်းမှာ သံဃဿ ဒေမလို့ ဆိုပြီးတော့ သံဃာကို ရည်စူးပြီးတော့ သင်္ကန်းလှူဒါန်းကြပြီဆိုရင် အဲ့ဒီသင်္ကန်းကို အဲ့ဒီ ကျောင်းတိုက်အတွင်းမှာ ရှိတဲ့ သံဃာတော်အားလုံး ခွဲဝေပြီးတော့ ယူကြရပါတယ်။ ကျောင်းတိုက်ရဲ့ ပဓာနဆရာတော်က ကိုယ်ဆီလာပြီးတော့ သံဃဿ ဒေမဆိုပြီး လှူထားတာကို ငါ့ကိုလှူတာ ငါပိုင်တယ် ဆိုပြီး ဒီလို ဆုံးဖြတ်လို့ မရပါဘူး။ ပဓာနဆရာတော် တစ်ပါးတည်းကိုပဲ သံဃဿ ဒေမ ဆိုပြီး လှူပေမယ့် သံဃဿ ဒေမ လို့ နှုတ်မြွက်ပြီး လှူဒါန်းထားတာ ဖြစ်လို့ အဲ့ဒီသင်္ကန်းကို အဲ့ဒီ ကျောင်းတိုက်အတွင်းမှာရှိတဲ့ သံဃာတော်အားလုံးနဲ့ ဆိုင်ပါတယ်။ ငါးပါးရှိရင် ငါးပါးလုံးနဲ့ ဆိုင်ပါတယ်။ ကျောင်းတိုက်အတွင်းမှာရှိတဲ့ သံဃာတော်အားလုံး ခွဲဝေကြရမှာဖြစ်ပါတယ်။
အပါးစေ့ မဝေလောက်ရင် မဲချပြီး ယူရမှာဖြစ်ပါတယ်။ မဲချပြီးမယူချင်ဘူးဆိုရင် သံဃာတော်များက သဘောတူညီချက်နဲ့ နွမ်းပါးတဲ့ သံဃာတစ်ပါးပါးကို ပေးရမယ့်တာဝန်ရှိပါတယ်။ သံဃာတော်များ အပိုင်းက “သံဃဿ ဒေမ” လို့မြွက်ဆိုပြီးတော့ လှူဒါန်းထားတဲ့ သင်္ကန်းအပေါ် ၀ိနည်းစည်းကမ်း အတိုင်း အဲ့ဒီလို အသုံးပြုရပါတယ်။ ဒီနေရာမှာ ဒကာ ဒကာမတွေအနေနဲ့ ကောက်ချက်တစ်ခုချခဲ့ပေါ့။
သံဃာလှူတာ အကျိုးပိုရှိတယ်ဆိုပြီး နေရာတကာ နှုတ်က “သံဃဿ ဒေမ” လို့မဆိုမိပါစေနဲ့။ “နိဗ္ဗာနပစ္စယော ဟောတု” ဆိုရင် လုံလောက်ပါတယ်။ စိတ်ထဲက သံဃာဂုဏ်ကို အာရုံပြုပြီး သံဃာကို ရည်စူးထားပေါ့။ ဆွမ်းခံကြွလာတဲ့ ရဟန်းတော်ကို “သံဃဿ ဒေမ” လို့ဆိုပြီး ဆွမ်းတစ်ဆွမ်း လောင်းလိုက်ရင် အဲ့ဒီ ဆွမ်းကို ဆယ့်နှစ်တောင် ပတ်ဝန်းကျင်က တွေ့သမျှ ရဟန်းတော်တွေနဲ့ ခွဲဝေသုံးစွဲရတော့မယ်။ သံဃာပိုင်းဆွမ်း ဖြစ်သွားပြီကိုး။

