Wednesday, August 14, 2013
ရန်ကုန်မှာအလုပ်လုပ်နေတဲ့ ကိုလုံး တစ်ယောက်.. သူ့ချစ်သူ တောင်ပေါ်သူ ချင်းမလေးဆီက စာကိုရတော့ ၀မ်းသားအားရ ဖြစ်ပြီး စာဖောက် ဖတ်တာပေါ့ ။ စာထဲမှာပါတဲ့ စာလုံးပေါင်း သတ်ပုံအမှားတွေ စကားဝဲတဲ့ လေသံအတိုင်း ရေးထားတဲ့ စာကိုဖတ်မိပြီး စိတ်ညစ်ညစ်နဲ့ ရယ်ရမလို၊
ငိုရမလိုဖြစ်သွားလေရဲ့။ နောက်ဆုံး ကိုလုံးလည်း အမြင်ကတ်ကတ်နဲ့ သူ့ရည်းစားရဲ့စာကိုပဲ ပြင်သင့်တာ ပြင်ပြီး ပြန်စာအဖြစ် အောက်ကအတိုင်း ပြန်ထည့်ပေးလိုက်တော့တယ် ။
ရန်ကုန်မှာအလုပ်လုပ်နေတဲ့ ကိုလုံး တစ်ယောက်.. သူ့ချစ်သူ တောင်ပေါ်သူ ချင်းမလေးဆီက စာကိုရတော့ ၀မ်းသားအားရ ဖြစ်ပြီး စာဖောက် ဖတ်တာပေါ့ ။ စာထဲမှာပါတဲ့ စာလုံးပေါင်း သတ်ပုံအမှားတွေ စကားဝဲတဲ့ လေသံအတိုင်း ရေးထားတဲ့ စာကိုဖတ်မိပြီး စိတ်ညစ်ညစ်နဲ့ ရယ်ရမလို၊
ငိုရမလိုဖြစ်သွားလေရဲ့။ နောက်ဆုံး ကိုလုံးလည်း အမြင်ကတ်ကတ်နဲ့ သူ့ရည်းစားရဲ့စာကိုပဲ ပြင်သင့်တာ ပြင်ပြီး ပြန်စာအဖြစ် အောက်ကအတိုင်း ပြန်ထည့်ပေးလိုက်တော့တယ် ။
ကိုယ်လုံး ... (စတာနဲ့ မှားပြီ.. ယပက်လက်သတ်က မလိုဘဲ လျှာရှည်ပြီးထည့်တယ်)
ကိုယ်လုံးမရှိထဲက မီး အလွမ်းဂျီး လွမ်းခဲ့ရပါတယ် (နင်က ခေါင်းပြတ်နေလို့လား) ။ ကိုယ်လုံး ဖာခေါင်းကို ဂျားညှပ်ပြီး (ဖာကို ခေါင်းကြားညှပ်တာ..) မျိုသွားပြီ ဆိုတာ သိတော့ (မြို့သွားတာပါဟာ.. ငါလဲ ဘာအကောင်ကြီး ဖြစ်မှန်းမသိ) မီးလေ ဆိတ်ဆင်းရဲပြီး ဆားမရ အိမ်မရ ဖြစ်နေတာ (ဆိတ်တွေရော၊ ဆားတွေရော၊ အိမ်တွေရော.. ရှုပ်နေတာပဲ)။ မီးအရင်လို ခြစ်နေတုန်းပါပဲ (ဂတ်စ်လည်း အတော်ကုန်လောက်ပြီ)။ ကိုယ်လုံးလဲ မီးမရှိရင် မနေတတ်တာ သိတယ် (အဲဒါကြောင့် မီးမပြတ်တဲ့ နိုင်ငံခြားတောင် သွားမလားလို့) ။ မီးကို အရင်လိုပဲ ဆွဲလန်နေတုန်းပဲလားဟင်
(အမ်!) ။ မီးလည်း တနေ့နဲ့တနေ့ မြက်ရေနဲ့မြက်ခွက်ပါပဲ။
ဒါနဲ့ စဂါးမစပ် ပြီးခဲ့တဲ့လက ဘုရားပွဲလုပ်တယ်လေ။ အားပါး..အရမ်း ဆီကားပဲ (ဆီတွေ ဒီမှာ ဈေးတက်နေလို့ ပို့လိုက်စမ်းပါ) ။ ကိုယ်လုံးမပါဘဲ မီးသွားကြည့်တာ မပျော်ဘူး ဒကယ်.. (နင်က ခေါင်း ချည်းပဲ သွားကြည့်တာကိုး)။ မီးမကြည့်ဘူးဒဲ့ စတိတ်ရှိုးဆိုလား ဘာဆိုလား လာပြတယ်ကော။ မီးက ရှိုးဆို ဖဲရိုက်တာပဲ သိတာကိုး.. (ဒါတော့သိတယ်..ဟွန်း) ။
ကျားပေါက်တွေ ဆင်ပေါက်တွေ ဆိုတော့ မီးက တလိပ်ဆန်တွေ မြက်လှည့်ပြတာ ထင်တာပေါ့လေ့ (မြက်လှည့်ပြတာတော့
ငါတောင်တတ်တယ်) ။ ဟိုရောက်တော် ကျားပေါက်ဆိုတာ.. လား လား လူကောင်ကြီး ဖြစ်နေတာပေါဝေ့..
