Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Friday, 10 October 2014

ဖုန်း မှား သွား လို့



“ဟယ်လို…မိန်းမလား”……
“ရှင်……….”
“မိန်းမလား……… လို့…..”
“မဟုတ်ပါဘူးရှင်… ကျွန်မက ဒီအိမ်က အိမ်ဖော်ပါ”

… “သြော်… အေးအေး… မင်းမမလေးကော…. ရှိလား”
“ဟုတ်…”

“ခေါ်ပေးကွာအရေးကြီးလို့”
“..ရှင်… မမလေးက သူ့အမျိုးသားနဲ့ အိပ်နေတယ်.. မခေါ်ပေးရဲဘူး”
“ဘာ….. သူ.ယောင်္ကျားနဲ့ဟုတ်လား…”
“အင်းလေ.. ဟုတ်ဘူးလား”

“ဒီမှာငါကမှ.. သူ.ယောင်္ကျား… မှတ်ထား.
ကောင်မက တော်တော် လင်ပေါနေတယ် မှတ်တယ်…
ခု လင်ငယ်နဲ့ အိပ်နေတယ်ပေါ့………
တောက်… သေမယ့်သာမှတ်…
ဟေ့… ဟေ့.. ဒီမှာ… မင်းအခုချက်ချင်း အခန်းထဲဝင်ပြီး.. ကောင်မကိုကော အကောင်ကိုကော.. သတ်ပစ်စမ်းကွာ..”

အိမ်ဖော်မလေး.. ဆတ်ခနဲတုန်သွားပြီးမှ…..
“ရှင်..!!!! … မ… မ.. လုပ်ပါရစေနဲ့ရှင်”

“တောက်… နင်ပါသေချင်လို့လား… ငါအခုပြန်လာလိုက်ရ.. ၃ လောင်းပြိုင်ဖြစ်သွားမယ်… နားလည်လား..သွားစမ်း သွားစမ်း
အံဆွဲထဲမှာသေနတ်ရှိတယ်… နှစ်ယောက်စလုံးကိုပစ်သတ်..
ကြားလား… ဖြစ်သမျှငါရှင်းမယ်.. သွားပစ်လိုက်စမ်း”

“ဟို… ဟိုလေ…….”
“ဟိုလေ ဒီလေလုပ်မနေနဲ့.. ဘာလဲ.. နင်ပါသေချင်လို့လား”
“မဟုတ်ပါဘူးရှင်…. သ.သ..သွားပါ့မယ်……….”

ခဏအကြာ…. ဒိုင်းခနဲသေနတ်သံနှစ် ချက်ကြားလိုက်ရသည်။
“ပြီး..ပြီးပြီ.. ဘာ.. ဘာဆက်လုပ်ရမှာလဲဟင်…..”
“အေး…ပြီးရင်.. ဂုန်နီအိတ်နဲ့ထုပ်ပြီး… အိမ်ရှေ့ယူလာခဲ့
ပြီးရင်ပြော..”

အနည်းငယ်ကြာပြီးနောက်…..
“ပြီးပြီ… ဆက်ပြော…”
“ပြီးရင်…. အိမ်ရှေ့က ရေကန်ထဲ ခဏချထား… ငါပြန်လာမယ်… ကြားလား”
“ရှင်… ဘာကြီး……….”

“ရေကန်ဟေ့… ရေကန်… နားလေးနေလား.. ငါဒေါသထွက်နေရတဲ့အထဲ”
“ဟို..ဟိုလေ… အိမ်ရှေ့မှာရေကန် မရှိဘူးရှင့်”
“ဘာ… ဟုတ်လို့လား”
“ဟုတ်….ဟုတ်…”

“ဒါ..ဒါဖြင့် phone နံပါတ်ကကော.. ဟင်…”
“09 ... ... ... ...  လေ….”
“ဗျာ…… အဟင်း.. ဘယ်လိုပြောရမလဲ….. sorry့ နော်…….
ဟို.. ဟိုလေ… ဟို..ဗျာ… ဟို… phone မှားသွားလို့…..ဗျ…. ဟုတ်…… ဒါပဲနော်”….
……….တဲ့…. (..တေပီ..)
ရီမောပျော်ရွင်ပါစေ