အခုကထိန်အာနိသင်ရသွားပြီဆိုရင်တော့ သံဃဿ ဒေမဆိုပြီးတော့ သင်္ကန်းကိုသံဃိကအဖြစ်နဲ့ လာလှူလို့ရှိရင် အဲ့ဒီသင်္ကန်းကို ကျောင်းတိုက်အတွင်းမှာရှိတဲ့ သံဃာတော်တွေ အားလုံး ခွဲဝေယူစရာ မလိုပါဘူး။ ကထိန်အာနိသင်ရတဲ့ သံဃာတော်တွေပဲ ခွဲဝေယူရတော့မယ်။ သံဃာ ဆယ်ပါးရှိတဲ့ အချိန်မှာ ကထိန်ခင်းထားတယ်။ ကထိန်အာနိသင် ရထားတယ်။ နောက်ရက်ပိုင်း လပိုင်း တခြား ကျောင်းတိုက်က ငါးပါးလောက်ကြွလာတယ် ဆိုပါတော့ ဆယ့်ငါးပါး ဖြစ်သွားတယ်။ အဲ့ဒီ အချိန်မှာ ဒကာ ဒကာမတစ်ယောက်က သင်္ကန်း(၁၀)ကို “သံဃဿ ဒေမ” ဆိုပြီး လာလှူတယ်။ ဒါဆိုရင် (၁၅)ပါးလုံး ခွဲယူစရာ မလိုပါဘူး။ ကထိန်အာနိသင်ရတဲ့ သံဃာ(၁၀)ပါးသာ ခွဲဝေယူလို့ ရပါတယ်။
နောက်မှ ကြွလာတဲ့ ငါးပါးကို ခွဲဝေမပေးလည်းရပါတယ်။ဒါကလည်း ကထိန်အလှူရှင်များ လှူဒါန်းလိုက်တဲ့ ကထိန်သင်္ကန်းကနေ ပေးလိုက်တဲ့ ထူးခြားမှုတစ်ခုပါပဲ။

တကယ်လို့ ကထိန်နှုတ်ခဲ့မယ် ဆိုရင်တော့ သံဃိက သင်္ကန်းတွေကို ကထိန်အာနိသင်မရတဲ့ တခြားရဟန်းတော်တွေလည်း ဝေစုရနိုင်ပါတယ်။ ဒါပေမယ့် ကထိန်နှုတ်လိုက်မယ်ဆိုရင် ကထိန်အာနိသင် (၁၀)ပါးလုံး ဘယ်သူမှ မရတော့ပါဘူး။ ကထိန်အာနိသင်တွေ ပျက်သွားပါပြီ။ ကထိန်နှုတ်တယ်ဆိုတာ ကထိန်ခင်းခြင်းအမှု ကထိန်ကံကို ရုတ်သိမ်းလိုက်တာပါပဲ။ ကထိန်နှုတ်ပြီးမှ နောက်ထပ်ကထိန်ထပ်ခင်းလို့ မရတော့ပါဘူး။ ကထိန်ကိုသာ မနုတ်ဘူးဆိုရင် သံဃိက သင်္ကန်းတွေ ကို ၀ါကျိုးဝါပြတ်သူ၊ ဒုတိယ၀ါဆိုသူ၊ တခြားကျောင်းတိုက်က အသစ်ရောက်လာသူတွေ မရနိုင်တော့ ပါဘူး။ ကထိန်နုတ်လိုက်မှ သံဃာအားလုံး ရခွင့်ရှိပါတယ်။
သံဃိကဆိုတဲ့ အထဲမှာ ကထိန်ခင်းထားတဲ့ ကျောင်းတိုက်ရဲ့ ဥပစာအတွင်းမှာ မိမိပိုင်ပစ္စည်းကို ဘယ်သူ့ကိုမှ မပေးမလှူဘဲ ပျံလွန်တော်မူသွားတဲ့ ရဟန်းရဲ့သင်္ကန်း (မတသန္တကသင်္ကန်း) ၊သံဃာကို လှူဒါန်းလို့ရတဲ့ သင်္ကန်း၊ ကထိန်ခင်းတဲ့ ကျောင်းတိုက်ပိုင် လယ်ဟာမြေသည်က ထွက်တဲ့ပစ္စည်းတွေနဲ့ လဲလှဲလို့ရရှိလာတဲ့ သင်္ကန်း စတဲ့ သံဃာပိုင်သင်္ကန်းမှန်သမျှ အကုန်ပါဝင်ပါတယ်။
ကထိန်အလှူကြောင့် ကထိန်အလှူခံရဟန်းတော်တွေမှာ သိက္ခာပုဒ် ၀န်ထုပ်ငါးခု သက်သာခွင့် ရသွားပါတယ်။ စည်းမျဉ်းစည်းကမ်း ၀န်ထုပ်ကို လျှော့ချပေးတဲ့အလှူ လောကကြီးမှာ ဒီကထိန်အလှူ တစ်ခုပဲရှိတယ်။ ဒါကြောင့် ကထိန်ဒါနဟာ အထူးခြားဆုံးဒါန ဖြစ်နေပါပြီ။ လှူဖွယ်ဝတ္ထူရှု့ထောင့်ကနေ သုံးသပ်မယ်ဆိုရင်လည်း ကထိန်အလှူဟာ အထူးခြားဆုံးအလှူ ဖြစ်ပါတယ်။
{အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)}
(အိုဘယ့်အလှူ တရားတော်မှ ကောက်နှုတ်ချက်)

ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တဲ့ မတော်တဆ တီထွင်မှုများ


မတော်တဆတွေ့ရှိချက်ကနေ တီထွင်မှုများဖြစ်စေပြီး လူသားအကျိုးပြုစေခဲ့တာအချို့ကို ဖော်ပြပေးလိုက်ပါတယ်
စတိန်းလက်စ်စတီး (Stainless Steel)
သင့်ရဲ့ အိမ်မှာ၊ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေမှာ အစားအသောက်တွေ တည်ခင်းဧည့်ခံရာမှာ သုံးတဲ့ဇွန်း၊ ခက်ရင်း၊ ဓားတွေဟာ စတိန်းလက်စ်စတီးနဲ့ လုပ်ထားတာ တွေ့ရပါလိမ့်မယ်။
အဲဒီ စတိန်းလက်စ် စတီးတွေကို မူလအစ ၂၀ ရာစုတုန်းက ဇွန်း၊ ခက်ရင်းတွေ အတွက် ရည်ရွယ် တီထွင် ထုတ်လုပ်ခဲ့တာ မဟုတ်ပါဘူး။ ၂၀ ရာစုထဲမှာ လက်နက် ထုတ်လုပ်တဲ့ သူတွေကနေ အင်္ဂလိပ်လူမျိုး သတ္တုဗေဒပညာရှင် ဟာရီဘယ်ရာရီ (Harry Brealy) ကို သံချေး၊ အညစ်အကြေး မတက်တဲ့ သေနတ်ပြောင်း တီထွင်ဖို့ ငှားရမ်းခဲ့ပါတယ်။

သိပ်မကြာခင်မှာ သတ္တုတွေကို စားတတ်တဲ့ အရာ အမျိုးမျိုး၊ သံပုရာရည်လို အက်ဆစ်တွေနဲ့ပါ ဓာတ်မပြု၊ မစားတဲ့ သတ္တုဓာတ် တမျိုးဖြစ်တဲ့ စတိန်းလက်စ် စတီးကို တီထွင်နိုင်ခဲ့ပါတယ်။
သူဟာ အစားအသောက်တွေ တည်ခင်း ဧည့်ခံရာမှာ သုံးတဲ့ဇွန်း၊ ခက်ရင်း၊ ဓားတွေ ထုတ်လုပ်ဖို့ စိတ်ကူး ရခဲ့ပြီး စတိန်းလက်စ်စတီး ဇွန်း၊ ခက်ရင်း၊ ဓားတွေကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ ဒီအချိန်မှာတော့ အစား အသောက်ထည့်တဲ့ ပစ္စည်းတွေ၊ မီးဖိုချောင် ပရိဘောဂတွေနဲ့၊ စားသောက် ကုန်လုပ်ငန်းစက်ရုံတွေမှာ စတိန်းလက်စ် စတီးကို အမြောက်အများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြပြီ ဖြစ်ပါတယ်။

