Monday, 2 December 2013

နံရံပေါ်က ကော်ဖီ





တစ်နေ့က Los Angeles အနီးနားမှာရှိတဲ့ Veniceကမ်းခြေက နာမည်ကြီးကော်ဖီဆိုင်တစ်ဆိုင်မှာ သူငယ်ချင်းတစ်ယောက်နဲ့အတူ ကော်ဖီကို ကျွန်မအရသာခံပြီး သောက်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆိုင်ထဲကို လူတစ်ယောက်ဝင်လာပြီး ကျွန်မတို့ဘေးက စားပွဲခုံမှာ ဝင်ထိုင်လိုက်ပါတယ်။

အဲဒီလူဟာ ဆိုင်ဝန်ထမ်းကိုခေါ်ပြီး "ကော်ဖီနှစ်ခွက်.. တစ်ခွက်ကို နံရံပေါ်ကပ်မယ်"လို့ သူ ပြောပါတယ်။ သူကော်ဖီမှာတဲ့ပုံစံက ထူးဆန်းနေတယ်။ သူ့အတွက် ကော်ဖီတစ်ခွက်ပဲ ရောက်လာခဲ့ပေမယ့် ကော်ဖီနှစ်ခွက်စာအတွက် သူငွေချေလိုက်ပါတယ်။ ကော်ဖီသောက်ပြီး သူ ထထွက်သွားတာနဲ့ ဆိုင်ဝန်ထမ်းက နံရံပေါ်မှာ စာရွက်တစ်ရွက် ကပ်လိုက်ပါတယ်။ စာရွက်ပေါ်မှာ "ကော်ဖီတစ်ခွက်"လို့ ရေးထားပါတယ်။

တအောင့်နေတော့ လူနှစ်ယောက် ဆိုင်ထဲဝင်လာပြန်ပါတယ်။ အဲဒီလူနှစ်ယောက်က ကော်ဖီနှစ်ခွက် သောက်မယ်၊ တစ်ခွက်ကို နံရံကပ်ပေါ်ကပ်မယ် ဆိုပြီး ၃ခွက်မှာပါတယ်။ သူတို့က ကော်ဖီနှစ်ခွက်ပဲ သောက်ပါတယ်။ ၃ ခွက်စာရှင်းပြီး ဆိုင်ကနေထွက်သွားတော့ ဆိုင်ဝန်ထမ်းက အခုနားလိုပဲ နံရံပေါ် စာရွက်တစ်ရွက် ကပ်လိုက်ပါတယ်။ စာရွက်ပေါ်မှာ "ကော်ဖီတစ်ခွက်"လို့ ရေးထားပါတယ်။

ဒီလိုအဖြစ်မျိုးမှာ ဒီဆိုင်ရဲ့ အစဉ်အလာဖြစ်ကောင်းဖြစ်ပေမယ့် ကျွန်မတို့အတွက်က ထူးဆန်းပြီး နားမလည်နိုင်ဖြစ်ရပါတယ်။

ရက်အနည်းငယ်ကြာပြီးတဲ့နောက် အဲဒီကော်ဖီဆိုင်မှာ ကျွန်မတို့ ကော်ဖီသောက်ဖို့ အကြောင်း ဖန်လာပြန်ပါတယ်။ ကော်ဖီကို အရသာခံပြီး ကျွန်မတို့သောက်နေတုန်းမှာ ဆိုင်ထဲ လူတစ်ယောက် ဝင်လာပါတယ်။ ဝင်လာသူရဲ့အဝတ်အစားက ဒီကော်ဖီဆိုင်ရဲ့အဆင့်အတန်းနဲ့ လားလားမျှ မဆိုင်ခဲ့ပါဘူး။ ကြည့်လိုက်တာနဲ့ ဆင်းရဲသားမှန်းသိသာပါတယ်။ ဆိုင်ထဲကို သူဝင်လာပြီး နံရံပေါ်ကို ကြည့်လိုက်ပါတယ်။ ပြီးတော့ "နံရံပေါ်က ကော်ဖီတစ်ခွက်"လို့ သူမှာပါတယ်။ ဆိုင်ဝန်ထမ်းက ခါတိုင်းအပြုအမူလိုပဲ ကော်ဖီတစ်ခွက်ကို သူရှေ့မှာ တရိုတသေ ချလိုက်ပါတယ်။

