Sunday, 1 September 2013

ကိုယ်ဝန်ဆောင် ကာလမှာ ပျို့အန်ခြင်းဖြစ်ခဲ့လျှင် ပြုလုပ်သင့်သည့် အချက်များ



Today Myanmar
ချင်းဖျော်ရည်သောက်ပါ

ချင်းကို ပါးပါးလှီးပြီး ရေနွေးတစ်ခွက်နဲ့ စိမ်ပြီး ပျို့အန်ချင်တိုင်းသောက်ပါ။ ဆေးဖက်ဝင် ကုသမှုထဲမှာ စိတ်အချရဆုံး ဖြစ်ပြီး ဘာဆိုးကျိုးမှ မရှိပါ။

စမုန်စပါးစေ့ကို ဝါးစားပါ
စမုန်စပါးစေ့ဟာလည်း ပျို့အန်တာကို သက်သာစေနိုင်ပါတယ်။ စမုန်စပါးစေ့ကို ရေနွေးနဲ့ ဖျော်သောက် စရာ မလိုပါဘူး။ ပလတ်စတစ် အိတ်ထဲထည့်ပြီး သွားလေရာတစ်ပါတည်း ယူသွားကာ မကြာခဏ ဝါးစား ပေးပါ။ စမုန်စပါးစေ့ဟာ ကလေးနို့တိုက် မိခင်တွေ အတွက်လည်း နို့ထွက်အား ကောင်းစေပါတယ်။

နှိပ်နယ်နည်း

သင့်ညာလက်ညှိုးနဲ့ လက်ခလယ်ကို ညှပ်ရိုးနှစ်ခုကြားမှာ ထားပြီး ညာဘက်ညှပ်ရိုး ထိပ်အလုံးကို အသာအယာ ဖိအားပေးပါ။ တစ်မိနစ်ခန့် ဖိအားပေးပါ။ ပျို့အန်ချင်တိုင်း ဖိနှိပ်ပေးနိုင်ပါတယ်။

နံနက်တိုင်း အချဉ်ရည်သောက်ပါ

မနက်တိုင်း အိပ်ရာထကာစမှာ ရေတစ်ခွက်ကို ရှာလကာရည် တစ်ဇွန်းနဲ့ ရောစပ်ပြီး သောက်ပေးပါ။ ပျို့အန်တာ အမြန်သက်သာသွား နိုင်ပါတယ်။

Mg Mandalay

တွေးတွေးပြီး ပြန်ရီရတဲ့ ဟာသတစ်ပုဒ်

Myanmar Online News Saturday, August 31, 2013

ကျွန်တော့်ဘဝဟာ သိပ်ကို ပျော်ရွှင်စရာကောင်းခဲ့ပါတယ်။
ကျွန်တော့် ချစ်သူ့ လေးနဲ့ ချစ်သူသက်တမ်း ၁ နှစ်မှာပဲ မိဘတွေပြောပြီး လပ်ထပ်ဖို့ စီစဉ်ခဲ့ကြပါတယ်။

အဲ .. ပြဿနာက လက်မထက်ခင် ၁ ပတ်လောက်အလိုမှာ စတွေ့တာပဲ။

ပြဿနာရဲအစကတော့ ကျွန်တော့ ချစ်သူရဲ့ ညီမပါပဲ။ အသက်က ၂၂ လောက်ပါ။ သူဟာ မီနီစကတ်ကျပ်ကျပ်တွေ ဝတ်တယ်။ လယ်ဟိုက် အင်္ကျီတွေဝတ်တယ်။ ကျွန်တော့ရှေ့ရောက်ရင် ကလပ်တပ်တပ် နေတယ်။

တစ်ရက်တော့ ကျွန်တော့ကို ဖွင့်ပြောလာတယ်။

"အစ်ကို့ ကို ကျွန်မ ချစ်နေတာ ပါ"...တဲ့
ဟိုက် မလွယ်ပါ့လားပေါ့။
"အစ်ကို့ကို ကျွန်မ အစ်မလက်ထဲ မထည့်လိုက်ခင် ကျွန်မဆန္ဒကို တစ်ကြိမ်လောက်လိုက်ရောပေးပါလား ဟင်"..တဲ့
ကျွန်တော်ဘာပြန်ပြောရမလဲ စဉ်းစားလို့မရသေးဘူး သူက ဆက်ပြောတယ်။

