Tuesday, 5 November 2013
ဟာသများ စုစည်းမှု
Nine Nine Sanay @ နိုင်းနိုင်းစနေ
တစ်ခါက ခရစ်ယာန်ဘာသာကိုးကွယ်တဲ့
အမျိုးသမီး၎ဦးဆုံတော့ ကိုယ့်အကြောင်း သူ့အကြောင်း စကားစမြည်ပြောကြတယ်။
ပြောရင်းပြောရင်း ကိုယ့်သားသမီးအကြောင်းရောက်တော့...
ပထမ အမျိုးသမီးက " ကျွန်မသားက Priest (ဘုန်းတော်ကြီး)လေ။ ဟောခန်းထဲဝင်တာနဲ့
လူတွေက သူ့ကို "Father" လို့ခေါ်ကြတယ်"လို့ပြောတယ်။
အဲဒီမှာ ဒုတိယအမျိုးသမီးကလည်း အားကျမခံ "ကျွန်မသားက Bishop(ဂိုဏ်းချုပ်)လေ။
ဟောခန်းထဲဝင်တာနဲ့ လူတွေက သူ့ကို " Your Grace" လို့ ခေါ်ကြတယ်"
တတိယအမျိုးသမီးကလည်း အားကျမခံ "ကျွန်မသားက
Cardinal (ဝတ်ရုံနီဘုန်းတော်ကြီး)လေ။ ဟောခန်းထဲဝင်တာနဲ့ လူတွေက သူ့ကို "Your
Eminence" လို့ ခေါ်ကြတယ်"
အမျိုးသမီးသုံးဦးရဲ့စကားကိုနားထောင်ပြီး
စတုတ္ထအမျိုးသမီးက "ကျွန်မသားက အရပ်၆ပေကျော်မြင့်တယ်၊ ရင်ဘတ်နှစ်ဘက်မှာ
ကြွက်သားနဲ့၊ တင်ကောက်ကောက်၊ တောင့်တောင့် ခန့်ခန့်ချောချောပဲ။ ဟောခန်းထဲ
သူဝင်တာနဲ့ ရှိသမျှမိန်းကလေးတွေက "Oh! My God" လို့ အော်ကြတယ်"
လို့ ဖြေးဖြေးသာသာ ပြောလိုက်ပါတယ်။
အားလုံးပြုံးရယ်ဖို့ ဖတ်မိတာလေး ဘာသာပြန်မျှဝေပါတယ်..
= = =
Today Myanmar
မြုံနေတယ်ဆိုပြီး ကိုယ်ဝန် ဘယ်လို
ရလာတာလဲ
http://www.todaymyanmar.org/2013/11/blog-post_6985.html
ဟိုင်းဝေး လမ်းမကြီးမှာ ကားမောင်းလာရင်း မူးမေ့လဲခါနီး အမျိုးသမီးတစ်ယောက်
အကူအညီတောင်းလို့ ဆေးရုံ လိုက်ပို့လိုက်တယ်။
ဆေးရုံမှာ ခဏကြာစောင့်တော့ ဆရာဝန်က လာပြောတယ်။
ဝမ်းသာစရာပဲ ဗျာ။ ခင်ဗျား အမျိုးသမီးမှာ ကိုယ်ဝန်ရှိနေပြီဗျ။
"ဟာ ဘယ်ကလာ။ အဲဒါကျွန်တော့မိန်းမ
မဟုတ်ဘူးဗျ။"
ယင်းအမျိုးသမီးအား ဆရာဝန်က မေးမြန်းသောအခါ "
ဟင့်အင်း သူက ကျွန်မ ယောင်္ကျားပါ"
အဲဒီမှာ ကျွန်တော် ဇောချွေးတွေ ပြန်နေပါတော့မယ်။
မဟုတ်ပါဘူးလို့ ငြင်းရက်သား ဒီကောင်မလေးက ဘာစိတ်ကူးပေါက်လို့ သူ့ယောက်ျားလို့ဆိုမှန်းမသိ။
ဒီတော့ တာဝန်မဲ့ချင်ရလားဆိုပြီး ဆရာဝန်များက
ကျွန်တော့ကို DNA စစ်ဆေးမယ်လို့ဆိုပါတယ်။ သဘောတူလိုက်ပြီး DNA စစ်ဆေးလိုက်ရာ
အဖြေထွက်လာပါတော့တယ်။
"ဟုတ်ပါတယ် ခင်ဗျားက သူ့ယောင်္ကျားမဟုတ်ပါဘူး။
မိတ်ဆွေက မွေးကတည်းက မြုံနေသူ ဖြစ်ပါတယ်။ ဘယ်တော့မှ ကလေးမရနိုင်ပါဘူး။ ဆောရီးဗျာ။
လူကြီးမင်း ပြန်နိုင်ပါပြီ။"
= = =
“လက်ဦးမှု ရယူခြင်း”
လယ်သမားကြီး ဦးကျေးညိုတစ်ယောက်
တိရိစ္ဆာန်ဆေးကုသရေးဆေးခန်းကို ရောက်လာပါတယ်။
ဆရာဝန်က မေးတယ်… …
“ဘာအကူအညီပေးရမလဲ အဘ”
“ကျနော့်ရဲ့မြင်းတစ်ကောင် ဝမ်းချုပ်နေလို့ပါဆရာ”
ဒီတော့ ဆရာဝန်က ဆေးတောင့်လေးတစ်တောင့်ရယ်၊
ဖန်ပိုက်လေးတစ်ချောင်းရယ် ပေးရင်းနဲ့ ပြောတယ်… …
“ဒီဆေးတောင့်လေးကို ဒီဖန်ပိုက်ထဲမှာထည့်၊
ဖန်ပိုက်ရဲ့တဖက်စွန်းကို မြင်းရဲ့စအိုထဲကို ထိုးထည့်၊ ပြီးတာနဲ့ ဒီဖက်ကနေ
အားကုန်မှုတ်လိုက်ပါ၊ ဆေးတောင့်က မြင်းရဲ့စအိုထဲကို ရောက်သွားလိမ့်မယ်၊ ဒါဆို
အိုကေပြီ အဘ”
ဒီလိုနဲ့…
နောက်ရက်ကျတော့ အဘဦးကျေးညို တစ်ယောက်
မအီမလည်မျက်နှာကြီးနဲ့ ဆေးခန်းကို ပြန်ရောက်လာတယ်
ဆရာဝန်က မေးတာပေါ့… …
“ဘယ်လို ဖြစ်လာတာလဲ အဘ”
ဒီတော့ ဦးကျေးညိုက ပြန်ဖြေတယ်… …
“ဆေးတောင့်ကို ကျနော်မှုတ်မလို့ ပြင်နေတုန်း မြင်းက လက်ဦးသွားတယ်ဆရာရယ်…
ထွီ”
“ဂျာ…”
သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko
= = =
Myanmar Online News
“ဘာအချိုးလဲ”
Saturday, October 2, 2013
ကိုလှသည် စားသောက်ဆိုင်တစ်ဆိုင်၌ ထမင်းသွားစားသည်။
အတော်ကြာအောင် အော်ဟစ်မှ စားပွဲထိုးလေးတစ်ယောက်
သူ့အနားရောက်လာ၏။
ထိုစားပွဲထိုးကလေးသည် ကိုလှ အားရိုင်းရိုင်းပျပျပင်
အော်ဟစ်ဆက်ဆံ၏။
ကိုလှသည် သည်းမခံနိုင်တော့၊ ဒေါ်သထွက်လာ၏။ မန်နေဂျာကို
တိုင်၏။
မန်နေဂျာက စားပွဲထိုးကလေးကိုခေါ်ပြီး
ပြစ်တင်ကြီမ်းမောင်းလေ၏။
“ဟေ့၊ ဟောဒီလူကြီးမင်းက ခွေးလို အကျယ်ကြီးဟောင်ပြီး
မင်းကိုခေါ်နေတာတောက် မင်းက ဂရုမစိုက်ဘူးဆိုကွ၊ အေး. . .မင်း ဒီပုံအတိုင်းဆက်သွား၊
ဘယ်ခွေးမှ ဒီဆိုင်မှာ လာစားမှာမဟုတ်ဘူး။” ဟူ၏။
~~~~~~~~~~~~~~
သူ့ထပ်သူ လူစွမ်းကောင်းကြီးပဲ
ဦးမောင်ကြီး
အထာကျတဲ့ အာဂ ဟာသများ
= = =
Myanmar Online News
အကြွေးထဲက နှိမ်လိုက်
Saturday, October 2, 2013
ပြည့်တန်ဆာမှုနဲ့ စွဲချက်တင်ခံရသည့် မိန်းကလေးတစ်ယောက်ကို တရားသူကြီး တစ်ယောက်က
စစ်ဆေးနေ သည်။
မေး။ ။ နင့် နာမည်ဘယ်လိုခေါ်လဲ။
ဖြေ။ ။ အို ဘာလို့ မေးတာလဲ။ သူ သိသားနဲ့။
မေး။ ။ နင် ပိုက်ဆံယူပြီး ယောကျာ်းတွေကို
ဖျော်ဖြေတယ်ဆိုတာဟုတ်သလား။
ဖြေ။ ။ အို မေးပြန်ပြီ၊ သူလည်း လာဖူးတာပဲ။
တရားသူကြီးမှာ ရှက်လာသည်။ သို့နှင့် ဆက်မမေးတော့ပဲ
အမှုကို အမြန်စီရင်ချက်ချလိုက်သည်။
“ပြစ်မှုကျူးလွန်တဲ့အတွက် ငွေဒဏ် (၂၀၀၀) ကျခံစေ။”
မိန်းကလေးက ပြန်ပြောလိုက်သည်။
“ဒါလေးများ - ရပါတယ်။ သူ့အကြွေးထဲက နှိမ်လိုက်ပေါ့။”
ဟာသများ
= = =
Myanmar Online News
ဒေါသထွက်စရာပဲလေ xD
Saturday, October 2, 2013
ကိုပေါတစ်ယောက်ဒေါသတွေပေါက်ကွဲရှူးရှူးရှဲရှဲမြည်ကာ လက်ဖက်ရည်ဆိုင်ထဲသို့
ဝင်လာသည်..။
ပါးစပ်မှလည်း "ငါ့ကိုများနွားမှတ်နေလား"
ဟုရေရွက်လျက်...။
အပေါင်းအသင်းများက မေး၏..။
ကိုပေါက အောက်ပါအတိုင်းရှင်းပြ၏..။
"တောက်.. င့ါကောင်မလေးနဲ့ ပြဿနာတက်လာကွ...။
တော်တော်လွန်သကွာ..