လုံခြုံစိတ်ချရတဲ့မှန် (Safety Glass)
ပြင်သစ် ဓာတုဗေဒပညာရှင် အက်ဒဝပ်ဘီနီဒစ်တုစ် (Edouard Benedictus) ဟာ သူ့စားပွဲပေါ်က ဓာတ်ခွဲ ခန်းသုံး ဖန်ပုလင်းကို မတော်တဆ တိုက်မိသွားပါတယ်။

အဲဒီပုလင်းဟာ အောက်ကျပြီး အစိတ်စိတ် အမွှာမွှာ ကွဲသွားရမယ့် အစား အက်သွားတာကို တွေ့ရပါတယ်။
အဲဒီအခြေအနေဟာ ထူးဆန်းနေတာကြောင့် အသေးစိတ် လေ့လာကြည့်တဲ့ အခါမှာ အဲဒီပုလင်းဟာ သိပ်မကြာခင်ကပဲ ပလပ်စတစ်ဆဲလ်လူလို့စ် နိုက်ထရိတ် (Plastic Cellulose Nitrate) ထည့်ထားတဲ့ အတွက် ဖန်ပုလင်းရဲ့ အတွင်းဘက်ကို အဲဒီ ဓာတုပစ္စည်းသုတ်ထား သလိုဖြစ်နေလို့ အစိတ်စိတ် အမွှာမွှာကွဲ မသွားတာကို သတိပြုမိပြီး လုံခြုံစိတ်ချ ရတဲ့ မှန်တွေကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။
သူဟာ လုံခြုံစိတ်ချရတဲ့ မှန်ကို ၁၉၀၉ မှာ လုံခြုံစိတ်ချ အန္တရာယ်ကင်းတဲ့ ကားတွေ ထုတ်လုပ်ရာမှာ ကားမှန် အနေနဲ့ သုံးဖို့ မူပိုင်ခွင့် မှတ်ပုံတင်ခဲ့ပေမယ့်၊ ကားထုတ်လုပ်သူတွေက ကုန်ကျစရိတ် လျော့ချနိုင်အောင် အဲဒီမှန်တွေ မသုံးခဲ့ပါဘူး။

ပထမကမ္ဘာစစ် မှာတော့ စစ်ပွဲတွေမှာ သုံးဖို့ဓာတ်ငွေ့ကာ မျက်နှာဖုံး အတွက်အဲဒီမှန် တွေသုံးခဲ့ပါတယ်။ မော်တော်ကားတွေ မှာတော့ ၁၉၃၀ လောက် ကစပြီး တပ်ဆင်သုံးခဲ့ပြီး နောက်ပိုင်း ကားတိုင်းမှာ သုံးဖြစ်ပါတယ်။
စူပါဂလူးကော် (Super Glue)
သေနတ်အတွေ အတွက် ချိန်သီးမှန်ကို ပလပ်စတစ်နဲ့လုပ်ဖို့ ကြိုးပမ်းရင်း စူပါဂလူးကော်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ကိုဒတ် (Kodak) သုတေသန ဓာတ်ခွဲခန်းက သုတေသီ ဟာရီကူးဗား (Harry Coover) က ဆိုင်ယန် နိုအခရိုက်လိတ်(Cyano-acrylate) ကနေ အရာဝတ္ထု တော်တော်များများ ကပ်နိုင်စေတဲ့ စူပါ ဂလူးကော်ကို တွေ့ရှိခဲ့ ပါတယ်။

