Saturday, 3 August 2013

ကိုယ့်မွေးလ ကိုယ်စားပြု စားစရာတွေပါ


 
What food represent you?

ကိုယ့်မွေးလကိုယ်စားပြုအသီးလေးတွေပါ

1. January...................... Cake

2. February ...................Cupcake

3. March .......................Pancake
 
4. April..........................Waffle
 
5. May .......................... Hot dog
 
6. June ......................Hamburger
 
7. July ...........................Popcorn
 
8. August .....................Chocolate
 
9. September .................IceCream
 
10. October ...................Candy
 
11. November...............Pie
 
12. December.................Hot Coco

မှတ်ဖွယ်စုံရာ သုတပဒေသာ


Myanmar Online News
မှတ်ဖွယ်စုံရာ သုတပဒေသာ
Saturday, Augest 03, 2013

၁။ ဇီးကွက် (owl) ၏မျက်လုံးဟာ သူတို့ ရဲ့ ဦးနှောက်ထက် ပိုကြီးပါတယ်။

၂။ အေးစက်နေတဲ့ အိပ်ခန်းထဲမှာ အိပ်ရင် အိမ်မက်ဆိုးတွေပို မက်နိုင်ပါတယ်။

၃။ အမေရိကန် သမ္မတ တွေထဲမှာ အေဘရာဟင်လင်ကွန်း(Abraham Lincoin)ဟာ အရပ်အရှည်ဆုံးပါ။ သူ့ အရပ်က ၆ ပေ ၄ လက်မ(1.9 m)ရှည်ပါတယ်။

၎။ အသံဟာ လေထဲမှာထက် ရေထဲမှာ ၄ ဆ လောက်ပိုပြီးမြန်စွာ သွားနိုင်ပါတယ်။

၅။ နို့ တိုက်သတ္တဝါတိုင်းမှာ လျှာတွေရှိကြပါတယ်။

၆။ အင်္ဂလန်နိုင်ငံ ၏မျိုးသားအားကစားဟာ ဘောလုံးကစားခြင်းမဟုတ်ပါဘူး။
ခရစ်ကက်(Cricket) ကစားခြင်းသာဖြစ်ပါတယ်။

၇။ ပင်ဂွင်းငှက်တွေဟာ လေထဲမှာ ၆ ပေလောက်အ ထိ မြင့်အောင် ခုန်နိုင်ပါတယ်။

၈။ ကုလားအုတ် (Camel)တွေဟာ ရေ ၂၅ ဂါလံလောက်ကို တစ်ခါတည်းသောက် နိုင်ပါတယ်။

၉။ ပစိဖိတ် သမုဒ္ဒရာ ထဲမှာ ကျွန်းပေါင်း ၂၅၀၀၀ လောက်ရှိပါတယ်။

၁၀။ ရေဘဝဲ (Octopus) တွေရဲ့ မျိုးပွားအင်္ဂါ (ဝှေးစေ့)တွေသည် သူတို့ ၏ ခေါင်းမှာ ရှိကြပါတယ်။

သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ပါစေ............
နေခရမ်း

''မထေရ်မြတ်တို့၏ စကားဝိုင်း'' မှ



" ဆရာတော် .. နာရီကြီးဘယ်ရောက်သွားသလဲ ဘုရား .. "
" ညက ဒကာ ( ၂ ) ယောက် လာယူသွားကြတယ်ကွ .. "
" ဆရာတော် သူခိုးလာခိုးသွားတာဖြစ်မှာပါ .. ဆရာတော် မသိလိုက်ဘူးလား ဘုရား .. "
" သိပါတယ်ကွ .. သူတို့က မမှီမကမ်းနဲ့ဖြုတ်နေသံကြားလို့ မတော်လွတ်လို့ မင်းတို့နိုးကုန်ရင် နာရီလဲအကောင်းမရ .. ဒုက္ခလည်းရောက်ကြမှာစိုးလို့ ပလ္လင်နောက်မှာ ခွေးခြေရှိတယ်လို့ တောင် ပြောလိုက်သေးတယ် .. "
" ဆရာတော့်နှယ် .. သူခိုးပဲ ဘာလို့ပြောလိုက်ရတာလဲ .. လှူပစ်လိုက်တယ်ဆိုတာကမှ ဟုတ်သေးတယ် .. "
" ထူးပါဘူးကွ .. သူတို့လာယူတော့လဲ ကိုယ်ကသွားလှူရ သက်သာသွားတာပေါ့ .. ညကြီးမင်းကြီး သူများမသိအောင် လာယူတော့ ပုဂ္ဂိုလ် ...အယုတ်..အမြတ်ကလဲ မရွေးရတော့ ဘူးပေါ့ .. " ..

