Tuesday, 13 August 2013

နွားနို့သည် ကိုလက်စထရောကို လျော့ကျစေနိုင်

နှလုံး သွေးကြောကျဉ်းခြင်း သို့မဟုတ် ကျယ်ခြင်းရောဂါဟာ   ကမ္ဘာမှာ နံပါတ်တစ် လူသတ်သမား ဖြစ်နေပါတယ်။  လူသားများ နှလုံးသွေးကြော ဆိုင်ရာ ရောဂါဖြစ်ရတဲ့ အကြောင်းရင်းတွေ ထဲမှာ  ကိုလက်စထရော များများပါတဲ့ အစားအစာတွေကို စားတာဟာ အကြောင်းအရင်း တစ်ရပ်ပါပဲ။


လူ့ခန္ဓာကိုယ်က အတိုင်းအတာ တစ်ရပ်အထိ ရှိသင့်တဲ့ ကိုလက်စထရောကို လိုအပ်ပါတယ်။ သို့ပေမဲ့  ကိုလက်စထရော များလွန်း သွားရင်  သွေးကြောများအတွင်းမှာ ကိုလက်စထရောတွေဟာ ဆန်ပြုတ် အဖတ်တွေလို အနည်ထိုင်ကာ မာကျစ်လာပြီး သွေးလွှတ်ကြောတွေကို မာကျစ်လာစေတာ တို့နဲ့ ကျောက်တည်ရောဂါတွေ  ဖြစ်လာတတ်ပါတယ်။

သိပံ္ပ ပညာရှင်များရဲ့ တွေ့ရှိချက်က နွားနို့မှာ နို့အက်စစ် (Latic Acid) ပါဝင်နေတာကြောင့် နွားနို့သောက်ရင် ကိုလက်စထရော မတက်သည့် အပြင် ကိုလက်စထရောကို ကျဆင်းစေတယ်လို့ သိရပါတယ်။
ကယ်လ်ဆီယမ်ဟာ လူ့ခန္ဓာကိုယ် အရိုးစု ကျန်းမာရေးအတွက် အရေးကြီးလှတဲ့   အာဟာရမျိုး ဖြစ်ပါတယ်။ အမေရိကန် သိပံ္ပပညာရှင်များ အကယ် ဒမီရဲ့   သုတေသန ဖော်ပြချက် အရ လေးနှစ်မှ ရှစ်နှစ် ကလေးများ အတွက် နေ့စဉ် ကယ်လ်ဆီယမ် ၈ဝဝ မီလီဂရမ် လိုအပ်ပြီး ဖွံ့ဖြိုးတိုးတက်မှု အမြင့်မားဆုံး ကာလဖြစ်တဲ့ ၁၃ နှစ်မှ ၁၈ နှစ်အရွယ် တွေမှာတော့ နေ့စဉ် လိုအပ်မှုမှာ  ကယ်လ်ဆီယမ်  ၁ဝဝဝ မီလီဂရမ် ဖြစ်ပါတယ်။

အသက် ၅ဝ နောက်ပိုင်း လူကြီးတွေ အိုမင်းစ ပြုလာချိန်မှာ အရိုးတွေ စတင်ပြီး ပွဆတ် လာပါတယ်။ အဲဒီကာလမျိုးမှာ  ကယ်လ်ဆီယမ် လိုအပ်မှု ပမာဏဟာလည်း  ၁၃ဝဝ မီလီဂရမ်အထိ ဖြစ်လာပါတယ်။
နွားနို့ဟာ ကယ်လ်ဆီယမ် အဓိက ရရှိနိုင်တဲ့ အရင်းအမြစ် ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ လက်တွေ့အာဟာရ ဂျာနယ်တွင်  စင်စင်နားတီ ကလေးသူငယ် ဆေးရုံရဲ့  သုတေသန တွေ့ရှိမှုကို ဖော်ပြခဲ့ပါတယ်။ နေ့စဉ် နွားနို့တစ်ခွက်သာ သောက်တဲ့အရွယ် မိန်းမပျိုလေး များရဲ့ အရိုးပွဆတ်မှု အတိုင်းအတာနဲ့ အရိုးကျိုးနိုင်မှု အန္တရာယ်တို့ဟာ နေ့စဉ် နွားနို့တစ်ခွက်ထက်  ပိုသောက်ခဲ့တဲ့   မိန်းမပျိုလေး များထက် နှစ်ဆ ပိုတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် အာဟာရ ပါရဂူများရဲ့  ယူဆချက်မှာ နေ့စဉ်နွားနို့ တစ်ဖန်ခွက် သောက်ခြင်းဟာ ကယ်လ်ဆီယမ် နေ့စဉ် လိုအပ်မှုရဲ့  အနိမ့်ဆုံး မျဉ်း အဆင့်သာ ရှိကြောင်း သိရသည်။

မြ၀တီ ကျန်းမာရေး ကဏ္ဍ

http://www.myawady.com.mm/health/knowledge/item/21778-2013-08-08-13-59-05

No comments:

Post a Comment