အဲဒီ ကော်ရည်တွေဟာ အရမ်း စေးကပ်နေတဲ့ အတွက် သူ ရည်ရွယ်တီထွင်တဲ့ ပလပ်စတစ်မှန် အတွက် အသုံး မ၀င်ဘူး၊ အဆင် မပြေဘူး ဆိုပြီး မသုံးဘဲ ပယ်ခဲ့ပါတယ်။ နှစ်တော်တော် ကြာခဲ့ပြီးမှ အဲဒါကို ပြန်သတိထားမိပြီး ဒီနေ့ ဈေးကွက် တင်ရောင်းချနေတဲ့ စူပါဂလူးကော်တွေ အဖြစ် ရောင်းချခဲ့တာဖြစ်ပါတယ်။
ရောင်စုံရွှံ့စေးတု (Play Doh)
ကလေးတွေ အရုပ်တွေ လုပ် ကစားဖို့ ရောင်စုံရွှံ့စေးလို ရောင်စုံ အတုံးလေးတွေ ရောင်းချတာ သတိထားမိမှာပါ။

အလွယ် တကူခြောက်မသွားဘဲ ရွှံ့စေးလို၊ ဂျုံလုံးတွေလို ပျော့တွဲ နေပြီး ကလေးတွေ အရုပ်မျိုးစုံလုပ်ကစားဖို့ ရောင်းချ ထားပါတယ်။ အဲဒီ ရွှံ့စေးလို အတုံးလေးတွေကို မူလအစ ၂၀ ရာစုတုန်းက နံရံကပ်စက္ကူတွေ သန့်ရှင်း ရေးလုပ်ဖို့ ကလီယိုမက်ဗစ်ကာ (Cleo McVicker) က ရည်ရွယ် တီထွင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အချိန်က အေးတဲ့ ဒေသတွေမှာ အခန်းကို အပူပေးဖို့ မီးသွေးတွေ သုံးခဲ့တဲ့ အတွက် အခန်းတွေရဲ့ နံရံက စက္ကူတွေ သန့်ရှင်းရေး လုပ်ဖို့ လိုပါတယ်။ အဲဒီ သန့်ရှင်းရေးလုပ်ဖို့ ထွင်ထားတဲ့ ရွှံ့စေးတုတွေကို သူ့သားက အရုပ်လုပ် ဆော့တာကို တွေ့ပြီး အရုပ်လုပ် ဆော့ဖို့ ရွှံ့စေးတု (Modeling Clay) တွေ ဈေးကွက်တင် ရောင်းခဲ့တာ အခုထိ ရောင်းချနေဆဲ ဖြစ်ပါတယ်။
ပစ်တိုင်းထောင် စပရိန် (Slinky)
ဒုတိယ ကမ္ဘာစစ် အတွင်းမှာ ရေတပ် အင်ဂျင်နီယာ ရစ်ချတ်ဂျိမ်းစ် (Richard James) ကနေ စစ်သင်္ဘောတွေမှာ သုံးတဲ့ အထိအခိုက် မခံတဲ့ ပစ္စည်းကိရိယာတွေ အတွက် စပရိန်တွေကို တီထွင်ခဲ့ပါတယ်။