( အောင်ခြင်း ရှစ်ပါး ဆရာတော် ) အမရပူရမြို့  .. ။
=   =   =   =   =

" ဆရာတော် .. တပည့်တော်တို့ လှူထားတဲ့ ရေဒီယိုကြီးလဲ မမြင်ပါလား ... ဘယ်နေရာ သွားထားပါသလဲ ဘုရား .. "
" ဘယ်မှ သွားမထားပါဘူး .. သူ့ပိုင်ရှင်ကယူသွားတယ် .. "
" အို .. ဆရာတော်ကလည်း .. ဘယ်ကလာ ပိုင်ရှင်ရှိအုန်းမှာလဲ .. တပည့်တော်တို့က ဆရာတော်ကို လှူထားတာပဲ .. ဆရာတော် ပိုင်တဲ့ပစ္စည်းပေါ့ .. "
" ငါမပိုင်လို့ပေါ့ကွာ .. ငါပိုင်ရင် ပစ္စည်းက ငါ့အနားမှာရှိနေမှာပေါ့ .. ခုတော့ သူ့ပိုင်ရှင် အနားရောက်သွားပြီ .. "
" ဆရာတော်ကလည်း ဝေ့လည်လည်ပြောနေပြန်ပါပြီ .. သူခိုးခိုးသွားတာမဟုတ်လားဘုရား .. ဒါဆို ဆရာတော် ရေဒီယို ဆုံးပြီပေါ့ .. "
" မဆုံးပါဘူးကွာ .. ဆုံးတယ်ဆိုတာ မီးလောင်သွားတာတို့ .. မြစ်ထဲပင်လယ်ထဲ ကျသွားတာတို့ လို ဘယ်သူမှ သုံးခွင့်မရတာမှ ဆုံးတာ .. ခုဟာက တစ်နေရာမှာ သုံးလို့ရနေအုန်းမှာပါ "

( တောင်တွင်းကြီးမြို့  နတ်မှီတောရ ဆရာတော်ဘုရားကြီး )
=   =   =   =   =

" ဆရာတော် လုပ်ပါအုန်းဘုရား .. ဒုက္ခတော့ရောက်ကုန်ပြီ .. ရဲ တိုင်မှ ဖြစ်တော့မယ် "
" ဘာတုန်းဟ ကပ္ပိယရဲ့ .. မင်းဟာ အရင်းမပါ .. အဖျားမပါ ပြူးတူးပြဲတဲနဲ့ .. တိုးတိုးသက်သာ ပြောစမ်းပါ ... "
" ဆရာတော့် ပစ္စည်းတွေ ညက သူခိုး ခိုးသွားပြီဘုရား .. ဒါကြောင့် ပုလိပ်( ရဲ ) ကို တိုင်မှ ဖြစ်မယ်လို့ ပြောတာပါဘုရား ... "

" ကပ္ပိယ ကိုယ့်ပစ္စည်း သူများအခိုးခံရတယ်ဆိုတာ ကိုယ်ကလည်း သူများပစ္စည်း ခိုးခဲ့ဖူးလို့ ဖြစ်မှာပေါ့ဟဲ့ .. သံသရာမှာ ကိုယ်ပြုခဲ့တဲ့ မကောင်းမှုဟာ တစ်ချိန်ချိန်မှာ တူသော အကျိုး ပြန်ပေးတတ်တာ ဓမ္မတာပဲ ... အသာနေပါ ကပ္ပိယရယ် .. မင်းလုပ်လိုက်မှ ငါ သံသရာမှာ သူခိုးဖြစ်ခဲ့ဖူးတာ လူသိကုန်ပါ့မယ် .. "

( ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရား )

တရားမသိသူများအတွက် ဥစ္စာပျောက်လျှင် ငရဲရောက်ရ၏။ တရားသိသူများအတွက်ကား .. ဥစ္စာပျောက်တိုင်း ကုသိုလ်ရ၏ ဟူသော အတွေးတစ်ချက်လေးရနိုင်ကြပါစေ..

