Thursday, 31 October 2013
ကျုပ် လူပျိုကြီး ဖြစ်ရတာ အကြောင်းမဲ့မဟုတ်ဘူး
အစက ကျုပ်လည်း ချစ်သူရှိတာပဲဗျ
ပါသွားပြီပေါ့ ..
Myanmar
Online News Thursday, October 31, 2013
ဇနီးဖြစ်သူ ကွယ်ရာမှာဖောက်ပြန်နေသည်ဟု ကိုစောဝင်း စိတ်ထဲ မှာ ထင်မိ၏။
နောက် အကဲခတ်နေကြည့်နေ သည်မှာကြာပီ။ဒီမိန်းမ ကျိန်းသေ
မူပျက်နေသည်။
မိမိ ၏ သံသယ ကိုမှန်မမှန် စမ်းသပ်ရန်ဆုံးဖြတ်လိုက်၏။
တနေ့ နယ်သို့ခရီးထွက်မည်ဟု ဇနီး သည်အား
ကြေငြာလိုက်သည်။
သို့သော် တကယ်မသွားပဲ မိန်းမ မသိအောင်
အိမ်အောက်ထပ်ရှိ ဂိုထောင် ထဲတွင်ပုန်းနေ၏။
ညအချိန်သို့ရောက်လာလေပြီ။
အပေါ်ထပ် အိပ်ခန်းဘက်မှ နေ၍ အသံများကိုကြားနေရ၏။
သေချာအောင် နားစိုက်ပီးထောင်ကြည့်လိုက်သည်။
" ဘေးစောင်းလေး လှဲလိုက်။ဖြေးဖြေး။
ဟုတ်ပြီ။အဲ ...ခြေထောက်ကို နဲနဲထောင်လိုက်။
ဒီဘက်ကိုနည်းနည်းရွှေ့။ဟုတ်ပြီ။ကိုင်း
.......စဆွဲမယ်။ဆွဲပြီ။ဆွဲပြီ။ "
ခဏ နားထောင်ပြီးနောက် ကိုစောဝင်း ဒေါသ
ထွက်၏။လူတကိုယ်လုံးတဆတ်ဆတ်တုန်လာ၏။
သံသယနဲ့စောင့်မိတာ မှားလေစွဟုလည်း တွေဝေစွာ
ငေးမောနေမိ၏။
နောက်ဆုံး ကိုစောဝင်း ဖောက်ပြန်သူတို့အား ရှင်းရန်
ဖွက်ထားသော ဓါးကိုထုတ်၍ အိပ်ခန်းသို့ အပြေးအလွှား ၀င်ရောက်လေ၏။
.
.
.
.
.
.
.
.
.
.
.
.
ဇနီး ဖြစ်သူမှာ တရှူးရှူး နဲ့ အိပ်မောကျနေ၏။
စန္ဒယားကြီးကား မရှိတော့ချေ။
Credit - Original Writer
thanks
စိတ္တဇ ဟာသများ
အလိုက်တသိ..
Myanmar
Online News Wednesday, October 30, 2013
ပြတိုက်သို့  လေ့လာရေးခရီး သွားရောက်ခဲ့ကြပြီးနောက် အတန်းသူ အတန်းသားများကို ဆရာမက
မေးသည် ။
" ပြတိုက်ထဲမှာ ဘာကို
အကြိုက်ဆုံးလဲ...နီကိုလိုင် ဖြေစမ်း.."
" ဗီးနပ်စ် အလှဘုရင်မရဲ့  ရုပ်တု ပါ.."
" ရုပ်တုရဲ့  ဘယ်အပိုင်းကိုလဲ..."
" ရင်သားပါ "
" ဟေ့.. အခန်းထဲက ခုချက်ချင်း
ထွက်သွားစမ်း.."
" ကိုင်း.. အီဗန် မင်းကကော ဘာကို အကြိုက်ဆုံးလဲ.."
" ဗီးနပ်စ် ရုပ်တု ပါပဲ "
" ဘယ်အပိုင်းကိုလဲ.."
" တင်ပဆုံပိုင်းပါ.."
" ဟေ့.. အခန်းထဲက ခုချက်ချင်း
ထွက်သွားစမ်း.."
" ကိုင်း မောင်ပီတာ.. မင်းကော
ဘာအကြိုက်ဆုံးလဲ.."
" မပြောပါရစေနဲ့ ဆရာမ... ကျနော် အခန်းထဲက အခုပဲ
ထွက်သွားပါမယ်.."
သေးပါထွက်သောဟာသများ
အကူအညီလေးတောင်းတာပါ...