Tuesday, 29 July 2014

ဒီညတော့ အိပ်ရတော့မယ်



ခရီးသည်တင်လေယာဉ်တစ်စီးတွင် အလွန်ကို ထုံအလွန်းသော လူတစ်ယောက် လိုက်ပါလာသည်။
ထိုစဉ်လေယာဉ်မယ်က ‘လေယာဉ်အင်ဂျင်တစ်လုံး ပျက်သွားပါတယ်။ ဒါပေမယ့် ကျန်တဲ့သုံးလုံးနဲ့ ဆက်လက်ပြီး သွားနိုင်ပါတယ်။ ဒါပေမယ့် ခရီးစဉ်အဆုံးကို တစ်နာရီ နောက်ကျပြီးမှ ရောက်ပါမယ်။ မစိုးရိမ်ကြပါနဲ့’ ဟု ကြေညာလေသည်။
နောက်နာရီဝက်ခန့်အကြာတွင် လေယာဉ်မယ်က ‘နောက်ထပ်အင်ဂျင်တစ်လုံး ပျက်သွားပြန်ပါတယ်။ ကျန်သေးတဲ့အင်ဂျင်နှစ်လုံးနဲ့ ဆက်လက်သွားနေပါတယ်။ ခရီးစဉ်အဆုံးကိုတော့ နောက်ထပ် သုံးနာရီကြာမှ ရောက်ပါမယ်။ မစိုးရိမ်ပါနဲ့’ ဟု ထပ်မံ ကြေညာလေသည်။
နောက်တစ်နာရီခန့် အကြာတွင် လေယာဉ်မယ်က ‘ကျန်တဲ့ အင်ဂျင်နှစ်လုံးပါ ပျက်စီးသွားပါပြီ’ ဟုကြေညာလေသည်။
ထိုအခါ လူအ က သူ့သူငယ်ချင်းကို ပြောလိုက်ပုံက ‘သေချာပြီ။ အဲဒါဆို ဒီညတော့ လေယာဉ်ပျံပေါ်မှာပဲ အိပ်ရတော့မယ်’

ရွှင်လန်းချမ်းမြေ့ပါစေ။

မေးငေါ့စရာများ ဖြစ်နေမလားလို့



သူငယ်ချင်းမ နှစ်ယောက်တို့ အအေးဆိုင် တစ်ဆိုင်တွင်း၌ စကားကောင်းနေကြသည်။
ဟဲ့ . . . ဒါနဲ့ . . . မင်းအမျိုးသားက မင်းကို လက်ထက်ခွင့်တောင်းတာ၊ မင်းကစဉ်းစားရကြပ်နေတယ်ဆို . . . .
အေးလေဟာ. . . . .
ဟဲ့. . . . ဘာများစဉ်းစားရ ကြပ်စရာရှိလို့လဲ။ မင်းအမျိုးသားက ဥစ္စာပေါ၊ ရုပ်ချော၊ ပညာတတ် အပျော်အပါး အသောက်အစားမရှိ၊ ဘယ့်ကလောက် ကောင်းလိုက်သလဲ။ ဒါနဲ့များအေ . . . .
အဲ့ဒါကြောင့် စဉ်းစားရကြပ်နေတာပေါ့အေ့။
မင်းစဉ်းစားကြည့်လေ. . . . တို့ဘွားဘွားဆို တို့ဘိုးဘိုးနဲ့ယူခဲ့တယ်။
တို့မေမေဆိုရင် တို့ဖေဖေနဲ့။ တို့အန်တီဆိုရင်လည်း တို့အန်ကယ်နဲ့ ယူခဲ့တာပဲ။ အဲ . . . ငါ့ကျမှ သွေးမတော် သားမစပ်တဲ့လူနဲ့ ယူလိုက်ရင် ပတ်ဝန်းကျင်က မေးငေါ့စရာများ ဖြစ်နေမလားလို့ပါ။
သေလိုက်ပါတော့ဟယ်. . . .