အဲဒီ စပရိန်တခုကို စမ်းသပ်ရင်း မတော်တဆ လက်ထဲက လွတ်ကျသွားပါတယ်။ အဲဒီစပရိန်ဟာ သူ့ဖာသာသူ ပြန်မတ်သွားတာ တွေ့ခဲ့ရပါတယ်။ အဲဒီစပရိန်တွေကို ကလေးတွေ ဆော့ဖို့ ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။
ဓာတုဆိုးဆေး (Synthetic dye)
၁၈၅၆ မှာ ၁၈နှစ်သား ဓာတုဗေဒပညာရှင် ၀ီလီယံပါကင် (William Perkin) ဟာ ငှက်ဖျားရောဂါ ကုသဖို့ ဆေး ထုတ်လုပ် နိုင်ဖို့ အပတ်တကုတ် ကြိုးပမ်းခဲ့ပါတယ်။
သူ့ရဲ့ စမ်းသပ်ကြိုးပမ်း မှုတခုဟာ လုံးဝလွဲနေပြီး၊ ဘာမှ အလုပ် မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ဓာတ်ခွဲခန်းသုံး ဖန်ပန်းကန် အ၀ိုင်းပြားလေးထဲမှာ လှပတဲ့ မရမ်းစေ့ရောင်နု တောက်နေတာ တွေ့ရပြီး ဓာတုဆိုးဆေးကို တီထွင် နိုင်ခဲ့တာ ဖြစ်ပါတယ်။
ငှက်ဖျားရောဂါ ကုသတဲ့ဆေး တီထွင်ဖို့ ကြံတာ ဓာတုဆိုးဆေး ပေါ်ပေါက်လာခဲ့တာ ဆိုတော့ အလွဲကောင်း လို့ပဲ ပြောရမှာပါ။

မိုက်ခရိုဝေ့ဖ်မီးဖို (Microwave Oven)
ချက်ပြုတ် ကျွေးမွေးမယ့်သူ မရှိ၊ ချက်ပြုတ်လည်း မစားချင်တဲ့ တကိုယ်တည်း လူပျိုကြီးတွေ ကျေးဇူး တင် ရမယ့် တီထွင်မှု ဖြစ်ပါတယ်။

အသင့်ချက်ပြုတ်ထားတဲ့ အထုတ်တွေ ၀ယ်လာပြီး ရေခဲသေတ္တာထဲ ထည့်ထားတဲ့ စားစရာတွေ ကို အလွယ် တကူ နွှေးစားနိုင်တဲ့ မိုက်ခရိုဝေ့ဖ်မီးဖိုကို တီထွင်ထားလို့ ဖြစ်ပါတယ်။
အဲဒီမီးဖိုကလည်း မတော်တဆ တွေ့ရှိခဲ့တဲ့ တီထွင်မှုဖြစ်ပါတယ်။ ၁၉၄၅ ဒုတိယကမ္ဘာစစ် အတွင်းမှာ ရေတပ် ရေဒါအထူး ကျွမ်းကျင်သူ ပါစီစပင်န်ဆာ (Percy Spancer) ဟာ မိုက်ခရိုဝေ့ဖ်တွေ ထုတ်လွှတ်တဲ့ ပစ္စည်း ရှေ့မှာ ဟိုဟိုဒီဒီ သွားလာ လုပ်ကိုင်ရင်း သူ့ရဲ့ အိပ်ကပ်ထဲက ချောကလက်တွေ အရည် ပျော်သွားတာ သတိပြုမိခဲ့ပါတယ်။

