Monday, 2 September 2013

အပျိုစင်တစ်ယောက်ရဲ့ည




ကျမ အိပ်ပျော်လုလု အချိန်မှာ သူရောက်လာတယ်
တနေကုန် အလုပ်မှာ ပင်ပန်းထားတော့
ကျမ အရမ်းအိပ်ချင်နေပြီ
သူ့ကို တွန်းလှန်ဖို့ရာ အင်အားမရှိဘူး

သူ....
ကျမ တကိုယ်လုံး ခြေဆုံးခေါင်းဆုံး လိုက်ကြည့်တယ်
သူ့လက်တွေခြေတွေနဲ့ ပွတ်သပ်ကျည်စယ်တယ်
အသံကလည်း ပလုံးပထွေးနဲ့ ဘာတွေမှန်းလဲ မသိဘူးရှင်

ပြီးတော့...
ကျမခန္ဓာကိုယ်ရဲ့ တနေရာကိုရောက်တော့
သူ... သူ... သူ့စိတ်တိုင်းကျ
ကျမ အသွေးအသားတွေကို စားသုံးတော့တယ်

သူ့ လိုအင်တွေလည်း ပြည့်ရော
ကျမကို ထားခဲ့ပြီး
သူပြန်သွားပါတော့တယ်...

ကျမမှာသာ တစ်ကိုယ်တည်း
နာကျင်ပြီး ကျန်ခဲ့ရတာပါ... ...

သူကိုက်သွားတဲ့နေရာလေးမှာ
ယားကျိကျိလေးနဲ့
ဖုလေးတောင် ကျန်ခဲ့တယ်

တော်တော်ဆိုးတဲ့ "ခြင်"


သန်၎ကို-ပေါက်ကရရေးသည် 
Thanlay Ko

"သွင်းကုန်ထုတ်ကုန်" ကဲမှတ်ပီလား...



Myanmar Online News Monday, September 2, 2013

အဝေးပြေးကားတစ်စီးပေါ်မှာ... ...
ပြည်ကြီးတရုတ်တစ်ယောက်နဲ့ ဗမာတစ်ယောက် ဘေးခြင်းကပ်လျှက်ထိုင်ကြတယ်

ပြည်ကြီးတရုတ်က အပျင်းပြေ ပီကေ ထုတ်ဝါးနေတယ်။
ဗမာက ဗိုက်ဆာလို့ထင်ပါရဲ့၊ ဘီစကစ်နဲ့ ဂျယ်လီ စားနေတယ်

အဲဒီမှာ တရုတ်က ပြောတယ်... ...
'ငါတို့တရုတ်ပြည်မှာ ပေါင်မုန့်စားရင် ဘေးသားတွေမစားဘူး၊ ဖယ်ထားတယ်'
'အင်း ဘာလုပ်ဖို့ ဖယ်ထားတာလဲ'
'ဘီစကစ်လုပ်ပြီး မြန်မာပြည်ကို သွင်းတယ်'
'ဟင်...'

နောက်တခါ တရုတ်ကပြောပြန်တယ်... ...
'ငါတို့တရုတ်ပြည်မှာ အသီးတွေစားရင် အခွံနဲ့ အစေ့တွေ မစားဘူး၊ ဖယ်ထားတယ်'
'အင်း ဘာလုပ်ဖို့ ဖယ်ထားတာလဲ'
'ဂျယ်လီလုပ်ပြီး မြန်မာပြည်ကို သွင်းတယ်'
'ဟင်...'

ဗမာက ပြန်ပြောတယ်... ...
'ငါတို့မြန်မာပြည်မှာ လိင်ဆက်ဆံပြီးရင် ကွန်ဒုံတွေကို လွှင့်မပစ်ဘူး၊ စုထားတယ်'
'အင်း ဘာလုပ်ဖို့ စုထားတာလဲ'
'ပီကေ လုပ်ပြီး တရုတ်ပြည်ပို့တယ်'
'ဟင်... ဖွီး ဝေါ့'

ဟာသဗိမာန် ဆရာသန်

သန်၎ကို-ဘာသာပြန်သည်

https://www.facebook.com/thanlayko

မျက်နှာသစ်ပြီးမှ အိပ်ယာဝင်ပါ



Myanmar Online News Monday, September 2, 2013

ညဖက် အိပ်တော့မည် ဆိုပါက တစ်နေ့ကုန် လိမ်းထားသော မျက်နှာမှ မိတ်ကပ်များကို ဆေးပြီး အိပ်သင့်ပါသည်။
အချို့က ညဖက်တွင် အိပ်ချင်ဇောဖြင့် မိတ်ကပ်ဖျက်ရန် သွားတိုက်ရန် ပျက်ကွက် တတ်သည်။ မအိပ်မီ မျက်နှာကို ဆေးကြောပြီးမှ အိပ်သည့် အကြောင်းရင်း (၃)ချက် မှာ အိပ်နေစဉ် သဘာဝ ဖြစ်စဉ်အရ ကိုယ်အပူချိန် တက်လာ တတ်သဖြင့် ချွေးပေါက်များ ပွင့်လာတတ်သည်။ ထိုအခါ တစ်နေကုန် လိမ်းထားသော မိတ်ကပ်များက ချွေးပေါက်များထဲသို့ စိမ့်ဝင်ပြီး ပိတ်သွားတတ်ပြီး အတွင်း၌ အဖြူအဆံ၊ အမည်းဆံ ဖြစ်ကာ ပေါက်ထွက် လာတတ်သည်။

