Friday, 16 August 2013
ချစ်သူတို့ ရှောင်ရှားရမည့် ၁၂ ချက်…
ပြီးခဲ့တာတွေ ဟာ ပြီးခဲ့ပါပြီ… အသေးစိတ်ပြောပြရင်လဲ မင်းက မခံနိုင်ဘူး… အပေါ်ယံပြောပြရင်လဲ မင်းစိတ်ထဲမှာ က မေးခွန်းတွေဘဲ။
အထူးသဖြင့် အရင်က ဘယ်လောက်ထိ အချစ်ကြီးခဲ့တယ်… အရင်က တစ်ယောက်ကို ဘယ်လို ဘယ်လို ကြိုးစားပြီး ချစ်ခဲ့ ရတာတွေကို ပြောမနေပါနဲ့။
အနည်းနဲ့ အများတော့ အလေးထားတတ်ပေမဲ့ အရေးကြီးတာကတော့ ကိုယ့်စိတ်နေစိတ်ထားကို လမ်းကြောင်းပေးဖို့ လိုပါလိမ့်မယ
အခုခေတ်မိန်းကလေးတွေ ယောကျာ်းပြောစကားအတိုင်း တသွေမတိမ်း လိုက်လုပ်ဖို့ က မဖြစ်နိုင်တော့ပါဘူး။
သို့ပေမဲ့… တခြားတစ်ယောက်ရဲ့ အခြားကိစ္စမျိုးဆိုရင်တော့ ချီးမွန်းခန်း ဖွင့်လို့ရပါတယ်။ ဥပမာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ လှပမှုမျိုး မဟုတ်ဘဲ အတွင်းပိုင်း စိတ်ထားဆိုင်ရာ လှပမှုမျိုးကို ချီးကျူးလို့ရပါတယ်… ဒီလို လုပ်ခြင်း အားဖြင့်လဲ သူ့ ရဲ့ လိုအပ်ချက်ကို သူကိုယ်တိုင် သိရှိလာစေပြီး သူကိုယ်တိုင်လဲ ပြောင်းလဲဖို့ ကြိုးစားလာပါလိမ့်မယ်။
သူ့စိတ်ထဲမှာ ဖိစီးမှု တစ်ခု ဖြစ်လာစေပြီး သူ့ကိုယ်သူ မင်းရဲ့စိတ်ထဲ က အကောင်းဆုံး လူတစ်ယောက် ဖြစ်မလာနိ
သူ အရမ်းဝမ်းနည်း မိပါလိမ့်မယ်… သူ့ကို အလေးမထားဘူး… မျက်နှာသားမပေးဘူးလို့ခံစား သွားတတ်ပါတယ်… သူငယ်ချင်းရှေ့မှာ တခါတလေတော့လဲ သူ့ကို ချစ်ကြောင်းတော့ ပြပေးရပါတယ်… အထူးသဖြင့် သူငယ်ချင်းတွေရှေ့မှာ အော်တာ ငေါက်တာမျိုး မလုပ်မိပါစေနဲ့။
ဒါမှ မဟုတ် သူ့လက်ကို တွဲထားပြီး ဘေးက ဖြတ်လာသမျှ အလန်းလေးတွေကို မကြည့်မိပါစေနဲ့… ဒါက သူ့ကို စော်ကားရာရောက်ပါတယ်။ သူနဲ့ မရှိတဲ့ အချိန်မျိုးမှာ ကြည့်ချင်ကြည့်ပေါ့။
မင်းရဲ့ နွေးထွေးတဲ့ ပွေ့ဖက်မှုဟာ သူ့ရဲ့ မှီခိုရာဆိုတာကို ယုံကြည်လာအောင်လုပ်ပါ… အရမ်းတင်းကြပ်လွန်းရင် မခံနိုင်ဘဲ လွတ်ထွက်သွားနိုင်ပါတယ်။
သူမောပန်းနေတဲ့ အချိန်မျိုးမှာ ဖုန်းလေး ဆက်ပေးတာဘဲဖြစ်ဖြစ်၊ စာလေး ပို့ပေးတာဘဲ ဖြစ်ဖြစ် ဒါတွေဟာ တခြားလက်ဆောင် ၀ယ်တာထက်ကို ပို ပြီး တန်ဖိုးရှိပါတယ်။
တချက်ကြည့်လိုက်တာနဲ့ မသိမှန်း သိပါတယ်… နားမလည်ဘူးဆိုရင်လဲ ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်ပါ… ဘာမှ မဖြစ်ပါဘူး။
မင်းတို့ နှစ်ယောက်သား အတူယှဉ်တွဲဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့ ကိုယ့်ဥာဏ်လေးနဲ့ ကိုယ် ဇာတ်လမ်းလေးကို ခင်းကြပါတော့ဗျာ…
Labels:
လူငယ်ရေးရာ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment