Monday, 29 July 2013

အရူးမ၏ကိုယ်ဝန်

Myanmar Online News   Tuesday, July 30, 2013

ကျနော်တို့ ရပ်ကွက်က လူလတ်တန်းစားရပ်ကွက်လေးတစ်ခုပါ။

လူတန်းစား လည်း စုံတယ်ဗျ။ ဆိုက်ကားသမား၊ ရုံးဝန်ထမ်း၊ ကိုယ်ပိုင်လုပ်ငန်းငယ်လေးတွေ၊ ကျဘန်းလုပ်သား။ TAXI မောင်းသူစသဖြင့်ပေါ့။

အဲ....ဒါနဲ့ လွန်ခဲ့တဲ့ ၂နှစ်လောက်ခန့် က ရုပ်ရည်သနားကမားနဲ့ အရူးမတစ်ယောက် ရောက်လာတယ်ဗျ။

ပထမ တော့ ဆိုးမယ်ထင်တာ။ ဒါပေမဲ့ရင်ရင်လေးပါဗျာ။ ရေကူဆွဲပေးတယ်။ အထုပ်အပိုးပါရင် ကူသယ်ပေးတယ်။ ရပ်ကွက်ကလူတွေကလည်း သနားတာနဲ့ တွေ့သူက ကျွှေးကြပါတယ်။

အဲ ... အိမ်တော့ ခေါ်မထားနိုင်ဖူးပေါ့ဗျာ။ အိပ်တော့လား ဆိုက်ကားဂိတ်တခုမှာ အိပ်တယ်ဗျ။ အဲဒီဂိတ်က ညပိုင်းဆို Taxi တွေလဲ ရပ်ထားတတ်တယ်။ မီးတိုင်ကလည်း မာကျူရီမီးတိုင်ဆိုတော့...... ထမင်းကြော်ဆိုင်တခုလည်း ည ဘက်ရောင်းတယ်ဗျ။

ဘောပွဲရှိတဲ့ ညဆို ရောင်းကောင်းတာများ..... ပြောနေဖို့တောင် မလိုဖူးလေ။ ပြောချင်တာက လူပြတ်တယ်ဆိုတာ မရှိသလောက်ပဲဗျ။

ဒီလိုနဲ့ တနေ့ ကြားလိုက်ရတာက အရူးမမှာ ဗိုက်ကြီးနေသတဲ့။ ဟာာာာာာာ....ဗျာာာာ။

လူမဆန်လိုက်ကြတာဗျာ။ စိတ်မနှံ့သူကိုမှ ကြံရတယ်လို့ဗျာ။ ကိုယ်ချင်းစာကြည့်ကြပါဗျာ... ဆိုးလိုက်တာ။

ဗိုက်ကလည်း တဖြည်း၂ နဲ့ လရင့်လာတယ်ဗျ။ အရူးမကတော့ သူ့ဗိုက်ကိုကြည့်ပီး ငိုနေတတ်တယ်။ မေးတော့လည်းမရဖူးဗျ။

ဒါနဲ့ ကျုပ်တို့လဲ စုံစမ်းတာပေါ့။ ရပ်ကွက်လူကြီးတွေ၊ ပါတီဝင်တွေ၊ အရူးမကို သနားသူတွေပေါ့ဗျာ။ လုံးဝ တရားခံကိုမမိဖူး။

ဒီတော့ မမိမဲ့အတူတူ ဆဲလိုက်ကြတာ အကုန် မိုးမွှန်နေကြတာပါပဲ။

အဲ....... တရားခံက တကယ်ပိရိပီး သေသပ်တယ်ဗျ။ အတွေ့အကြုံရှိပုံလဲ ရတယ်ဗျ။

ဒါပေမဲ့ဗျာ...... အမှန်တရားဆိုတာ ဖုံးထားလို့မှမရတာ။ တရားနတ်စောင့်တယ်လေ။

နောက်ဆုံးမှာတော့ တကယ့်တရားခံအမှန်က ပေါ်ရတာပါပဲ။ တရားခံအမှန်က ဘယ်သူလဲဆိုတော့

ခုကွန်ပြူတာရှေ့မှာ စကားတလုံးမှမပြောပဲ ဒီသတင်းကို အဆုံးထိ ဖတ် ကြည့်နေတဲ့သူ ဖြစ်နေလေရဲ့။။။။။

ဟီးဟီးဟီး။ ။ ။ ။

တိန်

ရီမောပျော်ရွှင်ပါစေ

Lon Ely.


