Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Wednesday, 8 October 2014

သီတင်းကျွတ်ည

ညခင်းရယ်သာ
လစန္ဒာတောင်ယုဂန်က
မှောင်ထုလှန်ခွင်း။
တာရာကြယ်စုံ
ပု ဏ္ဏမီခဝပ်လှုံခဲ့
မြဝတ်စုံ ရွှေယုန်လင်းတယ်
တိမ်ကင်းလို့ဝင်း။

လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်

မျက်ဖြေလင်္ကာ (အနန္တသူရိယအမတ်ကြီး)



သက္ကရာဇ် ၅၃၆ ခုတွင် ပုဂံ၌ နရပတိစည်သူသည် နောင်တော် မင်းယဉ်နရသိင်္ခကို လုပ်ကြံ၍ နန်းတက်၏။ ထိုအခါ နောင်တော်၏ အထိန်းတော်သား အနန္တသူရိယ အမတ်ကိုလည်း သတ်လေဟု သူသတ်တို့အား အပ်လေ၏။ သတ်ခါနီးတွင် အနန္တသူရိယအမတ်သည် အောက်ပါ လင်္ကာလေးပိုဒ်ကို ရေး၍ မင်းကြီးအား ဆက်ပါဘိဟု အပ်ခဲ့၏။

မျက်ဖြေလင်္ကာ
သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ ၊
ဓမ္မတာတည်း၊

ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ ၊
မတ်ပေါင်းရံလျက် ၊ ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ ၊ မင်းချမ်းသာကား
သမုဒ္ဒရာ ၊ ရေမျက်နှာထက် ၊
ခဏတက်သည် ၊ ရေပွက်ပမာ ၊
တစ်သက်လျာတည်း။

ကြင်နာသနား ၊ ငါ့အားမသတ် ၊
ယခုလွှတ်လည်း ၊ မလွတ်ကြမ္မာ ၊
လူတကာတို့ ၊ ခန္ဓာခိုင်ကျည် ၊
အတည်မမြဲ ၊ ဖောက်လွဲတတ်သည် ၊
မချွတ်စသာ ၊ သတ္တဝါတည်း။

ရှိခိုးကော်ရော် ၊ ပူဇော်အကျွန် ၊
ပန်ခဲ့တုံ၏ ၊ ခိုက်ကြုံဝိပါက် ၊
သံသာစက်မှ ၊ ကြိုက်လတ်တွန်မူ ၊
တုံ့မယူလို ၊ ကြည်ညိုစိတ်သန် ၊
သခင်မွန်ကို ၊ ချန်ဘိစင်စစ် ၊
အပြစ်မဲ့ရေး ၊ ခွင့်လျှင်ပေး၏ ၊
သွေးသည်အနိစ္စာ ၊ ငါ့ခန္ဓာတည်း။

Monday, 30 June 2014

လူတိုင်းတွင် တာဝန်ရှိပါသည်

ကျောင်းရှေ့က မုန့်ဆိုင်မှာ
မီးခြစ်ချိတ်ထားတယ်
အနာဂါတ်ကို မီးခိုးမှိုင်း တိုက်မလို့တဲ့

 
ဆရာဝန်တစ်ယောက်ကပြောတယ်
ဆရာဝန်တွေကို အာဏာတခုပေးပါ
ဆေးလိပ်အမြစ်ပြတ်တားချင်လို့ပါတဲ့ . . . 


မာသာထရေဇာက ပြောတယ်
ကျွန်မကလေးတွေအတွက်
ဒိုင်ယာနာသောက်တဲ့ ဟင်းချိုတစ်ခွက်တန်ဖိုးဆိုလောက်ပါပြီတဲ့ 


ကျွန်တော်တို့လည်း
ခရိုနီတွေ dinner တစ်ပွဲစာလောက်နဲ့
ကျောင်းကောင်းကောင်းတစ်လုံးဆောက်ချင်တယ် 


