Tuesday, 1 October 2013
ဥာဏ်ရည်ဥာဏ်သွေး
Myanmar Online News Monday, September 30, 2013
မျက်စိမကောင်းလို့ပါ
Myanmar Online News Monday, September 30, 2013
အဒေါ်အပျိုကြီးက အိမ်လာလည်မည်ဟု ဖုန်းဖြင့်အကြောင်းကြားပြီး
နောက်တစ်နေ့ဍ်တူဖြစ်သူဇနီးမောင်နှံတို့နေထိုင်သောအိမ်သို့ ရောက်ရှိ
လာရာ ၄င်းတို့၏ သားငယ်နှင့် အိမ်ပေါက်ဝတွင် တွေ့လေသည်။။
အဒေါ် ။ ။ ““သားသား...........ဆော့နေတာလား ””
သားငယ်။ ။ ““ ဟုတ်ကဲ့ .............ကြီးကြီး ””
အဒေါ် ။ ။ ““သားဖေဖေနဲ့မေမေရော ””
သားငယ်။ ။ ““အိမ်အနောက်ဘက်ခြံထဲမှာပါ ””
အဒေါ် ။ ။ ““သားဖေဖေနဲ့မေမေ နေကောင်းရဲ့လား ””
သားငယ်။ ။ ““နေမကောင်းကြဘူးထင်တယ် ””
အဒေါ် ။ ။ ““ဘယ်လိုဖြစ်နေလို့လဲ ””
သားငယ်။ ။ ““ဖေဖေနဲ့မေမေတို့
မျက်စိတွေမကောင်းကြဘူးထင်တယ် ””
အဒေါ် ။ ။ ““ဘာလို့သူတို့ မျက်စိတွေမကောင်းကြတာလဲ
သားရဲ့ ””
သားငယ်။ ။ ““ဖေဖေကပြောတယ်....ကြီးကြီးကိုကြည့်လို့မရဘူးတဲ့..။
ပြီးတော့မေမေကလည်းပြောတယ်.....ကြီးကြီးကို လုံးဝကြည့်
မရဘူးလို့ပြောနေတာကို သားသား ကြားလို့ပါ ””
အဒေါ် ။ ။ ““ ဟေ ””
ဇင်မင်းကို
စိတ္တဇ ဟာသများ
မြန်မာ့တိုက်ကြက်
Myanmar Online News
"မြန်မာ့တိုက်ကြက်"
Monday, September 30, 2013
မြန်မာတစ်ယောက်နဲ့ ပြည်ကြီးတရုတ်တစ်ယောက် စကားပြောရင်းနဲ့ ငြင်းခုံနေကြတယ်။
သူတို့တိုင်းပြည်က တိုက်ကြက်တွေ
ဘယ်လောက်ကောင်းကြောင်း
စကားနိုင်လုကြရင်းနဲ့ နောက်ဆုံး
တိုက်ကြက်ချင်းယှဉ်ခွပ်ဖို့ထိ စိန်ခေါ်လိုက်ကြတယ်။
ရှုံးတဲ့ကြက်ဘက်ကလူက တနှစ်ကျွန်ခံကြေး တဲ့။
ဒါပေမယ့် ကြက်ခြင်းတိုက်ကြမှာက ခုချက်ခြင်းမဟုတ်ဘူး၊
နောက် ၅ နှစ်နေမှ တိုက်မှာ...
ဘာလို့လဲဆိုတော့ မိမိတို့ရဲ့ ကြက်တွေကို
စိတ်ကြိုက်မွေးမြူပြီး အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ပေးကြဖို့ ၅ နှစ်
အချိန်ယူလိုက်တာလေ။
အဲ...၅ နှစ်လည်းပြည့်ရော... ...
တရုတ်ကြက်နဲ့ မြန်မာကြက် ခွပ်လက်ဆုံကြပြီခင်ဗျ..
တရုတ်ကြက်က အကောင်နည်းနည်းသေးပေမယ့်
သွက်လက်ဖြတ်လတ်ဟန်ရှိတယ်။
မြန်မာကြက်ကတော့ ကိုယ်လုံးကိုယ်ထည်ကြီးပြီး
ထုံထိုင်းထိုင်းပုံ ထွက်နေတယ်။
စ, လွတ်ပါပြီဆိုကတည်းက မြန်မာကြက်က ကွင်းလည်မှာ
ငိုက်နေပါလေရော၊
ဒါပေမယ့် ကိုရွှေမြန်မာက မပူဘူး...အေးဆေးဘဲ
သူ့ကြက်အခြေအနေကို ကြည့်နေတယ်။
လျောင်ကီးတို့ရဲ့ ကြက်ကတော့ အတက်လေးတပြပြ အတောင်ပံလေး
တမမနဲ့...