၁။Computerဆက်တိုက်သုံးနေသူများ, ၂။ခန္ဓာကိုယ်အတွက် မရှိမဖြစ်, ၃။ကျောက်ကပ်ဆေးရအောင်


Ko Min Min shared Myanmar News's status update.
Computerဆက်တိုက်သုံးနေသူများ မျက်စိကိုဘယ်လို ကာကွယ် ထိန်းသိမ်းကြမလဲ

ယနေ့ အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပျူတာ ဖြင့် နေစဉ် ရက်ဆက် အလုပ်လုပ်ကိုင် နေကျရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်းတို့ ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊ အားမနည်းအောင် ဘယ်လိုကာကွယ်ကြမလဲ။ အောက်ပါ နည်းလမ်းလေး တွေ ကိုလိုက်နာပေးလိုက်ပါ။

နေရာ မှန်ပါစေ။

သင့်ရဲ့ကွန်ပျူတာ၊ keyboard၊ mouse တို. ကို နေရာမှန်ထားတက်ဖို. အရေးကြီးပါတယ်။ သင့်ရဲ့ ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေ သင့်ရဲ့လက်တဆန့်စာ အကွာနဲ့ မျက်လုံးရဲ့ ၂၀ ဒီဂရီအောက် နိမ့် နေရပါမယ်။

အလင်းရောင်

သင့် အခန်းတွင်း အလင်းရောင်ပျံ့နှံ့နေပါစေ။ ဒါမှ ကွန်ပျူတာ screen မှလာသော reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာ screen အား သင့်မျက်စိ နှင့် သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။

မျက်မှန်

Anti-reflective Lenses ပါသော မျက်မှန် ကို တပ်ပေးခြင်းဖြင့် တောက်ပသော အရာမှလာသော reflection တွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ.မျက်စိဆရာဝန်က သင့်အား ကွန်ပျူတာ နှင့် ထိတွေ့နေသူမှန်းသိရင် ထို Anti-reflective Lenses ထည့်ထားတဲ့ မျက်မှန်ကို ညွန်းပါလိမ့်မယ်။

မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀၊ ခြေလှမ်း ၂၀

ကွန်ပျူတာ နှင့် အလုပ်လုပ်သူများ မိနစ် ၂၀ လောက် ကြာတိုင်း ခေါင်းကို ခဏဘေးကိုလှည့်ပြီး ပေ၂၀လောက်ဝေးတဲ့အရာတခုခုကို ကြည့်ကြည့်ပေးပါ။ ဒီနည်းလမ်း ဟာသင့်ရဲ့ ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာ ရစေပါတယ်။ နောက်ပြီး အခါ ၂၀ လောက် မျက်စိ အား ပိတ်လိုက်ဖွင့် လိုက်လုပ်ခြင်းဖြင့် မျက်လုံး စိုစွတ်ခြင်းကို ရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှ ထပြီး ခြေလှမ်း ၂၀ လောက် လမ်းလျှောက်ခြင်းဖြင့် သွေးလှည့်ပတ်ပါစေ။

မျက်စဉ်း ခတ်ပေးပါ

လူတစ်ယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ် ကြပါတယ်။ ဒါပေမယ့် ကွန်ပျူတာနဲ့ အလုပ်လုပ်နေရရင် ၅ ခါ လောက်သာ မျက်တောင်ခတ်တာကို သင်သတိထားမိပါသလား။ အကျိုးဆက်အနေဖြင့် မျက်စိအား ခြောက်ကပ်နေစေပါတယ်။ ထိုသို့ ခြောက်ကပ်မနေအောင် မျက်စဉ်း ခတ်ပေးနိုင်ပါတယ်။

လက်ဖဝါးအုပ်ခြင်း

ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင့်ရဲ့လက်ဖဝါး နှစ်ခုအား နွေးလာသည်အထိ ပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖဝါးနဲ့ သင့်မျက်စိနှစ်ဖက်ကို ၁မိနစ်လောက်ဖုံးအုပ်ပေးလိုက်ပါ။ သင့်မျက်စိညောင်းကိုက်၊ ပင်ပန်းလာတိုင်း ၂ကြိမ်၊ ၃ကြိမ်လောက်လုပ်ပေးပါ။ ထို လက်ဖဝါးမှလာသော နွေးထွေးမူသည် သင့်ရဲ့ ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်။

မျက်နှာသစ်ခြင်း

အားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင့် မျက်နှာသစ်ပေးပါ။ အင်မတန် လန်းဆန်းခြင်းကို ခံစားရပါလိမ့်မယ်။

လက်ဖက်ခြောက် အထုပ်

သောက်ပြီး သား လက်ဖက်ခြောက် အထုပ်ကလေး များကို လွင့်မပစ်ပဲ ရေခဲသေတ္တာထဲထည့်ထားပြီး အားတဲ့အချိန်ကျရင် ထို လက်ဖတ်ခြောက်အထုပ် ၂ထုပ်အား သင့်မျက်စိ တဖတ်စီိတွင် တင်ပြီး အနားယူပါ။ မျက်စိအားအေးမြ စေပါသည်။

အစားအသောက်

ဗီတာမင် A, C, E ပါသော အစားအစာများ ပိုစားပါ။ သံပရာရည်၊ အသီးအရွက်၊ ခရမ်းချဉ်သီး၊ ဥ နှင့် နို့ထွက်ပစ္စည်းများလဲ ပိုစားပေးပါ။

မျက်စိရောဂါ ကင်းဝေကြပါစေ။

Credit : ဆေးပညာဆိုင်ရာဆောင်းပါးများ
 

=   =   =   =   =

Ko Min Min shared Zin Yaw's photo.
ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သော Omega 3 fatty acid
Omega 3 fatty acid ဆိုတာ ခန္ဓာကိုယ်မှာ မရှိမဖြစ် လိုအပ်တဲ့ အဆီဓာတ် တစ်မျိုး (essential fatty acid) ဖြစ်ပါတယ်။ Omega 3 fatty acid ကို လူတွေရဲ့ ကိုယ်ခန္ဓာကနေ မထုတ်လုပ် နိုင်ပါဘူး။ ငါး၊ အသီးအရွက်နဲ့ အစေ့ဆံတွေ စားသုံးခြင်းဖြင့် ရရှိ နိုင်ပါတယ်။
 
လူကြီးသူမများ ပြောတာ ကြားဖူးပါတယ် ဂျပန်မှာ နေတဲ့သူနဲ့  ဂျပန်ဖိုး၊ ဖွားတွေ အသက်ရှည်ကြတယ် ဘာလို့လဲ ဆိုတော့ ဆော်လ်မွန်ငါးတို့ တူနာငါးတို့ကို စားသုံးလို့ အသက်ရှည် နုပျိုတယ်လို့ ပြောကြပါတယ်။ တကယ်လည်းပဲ Omega 3 fatty acid ဟာ ကောင်းကျိုးတွေ အများကြီးရှိပြီး အသုံးဝင် ပါတယ်။ Omega 3 fatty acidကို eicosapenta...noic acid (EPA)နဲ့ docosahexanoic acid (DHA) တို့ ပေါင်းထား တာပါ။ Omega 3 fatty acid က လူ့  ကိုယ်ခန္ဓာထဲမှာ ရှိတဲ့ ကိုလက်စ်တော (cholesterol) နဲ့ မကောင်းတဲ့ အဆီ (very low density lipoprotein) တို့ကို လျော့ကျ စေပါတယ်။ ဦးနှောက် မှတ်ဥာဏ်နဲ့ လုပ်ဆောင်ချက်ကို အားဖြည့် ပေးပါတယ်။ သွေးလည် ပတ်မှု အားကောင်း စေပါတယ်။
 
နှလုံးရဲ့ လုပ်ဆောင်ချက်ကို အားပေး ကူညီပါတယ်။ သွေးပေါင်ချိန် (blood pressure)ကို ထိန်းညှိရာမှာ ကူညီလို့ သွေးတိုးသမားတွေ အတွက် သင့်လျော် ပါတယ်။ အရိုးအဆစ်နဲ့ သွားများကို သန်မာစေတဲ့ အတွက် အရိုးအဆစ် ရောင်ရမ်း သူများနဲ့ လေးဖက်နာ သမားများအတွက် နာကျင်မှုကို သက်သာ စေပါတယ်။
 
မိခင်ဆီမှ Omega 3 fatty acid လုံလောက်စွာ မရရှိခဲ့တဲ့ ကလေးတွေ ဟာလည်း အမြင်နဲ့ အာရုံကြော တွေမှာ ပြဿနာ ဖြစ်နိုင်ချေ အလားအလာ ရှိတယ်လို့ ဖတ်ဖူးပါတယ်။ မြန်မာနိုင်ငံ ဈေးကွက် ထဲမှာတော့ Mega 3 နဲ့  Marina ဆိုတဲ့ နာမည် (Trade) နဲ့ ရရှိ နိုင်ပါတယ်။ ဒါကြောင့် Omega 3 fatty acids are responsible for many important functions in the human လို့ ဆိုပါတယ်။
Ref: medic-facts
ZinYawNews
=   =   =   =   =
Ko Min Min shared Myanmar News's status update.
ငွေတစ်ထောင်လောက်နဲ့  ကျောက်ကပ်ဆေးရအောင်