( မထေရ်မြတ်တို့၏ စကားဝိုင်းမှ )

၁။မကုန်မချင်းဆော့ပါတယ်။ ၂။မင်းကြီးလာရင် ဘာလုပ် မလဲ။ ၃။ဘဲကြိုက်မောင်။ ၄။စီးပွားရေးသမား။ ၅။ဘ၀တူတွေ။ ၅။ကျောင်းတော်က ရန်စ




Myanmar Online News
မကုန်မချင်းဆော့ပါတယ်

ဆေးခန်းလာပြတဲ လူနာကို ဆရာဝန်က ယခုလို မေးပါတယ်။

ဆရာဝန် - အားကစားရောပုံမှန်လုပ်ဖြစ်ရဲ့ လား။

လူနာ - ဟုတ်ကဲ့ဆရာ၊ ဘောလုံးကန်တယ်။ ပြေးတယ်။ ခုန်တယ်။ ခရစ်ကတ် ဆော့တယ်။ တင်းနစ် ကစား တယ်။ နေ့တိုင်းနီးပါးပါပဲ။

ဆရာဝန် - ဟုတ်လား။ တစ်ရက်ကို ဘယ်နှစ်နာရီ ဆော့ဖြစ်လဲ။

လူနာ - ဖုန်းဘက်ထရီမကုန်မချင်း ဆော့ပါတယ် ဆရာ...။

International news for myanmar
=   =   =    =   =
Myanmar Online News
''မင်းကြီးလာရင် ဘာလုပ် မလဲ ဂျွန်နီ ''

လို့ ဆရာမက မေးလိုက်တယ် ဂျွန်နီလေးက စိတ် အားထက် သန်မှုအပြည့် နဲ့ ဆရာမ မေးခွန်းကို ဒီ လို ဖြေ လိုက် တယ် ။

''ကျွန်တော် ကြီးလာ ရင် တကယ့် ချမ်းသာတဲ့ ဘီလျံနာကြီးဖြစ်ချင် ပါတယ် ။ဈေးအကြီးဆုံး ကလပ် တွေကို သွားမယ် ။အလန်းဆုံးစော် နဲ့ တွေ့ မယ် အဲ့စော် အတွက် သန်းချီတန်တဲ့ အ ကောင်းဆုံး ကား ဝယ် ပေး မယ် အ ကောင်း ဆုံး နိုင် ငံမှာ အ ကောင်း ဆုံးတိုက်နဲ့ ခြံဝယ် ထား ပေး မယ် ။နိုင် ငံတကာ လှည့် ပီး ဈေးဝယ် ထွက် ဖို့ ဂျက် လေ ယာဉ် တစ် စီး ဝယ် ထား ပေး မယ် ။သူ့ ငွေစာ ရင်း မှာ အမြဲ လို သ လောက် ဖြည့် ထား ပေးမယ်။ တစ် နေ့ ကို သုံး ကြိမ် ချစ် မယ် ''
ဂျွန်နီ့ အ ဖြေကို ကြား လိုက် တော့ ဆရာမ ရှော့ ဖြစ် သွား တယ် ။ 
ဒီ က လေး ရဲ့ အရွယ် နဲ့ မလိုက် တဲ့ အ ပြော အဆို တွေ အ ပေါ် ဘယ် လို တုံ့ပြန် ရ မှန်းမသိဖြစ်သွားပေမဲ့ သူပြော နေတာ ဘယ်ကို ရောက် နေမှန်းသိချင် မှ သိမှာ ။ ဒါ ကြောင့် အ ရေး မပါ သလို မသိ ချင် ယောင် ဆောင် လိုက်မယ် ဆို တဲ့ အ တွေး ဝင် လာတယ်။ ဒါနဲ့ သင် ခန်းစာကို ဆက် ဖို့ လုပ်တယ်။

''ကဲ ဒါ ဆို မာရီယာက ကော ကွယ် ကြီးလာ ရင် ဘာလုပ် မလဲ ပြော ပါအုံး '' လို့ မာ ရီယာ ဘက် လှည့် လိုက် တယ် ။ အဲဒီ မှာ မာ ရီယာ ဖြေ လိုက် တာက တော့

့
'' သမီး ဂျွန်နီရဲ့ စော်ဖြစ်ချင် ပါ တယ် တီချယ် '' တဲ့

ခိခိ

Credit To Original Writer
Jay Ki
ဟာသဓါတ်ပုံများ
=   =   =   =   =
Myanmar Online News
ဘဲကြိုက်မောင်
Saturday, Augest 03, 2013

