ငယ်သူငယ်ချင်း
ကျွန်တော်၏ " ငယ်သူငယ်ချင်း
" များအားလုံးကို သတိရ လွမ်းဆွတ်ခြင်း နှင့်အတူ ဒီ ဓာတ်ပုံဖြင့်
ဂုဏ်ပြုအပ်ပါသည်....။
Photography by : Maung
Moe Lwin
" ငယ်သူငယ်ချင်း " ဆိုတာ ပန်းရနံ့တွေ နဲ့
ထုံသင်းမွှေးပျံ့နေတဲ့ ပန်းဥယျာဉ်ကြီး နဲ့တူတယ်လို့ တစ်ချို့က တင်စားကြလေရဲ့....။
" ငယ်သူငယ်ချင်း " ဆိုတာ စဉ်ဆက်မပြတ်
စီးဆင်းနေတဲ့ ရေတံခွန်ကြီး တစ်ခု နဲ့ တူတယ်လို့ တစ်ချို့က ဆိုကြပြန်တယ်....။
" ငယ်သူငယ်ချင်း " ဆိုတာ ဘောလ်ပင် နဲ့
စာအုပ်တစ်အုပ် ရဲ့ ပထမဆုံး စာမျက်နှာ လိုပါပဲလို့ ငယ်သူငယ်ချင်း တစ်ဦးကလည်း
အဆိုပြုထားပြန်တယ်....။
ကျွန်တော့်အတွက်တော့ " ငယ်သူငယ်ချင်း "
ဆိုတာ အမြဲလည်နေတဲ့ ရပာတ်ကြီး တစ်စင်း နဲ့ အလား သဏ္ဍန် တူပါတယ်....။
ကျွန်တော်တို့တွေ ငယ်ငယ်တုန်းက ဒီ ရပာတ်ကြီး တစ်စင်းကိုပဲ စိတ်တူကိုယ်တူ "
ငယ်သူငယ်ချင်း " တွေ ၀ိုင်းပြီး လှည့်ခဲ့ကြဘူးပါတယ်။
တစ်ယာက်က မနက်ဖြန်
ကျောင်းပြေးရအောင်လို့ စကားစလိုက်တာနဲ့ ကျန်တဲ့ သူငယ်ချင်းတွေက ဘယ်နေရာသွားမယ် ၊
ဘာ နဲ့သွားမယ် ၊ ဘာလုပ်မယ် ညာလုပ်မယ် ၊ ရုပ်ရှင်ကြည့်မယ် ၊ ပန်းခြံသွားမယ် နဲ့
တစ်ယောက်တစ်မျိုး ၀ိုင်းဝန်း အကြံညဏ်ပြုပြီး တာဝန်တွေ ၊ group
တွေခွဲလိုက်ကြပါတယ်....။
အဲဒီအရွယ်တုန်းက အများပိုင်
ရပာတ်ကြီးကို တစ်ယောက်အား နဲ့ မလှည့်နိုင်လေတော့ စုပေါင်းအား နဲ့ သူငယ်ချင်းတွေ
စုစည်းပြီး လှည့်နေရတဲ့ အချိန်ပေါ့။
"ငယ်သူငယ်ချင်း " စစ်စစ်
ဆိုတာ အကောင်းထက် ကိုယ်စိတ်သန်ရာ အဆိုးတွေချည်းပဲ ဥိးတည်လုပ်တတ်တဲ့
ဆိုးတူကောင်းဖက် သူငယ်ချင်းမျိုးသာ " ငယ်သူငယ်ချင်း " စစ်စစ်
မည်၏တဲ့....။ ၃ နဲ့ ၄လို အမြဲ ကျောချင်းကပ်နေပြီး ကိုယ်မမြင်ရတဲ့ ကိုယ့်ကျောရဲ့
နောက်က အန္တရာယ်တွေကို ကြည့်ပေကြစတမ်း....။
ကျောင်းပြေးဖော်ပြေးဖက် ၊ အအေးဆိုင်
ထိုင်ဖော်ထိုင်ဖက် ၊ ရည်းစားစာ ရေးဖော်ရေးဖက် ၊ ကိုယ်မျက်စိကျနေတဲ့
ကောင်မလေးတွေကို လိုက်ကြောင်ဖော်ကြောင်ဖက် ၊ စာမေးပွဲခန်းထဲမှာ စာပြဖော်ပြဖက် ၊
ဆေးလိပ်ခိုးသောက်ဖော်ခိုးသောက်ဖက် ၊ ရန်ဖြစ်ဖော်ဖြစ်ဖက် ၊
ပိုက်ဆံချေးဖော်ချေးဖက် ၊ ဗရုတ်ကျဖော်ကျဖက်တဲ့....။
( မှတ်ချက် ။ ။ မိန်းကလေး ငယ်သူငယ်ချင်းများ အတွက်မူ
မိန်းကလေးချင်း အတင်းပြောဖော်ပြောဖက် ကိုမပါမပြီး ထည့်ရေးရမည်ဖြစ်ပါသည်...။ )