အဲဒီအကောင်ဟာလဲ အော်လိုက်ဒါ အတံက ပြဲသကိုး တော်ရေ့ ( အသံ..အသံ!! အထင်လွဲစရာတွေ ဖြစ်တော့မယ်)
။ တို့ရွာက သုတ်ကြီးဆိုရင် (တုတ်ကြီးလုပ်ပါဟာ.) မျိုကြီးဆိုတဲ့ အဆို့တော်ကို အားကြလို့ အော်တာ အတံဝင်လို့တဲ့... တ အ..
အား အော်နေတာလေ
(အော်.. အတံဝင်လို့ အ အ လို့အော်နေတယ်.. ငါနော်! ) ။
(အော်.. အတံဝင်လို့ အ အ လို့အော်နေတယ်.. ငါနော်! ) ။
နောက်ပြီး မီးကို နမချင်းမစာနာ (နင်ကိုယ်တိုင်လည်း နွားမဖြစ်တော့မယ်) အတေပိုးခဲ့တဲ့ ဖိုးဇန်ကို သိတယ်ဟုတ်..။ မီး ဘကြီးအောင်းနေတဲ့ (ဘကြီးအောင်..ဘကြီးအောင်..တစ်မျိုးလုံး တိရိစ္ဆာန်ဇာတ် သွင်းနေသလား မှတ်တယ
နံမယ်ပေး ကင်ပွန်းချဉ်ဟင်းချက် လုပ်မလို့ ကျံနေပီလေ (ကင်ပွန်းတပ်တာ.. သူ့အလှည့်မှ ကင်ပွန်းချဉ်ဟင်း ချက်တယ်လို့ပဲ)
စနေမောင်မောင်တို့၊ နိုင်နိုင်းစနေတို့၊
ဖိုးသောကြာတို့ကို အားကျလို့တဲ့အေ... သားလေး မြွေရင် နံမယ်မှာ နေ့နံပါအောင်
ဖိုအင်္ဂါ လို့ပေးမတဲ့ ။ (ဖိုးအင်္ဂါလုပ်ပါဟ။ ခုမှ ၀တ်စနှစ်လုံးပေါက်က ကျန်ခဲ့ရသလား
။ တကတဲ ဟိုကောင်ကလည်း သမီးမွေးရင် မအင်္ဂါ လုပ်မလား မသိဘူး.. နာမည်ကို အပေါက်ရှာရှာ..
အဲလေ ပေါက်ပေါက်ရှာရှာ ပေးတယ်)။ မီးတို့လည်း အဲလိုဘယ်ဒေါ့ အတူတူနေရမလဲ မသိဘူးနော်...
။
ကိုယ်ရယ်.. မီး အရန်လွမ်းတာပဲ (လွမ်းတာပဲ အရန်တွေ line-up တွေ လွမ်းချင်သေးတယ်) ။ မီးလည်း မျိုလိုက်ချင်ပေမယ့် (မျိုသာချလိုက်တော့) ဆီးပွားရေက အဆင်မပြေဘူးလေး..။ မီးလည်း ချီးစားနေရတော့ (အေးပါ စားစား) အကြွေးတွေလည်း အလီလီ (တန်းပြင်ပေးလိုက်တယ်) ပဲ။
မျိုသူတွေနဲ့ တွေ့ပီး တောင်းပေါ်က
ခြင်မကို မေ့မတွားပါနဲ့ (တောင်ပေါ်က ချင်းမကို မမေ့ဘူးဟေ့.. တသက်လုံး) ။ ကိုယ်လုံး
ပျံလာပါနော် (တောင်ပံပေါက်တဲ့နေ့ထိ စောင့်ပေေ တာ့)။ မီးဆောင့်နေမယ်.. မီး ဆောင့်ပြီးရင်း
ဆောင့်နေမှာပါ (အေး.. တိုင်နဲ့ခေါင်းနဲ့သာ သေအောင် ဆောင့်ပေတော့)။
မီးစာ ရှည်သွားပီမို့ တော်သေပီ (မီးစာကုန်ပြီး မီးသေမှပဲ)
ခြစ်တဲ့မီး (မီးခြစ်ပေါ့)
မီးစာ ရှည်သွားပီမို့ တော်သေပီ (မီးစာကုန်ပြီး မီးသေမှပဲ)
ခြစ်တဲ့မီး (မီးခြစ်ပေါ့)
*စပလင်မှားရင် ခွင်လွှတ်ပါ*
(စာလုံးပေါင်းသာ မတတ်တယ် ဘိုလိုမှုတ်ချင်သေးတယ်။ နောက်ဆို စပလင်တင် မကဘူး..
ငရုပ်ကောင်းတွေပါ ပါလာနိုင်တယ်)
Kha Nay
No comments:
Post a Comment