တခါက... ...
ဘဲသားတခုတည်းကိုပဲ ဟင်းလျာအဖြစ် ချက်ပြုတ်ရောင်းချတဲ့ ဆိုင်တစ်ဆိုင် ရှိတယ်။
အဲဒီဆိုင်က ဘဲသားကလွဲလို့ တခြားအသားငါး၊ လုံးဝရောင်းချခြင်းမရှိဘူးလို့ နာမည်ကြီးသတဲ့။

တစ်ရက်တော့ ဘဲသားအလွန်ကြိုက်တဲ့ လူတစ်ယောက် အဲဒီ စားသောက်ဆိုင်ကို ရောက်လာပါတယ်။

“ဘဲနဲ့ပတ်သက်တာ အကုန်ပေးကွာ”

စားပွဲထိုးလေးဟာ ဟင်းတစ်ပွဲချလိုက်၊ အဲဒီဟင်းပွဲအမည်ကိုရွတ်ပြလိုက်နဲ့ အလုပ်ရှုပ်နေပါတယ်။

“ဒါက ဘဲရင်ပုံသားပေါင်း”
“ဒါက ဘဲခြေထောက်သုပ်”
“ဒါက ဘဲကောင်လုံးကင်”
“ဒါက ဘဲတောင်ပံအစာသွပ်”
“ဒါက ဘဲပေါင်အကြွပ်ကြော်”

… …အဲ ဖြစ်ချင်တော့ အလုပ်သမားတွေစားဖို့ ချက်ထားတဲ့ ကြက်သားဟင်းတစ်ခွက် မှားပါလာတယ်။
ပြန်ယူသွားလို့လဲမကောင်း ဘဲနဲ့လည်းမလွတ်အောင် အဲဒီဟင်းကိုချပေးလိုက်ရင်း စာပွဲထိုးလေး ပြောလိုက်တာကတော့…. …

“ဒါက ဘဲသူငယ်ချင်းဆီပြန်”... တဲ့။

ပိုင်ဘူးလား

https://www.facebook.com/thanlayko
သန်၎ကို-ဘာသာပြန်သည်
ဟာသဗိမာန်-ဆရာသန်
=   =   =   =   =
Myanmar Online News
"စီးပွားရေးသမား"
Thursday, August 1, 2013

မြို့သားတစ်ယောက် တောဘက်သို့ပြောင်းလာပြီးနောက် မြည်းတစ်ကောင်ကို တစ်သိန်းနှင့် လယ်သမားအဖိုးကြီးဆီက ဝယ်ခဲ့သည်။

နောက်နေ့မနက် အဖိုးကြီး ကားဖြင့်ရောက်လာပြီးပြောသည်။

"ဝမ်းနည်းပါတယ်မောင်ရင်၊ မောင်ရင်ဝယ်တဲ့ မြည်းက မနေ့ညကပဲ သေသွားလို့ အခု အလောင်းပဲ ပါလာတယ်။"

"ဒါဆို ပိုက်ဆံပြန်အမ်းလေ"

"ပိုက်ဆံကလည်း မနေ့ကသုံးလိုက်တာ ကုန်သွားပြီ"

"ကောင်းပြီလေ၊ ဒါဆိုလည်း မြည်းအလောင်းပဲ ချခဲ့ပါ"

"မောင်ရင် ဘာလုပ်မလို့လဲ"

"မဲဖောက်လိုက်မယ်"

"မြည်းသေကို မဲဖောက်လို့မှ မရတာ"

"စောင့်ကြည့်ပါလေ။ မြည်းက အသေဆိုတဲ့အကြောင်း ကျွန်တော်မပြောဘူး"

တစ်လကြာသော် အဖိုးကြီးပြန်ရောက်လာပြီးမေးသည်။

"မြည်းသေကိစ္စ ဘယ်လိုဖြစ်သွားလဲ"

"မဲဖောက်လိုက်တယ်လေ။ လက်မှတ်တစ်စောင် ၂၀၀၀ နဲ့ ရောင်းတော့ အစောင် ၅၀၀ ရောင်းရတယ်။ အဲဒီတော့ ကျွန်တော် ၉၉၈၀၀၀ မြတ်သွားတယ်"

"ဟေ ဘယ်သူမှ မင်းကို ပြသနာ မရှာဘူးလား"

"တစ်ယောက်ပဲ ရှာတယ်၊ မဲပေါက်သွားတဲ့လူလေ။ အဲဒီတော့ သူ့ကို ကျွန်တော် ငွေနှစ်ထောင် ပြန်အမ်းလိုက်တာပေါ့"..

