Wednesday, 14 August 2013

မျက်နှာပုံစံနှင့် စိတ်ထားများ



Myanmar Online News
Wednesday, August 14, 2013

မျက်နှာဝိုင်းသူများ
စိတ်ခံစားရလွယ်သူများ ဖြစ်ပြီး ဆတ်ဆတ်ထိ မခံတတ်သူများ ဖြစ်ကြသည်။ စိုးရိမ်ကြောင့်ကျမှုကြီးပြီး သစ္စာရှိရှိနှင့် မိမိတို့မိတ်ဖက်ကိုလည်း ရှည်ကြာစွာပေါင်း ဖော်တတ်ကြသူ များဖြစ်သည်။

မျက်နှာရှည်သူများ
အလုပ်ကို လက်တွေ့ကျကျ နည်းစနစ်ကျကျ လုပ်တတ်ပြီး အလုပ် ကို မနားမနေ လုပ်တတ်သူများဖြစ် သည်။ များသောအားဖြင့် အားကစားသမားများဖြစ်ကြပြီး အချို့က အတ္တပေမဝါဒ ရှိသူများ ဖြစ်ကြသည်။ သို့ဖြစ်၍ ဆက်ဆံရေး၌ ပြသနာရှိ တတ်သူများ ဖြစ်သည်။

မျက်နှာလေးထောင့်ကျသူများ
ရန်လိုတတ်ခြင်း၊ ရည်ရွယ် ချက်ကြီးမားခြင်း သို့မဟုတ် ဗိုလ်ကျ တတ်သောသူများ ဖြစ်သည်။ သူတို့ က ထက်မြက်ပြီး ပိုင်းခြားစိတ်ဖြာ တတ်သောစိတ်၊ အဆုံးအဖြတ်ပေးတတ်သော အရည်အချင်း ရှိသူများ ဖြစ်ကြသည်။

မျက်နှာချွန်သူများ
(တြိဂံပုံမျက်နှာ)ရှိသူများ
ဤမျက်နှာရှင်များတွင် များ သောအားဖြင့် ပိန်သောခန္ဓာကိုယ် ရှိကြသည်။ ဥာဏ်ကောင်းပြီး စည်းရုံးရေး ကောင်းသူများ ဖြစ်ကြသည်။ တီထွင်ကြံဆတတ်ပြီး သိမ်မွေ့နူးညံ့သယောင် ရှိသော်လည်း ပင်ကိုယ် စိတ်က ဒေါသထွက်တတ်ကြသည်။

ဒေါန
Health Updates Journal

No comments:

Post a Comment