ချွေးပေါက် ချေးပိတ်ပြီး အဖုကြီး လာတတ်ရာမှ လွယ်လွယ်ကူကူ ပြန်ပြီး ကျုံ့ဝင်သွားခြင်း မရှိချေ။ အသက် နှင့်အမျှ Collagen လျော့ပါး လာတတ်သဖြင့် ချွေးပေါက်များ ကျယ်လာတတ်ပြီး ချွေးပေါက် ကျယ်လာလေ မိတ်ကပ် စင်အောင် ဖျက်ဖို့ မလွယ်လေ ဖြစ်လာတတ်သည်။

အရေပြား ဆဲလ်များသည် အိပ်ချိန်တွင် မျက်နှာမသစ်ဘဲ အိပ်ပါက အရေပြား ဆဲလ်များ လှုပ်ရှား လည်ပတ်မှုကို ကြန့်ကြာစေပြီး အောက်စီဂျင် စီးမှု ရပ်တန့်လျက် ဆဲလ်သေများ ပို၍ ဖြစ်ပေါ်စေခြင်း၊ အဖုပေါက် တတ်ခြင်းတို့ဖြစ်တတ် လေရာ မအိပ် မီမဖြစ်မနေ မျက်နှာရှိ တစ်နေ့ကုန် အညစ်အကြေးများကို ဆေးကြော ပစ်သင့်သည်။

ဆေးကြောရာတွင် မိမိနှင့်သင့် လျှော်သော မျက်နှာသစ် ဆေးရည်ကို အသုံးပြုပါ။ဥပမာ- အရေပြား ခြောက်သွေ့သူ၊ အဆီပြန်သူ အတွက် စသည်ဖြင့် မျက်နှာသစ် ဆေးရည် အမျိုးမျိုးကို ရွေးချယ် အသုံးပြုနိုင်သည်။

TKD
Health Updates Journal

Sunday, 1 September 2013

မွေနှစ်ကောင်ပုံပြင်




Ashin Pannasiri Lankara's photo.
မြွေနှစ်ကောင်သေပြီးတမလွန်မှာဆုံတဲ့အခါ ပထမမြွေက-

"ငါကရေမြွေ၊ တနေ့လူတွေနဲ့အတွေ့မှာ--“ဒီကောင် ရေမြွေကွ အဆိပ်မရှိဘူး၊ ရိုက်သတ်စားရအောင်ဆိုပြီး” ရိုက်သတ်ခံရလို့ ဒီဘ၀ရောက်လာတာလို့ပြောတော့
ဒုတိယမြွေကလည်း-- ငါက မြွေဟောက်ကွ၊
မင်းလိုပဲလူတွေနဲ့တွေ့တော့ “ဒီကောင်အဆိပ်ပြင်းတယ်၊ အရှင်မထားနဲ့”ဆိုပြီး ၀ိုင်းရိုက်သတ်ခံရတာလို့ပြောတယ်၊ ပြီးတော့ သူတို့တီးတိုးလေးရေရွတ်ကြတယ် "လူတွေက မလွယ်ပါဘူး အဆိပ်မရှိတော့ စားဖို့ဆိုပြီး ရိုက်သတ်ကြတယ်၊
အဆိပ်ရှိတော့လည်း ရန်များတယ်ဆိုပြီးပြဿနာရှာပြန်ရော"တဲ့။

ဒီပုံပြင်လေးလိုပဲ
လူဆိုတာ ပျော့ညံ့ပြီးရေမြွေလို အဆိပ်မရှိရင်မဖြစ်သလို
မြွေဟောက်လိုအဆိပ်ပြင်းပြီးမာလွန်းရင်လည်းမကောင်းပြန်ဘူး၊
ပျော့ညံ့ရင်အနိုင်ကျင့်ခံရတတ်တယ်၊ မာလွန်းတော့လည်းရန်များတတ်တယ်၊
ဒါကြောင့် အလယ်အလတ်ကျင့်တာပဲကောင်းတယ်၊ အလျှော့ပေးသင့် သူကိုအလျှော့ပေး၊ ခပ်မာမာ ခပ်တင်းတင်းဆက်ဆံမှရမယ့်သူကို မာမာ တင်းတင်းဆက်ဆံ၊ “မီးစင်ကြည့်က”ဆိုတာ ဒါမျိုးကိုပြောတာပဲ။

