ဒီနေ့
ဒီနေ့ စိတ်ပျက်လက်ပျက် ဖြစ်နေရင်
မနက်ဖြန်ကို ဘယ်လိုခွန်အားနဲ့  ကြိုဆိုမလဲ . . .
ဒီနေ့  အားငယ် ဝမ်းနည်းနေရင်
မနက်ဖြန်ကို ဘယ်လို အပြုံးနဲ့ နှုတ်ဆက်မလဲ . . .
ဒီနေ့  စိတ်ထိခိုက် ကြေကွဲခံနေရင်
မနက်ဖြန်ကို ဘယ်လို အတွေးကောင်းများနဲ့  ဖြတ်ကျော်မလဲ
. . .
ဒီနေ့ ဆိုတဲ့ အုတ်မြစ်ကို လှပသေချာစွာမချနိုင်ပဲနဲ့ 
အနာဂါတ် ဆိုတဲ့ အဆောက်အဦးကို ခိုင်မာတည်တန့်အောင်
ဘယ်လိုတည်ဆောက်ကြမှာလဲ . . . . .
No comments:
Post a Comment