Myanmar Online News Wednesday, October 30, 2013
ပန်းခြံတခုအတွင်းမှ ခုံတန်းတခုတွင် သမီးရည်းစားစုံတွဲ တစ်တွဲထိုင်နေသည်။
ခုံတန်း၏ တစ်ဖက်စွန်းတွင်လည်း အဖိုးအိုတစ်ဦး စာအုပ်ဖတ်နေလေသည်။
သမီးရည်းစားစုံတွဲ တွတ်တီးတွတ်တာ ပြောသမျှကို
အဘိုးကြီးအတိုင်းသား ကြားနေရ၏။
မိန်းကလေးက "မောင်၊ ခေါင်း နည်းနည်း မူးလာတယ်"
ကောင်လေးက နဖူးလေးကို နမ်းလိုက်၏။
ထို့နောက် "မူးသေးလားဟင်"
"ဟင့်အင်း၊ ပျောက်သွားပြီ"
အတန်ကြာသောအခါ......
မိန်းကလေးက "မောင်၊ ဇက်ကြောတွေ တက်လာသလိုပဲ"
ကောင်လေးက လည်တိုင်လေးကို ခပ်ဖွဖွနမ်းလိုက်၏
"ဘယ်လိုနေသေးလဲ"
"အင်း.. သက်သာသွားပြီ"
ခဏကြာသော်... "မောင်၊ လက်တွေကလည်း ဘယ်လိုဖြစ်တယ်
မသိဘူး၊ တဆစ်ဆစ်နဲ့"
ကောင်လေးက ဘယ်ညာလက်အစုံကို တယုတယ နမ်းပေးလိုက်၏။
တဖက်တွင်ထိုင်နေသော အဘိုးကြီး အတော်ကို
နားကြားပြင်းကတ်လာ၏။
ထို့ကြောင့်လှမ်းပြောလိုက်၏။
ဟေ့.. ဒီမှာမောင်ရင်၊ ဖြစ်နိုင်ရင် ဦးကိုလည်း
ကူညီစမ်းပါဦးကွ
'ဦးမှာ လိပ်ခေါင်းဖြစ်နေလို့' တဲ့
သေးပါထွက်သောဟာသများ
ဘာတောင်းလိုက်ပါလိမ့် ????
Myanmar Online News Wednesday, October 30, 2013
တောသူမလေး တစ်ယောက် ပေါက်ပြားတစ်လက်နှင့် ခြံထဲတွင် မြေကြီး တူးဆွ နေသည် ။
ရုတ်တရက် ပေါက်တူးဖြင့်မာသော အရာတစ်ခုကို ပေါက်မိသည်
။ သေသေချာချာ ကြည့်ရာ ရှေးခေတ် အီဂျစ် ဖာရော့ ဘုရင်တစ်ဦး၏ အခေါင်း ဖြစ်နေသည် ။
အခေါင်းရဲ့ အဖုံးကို အားနှင့် တွန်းဖယ်လိုက်သည် ။ " တူတန်ဟာမိုနီ "
ဖာရော့ဘုရင်ကိုယ်တိုင် ဖြစ်နေတာကို အံ့အားသင့်စွာ တွေ့  ရသည် ။ ဖာရော့ ၏
မျက်နှာမှာ ငယ်ရွယ်ပုံပေါက်ပြီး အင်မတန် ချောသည် ။ အသက်ရှင်နေသူ တစ်ဦး အိပ်ပျော်နေသလို
ဖြစ်သည် ။ တောသူမလေး ဖာရော့ကို သနားသွားသည် ။ မျက်လုံးမှ မျက်ရည်စက် အချို့ 
အလောင်းပေါ် ကျသွားသည် ။
ထိုစဉ် ..ထူးဆန်းအံ့သြဖွယ်ရာ တစ်ခု ဖြစ်လာသည် ။
ဖာရော့ဘုရင် အသက်ပြန်ရှင် လာခြင်းပင် ...။
ဖာရော့ဘုရင်က ပြောသည်။
"မင်းဟာ.. အင်မတန် ရဲရင့်ပြီး ကြင်နာတတ်တဲ့
မိန်းခလေးပဲ.. ဒီလို သူရဲကောင်းဆန်တဲ့ လုပ်ရပ်အတွက် မင်းကို ငါ ဘယ်လို ကျေးဇူးဆပ်ရမလဲ
ပြော...၊ မင်းရဲ့  လိုအင် ၁၀ ခုကို ငါ ဖြည့်ဆည်းပေးမယ် ဆိုရင်ရော..မင်း
ကျေနပ်မလား.."
တောသူမလေး ရှက်စနိုးနှင့် ပြန်ဖြေသည် ။
"လိုအင် ၁၀ ခု ဆိုတာ အများကြီးပဲ.. လိုအင်
တစ်ခုတည်း ဆိုရင်လည်း ဖြစ်ပါတယ်..
ဒါပေမဲ့.. ၁၀ ကြိမ် ဖြည့်ဆည်းပေးနော်..."
ခုနှစ်ကြိမ်မြောက်တွင် ဖာရောဘုရင် အသက်
ပြန်ထွက်သွားသည် ။
မပြောတော့ပါဘူး .."
သေးပါထွက်သောဟာသများ
Subscribe to:
Posts (Atom)