ငါးရှဥ့် ပုံပြင်


ဂျပန်တွေရဲ့ ရာဇဝင်ပုံပြင်လို့ ဖတ်ရပါတယ်။

ရှေးရှေးတုန်းက ဂျပန်တံငါတွေ ငါးရှဥ့်ဖမ်းထွက်ကြတော့ သူတို့ရဲ့လှေကသေးတာကြောင့် လှေဝမ်းထဲ ဖမ်းရထားတဲ့ ငါးရှဥ့်တွေဟာ ကမ်းမကပ်ခင် သေကုန်ကြတယ်။ ဒါပေမယ့် တံငါတစ်ဦးရဲ့ လှေအပြင်အဆင်တွေက တစ်ခြား တံငါသည်တွေရဲ့လှေနဲ့ တူတယ်ဆိုပေမယ့် သူဖမ်းရတဲ့ ငါးရှဥ့်တွေက ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေသေးတာကိုတွေ့ရတယ်။ ဒါကြောင့် သူ့ငါးရှဥ့်အရှင်တွေက တစ်ခြားသူတွေထက် အမြဲဈေးကောင်း ပိုရခဲ့တယ်။ နှစ်ကြာလာတော့ အဲဒီတံငါသည်ဟာ စုမိဆောင်းမိလာသလို အရွယ်ထောက်လာတာကြောင့် ငါးဖမ်းမထွက်ခဲ့တော့ဘူး။ ဒါပေမယ့် သားကို ငါးရှဥ့်ဖမ်းတဲ့လျှို့ဝှက်ချက် သင်ပေးလိုက်တယ်။

အဲဒီလျှို့ဝှက်ချက်က တံငါသည်ဟာ လှေဝမ်းထဲမှာ ငါးခူးတစ်ချို့ထည့်ထားပြီး ဖမ်းရတဲ့ငါးရှဥ့်ကို ငါးခူနဲ့အတူ ရောထည့်ထားလိုက်တယ်။ ရောထည့်ခံရတဲ့ ငါးနှစ်မျိုးဟာ အချင်းချင်း ကိုက်ဖြတ်ကြတော့တယ်။ ငါးခူရဲ့ တိုက်ခိုက်မှုကို ငါးရှဥ့်က မဖြစ်မနေပြန်ခုခံရတယ်။ ငါးရှဥ့်ရဲ့ "အသက်ရှင်ရေး"ဆိုတဲ့ သဘာဝစိတ်က အပြန်အလှန် တိုက်ခိုက်မှုအောက်မှာ အလိုအလျှောက် ထကြွလာခဲ့တယ်။ ဒါကြောင့် သူတို့ဟာ ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေခဲ့တာဖြစ်တယ်။

တံငါသည်ကဆက်ပြီး သားကို ပြောပြခဲ့တယ်။

ကမ်းမကပ်ခင်သေရတဲ့ ငါးရှဥ့်တွေက သူတို့ကို ဖမ်းမိသွားပြီ... ဘယ်လိုပဲရုန်းရုန်း လွတ်တော့မှာ မဟုတ်ဘူးဆိုပြီး သေဖို့ကိုပဲ စောင့်နေခဲ့ကြလို့ သူတို့ရဲ့ အသက်ရှင်ဖို့ဆိုတဲ့မျှော်လင့်ချက်က အလွယ်တကူပျက်စီးသွားခဲ့တယ်။ ဒါကြောင့် လှေဝမ်းထဲမှာ ကြာကြာမနေရဘဲ အချိန်တိုအတွင်း သေသွားကြတာဖြစ်တယ်။

တံငါသည်က စိန်ခေါ်မှုတွေကို သတ္တိရှိရှိရင်ဆိုင်ဖို့၊ စိန်ခေါ်မှုကြောင့် ဘဝရဲ့ အသက်ရှင်နိုင်စွမ်းနဲ့ မျှော်လင့်ချက်က ပိုပြီးပြည့်စုံလာမယ့်အကြောင်း သားကို သင်ပြပေးခဲ့တယ်။

ဂျပန်မိဘတွေက ကိုယ့်သားသမီးကြီးပြင်းလို့ နားလည်မှုအတင့်သင့် ရှိလာတဲ့အခါ ဒီပုံပြင်ကို ပြောပြလေ့ရှိကြတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေရဲ့ ဘဝစိန်ခေါ်မှုတွေကို ရင်ဆိုင်ရဲတဲ့ သတ္တိ၊ စွမ်းရည်တွေကြောင့် ဂျပန်နိုင်ငံက ယနေ့အာရှမှာ အတိုးတက်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ခဲ့တယ်။


မူရင်း --
http://share.youthwant.com.tw/D31021212.html

နိုင်းနိုင်းစနေ