ငါ့များခိုင်းနွားမှတ်နေလားမသိဘူး..။
တစ်ခုပြီးတစ်ခုနဲ့ကို တော်တော်လည်း ပလီတဲ့ကောင်မ..။
ပထမကွာ.. ကုတင်ခြေထောက်တစ်ဖက်နှိမ့်တယ်ဆိုပြီး ငါ့ကို
သူ့အိပ်ခန်းထဲခေါ်ပြီး စစ်ခိုင်းတယ်..။
ဘာမှမဖြစ်ဘူး...အဲ... နောက်ပြီးတော့
အိပ်ခန်းမီးခလုပ်ပျက်နေတယ်ဆိုပြီး ဂျီတိုက်တယ်.. ငါစမ်းကြည့်တော့ မီးလင်းတယ်..။
နောက်...စောက အဖေတို့အမေတို့ အပြင်ထွက်မယ်ဆိုပြီး
ပြင်ဆင်နေကြတာ၊ ခုထွက်သွားပြီးလား သွားကြည့်ပေးဆိုပြီး ........"
ကိုပေါစကားမဆုံးမီ အားလုံးကဝိုင်း၍
သြဘာသွန်းလိုက်ကြသည်မှာကား.....
"နွားရဲ့...."
ဦးမောင်ကြီး
cr >> ori wri
အထာကျတဲ့ အာဂ ဟာသများ
= = =
Myanmar Online News
သ၀န်ကြောင်တဲ့ ခင်ပွန်း
မိန်းမရေ၊ မင်းဘယ်မှာလဲ
..(ဖုန်းဖြင့်)။
ဇနီး- အိမ်မှာပေါ့ ယောက်ျားရယ်။
ခင်ပွန်း - မင်း ..သေချာလား။
ဇနီး - သေချာတာပေါ့ရှင်။
ခင်ပွန်း - ဒါဆို ..ကြိတ်စက်ခလုတ် ကို
ဖွင့်လိုက်စမ်း။
ဇနီး - (ခလုတ်နှိပ်လိုက်ပြီး) ဂရီး .. ဂရီး ..။
ခင်ပွန်း - ကောင်းပြီ။ တာ့တာ။ ညနေကျမှ အိမ်မှာ
တွေ့ကြမယ်။
နောက်တစ်နေ့ ....
သ၀န်ကြောင်တဲ့ ခင်ပွန်း - မိန်းမရေ၊ မင်းဘယ်မှာလဲ။
ဇနီး - အိမ်မှာပေါ့ ယောက်ျားရယ်။
ခင်ပွန်း - သေချာလား။
ဇနီး - သေချာတာပေါ့ရှင်။
ခင်ပွန်း - ဒါဆို ..ကြိတ်စက်ခလုတ်ကို ဖွင့်လိုက်စမ်း။
ဇနီး - (ခလုတ်နှိပ်လိုက်ပြီး) ဂရီး .. ဂရီး ...။
ခင်ပွန်း - ကောင်းပြီ။ ညနေ ကိုယ် အိမ်ပြန်အလာကို
အပေါက်ဝမှာ ကြိုနေနော်။
နောက်တစ်နေ့မှာတော့ ယောက်ျားဖြစ်သူဟာ သူ့မိန်းမကို
အသိမပေးဘဲ အိမ်ကို ပြန်ကြည့်ဖို့
ဆုံးဖြတ်လိုက်ပါတယ်။
အိမ်ရောက်တဲ့အခါ
သူတို့ရဲ့ သားဖြစ်သူကိုသာ တစ်ယောက်တည်း တွေ့ရတာမို့
"သားရေ .. မင်းအမေ ဘယ်မှာလဲကွ"လို့
မေးလိုက်ပါတယ်။
"သား - မသိဘူး .. အဖေရဲ့။ ကြိတ်စက်
တစ်လုံးဆွဲပြီး အမေ အပြင်ထွက်သွားလေရဲ့''
cr >> funny world
ဦးမောင်ကြီး
အထာကျတဲ့ အာဂ ဟာသများ
= = =
Today Myanmar
ဗိုလ်လောင်း အင်တာဗျူး
Q - မိသားစုဝင်တွေထဲမှာ စစ်နဲ့ပတ်သက်တာတွေရှိလား?
A - ကျနော့်အဘေးဆိုရင် ဂျပန်စစ်ကြီးထဲမှာ ဆုံးသွားတာ။
Q - ဘယ်တိုက်ပွဲမှာတုန်း ??
A - ရွာနားကို ဂျပန်တွေရောက်လာတဲ့နေ့က စပြီး
ဝမ်းပျက်တာ ၃ ရက်လောက်နေတော့ ဆုံးတာပဲ။
Q - ဟေ့ကောင်။ မင်းကို တိုက်ပွဲနဲ့ ပတ်သက်သလားမေးတာ။
A - ကျနော့်အဖိုးဆိုရင်တော့ အင်းစိန်တိုက်ပွဲမှာ
ဆုံးသွားတာ။
Q - ဘယ်တပ်ကတုန်း ???