ပညာရေးဟာ
မေးခွန်းတွေအလည်မှာ သောင်ထွန်းနေတဲ့ကျွန်းဖြစ်နေပြီ
ဓာတ်ငွေ့တစ်လ ပြည်ပရောင်းရငွေက
international school 7 ကျောင်းဆောက်လို့ရပါသတဲ့
UNICEFက ပြောသွားတယ် …
ကလေးတွေ ကျောင်းတက်
ရေ ဒူးခေါင်းမြုပ်နေတုန်းပါပဲ
သွပ်က မိုးယိုတုန်းပါပဲ … … … 


မြန်မာပြည် ပညာတက်မှု
တစ်နိုင်ငံလုံး အတိုင်းအတာ (၄တန်း) တဲ့
(သွေးကြောတွေသာ ဖြတ်တောက်လိုက်ချင်တယ်) 


ကျွန်တော် ဥာဏ်မမှီဘူး
ဘယ်ခုနှစ်ကတည်းက ကျူရှင်ပေါ်လာတာလဲ ?
နာသုံးနာကို ခုတုံးလုပ်
တချို့က သူဌေးဖြစ်ကြံနေတယ်
(ဒါကလည်း အကြံဆိုးနဲ့ လမ်းပြခဲ့တဲ့ ခေါင်းဆောင်ညံ့ကြောင့်) 


ခင်ဗျားသူဌေးဖြစ်ချင်သလား ?
ဓားပြတိုက်ပါ … …
ဘဏ်ဖောက်ပါ … …
ဓားကိုင်ပြီး လူသတ်ရင် အများဆုံး ၁၀ ယောက်ပေါ့
သေနတ်နဲ့ပစ်သတ် အများဆုံး အယောက် ၅၀ ပေါ့


ဆရာတစ်ယောက်က အနာဂါတ်ကြီးကိုပါ သတ်ပြစ်နိုင်တယ်
သန်း ၆၀ လုံးကို ရေစုန်မျှောပစ်နိုင်တယ် . . .
(ဆွမ်းဆန်ထဲ ကြက်ချေးရောတဲ့ခေတ်မို့
ဆရာစစ်စစ်တွေကိုတော့ အားနာပါရဲ့)


ကလေးတွေ ကျောင်းရောက်ဖို့
မိဘတွေ ဝင်ငွေလောက်ဖို့လိုတယ်
မိဘတွေ ဝင်ငွေလောက်ဖို့
အခြေခံလစာတွေ တိုးမြင့်ဖို့လိုတယ် . . .


ကလေးတိုင်း ကျောင်းရောက်ပါရဲ့လား ?
ကျောင်းရောက်တိုင်း စာတတ်ပါရဲ့လား ?
စာတတ်တိုင်း စာဖတ်ပါရဲ့လား ?
စာဖတ်တိုင်း ပညာတက်ပါရဲ့လား ? 


စစ်အုပ်ချုပ်ရေးနဲ့
တိုင်းပြည်ကို ချောက်ထဲကန်ချသွားတာ
လူညံ့တွေ နေရာရတဲ့ တချိန်ကခေတ်ကြောင့်
လူတော်တွေ ဆုံးရှုံးလိုက်ရတာ . . . 


လဲနေရာက ထ,ဖို့သင့်ပါပြီ
ဆက်လဲနေရင် လူမျိုးပျောက်
ရာသက်ပန် ဒူးထောက်ရတဲ့လူမျိုးဖြစ်တော့မယ် 


ဆရာတွေ နိုးထကြပါ
မိဘတွေ နိုးထကြပါ
နိုင်ငံခေါင်းဆောင်တွေ နိုးထကြပါ
လူတိုင်း နိုးထကြပါ
ကလေးတွေကို နိုးကြားဖို့စွမ်းဆောင်ကြပါ 


မြန်မာဆိုတာ ဘုန်းတန်းခိုးကြီးမြတ်ခဲ့တဲ့လူမျိုး
တချိန်က မြန်မာဆိုတာ
စင်ကာပူက အတုယူရတဲ့နိုင်ငံ 


ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့် ဆိုတာ
မြန်မာပြည် ဧရာဝတီတိုင်းက
ရွာသားလေးတစ်ဦး
(လူတော်တွေ ငါတို့နိုင်ငံကထွက်ခဲ့တယ်
ဒါကို မြန်မာပြည်သူ/သားတိုင်းသိရမယ်
ငါတို့ဟာ ခပ်ညံ့ညံ့လူမျိုးတွေ မဟုတ်ဘူး) 


အိပ်ချင်ယောင် ဆောင်မနေကြပါနဲ့တော့
မသိချင်ယောင် ဆောင်မနေကြပါနဲ့တော့
တာဝန်တွေ မရှောင်နေကြပါနဲ့တော့ . . . 


ကလေးတွေကို စနစ်တကျစိုက်ပျိုး . . .
နောင်အနှစ် ၂၀
(သို့မဟုတ်) ၄၀ ပေါ့ဗျာ
အဲ့သည့်အချိန်ကို မှန်းကြည့်လိုက်စမ်းပါ 


မြန်မာပြည်ရဲ့ အဖူးအပွင့်တွေဟာ
အာရှတိုက်သာမက
ကမ္ဘာကိုပါ ရနံ့တွေ လှိုင်လှိုင်ထ'ပြီး မွှေးနေမှာ . . . .

Ulay Kyi ( ကိုလင်း )

Tuesday, 12 November 2013

ဗြောသံ နှင့် အခြားကဗျာများ



ဘဒ္ဒန္တ တိက္ခဥာဏာလင်္ကာရ added a photo from November 12, 2013 to his timeline.
........
ပလုပ် ဗြုန်းရယ်နဲ့
တောင်ကုန်းရွာ သာစခန်းဆီက
ဒေါ်ရွှေမေ ဦးရေချမ်း ငယ်တို့
သာသနာ ဝါဝါလန်းရန် တဲ့
ဆန်းလိုက်တဲ့ ဗြောသံစည်။ ။

-အလို၊ နေခြည်မှာ ရွှေရည်ဝင်းလို့
ဆယ်စင်းလဲမက
အဝေးက မှန်း၊ ဟိုရွာလမ်း
ထီးတန်းကြီး လှပါဘိ-

“တလတာ သည်အရေးကိုလှ
မဟဝါ ကြည်ကြည် ပေးပါ” တဲ့
ရတုချို စိတ်ကို သွေးလေတော့
မလေးမောင် ရွှေရောင်ငိုက်တဲ့ပြင်
မြင်းကဏ်ပင် ငြင်းဆန်မိုက်လေပေါ့
လွမ်းခိုက် မတည်။ ။

-မကြည်တဲ့နှလုံး၊ မပြုံးတဲ့မျက်နှာ
မြင်းပေါ်က မောင်ရင်လောင်း
ငဲ့စောင်းလို့ ကြည့်သောခါ-

ကညာလုံ ကြာမုံညွတ်ဟာဖြင့်
ယမ်းယောင်ကာ ကွမ်းတောင် လွတ်တဲ့ပြင်
“မတွယ်တာ ဆယ်ခါ လွှတ်မယ်” တဲ့
ဒေါချိုချို ပြောဆိုရွတ်လေပေါ့
စိုစွတ်တဲ့ မြမျက်ရည်
လည်တယ်လို့ မဆုံး။ ။

-ဗြုန်းနိုင်ပေ့ ကိုရွှေစည်
တီနိုင်ပေ့ ကိုရွှေနှဲ
ရွှဲနိုင်ပေ့ ကိုရွှေမောင်
လုံမငယ် အရှက်အိုးမို့ 
အငြိုးနဲ့  ပြောင်ရော့ထင့်-

“လှောင်ချက်ကယ် နာ
မောင်မျက်နှာ တရွာမှတ်ပေမဲ့
သာသနာ ဝါဝါဝတ်မှာမို့ 
မယ်လွတ်ရာ ဘယ်ဆီ ခိုရပ
တလဆို ရက်ကိုချဉ်းပါဖျ”
ဘွာခတ်ကာ ခမျာ ငြင်းလေတော့
သျှောင်ကြီးရှင် ဆံပင်တင်းပြီကွဲ့
ညှဉ်းတဲ့ တုတ်ဗြုန်း။ ။