- Chilly Chan
Chilly's Joke Corner

=   =   =   =   =

ဘ၀တူတွေ

ဒီနေ့ တော့ ကိုယ့်အကြောင်းနဲ့ ကိုယ်ဆိုတော့ ဆေးခန်း စောစော ဖွင့်မှပါလေ။

“ ကဲ ဆရာမ ရေ လူနာ စသွင်းလို့ရပြီ”

ပထမ ဆုံး လူနာ ၀င်လာသည်။

“ မင်္ဂလာပါ ဆရာ”

အားပါးးးးးပြဲလိုက်သည့် အသံ။

“ ဟုတ်ကဲ့ မင်္ဂလာပါ ဆို ဘာတွေ ဖြစ်သတုန်း”

“ ဟုတ်ကဲ့ ဖြစ်သမျှ ကိုပြောရမယ် ဆိုရင်တော့”

“ အမယ်လေး ခဏလေး ခဏလေး အသံ နဲနဲလောက် တိုးပြီးပြောပေးပါလားငင် ကျွန်တော် ကြားရပါတယ်”

“ ကျွန်တော် လာတာ အဲ့ကိစ္စပဲ ဆရာ ကျွန်တော့် အသံတွေ လိုတာ ထက်ပိုကျယ်နေလို့”

“ ဘယ်လို ဖြစ်ရတာတုန်းဗျာ”

“ ဖုန်းလိုင်းမမိလို့ အော်ပြောရာကနေ”

“ ဟိုးးးးးးးးးးရပြီ ဒီလောက်ဆို ပေါက်ပြီ တစ်လလောက် ဖုန်းမပြောဘဲ နေလိုက်ပါညော် ကဲ နောက်တစ်ယောက်”

ဒုတိယ လူနာ ၀င်လာသည်။ ဘေးနားက အဖော် တစ်ယောက်နှင့်။ သူ့ကြည့်ရတာ မျက်လုံးက တစ်နေရာကို လွမ်းမော တမ်းတ နေသလို ရီဝေေ၀ နှင့် မိမိအားလည်း မကြည့် နံရံ ကိုသာ ကြည့်နေလေရာ

“ ဘာဖြစ်လာတာတုန်းဗျ”

“ အ၀ိုင်းလေးးးးးးးးးးးး”

“ ငင် ဘာဖြစ်တယ်”

“ အ၀ိုင်းလေးးးးးးးးးးး”

“ ငင်”

ဘာမှလည်း မေးမရ။ ဒီစကားသာ ထပ်ခါ ထပ်ခါ ပြောနေလေရာ ဘေးမှ အဖော်ပါလာသူအားမေးရသည်။

“ ဒီလို ဆရာ သူက အင်တာနက်ဆိုင် ဖွင့်ထားတာ”

“ ဟိုးးးးးးးးးးရပြီ ဒီလောက်ဆို ပေါက်ပြီ အင်တာနက်ဆိုင်ကို တစ်ခါထဲပိတ်လိုက်ပါ ကဲ နောက်တစ်ယောက်ဟေ့”

“ ဆရာ ကျွန်တော့်ကို ကယ်ပါ”

“ ငင် လေဘာတီ ရုပ်ကြီးပါလား”

တတိယ တစ်ယောက် ၀င်လာသည်။ ၀င်လာပုံက ထူးဆန်းလှသည်။ လက်တစ်ဘက်က ခါးကို ထောက် ကျန်တစ်ဘက်က မိုးပေါ်ထောင်ထားသည်။ ခေါင်းကလဲ မိုးကိုမျှော်ကြည့်နေလေရာ လေဘာတီ ရုပ်ထုကြီးနှင့် သွားတူနေလေတော့သည်။ ဒီအတိုင်း အောက်လည်း ငုံ့မကြည့် လက်ကလဲ မိုးပေါ်ထောင်လျက် ဖြစ်နေလေရာ

“ ဒါကြီးက ဘာပုံ ဖြစ်လာတာလဲငင် လက်လေး အောက်ချပါအုံး”