A - တပ်ကမဟုတ်ဘူး။ သူက ခြံထဲက သရက်သီးတက်ခူးတုန်း
ကျည်ဆန်မှန်ပြီး ဆုံးတာပဲ။
Q - နောက်စရာမဟုတ်ဘူး။ နောက်ဆုံးမေးမယ်.. မင်းအဖေက
စစ်နဲ့ပတ်သက်ပြီး ဘာလုပ်တုန်း ??
A - ရေစစ်ရောင်းပါတယ်..
Q - #$%@$%
= = =
Myanmar Online News
**** ကျောင်း သို့ င မောင် တ ယောက်
မျက် ကွင်း တစ်ဖက် ညို ၍ ရောက် လာ ရာ………………
ဆ ရာ မ ဖြစ် သူ ဒေါ် သနပ် ခါး မှ
ဆရာမ ----- င မောင် မင်း မျက် နှာ ဘာ ဖြစ် တာ လဲ ကွ
င မောင် ------ ညက အိပ် တုန်း က လေ , ဖေ ဖေ တုန်က မေး တယ် ငါ့ သား င မောင် အိပ်
ပြီ လား တဲ့။ ၃ ခါ လောက် မေး ပါ တယ် ဆြာမ ။ အာ့ သား က
လည်း ၃ ခါ လုံး မအိပ် သေး ဘူး ဖြေ လိုက် လို့ မအိပ်ဦး ကွာ ဆို ပြီး ထိုး လိုက်
တာပါ ။
…
…
…
နောက် နေ့
င မောင် ကျောင်း သို့ လာ ရာ ကျန် တစ်ဖက် ပါ ညို မည်း လာ
၍ ဆရာမ မှ ထပ် မံ မေး မြန်း ရာ
ဆရာမ ---- င မောင် နောက် တစ် ဖက် က ဘာ ဖြစ် ရ ပြန် တာ
တုန်း
ထို အ ခါ င မောင် မှ
င မောင်---- ညက လည်း ဖေ ဖေ တုန် က အိပ် ပြီ လား လို့
၂ ခါ မေး တာ သား လည်း ၂ ခါ လုံး မ ဖြေ ပဲ အိပ် ချင် ယောင် ဆောင် နေ လိုက် ပါ တယ် ။
အာ့ အ ချိန် မှာ ပဲ ဖေ ဖေ တုန် က မေ မေ မိုး ကို သဲချစ် ရေ က လေး အိပ် သွား ပြီ
အလုပ် စ ကြ စို့ လို့ ပြော လိုက် ပါ တယ် ။ အာ့ ကို သား က ဘာ အ လုပ် လဲ ဟင် လို့
ထပြီး မေး လိုက် မိ လို့ ပါ ဆြာ မ ။
ဆရာမ ----တိန် !!!!!
ထိပ် တင် မိုး
ရတနာမောင်
= = =
Today Myanmar
နမ်းတာမနမ်းတာ
ခင်ဗျားတို့အပိုင်းပေါ့
တစ်ခါတုန်းက မောင်ဘနှင့်ညိုမြဆိုတဲ့လက်ထပ်ပြီးကာစ ဇနီးမောင်နှံဟာ
သူတို့နေတဲ့လာရှိုးမြိုကလေးကနေ မန်းတလေးဘက်ကို ကားလေးမောင်းပြီး
အေးအေးဆေးဆေး ဟန်းနီးမွန်းခရီးထွက်ခဲ့ကြသတဲ့.........
ဒီလိုနဲ့မှောင်လဲသွားရော မေမြို့မှာတင်
ညအိပ်ဖို့ ဆုံးဖြတ်လိုက်ကြသတဲ့။ တည်းခိုးခန်းသွားအိပ်တော့
.........တည်းခိုခကို တစ်ည ၃၀၀၀၀ ကျပ်နဲ့
သဘောတူလိုက်ကြသတဲ့.....မောင်ဘတို့လည်းပင်ပန်းလာကြတာဆိုတော့
စောစောအိပ်ယာဝင်လိုက်ကြသတဲ့......မိုးလင်းလို့ မန်းတလေးဘက်ကို
ခရီးဆက်မယ်ဆိုပြီးကောင်တာမှာပိုက်ဆံသွားရှင်းတော့ ၁၂၀၀၀၀
တောင်းသတဲ့..........မောင်ဘတို့ကလည်းမပေးနိင်ဘူးဆိုတော့
မန်နေဂျာကို
ခေါ်ရှင်းကြသတဲ့.........
မန်နေဂျာက လည်းဟုတ်တယ် .....၁၂၀၀၀၀ဆိုတော့...ခတ်တော့တာပေါ့.........
မန်နေဂျာက ဒီလိုရှင်းပြသတဲ့........
ငါ့တို့တည်းခိုးခန်းမှာ........nightclub တွေ
ကာ၇ာအိုကေတွေ........ဘားတွေ
........ရှိတယ်....
အဲ့ဒီအတွက်က ၃၀၀၀၀ယူတယ် .....ဆိုတော့..
မောင်ဘကလည်း........ '' ဆရာရယ် ကျွန်တော့တို့
အိပ်ယာတန်းဝင်ကြတာပါ.....nightclub
ကိုမသွားပါဘူး" ပေါ့..........
မန်နေဂျာက
.......သွားတာမသွားတာမင်းတို့တာဝန်ကွာ.........ငါ့တို့က
အဲ့ဒီဟာတွေအတွက်ရင်းနှီးထားရတာမနည်းဘူးကွ
...........လို့ပြောလိုက်သတဲ့........