အဲဒီလူက ကော်ဖီသောက်ပြီး ပိုက်ဆံမရှင်းဘဲ ဆိုင်ထဲကထွက်သွားပါတယ်။ ဒီအဖြစ်ကို ကျွန်မတို့ တအံ့တသြကြည့်နေခဲ့ပါတယ်။ အဲဒီလူထွက်သွားပြီးနောက် ဆိုင်ဝန်ထမ်းက နံရံပေါ်က စာရွက်တစ်ရွက်ကို ဆုတ်ဖြဲပြီး အမှိုက်ပုံးထဲ ထည့်လိုက်ပါတယ်။ အဲဒီအချိန်ကျမှ အဖြစ်မှန်က ရုပ်လုံးပေါ်လာခဲ့ပါတယ်။ ဒီမြို့ခံလူထုတွေရဲ့ ဆင်းရဲသားအပေါ်ထားတဲ့ လေးစားခြင်းက ကျွန်မတို့ကို ခံစားသက်ဝင်စေခဲ့ပါတယ်။

ကော်ဖီက ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့အရာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီနေရာမှာပြောချင်တာက ကျွန်မတို့ဟာ ကောင်းမွန်တဲ့ပစ္စည်းတစ်စုံတစ်ခုကို အရသာခံ ခံစားနေချိန်မှာ တခြားလူကိုလည်း ကျွန်မတို့သတိရသင့်တယ်၊ သူတို့လည်း ဒီကောင်းတဲ့ပစ္စည်းလေးကို ကြိုက်နှစ်သက်ပေမယ့် မတတ်နိုင်ခဲ့တာလည်းရှိတယ်။

ဆိုင်ဝန်ထမ်းအကြောင်း ဆက်ပြောရရင် သူဟာ အဲဒီဆင်းရဲသားကို ဆက်ဆံနေချိန်မှာလည်း မျက်နှာကပြုံးနေပါတယ်။ အဲဒီဆင်းရဲသားကလည်း ဆိုင်ထဲဝင်လာတာနဲ့ သူ့ရဲ့ဂုဏ်သိက္ခာကို ခဝါချပြီး ကော်ဖီတစ်ခွက် တောင်းသောက်စရာ မလိုခဲ့ပါဘူး။ နံရံပေါ်ကိုပဲ သူကြည့်လိုက်ရုံပါပဲ။

အဲဒီနံရံကို ကျွန်မ မှတ်ထားလိုက်ပါတယ်။ အဲဒီမြို့လေးက လူထုတွေရဲ့ သဘောထားကြီးမှု၊ တခြားလူအပေါ် ဂရုစိုက်ချစ်ခင်မှုက အဲဒီနံရံပေါ်မှာ ထင်ဟပ်နေခဲ့လို့ပါပဲ...


မူရင်းရေးသားသူ--- Wang Hui Yun
မူရင်းလင့် ---
http://blog.sina.com.cn/s/blog_48b0011f0102edn5.html

နိုင်းနိုင်းစနေ (Nov. 30. 2013)