ဒါပေမယ့် တခြားတဘက်က ချောကလက်တွေကတော့ အရည်မပျော်တာ တွေ့ရပါတယ်။
အဲဒီအခြေအနေကို သူပြန်သုံးသပ်ကြည့်ခဲ့တဲ့အခါမှာ မိုက်ခရိုဝေ့ တွေဟာ စားအသောက်တွေကို အပူပေးနိုင်ကြောင်း သတိထား မိပြီး တခြား အစားအသောက်တွေကို စပ်းသပ်ခဲ့ပါတယ်။
သူ နောက်ထပ် စမ်းသပ်တာက ပြောင်းစေ့တွေ ဖြစ်ပြီး ပြောင်းဖူး ပေါက်ပေါက် (Popcorn) ဖောက်ကြည့် တာပါ။ တခြားအစား အသောက်တွေ စမ်းသပ်ရာမှာလည်း အောင်မြင်ခဲ့ ပါတယ်။ အဲဒီ အခါမှာ သူဟာ မိုက်ခရိုဝေ့သုံးပြီး အစားအသောက်ချက်ပြုတ်၊ အပူပေးနိုင်တဲ့စက်ကို တီထွင်ခဲ့ပါတယ်။
၁၉၄၇မှာ ရေသီယွန် (Raytheon) ကနေ ပထမဦးဆုံး မိုက်ခရိုဝေ့ဖ်မီးဖိုကို တည်ဆောက်ခဲ့ပါ တယ်။ အဲဒီမီးဖိုဟာ ပေါင် ၇၅၀ လေးပြီး၊ ၅ပေခွဲမြင့်ကာ ကုန်ကျစားရိတ် ဒေါ်လာ ၅၀၀၀ လောက် ရှိပါတယ်။ အိမ်သုံး အနေနဲ့ကတော့ ၁၉၅၀ လောက်ရောက်ရှိ လာပေမယ့် အရွယ်အစားနဲ့ ဈေးနှုန်းကြောင့်ရေပန်းမစား ခဲ့ပါဘူး။

၁၉၆၇ မှာတော့ စားပွဲတင် အရွယ်အစား ထုတ်လုပ်နိုင် ခဲ့ပြီးဈေးနှုန်းက လည်း ၄၉၅ဒေါ်လာဖြစ်လာပါတယ်။
အဲဒီ နောက်ပိုင်းမှာတော့ အများမြင်တွေ့နေကြရတဲ့ မိုက်ခရိုဝေ့ဖ်မီးဖိုတွေ ဖြစ်လာ၊ ထုတ်လုပ် ရောင်းချလာ ပါတယ်။

၁၉၄၅ ခုနှစ်မှာ စတင်ခဲ့တဲ့ တီထွင် ထုတ်လုပ်မှုဟာ နှစ်ပေါင်း ၆၅ နှစ်ကျော်လောက် ကြာ ပြီးခဲ့တဲ့ အချိန်မှာ တော့ အမေရိကန် နိုင်ငံအိမ်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက် မိုက်ခရိုဝေ့ဖ် မီးဖိုတွေ သုံးစွဲနေကြပြီ ဖြစ်ပါတယ်။
မိုက်ခရိုဝေ့ဖ်တွေဟာ အစားအသောက်တွေကို အပူပေးနိုင်ကြောင်း သတိထားမိပြီး မိုက်ခရိုဝေ့ဖ်မီးဖို (Microwave Oven) တွေဖြစ် လာတာပါ။
ကပ်ခွာ မှတ်စုစာရွက် (Post-it Notes)
အိမ်က မိသားစုတယောက်ကို၊ အခန်းဖော်သူငယ်ချင်း တယောက်ယောက်ကို၊ သင်ကိုယ်တိုင် မမေ့အောင်၊ စာအုပ် တအုပ်မှာ စာမျက်နှာ မှတ်ထားနိုင်အောင် ကော်သုတ်ပြီးသား စက္ကူလေးတွေ သုံးကြပါတယ်။
မလိုအပ်ရင် အလွယ် တကူ ခွာလိုက်နိုင်ပြီး ကော်တွေ စက္ကူတွေလည်း ကပ်ပြီး ကျန်မနေလို့ အဆင်ပြေပါ တယ်။