“ ဆရာ ကျွန်တော့်ကို ကယ်ပါ ဖုန်းလိုင်းမမိလို့ မိုးပေါ်ထောင်ဖမ်းရင်းနဲ့ ဒီပုံစံခွက်ထဲ ၀င်ပြီး အံသေသွားတာ”

“ ဖြစ်ရလေဗျာ”

“ ဆရာ ကျွန်တော့်ကိုကယ်ပါအုံးညော်”

“ အိမ်းးးးးးးဖုန်းတစ်လ လောက်မပြောဘဲ နေလိုက်ပါညော် ကဲ နောက်တစ်ယောက်ဟေ့”

နောက်တစ်ယောက် ၀င်လာသည်။ ပုံစံက စပ်ဖြီးဖြီး နှင့် မိမိအား လက်ညှိုးထိုးကာ

“ ဟာာာာာ တက်လာဘီ တက်လာဘီ ဟေးးးးးးး”

“ ငင် ဘာတက်တာတုန်း”

ခမျာ ပြန်တောင်မပြောနိုင် မြေကြီးပေါ် ဂျွမ်းထိုးနေလေရာ မနဲ ဆွဲယူရသည်။ ပြီးလျှင် မိမိအားလက်ညှိုးပြန်ထိုးကာ

“ ဟာာာာာာာာာာာကျသွားပြန်ပြီ အီးဟီးးးးးးး”

“ ငင် လုပ်ပြန်ဘီ”

ပြောလဲပြော မြေကြီးပေါ်တွင် လူးလှိမ့် ငိုနေသဖြင့် အတင်း ပြန်ဆွဲရပြန်သည်။

“ ဟာာာာာတက်လာဘီ တက်လာဘီ ဟော ပြန်ကျသွားဘီ ဟောတက်လာဘီ ဟော ကျသွားဘီ”

“ ငင် ကယ်ကြပါအုံး ဒီလူ ဘာတွေ ဖြစ်လာတာလဲ”

“ ဆရာ သူက အင်တာနက် ကို ညဘက်သုံး သုံး”

“ ဟိုးးးးးးးးးးရဘီ ဒီလောက်ဆို ပေါက်ဘီ အင်တာနက်လိုင်းကို ပြန်ဖြုတ်လိုက်ပါညော် ကဲ နောက်တစ်ယောက်ဟေ့”

ဒီတစ်ခါ ၀င်လာတာက သားသားနားနား ၀တ်စားထားသော လူတစ်ယောက်။ အပေါ်က တိုက်ပုံ တောင်ဝတ်ထားလိုက်သေး။ တော်သေး ဒီလိုလူနာလဲ လာအုံးမှ။

“ ဆရာ ထိုင်ခွင့်ပြုပါ ခင်ဗျာ”

“ ဟာ ထိုင်ပါ ထိုင်ပါ ဟူးးးးးးးဒီနေ့တော့ အတော်မောတယ်ဗျာ တွေ့တဲ့ အတိုင်း လူနာတွေကလည်း”

“ ဟားဟား ရပါတယ်ဆရာ ဖြစ်တတ်ပါတယ်”

“ ကဲ ခင်ဗျား နာမည်လေး ပြောပါအုံး စာရင်းသွင်း ရအောင်”

“ Problem Loading Page ပါ ဆရာ”

“ ငင် ဘာနာမည်ကြီးလဲ မြင်ဖူးသလိုပဲ ဒီနာမည်”

“ ဟုတ်ကဲ့ အဲ့ဒါ ကျနော့်နာမည်ပါ”

သူ့ကြည့်ရတာလဲ နောက်နေပုံမပေါ်။

“ ကဲ ထားဗျာ အသက်ကရော”

“ တစ်မိနစ် ငါးဆယ်ပါ ဆရာ”

“ ခွီးးးးးးးးးးးးးးးးးး ခင်ညား လာနောက်နေတာလား”

“ မဟုတ်ပါဘူး ဆရာ”

“ ကဲ ပြော အခု ဘာဖြစ်သတုန်း”

“ Server not found ဖြစ်နေလို့ပါ ဆရာ”

“ ငင်”

အော် ငါ့ လူကောင်းမှတ်ပါတယ်။ သူလဲ ယဉ်ယဉ်လေး ကိုး။

“ ဒီလို ရှိတယ် နောင်ကြီးရ တရားသဘောလေးရှုမှတ် ဖြစ်တယ် ပျက်တယ်ပေါ့လေ ဘ၀နဲ့ အတက် အကျ ကို ဒီမှာတင် သံဝေဂ ယူလို့ရတယ်ဗျ”

