Tuesday, 13 August 2013

ပန်းသီး စားခါနီးရင် သတိထားပါ


ပန်းသီး အခွံတွေပါ စားတတ်တဲ့ သူတွေအဖို့ သတိထားရမယ့် အချက် ဖြစ်ပါတယ်။ ပန်းသီးတွေရဲ့ အခွံကို ဖယောင်းတွေ သုတ်ထားလေ့ ရှိတယ် ဒါကြောင့် ဘယ်အသီးပဲ စားစား မစားခင် အရင် စစ်ဆေး ကြည့်ပါ။ ဖယောင်းကို အအေး ခံနိုင်အောင်နဲ့ Preservation ( တာရှည်ခံ နိုင်ရန် ရည်ရွယ်ချက်ဖြင့်) အနေနဲ့ အသုံးပြု ကြပါတယ် ။

အထူးသဖြင့် မြန်မာနိုင်ငံ မှာတော့ သိပ်မသိသာ ပေမယ့် အနောက်နိုင်ငံ တွေမှာ တစ်နှစ်ထက် ခံအောင်ဆိုပြီး အသီးတွေကို ဒီလိုနည်းတွေနဲ့ အသုံးပြု ကြပါတယ် ပုံသဏ္ဍန် အရ ကြည့်မယ် ဆိုရင်လည်း တောက်ပြောင်နေပြီး လတ်ဆတ်နေအောင် ဖြစ်ပါတယ် ။ Becox wax ကို သုတ်လိမ်း ထားရင် ဘတ်တီးရီးယား တွေကို မ၀င်အောင်လည်း ကာကွယ် ပေးနိုင်ပြီး
ခြောက်သွေ့ခြင်းလည်း မဖြစ်ပေါ်စေပါဘူး။

ဒါကြောင့် ပုံမှာ ပြထားတဲ့ အတိုင်း ပန်းသီးမစားခင် ဖယောင်းတွေကို အရင်ခြစ်ထုတ် ပစ်ကြပါ။ ဒီစာလေးကိုလည်း မသိသေးသူများကို မျှဝေပေးကြပါ အထူးသဖြင့် USA လို အနောက်နိုင်ငံ တွေမှာ ဒီနည်းလမ်းကို အသုံးများပါတယ် ။


သက်တန့်ချို



No comments:

Post a Comment