နှစ်တွေကြာအောင် ကျောက်ကပ်ဟာ သွေးကို ဆား အဆိပ်နဲ့ မလိုလားအပ် တဲ့ခန္ဓာကိုယ်ထဲဝင်လာတဲ့အရာတွေကို ဖယ်ရှားစစ်ထုတ်ပေးခဲ့ရတယ်။ ဒီအချိန်မှာ မလိုလားအပ်တဲ့အရာတွေ ဆားတွေ ကျောက်ကပ်မှာ စုပုံလာတော့ ဆေးကြောသန့် စင်ဖို့ လိုပြီင်္ပေါ့။

ဒါ့အပြင် ရောဂါတစ်မျိုးမျိုး ( အသည်းရောဂါ ) ရှိနေရင်လည်း ကျောက်ကပ်ဟာ
ပိုပျက်စီးလွယ်ပါတယ်။ ခုခေတ်မှာ သုံးရတဲ့ဆေးတွေ ဟင်းသီးဟင်းရွက်က ဓါတုဓါတ်ကြွင်းတွေ အသားငါးက အာဆင်းနစ်တွေဟာ သင့်ကျောက်ကပ်ကို
ခြိမ်းခြောက်နေပါတယ်။

ဒါကိုဘယ်လိုလုပ်ကြမလဲ???
(ဓါတုဓါတ်ကြွင်းတွေ ဖယ်ရှားတဲ့စက်ကလေးနဲ့  သန့် စင်ပြီးမှ ချက်ပြုတ်စားသောက်ရင်တော့ အကောင်းဆုံးပေါ့)
ကျောက်ကပ်ဆေးဖို့  အလွယ်ဆုံးနည်းကတော့...
အရွက်စားမုန်လာပင်တစ်မျိုးဖြစ်တဲ့ နံနံပင် တစ်စည်းကိုယူ၊ ရေနဲ့ သန့် စင်အောင်ဆေး အသေးလေးတွေဖြတ် ဆူနေတဲ့ရေထဲ ၁၀ မိနစ်ပြုတ် ဖန်ခွက်ထဲစစ်ထည့်၊
ရေခဲသေတ္တာထဲထည့်၊ အအေးခံ။ နေ့ စဉ် တစ်ဖန်ခွက်သောက်ပေးရင် စုပုံနေတဲ့အဆိပ်တွေ ဆီးထဲပါသွားပြီပေါ့။
နံနံပင်ဟာ ကျောက်ကပ်ကုသဆေးအဖြစ် အများသိတဲ့ သဘာဝအပင်တစ်ခုပါဘဲ။ ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

MTHN( UNIM )
ကို ကွန်း
 

ဘယ်လိုလူတွေကို အဆုတ်ကင်ဆာရှိ၊မရှိ ကြိုတင်စစ်ဆေးသင့်သလဲ



အဆုတ်ကင်ဆာဟာ ဆေးလိပ်သောက်သူတွေမှာ အဖြစ်များတယ်။ အသိ နောက်ကျလေ့ရှိတယ်။ စောစောစီးစီး သိလို့ ခွဲစိတ် ကုသလိုက်နိုင်ရင် လုံးဝပျောက်ကင်း သွားနိုင်တယ် ဆိုတာ အများကြားဖူးနေမှာပါ။ ဒီတော့ ငွေကြေးချမ်းသာတဲ့ နိုင်ငံများမှာ အဆုတ် ကင်ဆာရောဂါကို ကြိုတင် ရှာဖွေစစ်ဆေးဖို့ အကြံပြုလက်ခံထားတဲ့ အချက်တွေ ရှိပါတယ်။
 