အိမ်ရှင်မများအတွက် လက်ဆောင်



(၁) ပုရွက်ဆိတ်တွေကြောင့် စိတ်ညစ်နေပါသလား? ပုရွက်ဆိတ်တွေက သခွားသီးကို မုန်းတယ်လေ။ ဒါကြောင့် သခွားသီးအခွံတွေကို ပုရွက်ဆိတ်အိမ် (အသိုက်အအုံ)နားမှာ ချထားပေးလိုက်ပါ။
(၂) ရေခဲရေ သန့်သန့် သောက်ချင်ပါသလား ? ဦးစွာ ရေနွေးပွက်ပွက်ဆူအောင်ကြိုပါ။ ပြီးရင် အအေးခံပြီးတော့ သင့်တော်ရာ ပုလင်းထဲထဲ့ပြီး ရေသေတ္တာထဲ ထဲ့လိုက်တော့ ရေခဲရေသန့်သန့်  ရပြီပေါ့။
(၃) မှန်တွေ ကြည်ကြည်လင်လင်ဖြစ်ချင်ပါသလား ? Sprite အချိုရည်နဲ့  မှန်ကို သုတ်ပေးလိုက်ပါ။
(၄) အ၀တ်အထည်တွေပေါ်မှာ ပီကေတွေ ကပ်နေလို့  ဖျက်ရ ခက်နေပါ သလား ? အဲဒီအ၀တ်အထည်ကို ရေခဲသေတ္တာတဲ ၁-နာရီ လောက်ထဲ့ပေးပြီး နောက်မှာတော့၊ ပီကေတွေခွာလို့  ရပါပြီ။
(၅) အ၀တ်ဖြူတွေကို ဖြူဖြူစင်စင်လေး ဖြစ်စေချင်ပါသလား? ဇလုံတစ်ခုထဲမှာ နွေးပူပူထဲ့ပြီးရင် သံပုရာသီး တစ်စိပ်လောက် ညှစ်ထဲ့ပေးလိုက်ပါ။ အဲဒီဇလုံထဲကို အ၀တ်ဖြူ ၁၀-မိနစ်လောက် စိမ်ထားပြီးမှ ပုံမှန်အတိုင်း ဆပ်ပြာတိုက် လျှော်ဖွတ်ပေးပါ။
(၆) ဆံသားတွေ တောက်ပြောင်ချင်ပါသလား ? ရှာလကာရည် ၁-ဇွန်းလောက်ကို ဆံပင်အနှံ့  လိမ်းကျံပေးပြီးရင်၊ ရေအေးနဲ့  လျော်ချလိုက်ပါ။ (ရေခဲရေ မဟုတ်ပါ)
(၇) သံပုရာသီးထဲက အရည်တွေ ကုန်စင်အောင် ညှစ်ယူချင်ပါသလား ? ဦးစွာ သံပုရာသီး အလုံးလိုက်ကို ရေနွေးပူပူထဲမှာ တနာရီ လောက်စိမ်ပါ။ ပြီးမှ အရည်ညှစ်ယူပါ။
(၈) ဂေါ်ဖီထုပ် ဟင်းချက်တဲ့အခါ စိမ်းစော်နံနေတာကို ဘယ်လိုဖျောက်ရမလဲ ? ဂေါ်ဖီထုပ်ချက်နေတဲ့ ဟင်းအိုးထဲကို ပေါင်မုန့်  အပိုင်းအစလေး ထဲ့ချက်လိုက်ရုံပါဘဲ။
(၉) ကြက်သွန်နီ လှီးနေတုန်း မျက်ရည်မကျအောင် ဘယ်လိုလုပ်ရပါ့ ? ပီကေ၀ါးရင်း ကြက်သွန်နီ လှီးပေးပါ။
(၁၀) အာလူးပြုတ်တွေ မြန်မြန်နူးစေချင်ပါသလား ? မပြုတ်ခင်မှာ အာလူးရဲ့ တဖက်တချက်စီကို အခွံနွှာပေးပါ။ (အကုန်အခွံနွှာ ရန်မလိုအပ်ပေ)
(၁၁) အ၀တ်ပေါ်က မှင်စက်အစွန်းအထင်းတွေ ဖယ်ရှားရ ခက်နေပါသလား? မှင်ကွက်အစွန်းအထင်းပေါ် သွားတိုက်ဆေး များများအုံပြီးနောက်၊ အဲဒီသွားတိုက်ဆေးတွေ လုံးဝခြောက်သွေ့ တဲ့အခါမှ အ၀တ်လျှော်လိုက်ပါ။
(၁၂) ကန်စွန်းဥတွေ အခွံမြန်မြန်ခွာချင်ပါသလား ? ပြုတ်ပြီးစ ကန်စွန်းဥပူပူကျစ်ကျစ်ကို အိုးထဲက ဆယ်ယူပြီး၊ ရေအေးထဲ ချက်ချင်း နှစ်စိမ်ပေးလိုက်ပါ။ (ရေခဲရေမဟုတ်ပါ)
(၁၃) ကြွက်တွေကို ဘယ်လိုနှိမ်နင်းရပါ့ ? ကြွက်တွေလာတတ်တဲ့ နေရာကို ငြုပ်ကောင်းမှုန့်  (အမဲရောင်) ဖြူးပေးထားရုံပါဘဲ။ ငြုပ်ကောင်းမှုန့်  ရနံ့ ကြောင့် ကြွက်တွေ ထွက်ပြေးကုန်ပါလေရော။
(၁၄) နှလုံးရောဂါသည်တွေ ညအိပ်ယာမ၀င်ခင် ဘာလုပ်သင့်သလဲ ? နှလုံးရောဂါသည်များ သောက်ရေအေး ၁-ခွက် (သို့ မဟုတ်) ၂-ခွက်သောက်ပြီးမှ ညအိပ်ယာဝင်ပါ။ ဒါဆို နံက်အိပ်ယာထ အမော မဖောက်စေတော့ပါဘူး (ရေခဲရေ မဟုတ်ပါ)
အားလုံးသော အိမ်ရှင်မများ ပြုံးပျော်နိုင်ကြပါစေ။
မှီငြမ်း Daily Health Tips on 19th Oct ’13) credit to >>Promise Pauk Facebook

ဆီးချိုရောဂါနှင့် ရုံးပတီသီး



ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီ သဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်း တစ်ခု ဖြစ်ပါတယ်။
ဆီးချိုတင်မက သွေးချိုလည်း ပျောက် ပါတယ်။ ဆေးသာက်နေရာ သူများလည်း အသုံးပြုလို့ ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။
ရုံးပတီသီး လိုအပ် ပါတယ်။ ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက် ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီးမှာ ရောစိမ်ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်း လိုပါတယ်။
အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။ ဒီမှာ ရုံးပတီသီးကို ပိုးမွားကင်းဆင်အောင် သေချာဆေးကျော ဖို့ လိုပြီး ရေ သန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိသာသာပဲ သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။
လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်း ပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေ တတ်ရင် ဒီ ရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်းစေတယ်လို့ သိရပါတယ်။ -- Ref: medic-facts http://www.innewsmyanmar.com/2012/12/blog-post_5404.html

လေပွခြင်း မဖြစ်အောင် ရှောင်ကြဉ်သင့်တဲ့ အစားအစာ (၆)မျိုး



Today Myanmar

လေပွခြင်း (Bloating)က ကျန်းမာရေး ပြဿနာ အမျိုးမျိုး၊ မျိုးရိုး ဗီဇနှင့် ဆေးဝါးများ သောက်သုံး နေရခြင်း စသော အကြောင်းရင်း များကြောင့် ဖြစ်တတ် ပါတယ်။

သို့သော်လည်း ကျွန်ုပ်တို့ စားလိုက်တဲ့ အစားအစာတွေ ကြောင့်လည်း ဖြစ်စေ နိုင်ပါတယ်။ ကျွန်ုပ်တို့ဟာ ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသော်လည်း ပန်းဂေါ်ဖီစိမ်းနဲ့ နို့စတဲ့ အစားအစာ တချို့ကြောင့် လေပွခြင်းကို ဖြစ်စေပြီး ခန္ဓာကိုယ်မှာ သက်သောင့် သက်သာ မရှိဘဲ မအီမသာ ဖြစ်စေပါတယ်။ ဒီမှာတော့ လေပွခြင်းကိုဖြစ်စေတဲ့ အစားအစာ ၆ ခုကို ဖော်ပြ ထားပါတယ်။

(၁) ပန်းဂေါ်ဖီစိမ်း

ဗီတာမင်တွေ၊ အမျှင်တွေ အပြည့် ပါသော်လည်း ပန်းဂေါ်ဖီစိမ်းက လေပွခြင်းကို ဖြစ်စေ ပါတယ်။ ပန်းဂေါ်ဖီစိမ်း ကို ဖြည်းဖြည်းချင်း စားခြင်းဖြင့် အစာခြေစနစ်အတွင်း ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချပါ။

(၂) သဘာဝမဟုတ်တဲ့ အချိုတွေ

ကယ်လိုရီ မတက်စေသော်လည်း လေပွခြင်းကိုဖြစ် စေတဲ့ သကြားဓာတ် အယ်လ်ကိုဟော တွေ ပါဝင် ပါတယ်။ ဒါကြောင့် သဘာဝ မဟုတ်တဲ့ အချိုတုတွေ စားသုံးခြင်း ကို လျှော့ချပါ၊ ဒါမှမဟုတ် လုံးဝ ရှောင်လိုက်ပါ။

