Wednesday, 14 August 2013

Toner ကို ဘာကြောင့်သုံးစွဲကြသလဲ



Wednesday, August 14, 2013

(၁) Toner ရည်က ချွေးပေါက်များ ကို ကျဉ်းစေသည်။ မျက်နှာကိုရေ နွေးနှင့်ဆေးပါက ချွေးပေါက်များကို ပွင့်သွားစေသည်။ အလွန်ကျယ်သော ချွေးပေါက်များအတွက် မျက်နှာဆေးပြီးသည်နှင့် Toner ကို လိမ်းပေးမှသာ ချောမွတ်နုပျိုသော မျက်နှာပိုင်ရှင်ဖြစ်လာမည်။

(၂) Toner က မျက်နှာပြင်ရှိ ဆဲလ် များ၊ ဆပ်ပြာအကြွင်းအကျန်များ၊ စွဲ ငြိနေသောမိတ်ကပ်များ၊ ဖုံမှုန်နှင့် ဆီများကို သန့်စင်စေသည်။ ယင်းတွင် alcohol, salicylic acid, witch haze သို့မဟုတ် benzoyl peroxide တို့ ပါဝင်သည်။ ဤပါဝင်မှု အတော်တော်များများက မျက်နှာရှိ မလိုအပ်သော ဆီများကို ဖယ်ရှာပေးနိုင်သည်။

(၃) အရေပြားအတွင်း PH level ကို ညှိပေးသည်။ အကယ်၍ ဝက်ခြံ ပျောက်ဆေး စသည်တို့ကို သုံးနေသူ ဖြစ်ပါက အရေပြားမှ PH level ကို ညှိယူနိုင်ခြင်းမရှိနိုင်ပါ။ သို့ဖြစ် ၍ Toner သုံးခြင်းဖြင့် benzoyl peroxide သို့မဟုတ် salicylic acid တို့က အသားအရေ၏ PH Balance ကို ပြန်လည် ရရှိအောင် ပေးစွမ်းနိုင်သည်။

(၄) ညစ်နွမ်းသောအသားအရေ၊ အသက်အရွယ်အရ ဖြစ်ပေါ်လာသော အရေးအကြောင်းများကို လျော့နည်းစေပြီး အသားအရေ တင်းရင်းခြင်း၊ သွေးလှည့်ပတ်မှု ကောင်းခြင်း၊ ဆဲလ်သေများကို ပယ်ရှားပြီးဆဲလ် အသစ်များကို ဖြစ်ပေါ်စေခြင်းအပြင် ဒီအသားအရေကို လန်းဆန်းကြည် လင်စေသည်။

ထူး
Health Updates Journal

No comments:

Post a Comment