Monday, 5 August 2013

ဘယ်မိန်းကလေးမဆို Romantic ဆန်တာကိုတော့ သဘောကျကြတာချည်းပဲ

ခေတ်ဆန်ပြီးလှပသွက်လက်နေတဲ့ မိန်းကလေး ပဲဖြစ်ဖြစ်
ခပ်ရိုးရိုး ခပ်အေးအေးနဲ့ မလှုပ်မယှက် ကျောက်ရုပ်ဒီဇိုင်းနဲ့ မိန်းကလေး ပဲဖြစ်ဖြစ်
တအားကိုထက်မြက်ပြီး အရာရာမှာတော်နေတဲ့ မိန်းကလေး ပဲဖြစ်ဖြစ် ..

မိန်းကလေးမှန်ရင် romantic ဆန်တာကို နှစ်သက်ကြတာချည်းပဲ ..

Romantic ဆန်တယ်ဆိုတာ ..
အခန်းလေးတစ်ခုတည်းမှာ ဖယောင်းတိုင်လေးထွန်းပြီး dinner အတူတူ စားတာမျိုးမှ မဟုတ်ဘူး ။
လမ်းဘေးဆိုင်မှာပဲဖြစ်ဖြစ် အတူတူထိုင်စား .. သူမမှာခင် ကိုယ်က သူကြိုက်တတ်တာလေးကို အရင်ဦးအောင်မှာပေးတာလည်း romantic ဆန်တာပဲ ...

လူတွေအများကြီးရှေ့မှာ နှင်းဆီပန်းပွင့်တစ်ရာတို့ ၉၉၉ပွင့်ပေးတာတို့ အဲ့ဒီလောက်တွေလုပ်ပြမှ romantic ဆန်တာမျိုးမဟုတ်ဘူး ။
ကိုယ်က သူ့မွေးနေ့မှာပဲဖြစ်ဖြစ် သူနဲ့ကိုယ့်ရဲ့အမှတ်တရဖြစ်ခဲ့တဲ့date မျိုးလေးတွေမှာပဲဖြစ်ဖြစ် သူမမျှော်လင့်ထားတဲ့အချိန်မှာ လက်ဆောင်ပေးတာကလည်း romantic ဆန်တာမျိုးပဲလေ ..

ဘယ်လောက်ပဲ ယောကျာ်းဆန်လှပါချည်ရဲ့ ဆိုတဲ့ ကောင်လေးမျိုးဖြစ်ဖြစ် ရှင်းရှင်းဘွင်းဘွင်းကိုမှ သဘောကျတတ်တဲ့ ကောင်လေးမျိုးဖြစ်ဖြစ် ကိုယ့်ချစ်သူ ကောင်မလေးအပေါ်မှာ နည်းနည်းတော့ romantic ဆန်ပေးသင့်ပါရဲ့ ..

အဲ့ဒီလို
အဲ့ဒိလို romantic ဆန်တာမျိုးလေးတွေ လုပ်ခြင်းဖြင့် သင့်ချစ်သူကောင်မလေးက သင့်အပေါ်မှာ အရင်ကထက် ပိုချစ်လာနိုင်တယ်ဆိုတာ ရဲရဲကြီးအာမခံရဲတယ်။

သြော် ..

တစ်ခု ရှိသေးတယ် ..

မနက်မိုးလင်းတာနဲ့ ကိုယ့် ချစ်သူ့ဆီကို morning ပါချစ်သူ လို့မက်ဆေ့လေးတစ်စောင်ဖြစ်ဖြစ် ..
ညမိုးချုပ်တာနဲ့ good night , sweet drm ပါချစ်သူ ဆိုတဲ့မက်ဆေ့လေး တစ်စောင်ဖြစ်ဖြစ်..
အဲ့ဒီလို ပို့ပေးခြင်းကလည်း romantic အဆန်ဆုံးဆိုတာ လုံးဝမမေ့နဲ့နော်

မယ်ပိုး ( ပိုးသင်ဇာ )
< Heart Canteen >

No comments:

Post a Comment