(၃) ပီကေဝါးခြင်း

ပီကေဝါးခြင်းက အစာကြေစေပြီး သွားတွေကို ဖြူစေသော်လည်း အပိုလေတွေကို အစာခြေ စနစ် လမ်းကြောင်းထဲသို့ မျိုချမိသလိုဖြစ်စေပါတယ်။ ဒါကြောင့် ပီကေ ကို ဖြည်းဖြည်း ဝါးပြီး အပိုလေတွေ ဝင်လာမှု လျှော့ချပါ။

(၄) ပန်းဂေါ်ဖီ

အရသာရှိပြီး ကျန်းမာစေတဲ့ ပန်းဂေါ်ဖီဟာ အရမ်း ကောင်းတဲ့ ဟင်းသီး ဟင်းရွက်ဖြစ်ပြီး တစ်နှစ် ပတ်လုံးလည်း ရရှိနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ ဟင်းသီး ဟင်းရွက်က ဗိုက်ထဲမှာ စူးစူး အောင့်အောင့် ဖြစ်တဲ့ ဝေဒနာမျိုး ကိုလည်း ဖြစ်စေပါတယ်။ ဒါတွေ သက်သာစေဖို့ တဖြည်းဖြည်းချင်း ဝါးစားပါ သို့မဟုတ် ရှောင်ကြဉ်ပါ။

(၅) ကာဗွန်ထည့်ထားတဲ့ ဖျော်ရည် အမျိုးမျိုး

တချို့နာမည်ကြီး ဆိုဒါတွေက အစာခြေခြင်းမှာ ကူညီသော်လည်း လေပွခြင်းကိုလည်း ဖြစ်စေ နိုင်ပါတယ်။ သင့်ရဲ့ အစာခြေစနစ် လမ်းကြောင်းကို ထိန်းသိမ်းဖို့အတွက် အမြှုပ်တွေပါတဲ့ အရည်တွေ သောက်ခြင်းကို ကန့်သတ်ပါ။

(၆) နို့

ဗီတာမင်တွေ၊ အာဟာရတွေ အများကြီးပြည့် နေသော်လည်း နို့က လေပွခြင်းကို ဖြစ်စေတဲ့ အဓိက အစား အစာတစ်ခုပါ။ Lactose နို့၊ သကြား မပါတဲ့ နို့ဒါမှမဟုတ် Almond နို့ကို သောက်ခြင်းဖြင့် နို့ရဲ့အရသာ မပျောက် စေဘဲ သောက်သုံး နိုင်ပါတယ်။

Ref:Health Digest


http://www.myawady.net.mm/preventing/item/6194-2013-02-05-10-58-51

နေ့စဉ် ခံစားရတတ်တဲ့ စိတ်ဖိစီးမှု၊ တင်းအားနဲ့ စိတ်ဓာတ်ကျဝေဒနာ တွေအတွက် အောက်ပါ နည်းလမ်း တွေကို သုံး ပြီး ဖြေရှင်းပေးနိုင် ပါတယ်။



Today Myanmar  

(1) နွားနို့ တစ်ဖန်ခွက် သောက်ပါ။ နွားနို့ မှာ ပါဝင်တဲ့ ထရစ်ပတိုဖန်က ခန္ဓာကိုယ် ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ ဆီရို တိုနင်ကို အထွက်တိုးစေပါတယ်။ ဒါ့အပြင် နွားနို့ထဲ မှာပါတဲ့ ကယ်လ်စီယမ်၊ မဂ္ဂ နီဆီယမ်နဲ့ ပိုတက်စီယမ်တွေဟာ သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။ 

(2) ပန်းဂေါ်ဖီစိမ်းကို စားပါ။ ပန်းဂေါ်ဖီ စိမ်းမှာပါတဲ့ ဖောလစ်အက်ဆစ်က စိတ် ဖိစီးမှုကို လျော့ကျစေ ပါတယ်။ 

(3) အခွံချွတ် မထားတဲ့ ကောက်နှံစာစား ပါ။ ကာဗိုဟိုက်ဒရိတ် ပေါများစွာ ပါဝင်တဲ့ အစာတွေက ဆီရိုတိုနင် အဆင့်ကို မြင့်တက်စေပြီး စိတ်ခံစားမှုကောင်းစေကာ စိတ်အပန်းပြေစေပါတယ်။ 

