လျှပ်တပျက် ရိုက်ချက်
လူ ဆယ့်တစ်ယောက် ရဟတ်ယာဉ်တစ်စင်းပေါ်မှ ကြိုးတစ်ချောင်းဖြင့် တွဲခိုနေကြသည်။
ထိုရဟတ်ယာဉ်က သူတို့အားလုံးကို ဘေးလွတ်ရာသို့ ပို့ဆောင်ပေးရန်
ကြိုးစားနေခြင်းဖြစ်သည်။
လူဆယ့်တစ်ဦးမှာ အမျိုးသမီးတစ်ဦး နှင့် အမျိုးသား
ဆယ်ဦးတို့ဖြစ်သည်။ ရဟတ်ယဉ်တွင် တွဲခိုနေစဉ် ကြိုးမှာ လူ ၁၁ ဦး၏
လေးချိန်ကိုမခံနိုင်သဖြင့် လေယဉ်မှူးက လူတစ်ယောက် အနစ်နာခံ၍ လက်လွှတ်ပေးရန် တောင်းဆိုသည်။ မဟုတ်ပါက
ကြိုးပြတ်၍ အားလုံးသေဆုံးနိုင်မည့် အခြေအနေသို့ ရောက်ရှိနေသောကြောင့်ဖြစ်သည်။
သို့သော် မည်သူ လက်လွှတ်သင့်သည်ကို မည်သူမျှ မဆုံးဖြတ်နိုင်ပဲဖြစ်နေကြသည်။
နောက်ဆုံးတွင် အမျိုးသမီးက...
" တစ်ခြားသူတွေ အသက်ကို ကယ်ဖို့ ကျွန်မအသက်ကို စွန့်လွှတ်လိုက်ပါ့မယ်....
ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတွေဟာ သူတို့ရဲ့ ယောက်ျားတွေ၊ ကလေးတွေအတွက်
အမြဲစွန့်လွှတ် အနစ်နာခံနေကြမို့လို့ပါပဲ... "
ထိုအခါ ယောက်ျားများအားလုံး လက်ခုတ်တီး၍
ဩဘာပေးလိုက်ကြလေသတည်း။
ဟာသကုမ္ပဏီ
No comments:
Post a Comment