မင်းသုဝဏ်
(၂၃၊ ၃၊ ၁၉၃၄)

http://www.youtube.com/watch?v=bpVpI81IoE4&list=PLD47E57BD04485B8F

http://www.youtube.com/watch?v=tPi87AnLtzI

http://www.youtube.com/watch?v=iKYtiMfqOTA

http://www.youtube.com/watch?v=vHNuy4gFkos

http://www.youtube.com/watch?v=vCjKHCRZppI

http://www.youtube.com/watch?v=lSymyuHspIA
 
=   =   =
တိုးအေးပေါ်မှ အို မိခင်
...............................
မမျှော်မလင့်၊ မိုးကြိုးသင့်သို့
ရင်နင့်ဖွယ်ရာ၊ သည်းဆတ်ခါမျှ
ကြမ္မာကံဆိုး၊ လွမ်းဇာတ်ပျိုးသည်
တိုးအေးနစ်သော ထိုတစ်နေ့။

ထိုနေ့မှသည်၊ ညညနေ့နေ့
မြင်တွေ့မကောင်း၊ သည်ဖြစ်ကြောင်းမှာ
အလောင်းထပ်မျှ၊ မြင်ခဲ့ရ။

နေ့ရက်လျား၍
ဆယ့်ငါးရက်မြောက်၊ ခါချိန်ရောက်မှ
ရေအောက်ကဖော်၊ “တိုးအေး” ပေါ်ဝယ်
ညှိုးလျော်ကြေကွဲ၊ မိခင်ဇွဲကို
အသဲနင့်ဖွယ် မြင်ရသည်။

အရိုးစုမျှ၊ ကြွင်းသော်မှပင်
ချစ်လှရင်သွေး၊ သူ့ကလေးအား
ထွေးဆဲပိုက်ဆဲ၊ ယုယဆဲ ဟု
သဲသဲမဲမဲပြနေသူ။

ရေစီးကလှုပ်၊ လှိုင်းကပုတ်၍
စုပ်သည့်ရေမွှား၊ စားသည့်ရေပိုး
အကြောင်းဆိုးလည်း
တိုးကာ ကပ်ကာ၊ မေ့သည်းချာအား
မကွာမကွဲပိုက်ပွေ့ဆဲ။

အို မိခင်
သင် ဘေးကင်းရာ
ကူးခပ်ပါ၍၊ လွတ်ရာအဝေး
ပြေးနိုင်ပါလျက်၊ မပြေးရက်၍
အသက် စတေး လိုက်ရော့သလား။

အို မိခင်
“ကိုယ်လျှင်မချိ၊ အမိသော်လဲ
သားတော်ခဲ” ဟု
စွဲလာဆိုထုံး၊ စကားလုံးကို
ချေမှုန်း တော်လှန် လိုက်ရော့သလား။

အို မိခင်
သင်နှင့်အတူ၊ သင့်သည်းအူနှယ်
ရည်တူပြည့်သိပ်၊ “မိခင်စိတ်” ဖြင့်
ယိုဖိတ်မေတ္တာ၊
စေတနာကို
ခါခါ ဦးညွှတ်လိုက်ပါ၏။

သမိန်သောင်း
မြဝတီမဂ္ဂဇင်းအယ်ဒီတာအဖွဲ့ဝင်
............................................
၁၉၇၃ ခုနှစ် ရန်ကုန်-ဒလကူး တိုးအေးသင်္ဘောနစ်မြုပ်စဉ်က
တကယ့်ဖြစ်ရပ်မှန်
......................
ဆရာကြီး ဦးသုခ ၏ မင်္ဂလသုတ်အဖွင့်
စာမျက်နှာ ၁၂၃-၁၂၅ နှင့်