ရောဂါကို ကြိုတင်ရှာဖွေ စောင့်ကြည့်နေခြင်းအားဖြင့် ကင်ဆာကို စောစောကြိုသိနိုင်မယ်။ ကုသမှုတွေ စောစောပေးနိုင်မယ်။ အသက်ပိုရှည်ဖို့ လမ်းလည်း ပိုများနိုင်တယ်ပေါ့။
အသက် ၅၅နှစ်မှ ၇၄နှစ်အတွင်း ပျမ်းမျှ ဆေးလိပ် အလိပ် ၂၀နဲ့ နှစ် ၃၀လောက် သောက်ခဲ့သူ၊ ဆေးလိပ်ဖြတ်ပြီးသော်လည်း ၁၅ နှစ်မကျော်သေးသူ များကို ကွန်ပြူတာဓာတ်မှန်နဲ့ အဆုတ်ကို သုံးနှစ်တစ်ခါ ရိုက်ကြည့်ခြင်းဟာ ရိုးရိုး ရင်ဘတ်ဓာတ်မှန်ရိုက်တာထက် ကင်ဆာကို စောစောစီးစီး ဖမ်းမိနိုင်တယ်လို့ သုတေသနများအရ တွေ့ရပါတယ်။
 

ရိုက်သင့်ရိုက်ထိုက်တဲ့ သူများကို ရင်ခေါင်းကွန်ပြူတာဓာတ်မှန် သုံးနှစ်တစ်ခါ ရိုက်ကြည့်စေခြင်းဖြင့် အဆုတ်ကင်ဆာကြောင့် သေဆုံးနိုင်မှု အလားအလာကို ၈၈%အထိ လျော့ချနိုင်လိမ့်မယ်ဖြစ်ကြောင်း တွက်ချက်တိုင်းတာမှုများအရ သိရပါကြောင်း။

Ref: Who to screen for lung cancer BMJ.htm

တန်ဖိုးရှိသော စကားများ.....


Monday, July 29, 2013
အောင်မြင်မှုရဲ့လျှို့ဝှက်ချက်မှာရည်ရွယ်ချက်၌တစိုက်မတ်မတ်လုပ်ခြင်းပင်ဖြစ်တယ်။
(ဘင်ဂျမင်ဒစ်ဆရေလီ)

အောင်မြင်ကျော်ကြားသူဖြစ်အောင် မကြိုးစားပါနှင့်၊ တန်ဖိုးရှိသောသူဖြစ်အောင်ကြိုးစားပါ။
(အယ်ဘတ်အိုက်စတိုင်း)

လူသားတို့၏ဘ၀တွင် မည်သည့်အရာမှ တည်မြဲခြင်းမရှိ သည်ကိုသတိရပါ။
ထို့ကြောင့် အဆင်ပြေသည့်အခါ၌ အလွန်အမင်းဝမ်းသာခြင်း၊ အဆင်မပြေသည့်အခါ၌ အလွန်အမင်း စိတ်ဓာတ်ကျခြင်း မဖြစ်ပါနှင့်။ (ဟင်းရစ်အစ်ဆန်)

ကျေးဇူးသိခြင်းဆိုသည်မှာ မြင့်မြတ်သောစိတ်ရဲ့ သင်္ကေတဖြစ်တယ်။ (အီစွတ်)

သင့်ထံမှ ဝေဖန်ချက်တောင်းကြသူများမှာ စင်စစ် သူတို့အား ချီးမွမ်းခြင်းကိုသာ ခံယူလိုကြသူများဖြစ်တယ်။
(ဆမ်းမာဆက်မော)

ကျဉ်းထဲကျပ်ထဲရောက်နေပြီး မျှော်လင့်ချက် ကင်းမဲ့ နေသည့်အခါ၌ အရဲရင့်ဆုံး အကြံဥာဏ်ဟာလုံခြုံမှုအရှိဆုံးဖြစ်တယ်။(လိုင်ဗွီ)

စာဖတ်ခြင်းက ပြည့်ဝသောလူတစ်ယောက် ဖြစ်စေတယ်။
ဆွေးနွေးညှိနှိုင်းခြင်းက အသင့်ပြင်ထားသော လူတစ်ယောက်ဖြစ်စေတယ်။
မှတ်သားခြင်းက တိကျသောလူတစ်ယောက်ဖြစ်စေတယ်။ (ဆာဖရန်စစ်ဘေကွန်)

မိမိကိုမိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဆုံးသော သော့ချက်ပဲ။ (နီကီတာခရုရှက်)

တစ်စက်ချင်းကျနေသော ရေစက်များဟာ နောက်ဆုံးမှာကျောက်တုံးကိုပင် တိုက်စားသွားတယ်။ (လူခရီးတပ်စ်)

သူငယ်ချင်းဆိုသည်မှာ ၄င်းအပေါ် ကျွန်ုပ်က ရိုးသားဖြူစင်ရမည့်သူပင် ဖြစ်တယ်။ (ရပ်ဝယ်ဒိုအီမာဆန်)

