Thursday, 15 August 2013

ဖခင်မေတ္တာ

သမုဒ္ဒရာ ဝမ်းတစ်ထွာဆိုတာ....
မိသားစုတာဝန် ပုခုံးထမ်းနေတဲ့...
ဖေဖေအတွက် ဟုတ်မယ်မထင်ဘူး..

ညနေအိမ်ပြန်ရောက်တဲ့ အချိန်တိုင်း...
ဟိုမှာ ဖေဖေအလုပ်ကပြန်လာပြီးဆိုတဲ့...
သားသမီးတွေရဲ့  ဆီးကြိုနုတ်ဆက်သံကြား...
တနေ့ တာ ပင်ပန်းနွမ်းနယ်ခြင်းတွေ
ပြေပျောက်သွားခဲ့ရတာ....
ဖေဖေသာ အသိဆုံးပေါ့.....

အပေါင်းအသင်းတွေကြား ....
အသောက်အစားကင်းစွာ
ခြွေတာသုံးစွဲခဲ့တာက...
သားသမီးတွေ တစ်ဝမ်းတစ်ခါးလှပဖို့ ဆိုတာ....
ဖေဖေထက် ဘယ်သူပိုသိမှာလဲ ...

ညဥ့်နက်သန်းခေါင်ယံမှာ.....
သက်ပြင်းတွေ အခါခါချလို့ .....မနက်ဖြန်တိုင်းမှာ ...
မီသားစုအဆင်ပြေရေး ရင်မောနေတဲ့ ...
ဖေဖေရဲ့  အိပ်ပျက်ညတွေကို ...
ဘယ်သူစာနာ နားလည်နိုင်မှာလဲ.....

တကယ်ဆို ဘဝမှာ ....
သွေးစက်တွေနဲ့  မွေးဖွားလာပြီးတဲ့နောက် .....
ချွေးစက်တွေနဲ့  ပေးဆပ်ရင်း .....
ဘဝတခု ရှင်သန်လာအောင် ......
ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဖေဖေက .....
ဘဝရဲ့  အရေးပါဆုံးသော....
ပုဂ္ဂိုလ်တစ်ဦးဆိုတာ မမေ့ကြပါနဲ့ နော်

credict to Venus Moon

အေးချမ်းမွန် Credit To > မိဘကျေးဇူး မြင့်မိုရ်ဦး < Thanks
Re-posted By ACM 15-8-2013
https://www.facebook.com/excellencemedia

No comments:

Post a Comment