သင့်ရဲ့ အဖြူ ၊ အစိမ်း နဲ့ ကောလိပ် ၊ တကသိုလ်
ကျောင်းသား ၊ ကျောင်းသူ ဘ၀တွေမှာ အထက်ပါ အချက်တွေထဲက တစ်ခုခု နဲ့ ညိနေမယ်ဆိုရင်
သင်ပာာ ငယ်သူငယ်ချင်းကောင်း တစ်ယောက်လို့ မှတ်လိုက်ပါ။ အချက်အလက်တွေ အားလုံးနီးပါး
ကိုက်ညီနေမယ် ဆိုရင်တော့ သင်ပာာ သစ္ဓာရှိတဲ့ ငယ်သူငယ်ချင်း စစ်စစ် တစ်ယောက်လို့
ပြောနိုင်ပါပြီ။
လူဆိုတာ ကောင်းတာထက် မကောင်းတာကို
ပိုပြီး လုပ်ချင်ကြတာ ဓမ္ဓတာပါ...။ အဲဒီလို ကျောင်းနေအရွယ် အချိန်တုန်းက
ငယ်သူငယ်ချင်းတွေ မပာုတ်တာ လုပ်လာကြပြီဆိုရင် တစ်ယောက် နဲ့ တစ်ယောက် အမြီးချင်းလိမ်ပြီး
အကာအကွယ် ပေးတတ်ကြပါတယ်။
တစ်ချို့ အတန်းက ငယ်သူငယ်ချင်း
တွေဆိုရင် မပာုတ်တာ လုပ်လို့ ဆရာ ၊ ဆရာမ သိသွားပြီး တစ်ယောက်ခံရမယ့် ကြိမ်ချက်ကို
တခြားတစ်ယောက်က သူ့သူငယ်ချင်းအတွက် လိမ်ပေးပြီး အပြစ်တွေအားလုံးကို အစားထိုး
ခံယူသွားတာမျိုး ။
ဆရာ ၊ ဆရာမ တွေရဲ့ ဒေါသအိုးပေါက်ကွဲပြီး စာသင်ခန်းထဲ
မုန်တိုင်းထန်နေတဲ့ အချိန်မှာ သူက သူငယ်ချင်း တစ်ချို့ အတွက် အဲဒီ
ဒေါသမုန်တိုင်းကို တစ်ယောက်တည်း ရင်ဘတ် နဲ့ စီးပြီး ခံသွားတာမျိုးတွေကို မျက်မြင်
ကိုယ်တွေ့ ကြုံခဲ့ဘူးပါတယ်။ အဲဒီလို ငယ်သူငယ်ချင်းမျိုးကျတော့ ဘ၀တစ်သက်တာ
ဘယ်တော့မှ မမေ့စကောင်းတဲ့ သူငယ်ချင်းမျိုးပါ....။
အခုတော့ " ငယ်သူငယ်ချင်း " တွေပာာ ဘ၀ရဲ့
ကျရာနေရာမှာ အသက်မွေး ၀မ်းကျောင်းပြုကြရင်းနဲ့ ဘ၀ ဆိုတဲ့ ကိုယ်ပိုင် ရပာတ်ကြီး
တစ်စင်းကို ကိုယ်တိုင် လှည့်နေကြရပါပြီ။ ကိုယ်ပိုင် ရပာတ် ကိုယ်စီ နဲ့ ကိုယ်တိုင်
လှည့်ကြရတဲ့အခါမှာ တစ်ယောက် နဲ့ တစ်ယာက် အနိမ့် နဲ့ အမြင့် မတူညီကြတော့သလို ၊
အနှေး နဲ့ အမြန်လည်း မတူညီကြတော့ပါဘူး။
ဒါပေမယ့် ကိုယ်ပိုင် ရပာတ်ကြီးက
တို့တွေ ငယ်ငယ်တုန်းက စုပေါင်းအား နဲ့ လှည့်ခဲ့ကြတဲ့ အများပိုင် ရပာတ်ကြီးလောက်
ပျော်ဖို့မကောင်းတော့တာ အမှန်ပါ သူငယ်ချင်း....။ ဘ၀ ဆိုတဲ့ ကိုယ်ပိုင် ရပာတ်ကြီးက
သိပ်ကို လေးလံလွန်းပါတယ်....။
ကျွန်တော်၏ " ငယ်သူငယ်ချင်း
" များအားလုံးကို သတိရ လွမ်းဆွတ်ခြင်း နှင့်အတူ ဒီ ဓာတ်ပုံဖြင့်
ဂုဏ်ပြုအပ်ပါသည်....။
မောင်မိုးလွင်....ခံစားတင်ပြသည်။
ရန်ကုန်တိုင်း ၊ ခရမ်းမြို့နယ် ၊ ဒေးပေါက် ( စံပြ ) ကျေးရွာ
No comments:
Post a Comment