“ ဟုတ်ကဲ့ Download ထားပါ့မယ် ဆရာ အဲ Unavailable ဖြစ်နေတယ်တဲ့”

“ ခွီးးးးးးးးးးးးးးး”

ကဲ နောက်ဆုံး တစ်ယောက်။ သူ့ကြည့်ရတာတော့ အမှန် အကန် လူကောင်း ဖြစ်မယ့်ပုံပါ။ လက်မှာလဲ ပီနန် အိတ်လေး တစ်လုံးဆွဲလို့။

“ ဆရာ ကျနော့် ကို ကယ်ပါ”

“ ငင် လာပြန်ဘီ ကယ်ခိုင်းတာကြီး”

“ ဆရာ ကျနော် မရူးပါဘူး လူကောင်းပါ”

“ ပြော ဘာတွေ ဖြစ်လာသတုန်း”

“ ဟိုနေ့ညက ညသန်းခေါင် အိမ်သာတက်ချင်လို့ အိမ်သာထဲ ဖုန်းလေးကိုင်ပြီး တက်မိပါတယ်ဆရာ မိန်းမ နှိုးလာပြီး ဖုန်းလှမ်းခေါ်တာ အိမ်ရှေ့နဲ့ အိမ်နောက် ဧရိယာ ပြင်ပ ရောက်နေလို့ ကျနော့်ကိုမယားငယ် ဆီသွားတယ် စွပ်စွဲပြီး အိမ်ပေါ်က နှင်ချလိုက်တာပဲ ဆရာ”

ထိုသူမှာ ပြောရင်း ဆိုရင်း ဒေါက်တာပွ မျက်နှာအား ရုတ်တရက် ကြည့်လိုက်ရာ ဒေါက်တာပွ မျက်ဝန်းတွင် မျက်ရည်များ ရစ်ဝိုင်းလာသည်ကိုတွေ့လိုက်ရ သဖြင့် အားတက်ကာ

“ ဆရာ ကျနော့်ကို ကယ်ပါအုံးလား”

ဒေါက်တာပွ အံကို တင်းတင်းကြိတ်ကာ ဝေ့၀ဲ တက်လာသော မျက်ရည်စများအား ပွတ်သပ်လိုက်သည်။

“ ဘ၀တူတွေ တွေ့ရတာ တကယ်ဝမ်းသာတယ်ဗျာ”

“ ငင်”

“ လာဗျာ ခင်ဗျားကိုလဲ ကျနော် တစ်ခု ပြစရာ ရှိတယ်”

ဆိုကာ ခန်းဆီးလေးအား လှစ်ပြလိုက်လေရာ ထိုသူမှာ ပါးစပ် အဟောင်းသား ဖြစ်သွားတော့သည်။ ထိုသူ တွေ့လိုက်ရတာက လူနာကုတင်ပေါ်တွင် တင်ထားသော ပီနန်အိတ်လေး တစ်လုံး စတီးဇလုံးလေး တစ်ခု နှင့် ဖလားခွက်လေး တစ်လုံး။

credit to ကို ပွ
=   =   =   =   =
Myanmar Online News
 
ကျောင်းတော်က ရန်စ
Wednesday, July 31, 2013

ကျောင်းဆရာမ တစ်ယောက်၊ မီးနီဖြတ်မောင်းလို့ မော်တော်ပီကယ်က ဖမ်းပြီး တရားရုံးပို့တယ်။
တရားသူကြီးကိုမြင်လိုက်တော့ ငယ်ငယ်က သူ့တပည့်တစ်ယောက် ဖြစ်နေတာနဲ့ ဆရာမလည်း ဝမ်းသာအားရ နုတ်ဆက်တာပေါ့... ...

"မင်း... မောင်ကျော်အောင် မဟုတ်လား"
"ဟုတ်တယ် ဆရာမ၊ ခု ကျနော့်အလှည့်ဘဲ"

"ဘာကိုလဲ"
"ကျမ မီးနီဖြတ်မမောင်းတော့ပါဘူးလို့ စာကြောင်းရေ ၅ဝဝ ရေးပါ ဆရာမ"

https://www.facebook.com/thanlayko
သန်၎ကို-ပေါက်ကရရေးသည်
ဟာသဗိမာန်-ဆရာသန်