ကွင်းထဲဝင်လာပြီဆိုကတည်းက မြန်မာကြက်ကို ပြေးပြေးပြီး
ခွပ်နေလိုက်တာ ခြေထောက်မှာ စက်တပ်ထားလားမှတ်ရတယ်...
အတောင်ပံခတ်သံကလည်း တဖျန်းဖျန်းနဲ့... ပြင်းမှပြင်း
ရန်သူကို ဘေးကတမျိုး၊ ရှေ့ကတဖုံ၊ နောက်ကတသွယ်
ပယ်ပယ်နယ်နယ်ကို တီးနေလိုက်တာများ တရုတ်ကြက်ဘက်က အားပေးသူတွေရဲ့အော်သံ
ဝက်ဝက်ကိုညံနေရော... ...
မြန်မာကြက်ကတော့ ဘာမှပြန်မလုပ်ဘူးခင်ဗျ။
အခွပ်ခံရလို့ တခါတခါ နဲနဲနာသွားရင်
မျက်လုံးလေးတဖက်ဖွင့်ကြည့်ပြီး ပြန်အိပ်သွားတယ်။
အဲလို...ခွပ်ရင်းခွပ်ရင်းနဲ့ ကြာလာတော့ တရုတ်ကြက်
သက်လုံကျလာတယ်.. သိပ်မကြာခင်မှာဘဲ တော်တော်လေးအမောဖောက်လာပြီး မြန်မာကြက်ရဲ့
အတောင်ပံကြား ခေါင်းထိုးပြီး နားနေပါလေရော...
ကံဆိုးချင်တော့ သူ့ဟာသူခွပ်ရင်းနဲ့ သူ့ခြေထောက်မှာ၊
ခေါင်းမှာ၊ ကိုယ်လုံးမှာ ထိခိုက်မိပြီး သွေးစသွေးန နဲနဲထွက်နေတာကိုး...
သွေးညှီနံ့လဲရရော မြန်မာကြက်
ခေါင်းထောင်လာတယ်...ဘေးဘီဝဲယာ လှည့်ပတ်ရှာလိုက်တော့ သွေးညှီနံ့က သူ့အတောင်ပံကြား
ခေါင်းလျှိုနေတဲ့
တရုတ်ကြက်ဆီက လာတာကိုး ...
ဘာမှပြောမနေဘူး... တရုတ်ကြက်ရဲ့ခေါင်းကို ဖမ်းပြီး
ဆိတ်လိုက်တာ 'ဖောက်' ဆိုပြီး တစ်ချက်ထဲနဲ့ ကိစ္စပြတ်ပါလေရော…
မြန်မာပရိတ်သတ်တွေရဲ့ အော်သံ စီကနဲ ထွက်လာတယ်...၊
“ဝေး...ဟေး...ဟေး... ...”
မြန်မာကြက်ပိုင်ရှင်ကလည်း ပြုံးပြုံး ပြုံးပြုံးနဲ့။
ခဏနေတော့ ရှုံးတဲ့ကြက်ရှင် မောင်တရုတ်တစ်ယောက်
မြန်မာကြက်ရှင်ရဲ့ရှေ့ မျက်နှာငယ်လေးနဲ့ ရောက်လို့လာတယ်။
ပြီးတော့ ဇဝေဇဝါမျက်နှာလေးနဲ့ မေးတယ်.. ...
"ငါတော့ နားကိုမလည်တော့ဘူးကွာ၊
မရှုမလှရှုံးမဲ့သာရှုံးတာ ငါ့ကြက်က နယ်နယ်ရရ ကြက်မဟုတ်ဘူး၊
အိန္ဒိယ စစ်တကောင်းနယ်ဘက်က အရက်စက်ဆုံး အကြမ်းတမ်းဆုံး
တိုက်ကြက်ဖနဲ့ မွန်ဂိုလီယားကြက်မကို မျိုးစပ်ပြီး ပြည်မကြီးကဓါတ်ခွဲခန်းမှာ
အကောင်းဆုံး စမ်းသပ်မွေးမြူခဲ့တာ၊ ဒီ ၅ နှစ်အတွင်း တရုတ်ပြည်မှာတော့
သူ့ကိုနိုင်တဲ့ကြက် တစ်ကောင်မှ မရှိတော့ဘူး၊
မင်းတို့ကြက်ကိုရော ဘယ်လိုများမွေးမြူခဲ့ပြီး
ဘယ်လောက်တောင် လေ့ကျင့်ပေးခဲ့ရသလဲ"
ဒီတော့ မြန်မာကြက်ပိုင်ရှင်က ပြန်ဖြေတယ်... ...
