၁။ စတာနော်... ၂။ သူနဲ့ဆိုမခံနိုင်ဘူး (ဟာသ)
Thursday, August 8, 2013
Boy ဟယ်လို အသဲ
girl ပြော ကို
ဒီပိတ်ရက်ပိုင်းသဲအားမလား
အင်း မအားလောက်ဖူး ကို
အင် ဘာလို့တုန်း
အဒေါ်နဲ့ မင်္ဂလာဆောင်သွားရမယ်
ဒါဆို နောက်ပိတ်ရက်ကော
မအားဘူး
ဖြစ်ပြန်ပြီ ဘာလို့တုန်း
အမ မင်္ဂလာဆောင်သွားရမယ်
အာာာ ပြီးရောကွာ ကိုယ်က မင်းကို အသစ်ထွက်တဲ့ iphone5နဲ့ မင်းလိုချင်တဲ့ အ၀တ်စားလေးတွေ ၀ယ်ပေးမလို့
ဟုတ် ဟုတ်လား ကို ဒါ ဒါဆို ခုပိတ်ရက် လာခဲ့မယ်နော်
ဟာာာ မင်းပဲ မင်္ဂလာဆောင်တွေရှိလို့ မလာနိုင်ဘူးဆို
မှုတ်ဘူး ကိုကို့ကို စ တာ ဟီးး
အေး ငါလည်းဝယ်ပေးမယ် ဆိုတာလည်း စတာကွ ခ်ခ်ခ်ခ်
တလွဲ - ဟာသ
=
= =
= =
Thursday, August 8, 2013
စိတ်ရောဂါကုဆေးရုံသို့ ကမ္ဘာလှည့်ခရီးသည်များလာရောက်လေ့လာသည်။
ခေတ်မှီပုံဆန်းအင်္ကျီကို ၀တ်ထားပေးသော ကစားအမျိုးသမီးအရုပ်ကြီးကို
ပိုက်ကာ တစ်ယုတယ ပွတ်သပ်နေသည့် လူနာရှိရာအခန်းထဲသို့ ၄င်းတို့ကို ခေါ်သွားသည်။
လိုက်ပြသူဆရာဝန်က ရှင်းပြသည်။
'' ဒီလူငယ်အဖြစ်က အင်မတန်ကို ကြေကွဲစရာ ကောင်းပါတယ်၊
ဒီအရုပ်လေးကို သူ တယုတယ ကိုင်တွယ်နေတာကို ကြည့်စမ်းပါ၊ တစ်နေ့လုံး ဒီအရုပ်နဲ့ပဲ
သူအချိန်ကုန်တယ်၊ သူအင်မတန်ချစ်တဲ့ အမျိုးသမီးနဲ့ လက်ထပ်ဖို့ စေ့စပ်ထားပြီးသား၊
ဒါပေမယ့် အမျိုးသမီး က သစ္စာဖောက်ပြီး နောက်တစ်ယောက်ကို ယူလိုက်တယ်၊ အဲဒါ သူရူးပြီး
ကျွန်တော်တို့ဆီရောက်လာတာပဲ''
ဧည့်သည်များ စုတ်တသပ်သပ်ဖြင့် ၀မ်းနည်းစကားပြောကြသည်၊
ထို့နောက် နောက်အခန်း တစ်ခုသို့ ဆက်သွားကြသည်၊ တံခါးကို သွပ်ပြားအထူကြီး
နှစ်ဘက်နှစ်ချက် ကပ်ရိုက်ထားပြီး သံတိုင်များဖြင့် ကာရံထားသည့်
အခန်းရှေ့တွင်ရပ်လိုက်ကြသည်၊ ဧည်သည်များ သနားဟန်ဖြင့် ပြောသည်။
“ဒီအခန်းထဲက လူကတော့ တော်တော်အခြေအနေဆိုးတဲ့ လူပဲပေါ့နော်”
ဆရာဝန်ပြန်ပြောသည်။
''ဟုတ်ပါတယ်၊ ဒီအခန်းထဲမှာတော့ စောစောကအမျိုးသမီး
လက်ထပ် လိုက်တဲ့ ယောက်ျားရှိပါတယ်''
- Niño
Credit to Chilly's Joke Corner
ဆေးလောကဟာသများ
No comments:
Post a Comment