ပျင်းရိခြင်းဟာ ထိခိုက်နစ်နာမှုများအားလုံးဝင်ရာ ၀င်ပေါက်ကြီးဖြစ်တယ်။
အလုပ်မရှိတဲ့လူတစ်ယောက်ဟာ နံရံမရှိတဲ့ အိမ်တစ်လုံးနဲ့တူတယ်။
မကောင်းဆိုးဝါးများဟာ အရပ်လေးမျက်နှာမှ ၀င်ရောက်နိုင်တယ်။ (ဂျော့ဖရီချော်ဆာ)

ပြက်ရယ်ပြုခြင်းက သဘောထားသေးသိမ်ညံ့ဖျင်းတဲ့လူများရဲ့ လှုပ်ရှားမှုပင်ဖြစ်တယ်။ (အဲဖရက်တင်နီဆင်)

အပြစ်မရှိသူတစ်ဦး မတရားခံရခြင်းထက် အပြစ်ရှိသူ ဆယ်ဦး ထွက်ပြေးလွတ်မြောက်သွားခြင်းက ပိုလို့ကောင်းသေးတယ်။ (ဘလက်စတုံး)

သန္နိဋ္ဌာန်ချရာ၌ နှေးပါ ၊ လုပ်ဆောင်ရာ၌ မြန်ပါ။ (ဂျွန်ဒရိုင်းဒန်)

ငွေကြေးဥစ္စာအတွက် သက်သက်အိမ်ထောင်ပြုတာက ပြည့်တန်ဆာလုပ်တာနဲ့ အတူတူပဲ။ (ဘားနဒ်ရှော)

သာယာချမ်းမြေ့သောအိမ်ထောင်ရေး ဆိုသည်မှာ မျက်မမြင်မယား နဲ့ နားပင်းနေသောလင်ယောကျာင်္း တို့ရဲ့အိမ်ထောင်ရေးပင် ဖြစ်ပါတယ်။ (ဂျွန်မီတန်)

ဤကမ္ဘာပေါ်၌ မည်သူ့ကိုမျှ အားမကိုးဘဲ မိမိဘာသာမိမိ ရပ်တည်သောလူသာလျှင်
အတော်ဆုံးလူဖြစ်တယ်။ (ဟင်းရစ်အစ်ဆန်)

သင့်လောက် ကံမကောင်းသူအား သင်၏ပျော်ရွှင်မှုများ ၊ အဆင်ပြေမှုများကို သွားမပြောပါနှင့်။ (ပလူးတက်)

သူတပါးကို ထိခိုက်နာကျင်စေခြင်းထက် မိမိက အနစ်နာခံလိုက်သည်က ပိုကောင်းတယ်။ (ချားဒါဝင်)

အနည်းငယ်သုံစွဲခြင်းကို သတိပြုပါ။ အလွန်သေးငယ်တဲ့အပေါက်ကလေး တစ်ပေါက်ဟာ အလွန်ကြီးမားတဲ့ သင်္ဘောတစ်စင်းကို နစ်မြုပ်စေနိုင်တယ်။ (ဘင်ဂျမင်ဖရင်ကလင်း)

လိမ်ညာပြောတတ်သူသည် အမှန်ပြောသည့်တိုင်အောင် ယုံကြည်ခြင်းမခံရပါ။ (စီဆာရို)

ခင်ဗျားရဲ့ သဘောတူညီမှုမပါဘဲနဲ့ ဘယ်သူကမှ ခင်ဗျားကို သိမ်ငယ်စိတ်ဝင်အောင် မလုပ်နိုင်ပါဘူး။ (အယ်လင်နွာရုစဗဲ့)

ဆင်ခြေသည် လိမ်ညာပြောသည်ထက် ပို၍ဆိုးဝါးသလိုပို၍ကြောက်စရာလည်းကောင်းတယ်။ အဘယ်ကြောင့်ဆိုသော် ဆင်ခြေဟာ မုသားစကားကို လုံခြုံအောင် ကာရံထားသောကြောင့်ဖြစ်တယ်။ (အလက်ဇန်းဒါးပုတ်)

အရာရာကိုမလုပ်နိုင်တဲ့အတွက် ရှက်စရာမဟုတ်။ သို့သော်မလုပ်တတ်ဘဲလုပ်ခြင်း ၊ သို့မဟုတ် ဟန်ဆောင်ခြင်းသည် ရှက်စရာကောင်းရုံတင်မက စိတ်ပျက်စရာလဲကောင်းလှတယ်။ (ပလူးတက်)

စရိုက်၌လည်းကောင်း ၊ အပြုအမှုများ၌လည်းကောင်း ၊ ဟန်၌လည်းကောင်း ၊ အရာအားလုံး၌လည်းကောင်း အဓိကအကျဆုံးအချက်မှာ ရိုးသားမှုပင်ဖြစ်သည်။ (လောင်ဖဲလ်လိုး)

ပိုက်ဆံအိတ်အတွင်း၌ ပြောင်သလင်းခါနေသည့်အချိန်၌စိတ်မှာ တင်းကျပ်နေတတ်သည်။ (ဗစ်တာဟူဂို)

ကတိပေးရာ၌ အနှေးဆုံးလူသည် လုပ်ဆောင်ရာ၌ ကတိအတိုင်း တစ်သွေမတိမ်း လုပ်ဆောင်တယ်။
(ဂျေ ၊ ဂျေ ၊ ရူးဆိုး)

ပညာရှိများနှင့်တစ်နာရီဆွေးနွေးရခြင်းသည် မိမိဘာသာစာအုပ်တစ်ရာဖတ်သည်ထက် အကျိုးများ၏။ (သိုးဆောင်းစကားပုံ)

အောင်မြင်နေသူများသည် စိတ်မညစ် စိတ်မပျက်ဘဲ ဇွဲမလျှော့သူများသာဖြစ်သည်။ (အဂ္ဂါး)

သူတစ်ပါးကို ကျကျနနသင်ကြားပေးခြင်းသည် မိမိအဖို့သင်ယူခြင်း၌ အကောင်းဆုံးဖြစ်၏။ (အင်္ဂလိပ်စကားပုံ)

စိတ်အားငယ်နေသူတို့သည် အားကိုးမှုကို အလိုရှိတတ်ကြသည်။ အခါမရွေး အားကိုးရာရှာနေတတ်ကြသည်။ သူ့ကို ဖော်ရွေစွာ ဆက်ဆံနေစေချင်သလို သူ့အလိုဆန္ဒကိုလည်းလိုက်လျောစေချင်တတ်ကြ၏။ ထိုသူများနှင့်တွေ့လျှင် အကြံဥာဏ် နှင့် အားပေးစကား ပြောဖို့ရန် ၀န်မလေးအပ်ပေ။ စကားတစ်ခွန်းပြောပေးရုံနှင့်သူ့အား မြေတောင်မြှောက်ရာ ရောက်ပေသည်။ (ဒီဖိုမင်း)

စိတ်ကို တည်ငြိမ်အောင်ထိန်းပါ။ ကြံခိုင်မှု နှင့် သည်းခံခြင်းစိတ်ဓာတ်ကို မွေးဖွားပါ။ ဒုက္ခမှန်သမျှကို သတ္တိရှိစွာ ရင်ဆိုင်ပါ။ အစွမ်းအစ တုံးခြင်း နှင့် အသိဥာဏ်ခေါင်းပါးခြင်း အတွေးအခေါ်ဟူသမျှကို လုံးဝလက်မခံပါနှင့်။ (ဒေါက်တာဝီလျံအိုစလာ)

တန်ဖိုးရှိသော စကားများစာအုပ်မှ ကောက်နှုတ်ထားပါတယ်။
ဒီစာအုပ်ကိုဘာသာပြန်သူမှာ စာရေးဆရာကြီး 'သုတေသီဘုန်းမြင့်သွေး' ဖြစ်ပါတယ်။

သ ရ ဖီ(Tha Ra Phi)

မန်နေဂျာကိုဒေါသ


စက်ရုံကို မန်နေဂျာအသစ် ရောက်လာတယ်။
စိတ်မြန်ကိုယ်မြန်ရှိပြီး စည်ကမ်းကြီးတဲ့မန်နေဂျာလို့ လူသိများတယ်။
 တစ်နေ့ တော့
အဲဒီမန်နေဂျာဟာ စက်ရုံထဲကဌာနတွေကို တစ်ခုပြီးတစ်ခု လှည့်လည်ကြည့်ရှုစစ်ဆေးနေတယ်
ထုပ်ပိုးဌာန...
ထုတ်လုပ်ရေးဌာန...
ဈေးကွက်ဌာန...

