Thursday, 15 August 2013

စိတ်အနေအထားက ဘဝကို ဆုံးဖြတ်ပေးသူ






ဘယ်လောက်ပဲ စိတ်အနှောင့် အယှက် ဖြစ်နေပါစေ ပြုံးပြဖို့ မမေ့ပါနဲ့  ...


ဘယ်လောက်ပဲ စိတ်ဆန္ဒ စောနေပါစေ စကားသံ အနေအထားကို ဂရုစိုက် သတိပြုပါ ...
 

ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်း နေပါစေ အားတင်းခိုင်မာအောင် နေဖို့ မမေ့ပါနဲ့ ...
 

ဘယ်လောက်ပဲ ပင်ပန်းနွမ်းနယ် နေပါစေ ကိုယ့်ကိုကိုယ် ချစ်တတ်ပါ ...
 

ကိုယ့်ကိုကိုယ် နှိမ့်ချနေတတ်လျှင် တစ်ကြိမ်ထက် တစ်ကြိမ် ပိုတည်ငြိမ် ခိုင်မြဲလာနိုင်၏ ...
 

မြင့်မားတည်တံ့စွာ လုပ်ကိုင်လျှင် တစ်ကြိမ်ထက် တစ်ကြိမ် ပိုပြီးထူးကဲပြောင်မြောက် အောင်မြင်နိုင်၏ 
 

အောင်မြင်တဲ့အချိန်မှာ အတိတ်က အကြောင်းတွေကို မမေ့ပါနဲ့ (ဘဝမမေ့ပါနဲ့ )
 

ရှုံးနိမ့်တဲ့အချိန်မှာ အနာဂတ်ရှိနေသေးတယ် ဆိုတာ မမေ့ပါနဲ့ (မျှော်လင့်ချက်ရှိပါသေးတယ်)
 

ဘဝဆိုတာ တစ်ခုတည်းသော လမ်းမဟုတ်ပါဘူး ... ဒီတစ်လမ်း ဖြတ်ကျော်သွားလို့ မရရင် ကွေ့ပတ်ပြီး သွားပါ ..

ရေးမိရေးရာလေးများ

No comments:

Post a Comment