အဲဒီတီထွင်မှုကို ၁၉၆၈ မှာ စပင်ဆာ ဆီးလ်ဗား (Spencer Silver) ကနေ သရီးအမ် (3 M) အတွက် သိပ် မကပ်တဲ့ ကော်တွေကို တီထွင်ရင်း၊ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် အာသာဖရိုင်း (Arthor Fry) ကနေ ဈေးကွက် တင်ရောင်းချဖို့ သတိထားမိခဲ့ပြီး ဈေးကွက်တင် ရောင်းချခဲ့လို့ စာရွက် မှတ်ဖို့ မှတ်စုတွေ၊ မမေ့အောင် ရေးမှတ်ဖို့ သုံးတဲ့ ကပ်ခွာ စက္ကူလေးတွေ (Post-it Notes) တွေ ဒီနေ့သုံးနေကြရတာ ဖြစ်ပါတယ်။
ပလပ်စတစ် (Plastic)
၁၉၀၀ ပြည့်နှစ် အစောပိုင်းလောက်မှာ လျှပ်ကာ၊ အပူကာ ပစ္စည်းတခု ရှဲလ်လက် (Shellac) ကို အရှေ့ တောင် အာရှက ပိုးတောင်မာ (beetle) ကနေ ထုတ်လုပ်နိုင်ခဲ့ ပါတယ်။
ဒါပေမယ့် အဲဒီ ကုန်ကြမ်းပစ္စည်းကို တင်သွင်း ထုတ်လုပ်ဖို့ မလွယ်ကူ ဖြစ်နေပါတယ်။ အဲဒီ အတွက် ဓာတုဗေဒပညာရှင် လီယိုဟင်းန်ဒရစ် ဘိတ်ကီလန်င်း (Leo Hendrik Backeland) ကနေ အဲဒီ ပစ္စည်း ၀ယ်သုံးမယ့် ပိုက်ဆံတချို့ကို အစားထိုး သုံးနိုင်မယ့် ပစ္စည်းတခု တီထွင်ဖို့ သုံးခဲ့ပါတယ်။
သူ့ရဲ့တီထွင်မှုကနေ မိုလောင်းပြီး သုံးနိုင်တဲ့ အပြင် အပူချိန် တော်တော် များများပေးတဲ့ အထိ ပုံပြောင်း မသွားတဲ့ ပစ္စည်းတခုဖြစ်တဲ့ ပလပ်စတစ်ကို တီထွင်နိုင်ခဲ့ ပါတယ်။

တက်ဖလွန် (Teflon)
တက်ဖလွန် (Teflon) သုတ်ထားတဲ့ ဒယ်အိုးတွေ၊ ခွက်တွေက အိုးမကပ်အောင် ကာကွယ်ပေးပါတယ်။
ကြက်ဥမွှေကြော် လို အိုးကပ်တတ်တဲ့ အစားအသောက်တွေ ကြော်ချက်ရာမှာ ဆီအများကြီး ထည့်စရာမလို တော့ပါဘူး။ ဆီလျှော့စားနေတဲ့ ဒီနေ့ခေတ်မှာ တော်တော် အဆင်ပြေပါတယ်။ အဲဒီ တက်ဖလွန် ကို တွေ့ရှိခဲ့တာ ကလည်း စိတ်ဝင်စား စရာပါ။
ဓာတုဗေဒပညာရှင် ရွိုင်းပလန်းကက်(Roy Plunkett) ဟာ ၂၀ရာစု အစပိုင်း လောက်က ဒူးပွန့် (DuPont) ကုမ္ပဏီမှာ အလုပ် လုပ်နေခဲ့ပါတယ်။

အဲဒီမှာ ရေခဲ စေတဲ့အရာ ဓာတုပစ္စည်း တခုကို စမ်းသပ်ရင်း ဓာတ်ပြုမှုကင်းပြီး အိုးမကပ်တဲ့ ဓာတု ပစ္စည်းအသစ် တခုကို တွေ့ရှိခဲ့ ပါတယ်။ ဒူးပွန့်က အဲဒီ ဓာတုပစ္စည်းကို မြန်မြန်ဆန်ဆန်ပဲ မှတ်ပုံတင်မူပိုင်ခွင့် ရယူခဲ့ ပါတယ်။
အဲဒီ ဓာတုပစ္စည်းက အခု လူအများသိနေ၊ သုံးနေကြတဲ့ တက်ဖလွန် (Teflon) ဖြစ်ပါတယ်။

Credit- သုတကမ္ဘာ