ချစ်စံဝင်း၏ အမေနှင့်အမေ့အကြောင်း ဖတ်ပါရန်

https://www.box.com/s/4ty7a7mpap0u91w20k3s
 
=   =  =
Shwe Tun
အနန္တ သူရိယ အမတ်ကြီး ၏

အမျက်ဖြေ အလင်္ကာ။


သူတည်းတစ်ယောက်
ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ
ပျက်လင့်ကာသာ
ဓမ္မတာတည်း။


ရွှေအိမ်နန်းနှင့်
ကြငှန်းလည်းခံ
မတ်ပေါင်းရံလျက်
ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ
မင်းချမ်းသာကား
သမုဒ္ဒရာ
ရေမျက်နှာထက်
ခဏတက်သည့်
ရေပွက်ပမာ
တသက်လျာတည်း။


ကြင် နာ သနား
ငါ့အား မသတ်
ယခု လွှတ်လည်း
မလွတ်ကြမ္မာ
လူတစ်ကာတို့
ခန္ဓာ ခိုင်ကြည်
အတည် မမြဲ
ဖေါက်လွဲတတ်သည်
မချွတ်စသာ
သတ္တဝါတည်း။


ရှိခိုးကော်ရော်
ပူဇော်အကျွန်
ပန်ခဲ့တုန်၏
ခိုက်ကြုံဝိပါက်
သံသာစက်၌
ကြုံလတ်တုံမူ
တုံ့မယူလို
ကြည်ညိုစိတ်သန်
သခင် မွန်ကို
ချန်ဘိစင် စစ်
အပြစ်မဲ့ရေး
ခွင့်လျှင်ပေး၏
သွေးသည် အနိစ္စာ
ငါ့ခန္ဓာတည်း။

=   =   =
ဘယ်စီဝင်လို့အိပ်ပါ့မယ်
************************
လာလမ်းဆီသို့.....

အထုတ်ကိုယ်စီပိုက်ကာချီ.....

လာလမ်းဆီသို့သွားကြသည်...

မလုံတလုံဝတ်ပိုင်းခြုံ.....

ဘယ်ပုံဒဏ်တို့တားပါ့မယ်.....

နေပူမိုးရွာထီးမပါ.....

ကြီးစွာဒုက္ခကြုံတော့မယ်.....

မိုးချုပ်လှပြီခရီးသည်.....

ဘယ်ဆီဝင်လို့အိပ်ပါ့မယ်.....

ဆရာတော်-ဘဒ္ဒန္တကုဏ္ဍလာဘိဝံသ
 

=   =  =
ရုန်း ရင်း ကန် ရင်း အားမန်သွင်း။


လေထန်တိုင်းသာ ပွင့်ကြွေပါမူ
ဘယ်မှာပန်းများ ကျန်မည်နည်း။

လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ
ဘယ်မှာမြေကြီး ကျန်မည်နည်း။

ကျရှုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာမျက် ရည် ကျန်မည်နည်း။

အမှောင်တစ်ဝက် လင်းတစ်ဝက်သည်
တစ် ရက်တစ်ခါ ကြုံမြဲသာတည့်။

အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာ
မျက်လှည့်ပမာ တွေ့မြဲသာတည့်။

ဘဝသည်ကား တိုက်ပွဲများပင်
လှုပ် ရှားရသော လူ့ရွာတောဝယ်……

လင်းသော မှောင်သော
အောင်သော ရှုံးသော
မုန်းသော ချစ်သော
သစ်သော ဟောင်းသော
ကောင်းသော ဆိုးသော
ညှိုးသော လန်းသော
ကြမ်းသော နုသော
ပူသော အေးသော
စောကြော စိတ်ဖြာ မနေသာပေ။

လဲရာကထ ကျရာကတက်
ပျက် ရာကဆောက် ရှေ့သို့လျှောက်၍
ရောက် ရာဘဝ အားမာန်ပြရင်း
ရုန်းရ ကန် ရမည် တကား။