နောက်ထပ် ၃၀၀၀၀
ကျပ်ကကွာ..........ရေကူးတဲ့အတွက်ပေါ့..........လို့ပြောလိုက်တော့.
မောင်ဘကလည်း ကျွန်တော်တို့ရေကူးဘို့နေသာသာ
ရေကူးကန်ဘယ်မှာရှိမှန်းတောင်မသိရပါဘူဗျာတဲ့...........
မင်းတို့ရေကူးတာမကူးတာ
ငါ့တာဝန်မဟုတ်ဘူး........မင်းတို့တာဝန်ပါ..ရေကူးကန်အတွက်
အကုန်အကျတွေများတဲ့အတွက်.......အဲ့ဒီအတွက်ပါယူတယ်ကွာ....လို့မန်နေဂျာကပြေလိုက်သတဲ့.
ဒါနဲ့နောက်ထပ် ၃၀၀၀၀ ကျပ်က Tv , air com ,ရေသန့်ဘူး
ဘီယာ ဆတယ်လိုက်
ဂြိုလ်တု ရေခဲသေတ်တာ
တို့အတွက်ပေါ့........လို့မန်နေဂျာကရှင်းပြပြန်သတဲ့.........
မောင်ဘကလည်း ..........ရေခဲသေတ်တာမပြောနဲ့
ရေသန့်ဘူးတစ်ဘူးတောင်မသောက်ရပါဘူးဗျာလို့
ပြန်ရှင်းပြတာပေါ့..........
မန်နေဂျာကလည်း................သောက်တာမသောက်တာမင်းတို့တာဝန်ကွာ.......ငါတို့က
အဲ့ဒီအတွက် အကုန်အကျတွေများတော့ ၃၀၀၀၀
ယူရမှာပဲလို့ရှင်းပြသတဲ့........
မောင်ဘလည်းအကြံထုတ်လိုက်ရတာပေါ့...........ဒါဆိုလည်းရော့ဗျာ
၁၂၀၀၀၀
ကျပ်ဆိုပြီးမန်နေဂျာကို
ပိုက်ဆံပေးလိုက်သတဲ့.......မန်နေဂျာကပိုက်ဆံကို
ရေတွက်ကြည့်လိုက်တော့ ၃၅၀၀၀ ပဲတွေ့ရသတဲ့........
မောင်ဘကလည်း " ကျွန်တော့်မိန်းမကို
ခင်ဗျားနမ်းခက ....၉၀၀၀၀
ကျတယ်....ခင်ဗျားကို ၅၀၀၀ လျော့ပေးထားတာ "
လို့ပြောလိုက်တော့
.မန်နေဂျာကလည်း ရှက်သွားပြီး
ငြင်းတော့တာပေါ့......" ခင်ဗျားမိန်းမကို
နမ်းဖို့နေနေသာသာ မြင်တောင်မြင်ဘူးတာမဟုတ်ဘူး"
ပေါ့.
.........မောင်ဘကလည်း " နမ်းတာမနမ်းတာ
ခင်ဗျားတာဝန်ပါ.......ကျွန်တော့မိန်းမဒီမှာ
တစ်ညလုံးရှိနေတာပဲ"
လို့ပြောလိုက်သတဲ့.............
ဟာသလေးများ
= = =
အိမ်ထောင်သက် (၅) နှစ်မှ
ကလေးမရရင်.....................
(ဟားဟား ခ်ခ် အဟီ တော်တော်ရီရတယ်ဗျာ ဖတ်ကြည့် ဘယ်သူရေးလဲတော့
မသိတော့ဘူး)
နိုင်ငံတော် အစိုးရမှ ဥပဒေသစ်တရပ်ကို
ထုတ်ပြန်ကြေငြာလိုက်ရာဝယ်… လက်ထပ်ထားပြီး
ငါးနှစ်အတွင်းမှာ အကြင်လင်မယားတိုင်း ရင်သွေးတယောက်
ရရှိထားပြီး ဖြစ်ရပါမယ်တဲ့။
ဒီတာဝန်ကို မကျေပွန်ခဲ့ရင် သက်ဆိုင်ရာမှ ကြီးကြပ်၍
ယောက်ျားတယောက်ကို
စေလွှတ်ကာ ထိုအိမ်ထောင်ရှင်မအား မိခင်တယောက်
ဖြစ်လာစေရေးအတွက် လိုအပ်သည်များကို
တာဝန်ယူ ဆောင်ရွက်ပေးမှာ ဖြစ်ပါသတဲ့။
ငါးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည် ကျင်းပပြီး နောက်တနေ့မှာ
တော့ အခုထိ ကလေးမရသေးတဲ့ အကြင်စုံတွဲဟာ ဒီကိစ္စကို စဉ်းစားရတော့တာပေါ့…
ယောက်ျားလုပ်သူက…
"မိန်းမရေ… ကိုယ်ကတော့အလုပ် သွားရတော့မယ်ကွာ။ ဒီကနေ့