အဲ... ကံဆိုးချင်တော့
လုပ်သားနားနေခန်းထောင့်နားမှာ ငုတ်တုတ်ကြီးအိပ်ငိုက်နေတဲ့ လူတစ်ယောက်ကို မိပါလေရော
ဘာပြောကောင်းမလဲ၊ မန်နေဂျာကိုဒေါသ ယမ်းပုံးမီးကျပေါ့

အိပ်ငိုက်နေတဲ့လူကို သူကိုယ်တိုင်သွားနှိုးတယ်...
" ဟေ့ကောင် ဟေ့ကောင်၊ ထစမ်း အခု"
"ဗျာ..အင်း...အဲ"
.
"အောင်မာ အလုပ်ချိန်ကြီး အိပ်နေတယ်၊ ငါလုပ်လိုက်ရ နာတော့မယ်"
"မဟုတ်...မဟုတ်ဘူးဆရာ၊ ကျနော်ရှင်းပြ..ပြ"

"ဘာမှရှင်းပြမနေနဲ့ ငါကိုယ်တိုင်မြင်တာ မင်းလစာဘယ်လောက်ရလဲ ပြောစမ်း"
"သုံးထောင်ပါ"

"ရော့...ဒီမှာသုံးလစာ၊ ဒီနေ့ကစပြီး ဒီစက်ရုံကို မင်းလာစရာမလိုတော့ဘူး၊ ကြားလားဟေ့ကောင်"

သနားစရာပါဗျာ "ဟုတ်ကဲ့...ဟုတ်ကဲ့" ဆိုပြီး ဟိုလူလည်း ငွေကိုးထောင်လေးကိုင်လို့ ကုတ်ကုတ် ကုတ်ကုတ် နဲ့ ထွက်သွားရှာတယ်
ဒေါသမပြေသေးတဲ့မန်နေဂျာက သူ့ကိုဝိုင်းကြည့်နေတဲ့ ၀န်ထမ်းတွေကို ဆက်ပြီးကြိမ်းမောင်းနေတယ်...

"ကျန်တဲ့ဝန်ထမ်းတွေလည်း သတိထား၊ ဒါနမူနာဘဲမှတ်"

ရှုးရှုးရှဲရှဲုနဲ့ ထွက်သွားမယ်လုပ်ပြီးမှ သတိရလို့ပြန်မေးတယ်... ...

"ဒါနဲ့... အဲဒီကောင်က ဘယ်ဌာနကတုန်း"

ဝန်ထမ်းတစ်ယောက်က ၀င်ဖြေတယ်...

"ဘယ်ဌာနကမှ မဟုတ်ဘူး၊ ဟမ်ဘာဂါလာပို့တဲ့ကောင်"


https://www.facebook.com/thanlayko
သန်၎ကို-ပေါက်ကရရေးသည်
ဟာသဗိမာန်-ဆရာသန် မှ ကူးယူမျှဝေပါသည်.....
Monday, July 29, 2013


ကျနော် ခုတ်တာပါ


လယ်သမား တစ်ဦးက ၁၀ နှစ်အရွယ် သူ့သားလေးကို ယခုလို ခေါ်ပြီး မေး ပါတယ်။

"သားလေး။ ဟိုချယ်ရီပင်ကို မင်းခုတ်ခဲ့တာလား"

သားငယ်ကလည်း ဂုဏ်ယူစွာနဲ့ "ဟုတ်တယ် ဖေဖေ၊ သားခုတ်ခဲ့တာပါ။ မလိမ်ပါဘူး" လို့ ဖြေပါတယ်။

ဒီတော့ သားကို ဖအေဖြစ်သူက နားရင်းရိုက်ဆုံးမပါတော့တယ်။ ဒါကြောင့် သားဖြစ်သူက အဖေ့ကို -

"ဂျော့ဝါရှင်တန် ကလေးဘဝက သစ်ပင်ခုတ်တော့ သူ့အဖေ ခုလို မရိုက်ပါဘူး အဖေ" လို့ ငိုကြီးချက်မနဲ့ ပြောပါတယ်။

ဒီတော့ အဖေဖြစ်သူက အောက်ပါအတိုင်း ပြောပါတယ်။

"အေး ဂျော့ဝါရှင်တန် ချယ်ရီပင် ခုတ်တုန်းက အပင်ပေါ်မှာ သူ့အဖေ ရှိမနေဘူးကွ"

--------------
-------------
သင်ခန်းစာ -

ဘယ်အလုပ်ဖြစ်ဖြစ် ချီးကျူးထောပနာခံရဖို့ ကြိုးစားတဲ့အခါ ကိုယ့် ကြောင့် ထိခိုက်သူ မရှိအောင် အရင်စူးစမ်း လေ့လာ သင့်ပါတယ်။
-
Ref:enterjoke

ရိုးရာလေး