"လဒ တစ်ကောင်ဖမ်းပြီး တိုက်ကြက်ဖနဲ့တူအောင်
ယိုးဒယားမှာ ပလပ်စတစ်ဆာဂျရီ သွားလုပ်လိုက်တာ ၂ ရက်ပဲ ကြာတယ်"...တဲ့။
သန်၎ကို-ပေါက်ကရရေးသည်
၁၆ နှစ်သမီး လင်နောက် လိုက်ပြေးသောအခါ
Today
Myanmar
၁၆ နှစ်အရွယ် သမီးလေး အခန်းထဲသို့ အဖေ
ဖြစ်သူ ဝင်လာပါတယ်။ သမီး မရှိပဲ အခန်းက သပ်ရပ်နေပြီး စာတစ်စောင် စားပွဲပေါ်မှာ
တင်ထား တာ တွေ့ လိုက်ပါတယ်။ စာကို ဖတ်ကြည့်တဲ့အခါ
ချစ်သော ဖေဖေ
ဒီစာကိုရေးရတဲ့အတွက်
စိတ်မကောင်းပါဘူး။ ဖေဖေနဲ့ မေမေကို တကယ် ချစ်ပါတယ်။ သို့ပေမယ့် သမီးနဲ့
ချစ်သူနောက်ကို အပြီးလိုက်သွားပါပြီ။ စိတ်မဆိုးပါနဲ့ ဖေဖေ။ သူက သမီးအပေါ်
ကောင်းပါတယ်။ အပြင်ပန်းက တက်တူးတွေ၊ ဆေးမင်ကြောင်တွေ ဘယ်လောက်ပဲ များများ သူ
သမီးကို တကယ်ချစ်တာ ခံစားမိပါတယ်။ သမီးထက် ၁၄ နှစ်ကြီး ပိုကြီး တယ်လေ။
အိမ်ထောင်ကွဲပေါ့။ သို့ပေမယ့် သူ့ဇာတ်လမ်းတွေ ပျက်သွားပြီိလို့ ကတိပေး ထားတယ်။ သူ
ကတိဖျက်တာ ၁၅ ခါ မကပေမယ့် ဒီတစ်ခါတော့ နောက်ဆုံး ဖြစ်မယ်လို့ သမီးယုံကြည်တယ်လေ။
သမီးမှာလည်း ကိုယ်ဝန်ရှိနေပြီလေ။
ငယ်သေးပေမယ့် ဒီအရွယ်မှာ မွေးလို့ ဘာမှ မဖြစ်ပါဘူး။ ကလေးတွေအများကြီးမွေးပြီး
ဘဝတည်ဆောက်ဖို့လည်း သမီးဆန္ဒရှိတယ်။ သူလည်း ဒီတိုင်းပဲလေ။ ဒီအတွက် ဖေဖေ
စိတ်မပူပါနဲ့။ သူ့မှာ အလုပ်အကိုင်မရှိဘူးဆိုတာ မှန်ပါတယ်။ သို့ပေမယ့် မြို့ မှာ သူ
ဆေးခြောက်ဖြန့်တော့မယ်လေ။ သမီးကိုချစ်ရင် ဘယ်သူမှ မသိစေနဲ့နော်။ သမီးတို့
ချမ်းသာတဲ့ တစ်နေ့ကျ ဖေဖေတို့ကို ပြန်ကျေးဇူးဆပ်မှာပါ။ ဖေ့ဖေ့ကိုလည်း ချစ်တယ်။
ချစ်သူကိုလည်း ချစ်တယ်။ ဒီတော့ သမီးတို့ ပိုချစ်ရတဲ့ ချစ်သူဆီကိုပဲ လိုက်သွားပါပြီ
အဖေ။
ချစ်ခြင်းများစွာဖြင့် အဖေ့ရဲ့  သမီး
စာဖတ်ပြီးချိန် ဒေါသကြီးလှတဲ့
အဖေဖြစ်ဟာ လက်တွေတောင် ကတုန်ကရင် ဖြစ်လာပါတယ်။ စာကို ဆုပ်ဖြဲမယ်အလုပ် အောက်နားမှာ
စာနည်းနည်း ထပ်ရေးထားတာ တွေ့တော့ ဆက်ဖတ်မိပါတယ်။
PS: ဖေဖေရေ.။ အပေါ်က ရေးထားသမျှ တစ်ခုမှ
မမှန်ပါဘူးနော။ အခု သမီး ဘေးက သူငယ်ချင်းအိမ်မှာ။ လောကမှာ ထင်ထားတာတွေ (သမီး
ရီပို့ကဒ်) ထက် အရမ်းဆိုးရွားတဲ့ အရာတွေ ရှိသေး၊ ဖြစ်နိုင်သေး တာကို
သမီးပြောပြချင်တာပါ။ လောလောဆယ် စားပွဲ အံဇွဲထဲမှာ ကျောင်းက ပေးတဲ့ ရီပို့ကဒ် (
Report card ) ထားထား တယ်ဖေဖေ။ အမှတ်နဲ့ အဆင့်ကို မကြည့်ပဲ လက်မှတ်ထိုးပေးနော်။
သမီးကို ချစ်လို့ စိတ်ဆိုးပြေ ရင် ဖုန်းဆက်ခေါ်လိုက်နော.