သက်ဆိုင်ရာ ရုံးချုပ်က လွှတ်တဲ့လူ လာလိမ့်မယ် ထင်တယ်။ ဘယ်တတ်နိုင်မှာလဲ အချစ်ရာ။
ကိုယ်ကမှ အဖြစ်မရှိခဲ့တာကိုး။ မင်းသာ ဖြစ်လာသမျှကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ပေတော့။
ကိုယ်သွားတော့မယ်ကွာ… "
အဲဒီလိုပြောပြီး ခေါင်းကိုငိုက်စိုက်ဆွဲ… မျက်လွှာကို
အောက်ကိုချပြီး စိတ်ဓာတ်ကျစွာနဲ့ပဲ အိမ်ကနေ ထွက်သွားတော့တယ်။ သူ့အမျိုးသမီးကတော့ အိမ်မှုကိစ္စတာဝန်တွေကို
ဆက်လုပ်နေတာပေါ့။
ခဏနေတော့ အိမ်ရှေ့ကနေ ခေါင်းလောင်းသံ ကြားလိုက်ရတယ်။
တံခါးဝမှာ စောင့်နေတဲ့သူက သက်ဆိုင်ရာက လွှတ်လိုက်တဲ့ လူမဟုတ်ပါဘူး။ မွေးကင်းစအရွယ်
ကလေးလေးတယောက်ကို
ဓာတ်ပုံရိုက်ပေးဖို့ လာရင်း အိမ်နံပါတ်မှားပြီး
ရောက်လာတဲ့ ကင်မရာမင်း တယောက်ပါ။
အမျိုးသမီးက တခါးဖွင့်လိုက်ချိန်မှာပဲ ဓာတ်ပုံဆရာက
စပြောပါတယ်…
"မင်္ဂလာရှိသော နံနက်ခင်းပါခင်ဗျာ။ ကျွန်တော်
လာရင်းကိစ္စကတော့… "
"သိ.. သိ.. သိပါတယ်ရှင့်… ဦး.. အဲ ကိုဘယ်သူ… "
"ကျနော့်နာမည် ဝေယံ လို့ ခေါ်ပါတယ် ခင်ဗျာ… ကျွန်တော်
အထူးပြုထားတဲ့ အလုပ်အကိုင်က… "
"သိ.. သိပြီးသားပါရှင်… ခဏထိုင်ပါဦး "
"ခင်ဗျား အမျိုးသားလဲ သဘောတူမယ် ထင်ပါတယ်ဗျာ… "
"ဟုတ်တယ်ရှင့်.. ဒီမနက်ပဲ ကျမတို့ ဒီအကြောင်း
ပြောဖြစ်ကြတာပါ… ဒီကိစ္စကိုvဒီအိမ်ထဲမှာပဲ ရှင်းဖို့ မှာသွားပါတယ်။ "
"ဟုတ်ကဲ့ခင်ဗျာ… အဆင်သင့်ဖြစ်ရင် အခုပဲ
စလိုက်ကြရအောင်လေ။ "
"ဟို… ဟိုလေ… ကျမက ဒါမျိုးတွေ အတွေ့အကြုံမရှိဖူးတော့
ဟိုဒင်း… ဘယ်ကဘယ်လိုစရမယ် မသိဘူးနော်…"
"ဒီကိစ္စအတွက်တော့ ကျနော့်ကို အားကိုးစမ်းဘာဗျာ…။
အင်း… ကျနော့်အထင်တော့ ဒီ ဆိုဖာပေါ်မှာ ရယ် ဟောဟိုက စာကြည့်စားပွဲဘေးမှာရယ်…
ရေချိုးခန်းထဲမှာ.. အင်္ကျီဗလာနဲ့။ ဒီကော်ဇောပေါ်မှာ ဆိုရင်တော့ ဘောင်းဘီတို ဒါမှမဟုတ်
အပေါ်က အဝတ်တထည်တော့ ဝတ်ထားမှ ကောင်းမယ်ဗျ။ "
"ဘုရား..ဘုရား… အဲလောက်ကြီးတောင်လား… "
"ဟုတ်တယ်လေဗျာ။ တခေါက်ထဲနဲ့တော့ ဘာပုံထွက်လာမလဲမှ
မသိနိုင်တာ။ ပုံစံ ခြောက်မျိုးလောက် ဆိုတော့ စိတ်ချရတာပေါ့ အမကြီးရာ။ "
"ကျမတောင်းပန်ပါတယ်ရှင်… အခုကြားရသမျှကတော့ ဘယ်လိုမှ
မအပ်စပ်လို့ပါ။ "
"ဒီလိုပေါ့ဗျာ… ဘာကိုမှ ချုပ်တီးမထားဘဲ
စိတ်လွတ်ကိုယ်လွတ် လွှတ်ပေးလိုက်တဲ့ အခါကျတော့ အောင်မြင်မှုက ပိုပြီး ကြီးမားတတ်တယ်
မဟုတ်လား… "
"အရင်ဦးဆုံး ကျနော် ဖန်တီးခဲ့တဲ့ ပုံတွေကို
ပြချင်ပါတယ်ဗျာ။ "
"ရှင်ဖန်တီးခဲ့တာ… အင်း… ပြလေ… ရှင့်မှာ အချိန်ရှိတယ်
မဟုတ်လား။ "
"ဟာ… အလောသုံးဆယ် မလိုပါဘူးဗျာ။ ဒီအလုပ်မျိုး
