Myawady
News
Tuesday, August 13, 2013
ဇိမ်ခံရွက်သင်္ဘောနှင့် အပန်းေ ဖြခရီး ထွက်လာသည့် လုပ်ငန်ရှင်သူဌေးကြီး တစ်ယောက်က
ပင်လယ်ကန်းရိုးတန်း တစ်နေရာတွင် လမ်းလျှောက်ရင်း၊ တံငါသည် တစ်ယောက်က လှေနံဘေးမှာ အေးအေးဆေးဆေး
လှဲကာ ဆေးတံကိုခဲနေသည်ကို တွေ့ ရလေသည်။
သူ့ ပုံစံ ကိုကြည့် ကာ သူဌေးကြီး စိတ်ပျက်သွားကာ ဂရုဏာဒေါသောနှင့်မေးသည် ။
"မင်း ဘာလို့  ငါးဖမ်းမထွက်ပဲ ဒီမှာ ထိုင်နေရတာလည်း"
"မနက်အစောကြီးတည်းကပဲ တစ်နေ့စာဖမ်းလို့ ရပြီဗျ" တံငါသည်က ဖြေသည် ။
"ဟ ဒါဆို နောက်ထပ်မဖမ်းတော့ဘူးလား"
"ဖမ်းပြီး ဘာလုပ်ရမှာလည်း"
"ထပ်ဖမ်းတော့ ရောင်းစားရင် ပိုက်ဆံပိုရမှာပေါ့ကွ၊ ပိုက်ဆံများများရရင် မင်းလှေမှာ စက်တပ်လို့ရမယ်၊ စက်နဲ့ ဆိုရင် ပင်လယ်ထဲ အဝေးကြီးထွက်နိုင်မယ်၊ အဲဒီအခါ ငါးတွေပိုရမယ်၊ အဲဒါတွေကိုရောင်းပြီး ပိုက်ဆံစုရင် မင်း နိုင်လွန်ပိုက်ဝယ်နိုင်မယ်၊ နိုင်လွန်ပိုက် ၀ယ်နိုင်မယ် ။
နိုင်လွန်ပိုက်နဲ့ ဆိုတော့  ငွေပိုရပြီး ၊ စက်လှေ တစ်စီးကနေ နှစ်စီးဖြစ်လာမယ်၊ ဒိထက် အမြောက်အမြားလဲ ဖြစ်လာနိုင်တယ်၊ အဲဒီအခါ မင်း ငါ့လိုသူဌေးတစ်ယောက်
ဖြစ်လာမှာပေါ့ကွ"
သူဌေးကြီးက ကြီးပွားရေး လမ်းကြောင်းကို တွက်ပြသည်။
"အဲဒီအခါကျ ကျွန်တော်က ဘာလုပ်ရမှာလဲ၊"
"အဲဒီခါ မင်း ငါ့လို အေးအေးဆေးဆေး ဇိမ်နဲ့နေနိုင်မှာပေါ့ကွ၊"
"သြော်၊ ကျွန်တော် အခုကော ဘာလုပ်နေတယ် ထင်လို့လဲ"
Anehony DeMello ၏ How Much Is Enough
ဖေမြင့် ဘာသာပြန်သည်
Tuesday, August 13, 2013
ဇိမ်ခံရွက်သင်္ဘောနှင့် အပန်းေ
သူ့ ပုံစံ ကိုကြည့် ကာ သူဌေးကြီး စိတ်ပျက်သွားကာ ဂရုဏာဒေါသောနှင့်မေးသည် ။
"မင်း ဘာလို့  ငါးဖမ်းမထွက်ပဲ ဒီမှာ ထိုင်နေရတာလည်း"
"မနက်အစောကြီးတည်းကပဲ တစ်နေ့စာဖမ်းလို့ ရပြီဗျ" တံငါသည်က ဖြေသည် ။
"ဟ ဒါဆို နောက်ထပ်မဖမ်းတော့ဘူးလား"
"ဖမ်းပြီး ဘာလုပ်ရမှာလည်း"
"ထပ်ဖမ်းတော့ ရောင်းစားရင် ပိုက်ဆံပိုရမှာပေါ့ကွ၊ ပိုက်ဆံများများရရင် မင်းလှေမှာ စက်တပ်လို့ရမယ်၊ စက်နဲ့ ဆိုရင် ပင်လယ်ထဲ အဝေးကြီးထွက်နိုင်မယ်၊ အဲဒီအခါ ငါးတွေပိုရမယ်၊ အဲဒါတွေကိုရောင်းပြီး ပိုက်ဆံစုရင် မင်း နိုင်လွန်ပိုက်ဝယ်နိုင်မယ်၊ နိုင်လွန်ပိုက် ၀ယ်နိုင်မယ် ။
နိုင်လွန်ပိုက်နဲ့ ဆိုတော့  ငွေပိုရပြီး ၊ စက်လှေ တစ်စီးကနေ နှစ်စီးဖြစ်လာမယ်၊ ဒိထက် အမြောက်အမြားလဲ ဖြစ်လာန
သူဌေးကြီးက ကြီးပွားရေး လမ်းကြောင်းကို တွက်ပြသည်။
"အဲဒီအခါကျ ကျွန်တော်က ဘာလုပ်ရမှာလဲ၊"
"အဲဒီခါ မင်း ငါ့လို အေးအေးဆေးဆေး ဇိမ်နဲ့နေနိုင်မှာပေါ့ကွ၊"
"သြော်၊ ကျွန်တော် အခုကော ဘာလုပ်နေတယ် ထင်လို့လဲ"
Anehony DeMello ၏ How Much Is Enough
ဖေမြင့် ဘာသာပြန်သည်

No comments:
Post a Comment