Monday, 21 July 2014

ဆရာလည်း လူပါပဲလေ



ဂျပန်မှာ ငလျင်ကြီးတွေ လှုပ်တုန်းကပေါ့။ ကိုရင်တွေ ဦးပဉ္ဇင်းငယ်တွေ ယောက်ယက်ခပ်ပြီး ဘာလုပ်ရမှန်းမသိ၊ ဘယ်သွားရမှန်းမသိဖြစ်နေတယ်တဲ့။ ဒီအချိန်မှာ ဇင်ဂျပန်ဆရာတော်က တည်တည်ငြိမ်ငြိမ်နဲ့ လျှို့ဝှက်လှိုင်တွေထဲဝင်ပြီး ဘေးလွတ်ရာကို ရောက်အောင် လမ်းပြပေးနိုင်ခဲ့လို့ ဒဏ်ရာအနာတရဖြစ်သူရယ်လို့တောင် မရှိခဲ့ပါဘူး။ တပည့်တွေအားလုံး ဘေးကင်းလုံခြုံပြီ ဆိုတော့မှ ဆရာတော်က အနီးမှာရှိတဲ့ ရေကရားအိုးထဲက ရေတွေအားလုံးကို မော့သောက်ချလိုက်သတဲ့။
ပြီးတော့ ဆရာတော်က သဘာဝဘေးအန္တရာယ် နဲ့ကြုံလာရင် စိတ်တည်တည်ငြိမ်ငြိမ် ထားဖို့၊ ခေါင်းအေးအေးနဲ့ လွတ်လမ်းကို ရှာတတ်ဖို့ အရေးကြီးကြောင်း သြဝါဒပေးတယ်။
နောက်ဆုံး “စိတ်တည်တည်ငြိမ်ငြိမ် ရှိထားရမယ်လို့သာ ပြောရတယ် မင်းတို့ ဘေးအန္တရယ်က လွတ်ပြီဆိုတာလည်းသိရော ရေကရားထဲကရေတွေကို စိတ်လှုပ်လှုပ်ရှားရှားနဲ့ မော့သောက်လိုက်တာ ကုန်သွားရော “ လို့မိန့်တယ်။
ဒီတော့ ကိုရင်ငယ်လေးကပြုံးသတဲ့။
ဒါကိုမြင်လိုက်တဲ့ ဆရာတော်က “ ကိုရင် ဘာကိုပြုံးတာလည်းကွ “ ဆိုတော့
“ ခွင့်လွှတ်တော်မူပါ ဆရာတော် ဘုရား ။ ဆရာတော် သောက်ချလိုက်တာ ရေတွေမဟုတ်ပါဘုရား။ တပည့်တော်ဟင်းချက်မလို့ ပြင်ထားတဲ့ ငံပြာရည်တွေပါဘုရား “ တဲ့။
ဆရာတော်က “ ဟေ ! ငါမသိလိုက်ဘူးကွာ “ တဲ့။

(ဇင်ပုံပြင်များမှ ကူးယူပါသည်)
ပြုံးစိစိဖတ်စာ ( ဧဝံမေသုတံ )
ဦးကိုမောင်

18/11/2011

Saturday, 12 July 2014

အားနာတတ်သူကြီး

ကိုသက်ထူးဆိုတာ ရိုးအတယ်ဆိုပေမယ့် သူ့ချစ်သူကို အလွန်ချစ်တတ်တဲ့သူ။ အရမ်းလည်း အလိုလိုက်တယ်။ သူ့ချစ်သူ ကောင်မလေးကလည်း အလိုလိုက်မှန်းသိလို့ နွဲ့ဆိုးဆိုးရင်း တစ်ခုမဟုတ် တစ်ခု ပူဆာတတ်တယ်။ ကိုသက်ထူးကြီးကလည်း ဒီနေ့လစာထုတ် မနက်ဖြန် လစာကုန်လို့ အကြွေးတင်ရင်တင်ပါစေ မညည်းမညူ ၀ယ်ပေးတတ်ပါတယ်။ သူက ချစ်တာကိုး။
ဗယ်လင်တိုင်းနေ့မှာဆို ချောကလက်နဲ့ ဖက်ရှင်အင်္ကျီ။ ခရစ္စမတ်နေ့ဆိုလည်း သိုးမွှေးအင်္ကျီနဲ့ အနွေးဦးထုပ်။ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ မြန်မာနှစ်ကူး၊ အင်္ဂလိပ်နှစ်ကူး အဲဒီလို အမှတ်တရရှိတဲ့ နေ့တွေမှာလည်း တစ်မျိုးနဲ့တစ်မျိုး မရိုးအောင် ချစ်သူအလိုကျ လက်ဆောင် ၀ယ်ပေးပြီးသား။
ချစ်သူနဲ့လည်ရန် ချိန်းဆိုထားတဲ့ တစ်နေ့မှာတော့ ချစ်သူအား တစ်ခုခုဝယ်ပေးရန် ကုန်တိုက်ထဲဝင်၍ ဟိုဟိုဒီဒီကြည့်ပြီး စဉ်းစားတယ်။ အရင်ကပေးခဲ့တဲ့ လက်ဆောင်တွေနဲ့လည်း မထပ်အောင်ပေါ့။ နောက်တော့ အတွင်းခံအင်္ကျီနဲ့ ဘောင်းဘီလေးသာ ၀တ်ပေးထားတဲ့ အရုပ်နားက ကောင်တာကို ရောက်လာပြီး အရောင်းစာရေးမလေးအား
"ကျွန်တော့်ချစ်သူအတွက် အတွင်းခံအင်္ကျီ ၀ယ်ချင်လို့"
"ရှင်..... ဘယ်လိုအစားထဲကလည်း၊ ဘယ်အရွယ်လောက်ရှိလဲ"
"အားတော့နာပါတယ်၊ သူ... သူ့... သူ့ထက် နည်းနည်းပိန်တယ်ဗျာ" လို့ပြောရင်း အရုပ်ကိုမကြည့်ဘဲ လက်ညှိုးထိုးပြလိုက်လေသည်။

Thet Htoo