လုပ်တယ်ဆိုတာ မြန်မြန်ဆန်ဆန် ပြီးပြီးရော ဘယ်ရပါ့မလဲ… "
(ပြောရင်း ဆိုရင်း ဓာတ်ပုံ အယ်လ်ဘမ်ကို ဖွင့်ပြပြီး)
"ဒီပုံကို ကြည့်ကြည့်ပါဗျာ။ ချစ်ဖို့ မကောင်းဘူးလား။
ဒီအတွက် ကျနော် လေးနာရီတိတိ အချိန်ပေးခဲ့ရတယ်။ ထွက်လာတဲ့ ရလဒ်က လှမှလှပဲလေ။ "
"ဟင်းးးးးး (သက်ပြင်းတွေချလိုက် တံတွေးမြိုလိုက်
လုပ်နေရင်း) ဟုတ်တယ်နော် ကလေးလေးက ချစ်စရာလေး… ဒါပေမယ့် လေးနာရီကြီးကတော့
မများဘူးလား ရှင်… "
"ဒါပေါ့.. ဒါပေါ့… နားနားပြီး ဆက်လုပ်ရတာပေါ့…
ကြည့်စမ်းပါဦးဗျာ.. ဒီအောက်က ပုံကိုကြည့်စမ်းပါ… အဲဒီတုန်းက ကျနော်က ဘစ်စ်ကား
ခေါင်မိုးပေါ်မှာ…ဗျ။ "
"ကားခေါင်မိုးပေါ်မှာ… အမေလေး… မကြားဖူးတာတွေ
ကြားနေရတယ်… ထူးဆန်းပါပေ့ရှင်။ "
"ဒီလိုဗျ… အမျိုးသမီးတယောက်… သူကလဲ ကျနော့်
အလုပ်အကိုင်ကို သိတယ်.. ယုံကြည်တယ်.. အားကိုးတယ်ပေါ့ဗျာ… သူက သူ့အမျိုးသားကို
အထူးအဆန်း ပြချင်လို့ဆိုပြီး ကျနော့်ကို အလုပ် လာအပ်တာပေါ့… အတွေ့အကြုံရှိနေတော့လဲ
မခက်ပါဘူးလေ။ အဲဒီအခေါက်က အလုပ်သဘောအရ ဆိုပေမယ့် ကျနော်က တကယ့်ကို စေတနာနဲ့
စိတ်နှစ်ပြီး ကြိုးစားပေးခဲ့တာဗျ။ "
"ဟော.. ဟောဟိုပုံကိုကြည့် အဲဒါက ပန်းခြံထဲမှာ…
"
"ပန်းခြံထဲမှာဆိုတာက… လူတွေနဲ့လေ။ လူရှေ့သူရှေ့လဲ
အလုပ်ဖြစ်တယ်.. ဟုတ်လား။
သူများတွေက ဝိုင်းကြည့်နေမှာပေါ့။ "
"လူတွေကြည့်တာ မကြည့်တာ ဂရုမစိုက်ပါဘူးဗျာ…
ကုန်ကုန်ပြောမယ်… ကျနော်က လူတမျိုးဗျ။ လူတွေ ဝိုင်းအုံကြည့်လေ ကျနော့်ရဲ့
အရည်အသွေးတွေက တောက်ပြောင်လေပဲ…။ အဲဒီတခေါက်ကတော့… ဘယ်လိုပြောမလဲ… အမေလုပ်သူက ဗီဒီယိုမင်းသမီးဗျ…
သူက အဲဒီနည်းနဲ့ နာမည်ကြီးချင်တာလေ။ အဲဒီနောက်တော့ တကယ်လဲ ဟိုးလေးတကျော်
ဖြစ်သွားတာပါပဲဗျာ။ "
"ဗုဒ္ဓော… ဘုရား.. ဘုရား… "
"ဟုတ်တယ်ဗျ… နေ့လည် နှစ်နာရီမှာ စလိုက်တာ ညနေ
ငါးနာရီမှ ပြီးတယ်။ အဲဒီတုန်းကလောက် တခေါက်မှ မပင်ပန်းဖူးဘူးဗျာ.. တကယ်ပါပဲ။
အဲဒီအချိန်က တုန်နေအောင် ချမ်းနေတဲ့ အချိန်ပေါ့။ လာကြည့်ကြတဲ့ လူတွေကလဲ ပြုံလို့
ခဲလို့… အထပ်ထပ် စုအုံနေတာတင် အဝိုင်းကြီး ငါးထပ်လောက်ရှိတယ်။ လူက တအားများလေတော့ အလုပ်လုပ်ရတာလဲ
သိပ် ခရီးမတွင်ဘူးလေ။ "
"ရှင်တို့က လူအုပ်ကြီးရှေ့မှာ... အိုးရေးးးး
အိုးးရေးးး "
"ဘယ်နေရာကြည့်ကြည့် လူအုပ်ကြီးပဲ တွေ့ရတယ်။
ပရိတ်သတ်ကလဲ ပွဲကျပြီး လက်ခုပ်တွေဘာတွေ ဝိုင်းတီးပေးကြတာဗျ။ အဲဒီမှာ အမေလုပ်သူက
စိတ်တွေတိုလာတာပါပဲ… ကျနော်ကိုယ်တိုင်ကပဲ ပွဲမပျက်အောင် ထိမ်းသိမ်းပေးခဲ့ရတာပေါ့။