"အကယ်၍ အစ်ကို သဘောတူတယ်ဆို ရင် အပေါ်ထပ်ကိုလိုက်ခဲ့ပါ ညီမ အပေါ်ထပ်မှာ ရှိနေမယ် " ဆိုပြီ အပေါ်ထပ်တက်သွားပါရော။
ကျွန်တော့မှာတော့ ကြက်သေသေပြီး သူအပေါ်တက်သွားတာကို ပဲ လိုက်ကြည့်နေမိတာပေါ့။
ချီတုန်ချတုန်လဲ ဖြစ်နေမိတယ်။ စိတ်တွေလဲ လှုပ်ရှားနေမိတယ်ပေါ့ဗျာ။
နောက်ဆုံးတော့ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ အိမ်ရှေ့တံခါးဆီကနေ ကျွန်တော့ 'ကား' ရှိရာဆီကို ဦးတည်ထွက်ခဲ့လိုက်ပါတော့တယ်။

ဒီချိန်မှာပဲ ခြံထဲမှာ တွေ့လိုက်ရတာကတော့ ကျွန်တော်မကြာခင် တော်စပ်ရတော့မယ့် မိသားစုပါပဲ။ ယောက္ခမ(သူ့အမေ) လောင်းကြီးပြုံးလို့ပေါ့။ သူအဖေကြီးကလဲ အားရဝမ်းသာနဲ့ပေါ့။

"သမီးရေ နင်တော့ တကယ့်ကို ရိုးသားဖြူစင်ပြီး သစ္စာရှိတဲ့ ယောက်ျားနဲ့ လက်တွဲရတာပဲဟေ့ အဖေ စိတ်ချပြီကွာ"...တဲ့။ ကျွန်တော့ ဇနီးလောင်းလေးမှာတော့ မျက်ရည်တွေ တွင်တွင် ကျလို့ပေါ့။

ကဲပုံပြင်လေးကတော့ ဒါပါပဲ ခင်ဗျာ။
ဒီပုံပြင်လေးကနေ ရလိုက်တဲ့ သင်ခန်းစာကိုပြောပြရမယ်ဆိုရင်တော့
"သင်ဟာ အဖော်ကို ကားပေါ်မှာပဲ အမြဲထားပါ"...တဲ့။ ခွီခွီခွီ....။

(ပြောသားပဲ..ဟာသ တစ်ပုဒ်ပါလို့...အဟုတ်မှတ်ပြီး လျှေက်ပြီးဖီလင်ဝင်နေတာကိုး)

Credit to : လူပြက်လေးများ
အခမဲ့ ကြော်ငြာ

နောက်ဆုံးဆန္ဒ



Myanmar Online News
လျှပ်စစ်ကုလားထိုင်နဲ့ သေဒဏ်ပေးခံရတော့မယ့် အကျဉ်းသားကို ရဲအရာရှိကမေးတယ်… …

“ကဲ... နောက်ဆုံးအနေနဲ့ မင်းလိုရာ ဆန္ဒပြုစမ်း၊ ငါလိုက်လျောပေးမယ်”

ဒီတော့ လျှပ်စစ်ကုလားထိုင်ပေါ်ထိုင်နေတဲ့ အကျဉ်းသားက ပြန်ပြောတယ်… …

“အရမ်းကြောက်နေလို့ ကျနော့်လက်လေး ကိုင်ထားပေးပါနော်”…တဲ့။

သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/thanlayko
ဟာသဗိမာန်-ဆရာသန်

တောင်းပန်ပါတယ်



Myanmar Online News Sunday, September 1, 2013

ခင်မင်းအိမ်တစ်ယောက် သူ့အဖေ ဦးမဲလုံးရှေ့ မျက်နှာငယ်လေးနဲ့ ရောက်လာတယ်
ပြီးတော့ မဝံ့မရဲနဲ့ ပြောရှာတယ်... ...
"ဖေဖေ၊ သမီးမှာ ကိုယ်ဝန် ၂လရှိနေပြီ"
"ဘာာာ... ဘယ်ကောင်နဲ့ရတာလဲ ပြော၊ တာဝန်မယူလို့ကတော့ သတ်ပစ်မယ်၊ မဲလုံးကွ ထောင်ထွက်ကွ၊ ခုခေါ်စမ်း အဲ့ဒီအကောင်ကို"

...ဆိုတော့ ကောင်လေးကို ဖုန်းဆက်ခေါ်လိုက်တယ်၊
ခဏနေတော့ အိမ်ရှေ့မှာ ဖာရာရီပြိုင်ကားလေးတစီး ဆိုက်လာတယ်
ကားပေါ်က ကောင်လေးတစ်ယောက်ဆင်းလာတယ်
ဧည့်ခန်းထဲဝင်လာပြီး ကောင်လေးက ပြောတယ်... ...