I love you Daddy!
Ref:joketolaugh
ကလေးကို သာမန်လူတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်နည်း
Myanmar Online News Tuesday, October 1, 2013
ဖခင်တစ်ဦးရဲ့ အသိပေးချက် ၁၈ချက်
(၁) သင့်မှာရှိတဲ့ အိပ်မက်တော်တော်များများကို
သင် အကောင်အထည်ဖော်ဖြစ်ချင်မှ ဖော်ဖြစ်ခဲ့မယ်။ သင့်စိတ်ကူးအိပ်မက်တွေ
အကောင်အထည်ဖြစ်မြောက်ဖို့ ကလေးကို အစားထိုး မခိုင်းစေပါနဲ့။ ဒါဟာ
သင့်စိတ်ကူးအိပ်မက်ပါ... ကလေးရဲ့ စိတ်ကူးအိပ်မက် မဟုတ်ပါဘူး။
(၂) ကလေးနဲ့စကားပြောတဲ့အခါ ထိုင်ချပြီးမှ ပြောပါ။
(၃) ကလေးတွေ ဆော့ကစားတဲ့အခါ သူတို့အချင်းချင်းကြားက
ပြဿနာ/အခက်အခဲကို သူတို့ကိုယ်တိုင် ဖြေရှင်းပါစေ။
(၄) ကလေးနဲ့ စိတ်ရှည်လက်ရှည်ဆော့ကစားပါ။
သူ့ရဲ့ကစားနည်းက ဘယ်လောက်ပဲ ပျင်းရိငြီးငွေ့စရာကောင်းနေနေပေါ့။
(၅) ပုံပြင်စာအုပ်တစ်အုပ်ကို ကလေးတစ်လှည့်၊
သင်တစ်လှည့်အတူ ဖတ်ရှုပါ။
(၆) လစဉ်လတိုင်း ကလေးနဲ့အတူ စာအုပ်ဆိုင်တစ်ခါပတ်ပါ။
တစ်ခါပတ်ရင် နှစ်နာရီအထက် ကြာပါစေ။
(၇) ကြိုးစားအားထုတ်မှုရှိမှ ဒါမှမဟုတ်
မျှော်လင့်စောင့်စားတာမျိုးရှိမှ ဂုဏ်ပြုချီးမြှင့်တာလုပ်ပါ။ ဒါမှ တန်ဖိုးထား မြတ်နိုးတတ်မှုကို
သူသင်ယူနိုင်လိမ့်မယ်။
(၈) ချီးကျူးတဲ့အပြင် အပြစ်ပေးတာမျိုးလည်း ရှိရတယ်။
မှတ်ထားရမှာက အပြစ်ပေးတယ်ဆိုတာ တုတ်၊ လက် ပါရမယ့် အပြစ်ပေးမျိုးမဟုတ်ပါ။
(၉) ငိုယိုဂျီကျတဲ့အခါ၊ မစားချင်၊ မလုပ်ချင်တာကို
ငိုယိုငြင်းဆန်တဲ့အခါ အပေးအယူလုပ် ညှိနှိုင်းတာမျိုး မလုပ်မိစေနဲ့။
(၁ဝ) ကလေးကြီးပြင်းလေ ချွတ်ယွင်းချက်တွေကို
သင်တွေ့လေ....။ ဒီလိုအချိန်မျိုးမှာ သူ့ကိုမွေးဖွားကာစအကြည့်မျိုးနဲ့
သူ့ကိုနှစ်သက်ဖို့ မမေ့ပါနဲ့။ များများအားပေးပါ၊ "နင် တုံးလှချည်လား!