နောက်တော့ ရဲတွေရောက်လာပြီး ကျနော့်ကို ကူရှင်းပေးတယ်… အမှန်က ကျနော်က နောက်ထပ် နှစ်ကွက်
သုံးကွက်လောက် ဆွဲချင်သေးတာဗျ။ ဒါပေမယ့် ချမ်းကလဲ ချမ်းနေကြပြီဆိုတော့… ကဲ… အခုပဲ
စကြမလား… ကျနော် ထောက်တံ ထုတ်လိုက်မယ်လေ… "
"ပြောပြောဆိုဆို သူ့ရဲ့ ကင်မရာထောက်တဲ့ ထောက်ကို
အိတ်ထဲကထုတ်ဖို့ ဇစ်ဆွဲသံလဲ ကြားလိုက်ရော… "
အဲဒီအမျိုးသမီးလဲ နေရာမှာတင် မေ့လဲကျသွားပါလေရောဗျာ…
ဥာဏ်ကောင်းလွန်းတဲ့ ဘွားဘွား
Myanmar Online News Saturday, October 2, 2013
ဘဏ်တစ်ခုကို အဘွားကြီးတစ်ယောက် ရောက်လာတယ် ။
ပေါင်တစ်သန်း အပ်ဖို့ ဘဏ်သူဋ္ဌေးကို ပြောတယ် ။
ဘဏ်သူဋ္ဌေး ။ ။ ဒီလောက်များတဲ့ ငွေတွေ
ဘယ်လိုရှာလာခဲ့တာပါလဲ ။
ဘွားဘွား ။ ။ ငါက အလောင်းအစားနဲ့ အကျိုးပေးတယ်လေ ။
အဲဒီလို ရှာလာတာ ။
ဘဏ်သူဋ္ဌေး ။ ။ မဖြစ်နိုင်တာပဲ ။
ဘွားဘွား ။ ။ ဒါဖြင့် မနက်ဖြန် မင်းတင်ပါးမှာ
တက်တူးထိုးပြီးသား ဖြစ်နေရမယ် ဆိုတာကို
ပေါင်တစ်သောင်းကြေး လောင်းမလား ။
ဘဏ်သူဋ္ဌေး ။ ။ ဟာဗျာ..ကျွန်တော့်တင်ပါးမှာ ဘာလို့
တက်တူးထိုးရမှာလဲ ။ လောင်းရင် ကျွန်တော်ပဲ
အချောင်ပေါင်တစ်သောင်း ရနေမှာပေါ့ ။ အလကား
မလိုချင်ပါဘူး ။
ဘွားဘွား ။ ။ မလောင်းဘူးဆိုရင် မင်းဘဏ်မှာ ငါ့ငွေတွေ
မအပ်တော့ဘူး ။
ဘဏ်သူဋ္ဌေး ။ ။ ကဲ.. ဒီလိုဆိုရင်လည်း လောင်းမယ်ဗျာ ။
ဘွားဘွား ။ ။ အိုကေ..သဘက်ခါ ရှေ့ နေနှစ်ယောက်နဲ့
အတူတူ ငါပြန်လာခဲ့မယ် ။
ကြားရက်တွေထဲမှာ သူဌေးက သဘောကျပြီး တပြုံးပြုံးနဲ့
ပေါ့ ။
တင်ပါးမှာ ဘာတက်တူးမှ ထိုးစရာမလိုဘူး ။
ဒီအဘွားကြီး ဒီတစ်ခါတော့ ရှုံးပေါက်ပဲ ။
ပေါင်တစ်သောင်း အလကားသက်သက် ပေးချင်လို့ လာလောင်းတာဆိုပြီး တွေးနေတယ် ။
သတ်မှတ်ထားတဲ့ ရက်ရောက်တော့ အဘွားကြီးက
လူနှစ်ယောက်နဲ့ ရောက်လာတယ် ။
သက်သေပြဖို့ အဘွားကြီးက ပြောလိုက်တာနဲ့....
ဘဏ်သူဋ္ဌေးက ဘောင်းဘီချွတ်ပြီး ဖင်ဗူးတောင်း ထောင်ပြတယ်
။
ဘဏ်သူဋ္ဌေး ။ ။ ဟဲဟဲ.. အဘွားရေ.. အဘွားရှုံးပြီနော် ။
တစ်သောင်းလေး မ စ ပါဦး ။
ဘွားဘွား ။ ။ အေး..ဒီမှာ တစ်သောင်း ။
ပါလာတဲ့ လူထဲက တစ်ယောက်က မေ့ လဲမလိုဖြစ်နေလို့
ဘဏ်သူဋ္ဌေးက အဘွားကြီးကို မေးတယ် ။
ဘဏ်သူဋ္ဌေး ။ ။ အဲဒီတစ်ယောက်က နေမကောင်းလို့ လား ။
ဘွားဘွား ။ ။ သြော်.. ဒီလူလား.. အရှုံးသမားလေ ။ ဘဏ်သူဋ္ဌေး ဖင်လှန်ပြမယ် ဆိုတာကို မယုံဘူးဆိုလို့ ပေါင်တစ်သိန်းကြေး လောင်းထားတာ အခု သူရှုံးပြီလေ ။
အဲဒါကြောင့်ပါ ။
Credit - Original Writer
မောင်သော်
Source: အထာကျတဲ့ အာဂ ဟာသများ
လူဗိုလ်ဟူသည် မှ
Subscribe to:
Posts (Atom)