"ဦးရယ် တောင်းပန်ပါတယ်၊ ကျနော်တို့ မျိုးရိုးပြသနာအရ ခင်မင်းအိမ်ကို လက်ထပ်လို့ မရပါဘူး၊ ကျနော်ဖက်က လုပ်ပေးနိုင်တာက... ...
1. ယောက်ျားလေးမွေးရင် ကျနော်ပိုင်တဲ့ ကားထုတ်လုပ်ရေးစက်ရုံတစ်ရုံ၊ ကွန်ဒိုမီနီယံတစ်လုံး၊ ရိုးရွိုက်ကား ၂စီး ပေးပါမယ်
2. မိန်းကလေးမွေးရင် ဗိုလ်ချုပ်ဈေးထဲမှာ ရတနာဆိုင်တစ်ဆိုင်၊ ဝင်ဒါမီယာမှာ ခြံနဲ့တိုက်၊ လင်ခရုဆာကားတစီး ပေးပါမယ်
3. အဲ... ကိုယ်ဝန်ပျက်ကျသွားရင်တော့... "

... ဆိုပြီး ကောင်လေးက သူ့စကားကို ရပ်ထားလိုက်တယ်

ဦးမဲလုံး ထိုင်ရာက ထ,တယ်
ခင်မင်းအိမ်က စိုးရိမ်တကြီး သူ့အဖေနဲ့ သူ့ရည်းစားကို ကြည့်နေတယ်
ကောင်လေးကလဲ စိုးရွံ့တဲ့ မျက်နှာလေးနဲ့....

ဦးမဲလုံးက ကောင်လေးနားကပ်သွားတယ်
ပြီးတော့...
ကောင်လေးပုခုံးနှစ်ဖက်ကို အသာကိုင်ရင်း ပြောတယ်... ...

"... ကိုယ်ဝန်ပျက်ကျသွားရင်တော့ သားရယ်
♪ ဦးတောင်းပန်ပါတယ် နောက်တစ်ကြိမ် ကြိုးစားပေးပါအုံးလို့"

သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko
ဟာသဗိမာန်-ဆရာသန်

ကိုယ့်စကားနဲ့ကိုယ်



Myanmar Online News Saturday, August 31, 2013
ညဏ်ရည်ထက်မြက်တဲ့ လူငယ်လေးတစ်ယောက်ဟာ အလုပ်တစ်နေရာအတွက် ရေးဖြေစာမေးပွဲ အောင်မြင်သွားပါတယ်။
နောက်တဆင့်အနေနဲ့ လူတွေ့အင်တာဗျူးဖြေရမှာပါ။
ကုမ္မဏီလူကြီးတွေကလဲ သူ့ရဲ့ရေးဖြေစာမေးပွဲမှာ ဖြေထားတာတွေကို အတော်လေးသဘောကျနေပါတယ်။

ဒီလိုနဲ့ အင်တာဗျူးနေ့ ရောက်လို့လာပါပြီ
လူကြီးတွေက ဘာမေးမေး သူက အကုန်လုံးဖြေနိုင်နေပါတယ်။
ဒါနဲ့ သူ့ကိုနောက်ဆုံး ဂျောင်ပိတ်မေးခွန်းမေးဖို့ စ,လာပါတယ်… …

“ခုနောက်ဆုံးအနေနဲ့ မေးခွန်းအလွယ် ၁ဝခု မေးရမလား၊ မေးခွန်းအခက် ၁ခု မေးရမလား ဆိုတာ မင်းကိုယ်တိုင်ရွေး"

“မေးခွန်းအခက် ၁ခု မေးပါ”

“ကောင်းပြီ၊ ကြက်ဥ နဲ့ ကြက်မ ဘယ်ဟာက အရင်လဲ”

ကောင်လေးက ခဏ စဉ်းစားပြီး ဖြေတယ်… ….

“ကြက်မက အရင်ပါ”

“ဘာကြောင့်အဲလို ပြောနိုင်တာလဲ”

ဒီတော့ ကောင်လေးက ပြန်ပြောတယ်... ...

“မေးခွန်းတစ်ခု ပြည့်သွားပါပြီ”.... တဲ့

https://www.facebook.com/thanlayko
သန်၎ကို-ဘာသာပြန်သည်
ဟာသဗိမာန်-ဆရာသန်