Monday, 12 August 2013

ငွေနဲ့ ပညာ ဘယ်ဟာ အရင်ရှာမလဲ

Myanmar Online News
Saturday, August 10, 2013

သူငယ်ချင်း တစ်ယောက်ကပြောတယ်။ ပညာရှာဖို့အတွက် ပိုက်ဆံဆိုတာ အရင်လိုအပ်တယ်ကွ တဲ့။ စာဖတ်သူတို့ လက်ခံပါသလား။ လက်ခံတယ်ဆိုရင် မှားနိုင်ပါတယ်။ ဘာကြောင့်ပါလဲ....

ပညာရှာဖို့အတွက် အချို့ က မွေးရာပါ မချမ်းသာလာပါဘူး။ ဒါကြောင့် ပဲ ငွေမတတ်နိုင်လို့ ပညာရေးမှာအားမပေးလို့ ဘဝရှုံးတာတွေ လက်တွေ့ မှာလည်း မြင်ရ သိရပါတယ်။ နောက်ဆုံး ထားလိုက်တဲ့ ခံယူချက်ကတော့ ငွေမရှိလို့ ပညာမရှာနိုင်ဘူး ဆိုတာလေးပေါ့။

ခရီးတစ်ခုကို သွားတဲ့အခါ--

ပန်းခင်းထားတဲ့လမ်းပေါ်ရောက်ရင် ဖိနပ်ချွတ်လို့ လျှောက် ချင် လျှောက်နိုင်မယ်။

ဂုံးအဆင်းမှာ လမ်းလျောလို့ ဒရွတ်တိုက်ဆင်းချင်ဆင်းနိုင်တယ်။ ဆင်းလို့ရတယ်။

မက်ဆောက်လွန်းလို့ အပင်တက်ရသလို ဆွဲတတ်ချင် တတ်ရမယ်။

ရေပြည့်နေလို့ လက်ပစ်ကူးရချင် ကူးရမယ်။

မြွေပေါလို့ ဘွတ်ဖိနပ်စီးချင်စီးရမယ်။

ကျားပေါလို့ ခါးတောင်းကြိုက် ပြေးချင်ပြေးရမယ်။

ဆိုလိုရင်းက ဒီလိုပါ။ ပညာတစ်ခုကို ရှာဖို့ ကြိုးစားတိုင်း ငွေမရှိတဲ့ အခက်နဲ့ ကြုံတဲ့အခါ ဒါကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို အဖြေရှာတတ်ဖို့ပါ။

ခရီးတစ်ခုကို တည့်တည့်သွားလို့ မရရင် သွယ်ဝိုက်ပြီးသွားရတာမျိုးတွေ ရှိပါတယ်။ ရေကြီးနေလို့ ရေကျတဲ့အချိန်ကို စောင့်ရတာမျိုးတွေ ရှိပါတယ်။

ဒီလိုပါပဲ သင်တန်းကြေး၊ ကျောင်းကြေးမရှိလို့ လက်လျော့ အရှုံးပေးမယ့် အစား ငါဒီပညာ၊ အရည်အချင်းရဖို့၊ လက်မှတ်ရဖို့၊ တကယ်လည်း သိဖို့တတ်ဖို့ ဘယ်လိုကြိုးစားယူရမယ်ဆိုတာကို ထွက်ပေါက် စဉ်းစားတတ် ဖို့ပါ။

ဘဝမှာ မွေးလာကတည်းက ကိုယ်ဒါဆိုဒါပဲ လျှောက်ရမယ်၊ လုပ်ရမယ်လို့ စည်းကမ်း မချထားပါဘူး။ အမြဲတမ်း ထွက်ပေါက်၊ ရှောင်လွဲပေါက်၊ ဖြေရှင်းပေါက်၊ ဖြတ်လမ်း အစရှိသဖြင့် တို့ကို စောင့်စိုင်း ကြည့်ရှုရမယ်။ တကယ်လည်း လျှောက်ရမယ်။

အောင်မြင်တဲ့သူတွေ အများစုက အဲ့လိုနည်းလမ်းတွေ အရမ်းသုံးတယ်။ ကျောင်းမတတ်နိုင်ဘူး။ ကျောင်းပညာမှာ စိတ်မပါဘူး။ သို့ပေမယ့် တစ်ဖက်ဖက်မှာ ထူးချွန်သွားတယ်။ သို့တည်းမဟုတ် ယင်းပညာကိုပဲ သွယ်ဝိုက်သောနည်းနဲ့ ရယူ ကြိုးစားတာကြောင့် လက်တွေ့ ဖြစ်လာတာမျိုးတွေလည်း သာဓကတွေ အများကြီးပါ။ သိချင်ရင် ဘယ်သူတွေ ဆိုတာကို တစ်ယောက်ချင်းစီညွန်ပြပါ့မယ်။

ဒီလောက်ဆိုရင် ငွေနဲ့ ပညာ ဘယ်ဟာကို အရင်ရှာရမလဲဆိုတာ ရှင်းနေပြီလေ။ ဘယ်သူမှ ငွေလေး ကျလာပါစေလို့ မစောင့်ဘူး။ ငွေကို ရအောင် သမာအာဇီဝနည်းနဲ့ ကြိုးစားရင်ကြိုးစားပေါ့။ မဖြစ်နိုင်သေးဘူး ဆိုရင် ငါ ရေကျတဲ့ အချိန်ကိုပဲ စောင့်မလား၊ တစ်ခြားလမ်းကနေ သွားရမလား၊ ခုန်ဆွခုန်ဆွသွားရမလား ဥာဏ်ရှိသလိုသုံးသပ်ပေါ့။ ငွေမရှိလို့ ပညာမရှိသည့် ဘဝအခက်အခဲအား ကြော်ဖြတ်နိုင်ရန် စာရေးသူမှ တိုက်တွန်း ရေးသားလိုက်ရ ပါတယ်။

အောင်ခမ်း (ရိုးရာလေး)
https://www.facebook.com/photo.php?fbid=566288230081100&set=np.31371343.1748790824&type=1&ref=notif&notif_t=notify_me&theater

No comments:

Post a Comment