တခြားလူတောင်တတ်တယ်.. နင် ဘာလို့် မတတ်ရတာလဲ"ဆိုတဲ့ စကားမျိုးကို ဘယ်တော့မှ
မပြောပါနဲ့။
(၁၁) ကွန်ပြူတာကစားမှာကို မကြောက်ပါနဲ့။
တီဗွီစွဲတဲ့ကလေးတွေက ကွန်ပြူတာစွဲတဲ့ကလေးထက် များတယ်။ ကလေးကို တီဗွီအနားက ခွာပါစေ။
ခေတ်နဲ့အညီ စီးမျောပါစေ။ လမ်းညွှန်သင်ပြသူ လုပ်ပါ၊ တားမြစ်သူ မဖြစ်ပါစေနဲ့။
(၁၂) မူလတန်းကစ ကလေးကို အိမ်မှုကိစ္စတွေ
ခွဲဝေလုပ်ခိုင်းပါ။ ၃နှစ်အရွယ်ကစ လုပ်ခိုင်းနိုင်ပါတယ်။ ဥပမာ- ကစားစရာအရုပ်တွေ
သိမ်းဆည်းတာ၊ သုတ်သင်တာ။
(၁၃) စစချင်းမှာ ကလေးတွေရဲ့ ရမှတ် ရလဒ်ကို
သိပ်အလေးမထားပါနဲ့။ သူ ကျောင်းနေပျော်မပျော်ဆိုတာကို ဦးစားပေး ဂရုစိုက်ပါ။
(၁၄) ဟိုသင်တန်း၊ ဒီကျူရှင်တွေနဲ့ ကလေးရဲ့နေ့စဉ်ဘဝကို
သင်တန်း၊ ကျူရှင်တွေကြားမှာပဲ မနစ်ထားစေပါနဲ့။ ကလေးဘဝ၊ ကလေးသဘာဝ လွတ်လွတ်လပ်လပ်၊
ကျန်းကျန်းမာမာ၊ ကောင်းမွန်တဲ့ အကျင့်တွေနဲ့ ရှင်သန်ကြီးပြင်းပါစေ။
(၁၅) စစ်တုရင်ကစားတာ၊ ရေကူးတာ၊ စက်ဘီးစီးတာ၊
သီချင်းဆိုတာ ဒါတွေဟာ လူတိုင်းနှစ်သက်တဲ့ ကစားနည်းတွေပါ။ ကလေးကို အချိန်စောပြီး
သင်ပေးလို့ရပါတယ်။
(၁၆) ဘဝတစ်သက်တာအသုံးဝင်မယ့် စိတ်ဝင်စားဖွယ်အရာကို
သင်ပေးပါ။ ဥပမာ- ပန်းချီ၊ ဂီတ၊ စာပေ၊ လက်မှုပညာ...။ ကျောင်းတက်၊ အတန်းတက်၊
ကျူရှင်တက် ဆိုတာချည်းပဲ မခိုင်းစေပါနဲ့။
(၁၇) လူအများနဲ့ကစားနိုင်တဲ့ ကစားနည်းမှာ ပါဝင်ပါစေ။
ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘောလုံး၊ ပင်ပေါင်...။ ငယ်ရွယ်စဉ်ကတည်းက
ကျန်းမာရေးလိုက်စားတဲ့ အကျင့် ရှိပါစေ။
(၁၈) ကလေးကိုချစ်ရင် ကလေးရဲ့ ဖေဖေ(မေမေ)ကိုလည်း
ချစ်ပါ။ သူ့ ဘိုးဘိုး၊ ဘွားဘွားတွေကိုလည်းချစ်ပါ။ ဒါမှ နောက်တစ်ချိန်မှာ
သူ့မိသားစုနဲ့ သူ့ကလေးကိုချစ်တတ်ဖို့ သူ သင်ယူ၊ မှတ်သားပါလိမ့်မယ်။
http://www.u148.net/article/22370.html
နိုင်းနိုင်းစနေ
Subscribe to:
Posts (Atom)