ဆရာ ဦးအေးငွေ။
 
=   =   =
April Maung Maung's photo.
~~~~~~~~~~ သမိုင်း~~~~~~~~~~~
~~~~~~~~~~
* မင်းကောင်းတာလုပ်တိုင်း...
မင်းသမိုင်းကောင်းလိမ့် မယ်လို့ ....
မမျှော်လင့် ပါနဲ့ ။
* အလုပ်တိုင်းမှာ..လျှာစွန်းနှစ်ဖက်၇ှိတတ်တယ်
မင်းကောင်းတဲ့ ဖက်ကိုေ၇ွး၇င်...
ဆိုးတဲ့ ဖက်ကလူတွေက..
မင်းကိုတိုက်ခိုက်ကြလိမ့် မယ်....။
* မင်းမှန်တာလုပ်၇င်...
မှားတဲ့ ဖက်ကလူတွေက..
မင်းကိုတိုက်ခိုက်ကြလိမ့် မယ်...။
*မင်းကြိုးစားအလုပ်လုပ်၇င်...
မလုပ်,မ၇ှုပ်,မပြုတ်..သမားတွေက...
မင်းကိုငြူစူကြမှာဘဲ......။
*ကြိုးစားသာလုပ်ပါ..
စိတ်ဓာတ်မကျနဲ့ ...
တစ်ခုတော့ ၇ှိတယ်..
မင်းကောင်းတာလုပ်တိုင်း...
မင်းသမိုင်းကောင်းလိမ့် မယ်လို့ တော့ ...
မမျှော်လင့် ပါနဲ့ .....။
* မင်းဘယ်အစွန်းက...၇ပ်တည်မယ်ဆိုတာ
အဓိက,မဟုတ်ဘူး...
အဓိက,ကျတာက...
ကိုယ်၇ပ်တည်မှုအစွန်းက
ဟန်ချက်မပျက်စေဘဲ...
တစ်ဖက်စွန်းကလူကို..
မိတ်ဖွဲ့ တတ်ဖို့ ပဲ....။

Posted by World of Wingate S

Thursday, 29 August 2013

သမိုင်း



April Maung Maung's photo.
~~~~~~~~~~ သမိုင်း~~~~~~~~~~~
~~~~~~~~~~
* မင်းကောင်းတာလုပ်တိုင်း...
မင်းသမိုင်းကောင်းလိမ့် မယ်လို့ ....
မမျှော်လင့် ပါနဲ့ ။
* အလုပ်တိုင်းမှာ..လျှာစွန်းနှစ်ဖက်၇ှိတတ်တယ်
မင်းကောင်းတဲ့ ဖက်ကိုေ၇ွး၇င်...
ဆိုးတဲ့ ဖက်ကလူတွေက..
မင်းကိုတိုက်ခိုက်ကြလိမ့် မယ်....။
* မင်းမှန်တာလုပ်၇င်...
မှားတဲ့ ဖက်ကလူတွေက..
မင်းကိုတိုက်ခိုက်ကြလိမ့် မယ်...။
*မင်းကြိုးစားအလုပ်လုပ်၇င်...
မလုပ်,မ၇ှုပ်,မပြုတ်..သမားတွေက...
မင်းကိုငြူစူကြမှာဘဲ......။
*ကြိုးစားသာလုပ်ပါ..
စိတ်ဓာတ်မကျနဲ့ ...
တစ်ခုတော့ ၇ှိတယ်..
မင်းကောင်းတာလုပ်တိုင်း...
မင်းသမိုင်းကောင်းလိမ့် မယ်လို့ တော့ ...
မမျှော်လင့် ပါနဲ့ .....။
* မင်းဘယ်အစွန်းက...၇ပ်တည်မယ်ဆိုတာ
အဓိက,မဟုတ်ဘူး...
အဓိက,ကျတာက...
ကိုယ်၇ပ်တည်မှုအစွန်းက
ဟန်ချက်မပျက်စေဘဲ...
တစ်ဖက်စွန်းကလူကို..
မိတ်ဖွဲ့ တတ်ဖို့ ပဲ....။

Posted by World of Wingate S