(4) ဆယ်လ်မွန်ငါး အနည်းငယ် စားပါ။ ဆယ်လ်မွန်ငါးထဲမှာပါတဲ့ အိုမီဂါ၃ဖက် တီးအက်စစ်က ဦးနှောက် ဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာကို ကောင်းကောင်း လုပ်ဆောင်နိုင်စေပြီး စိတ်ဖိစီးမှုကို သိသိသာသာ လျော့ကျစေပါတယ်။ 

(5) အမည်းရောင် ချောကလက်ကို စားပါ။ အမည်းရောင် ချောကလက်မှာ သီအိုဘရိုမင်းလို ဒြပ်ပေါင်း ၃ဝဝကျော်ပါ ဝင်နေတာကြောင့် ဦးနှောက်ထဲမှာ စိတ်ခံစားမှုကောင်းစေနိုင်တဲ့ အာနိသင်ကို ရရှိစေပါတယ်။ အမည်းရောင်ချောကလက်မှာ ကိုကိုးပါဝင်မှု ၇ဝရာခိုင်နှုန်းနဲ့ အထက်ပါဝင်တာကြောင့် စိတ်ခံစားမှု ကောင်းမွန်စေတဲ့ အစားအစာဖြစ်ပါတယ်။ 

(6) အခွံမာသီး လက်တစ် ဆုပ်စာစားပါ။ အခွံမာသီးမှာ မဂ္ဂနီဆီယမ်များစွာ ပါဝင်တာကြောင့် စိတ်ဖိစီးမှု ဟော်မုန်း ကော်တီဆော အဆင့်ကို လျော့ကျစေပါတယ်။ အခွံမာသီးတွေမှာ ကယ်လိုရီပါဝင်မှုမြင့် မားတာကြောင့် တစ်နေ့မှာ လက်တစ်ဆုပ်စာပမာဏ ထက်တော့ ပိုမစားသင့်ပါ။ 

(7) ကိုကိုးပူပူ တစ်ခွက်သောက်ပါ။ ပူတဲ့ အရည်တွေကို သောက်တာက ခန္ဓာကိုယ် အပူချိန်ကို မြင့်တက်စေပြီး စိတ်သက်သာရာရစေပါတယ်။ အကြောင်းကတော့ ကိုကိုးပူပူသောက်တာကြောင့် ဦးနှောက် ထဲမှာ စိတ်ခံစားမှုကောင်းစေတဲ့ တုန့်ပြန် မှု ဖြစ်ပေါ်စေလို့ပါ။ 

(8) ကော်ဖီအစား လက်ဖက်ရည်ကြမ်း သောက်ပါ။ လန်ဒန်ကောလိပ်ရဲ့ လေ့လာမှုတစ်ရပ်အရ လက်ဖက်ရည်ကြမ်းကို တစ်နေ့ လေးကြိမ်နဲ့ ခြောက်ပတ်ခန့် သောက်တာကြောင့် စိတ်ဖိစီးမှုဟော်မုန်း ကော်တီစော အဆင့်ကို လျော့ကျစေတယ်လို့ သိရပါတယ်။ 

(9) သီနင်းဓာတ်ပါဝင်တဲ့ လက်ဖက်စိမ်း လက်ဖက်ရည်သောက်ပါ။ လက်ဖက်စိမ်း လက်ဖက်ရည်ဟာ ဦးနှောက်ထဲက စိတ်ခံစားမှုကောင်းစေတဲ့ အယ်လ်ဖာလှိုင်း အထွက်တိုးစေပြီး စိတ်တင်းအားဖြစ်စေတဲ့ ဘီတာလှိုင်း ထွက်ရှိမှုကို လျော့ကျစေပါ တယ်။ 

(10) ရေအေး တစ်ဖန်ခွက်သောက်ပြီး အပြင်ထွက် လမ်းလျှောက်ပါ။ ရေအေးဟာ သွေးစီးဆင်းမှုကို ကောင်းစေတာကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ အန်ဒေါ်ဖင် ထွက်နှုန်း ကောင်းအောင် လှုံ့ဆော် ပေးနိုင်ပါတယ်။

By Good Health