တနေ့က သူငယ်ချင်းများ ဆုံဖြစ်ကြတယ်..။ ရှေးဟောင်းနှောင်းဖြစ်တွေ
ပြောကြ- တစ်ယောက်နဲ့တစ်ယောက် နှိပ်ကွပ်ကြနဲ့.. ပွဲကိုစည်လို့..။
ဌာနဆိုင်ရာက သူငယ်ချင်းတစ်ယောက်က တရုတ်ပြည်ကို လေ့လာရေး သွားရမယ်..။ အဲ့ဒါကို .. ပျက်ကျမယ့်လေယာဉ် ရှာစီးကွာလို့ တစ်ယောက်က အကြံပေးတယ်..။
တစ်ယောက်ကတော့.. ဒီကောင့်အတွက် ပျက်ကျမယ့်လေယာဉ်မလိုဘူး..။ ရန်ကုန်လေဆိပ်ကတက်တက်ခြင်း အပေါ့သွားမယ်ဆိုပြီး emergency exit ကို အိမ်သာတံခါးမှတ်ပြီး မှားဖွင့်မိလို့ တခါတည်းပြုတ်ကျပြီး သေမှာလို့ ၀င်ပြီး ထောမနာတယ်..။
အဲသလို ပြောတဲ့တစ်ယောက်က လူပျိုကြီး..။ အခုထိ တကိုယ်တည်း..။ အဲ့ဒါနဲ့သူ့ကို တခြားတစ်ယောက်က- ဒါနဲ့နေစမ်းပါအုံး.. မင်းနဲ့ မင်းစော်ကရော ဘာလို့အခုထိမယူသေးတာလဲလို့ အသာဆွမေး-မေးတယ်..။
ဟ- မင်းတို့ပဲ စဉ်းစားကြည့်အုံး.. သူတို့သမီးရည်းစားနှစ်ယောက်ပေါင်း အသက်က ကိုးဆယ်နားကပ်နေပြီ..။ မင်္ဂလာဆောင်လို့ ဘယ်လိုလုပ် ကြားကောင်းတော့မှာလဲ..လို့ ငြိမ်နေတဲ့ တခြားတစ်ယောက်က ၀င်ကစ်တယ်..။
အင်း.. အဲ့ဒါတော့ ဟုတ်တယ်..။ သူတို့မင်္ဂလာဆောင်မှာ သတို့သားအရံ နဲ့ သတို့သမီးအရံ ကို အစက.. လူထုဒေါ်အမာနဲ့ ဦးသုခကို လျာထား-ထားတာ..။ ဟိုကလူကြီးတွေက.. သတို့သားနဲ့သတို့သမီး ဓါတ်ပုံတောင်းကြည့်တာ.. သူတို့ထက် ပိုအိုစာနေလို့ဆိုပြီး reject လုပ်သတဲ့ ဟေ့..။
တစ်ယောက်က အဲသလို ၀င်ပြောပြန်တယ်..။
အပြောခံရတဲ့ ကာယကံရှင်က.. အဲ့ဒီအထိ စိတ်မဆိုးသေးဘူး..။ ဟဲဟဲ- ဟဲဟဲ နဲ့ အားလုံးနဲ့ အတူ လိုက်ရီရင်း.. '' ငါတို့က ပြတ်သွားပါပြီကွာ '' လို့ မချိပြုံးနဲ့ ပြောရှာတယ်..။
သြော်.. မင်းတို့က ပြတ်သွားပြီကိုး.. စိတ်မကောင်းစရာပဲ..။ ဒါနဲ့ မင်းနဲ့ အဲ့ဒီအဘွားကြီးနဲ့ ပြတ်သွားတာ ဘယ်လောက်ကြာပြီလဲလို့.. တစ်ယောက်က ၀င်မေးပြန်တယ်..။
ကာယကံရှင်က စိတ်မရှည်တော့ဘူးနဲ့ တူတယ်..။ လက်ခလယ် ထောင်ပြတယ်..။ f**k you ပေါ့လေ..။
သူထောင်ပြတဲ့ အဲ့ဒီလက်ခလယ်ကို ကြည့်ပြီး တစ်ယောက်က '' သြော်.. ပြတ်သွားတာ one month တောင်ရှိပြီကိုး '' လို့ အတည်ပေါက်နဲ့ ၀င်ပြောတော့.. အားလုံး ပတ်တုတ်မရ ရယ်လိုက်ကြရတာဗျာ..။
(ဟဲဟဲဟဲ.. ကာယကံရှင်တွေ နာမည်ထည့်မထားဘူးနော်.. ငါ့ပို့စ်အောက်မှာ ကွန့်မင့်လိုလို ဆဲတာလိုလို ၀င်ရေးလို့ ပေါ်ကုန်ရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ ဟဲဟဲ)
ပြောကြ- တစ်ယောက်နဲ့တစ်ယောက် နှိပ်ကွပ်ကြနဲ့.. ပွဲကိုစည်လို့..။
ဌာနဆိုင်ရာက သူငယ်ချင်းတစ်ယောက်က တရုတ်ပြည်ကို လေ့လာရေး သွားရမယ်..။ အဲ့ဒါကို .. ပျက်ကျမယ့်လေယာဉ် ရှာစီးကွာလို့ တစ်ယောက်က အကြံပေးတယ်..။
တစ်ယောက်ကတော့.. ဒီကောင့်အတွက် ပျက်ကျမယ့်လေယာဉ်မလိုဘူး..။ ရန်ကုန်လေဆိပ်ကတက်တက်ခြင်း အပေါ့သွားမယ်ဆိုပြီး emergency exit ကို အိမ်သာတံခါးမှတ်ပြီး မှားဖွင့်မိလို့ တခါတည်းပြုတ်ကျပြီး သေမှာလို့ ၀င်ပြီး ထောမနာတယ်..။
အဲသလို ပြောတဲ့တစ်ယောက်က လူပျိုကြီး..။ အခုထိ တကိုယ်တည်း..။ အဲ့ဒါနဲ့သူ့ကို တခြားတစ်ယောက်က- ဒါနဲ့နေစမ်းပါအုံး.. မင်းနဲ့ မင်းစော်ကရော ဘာလို့အခုထိမယူသေးတာလဲလို့ အသာဆွမေး-မေးတယ်..။
ဟ- မင်းတို့ပဲ စဉ်းစားကြည့်အုံး.. သူတို့သမီးရည်းစားနှစ်ယောက်ပေါင
အင်း.. အဲ့ဒါတော့ ဟုတ်တယ်..။ သူတို့မင်္ဂလာဆောင်မှာ သတို့သားအရံ နဲ့ သတို့သမီးအရံ ကို အစက.. လူထုဒေါ်အမာနဲ့ ဦးသုခကို လျာထား-ထားတာ..။ ဟိုကလူကြီးတွေက.. သတို့သားနဲ့သတို့သမီး ဓါတ်ပုံတောင်းကြည့်တာ.. သူတို့ထက် ပိုအိုစာနေလို့ဆိုပြီး reject လုပ်သတဲ့ ဟေ့..။
တစ်ယောက်က အဲသလို ၀င်ပြောပြန်တယ်..။
အပြောခံရတဲ့ ကာယကံရှင်က.. အဲ့ဒီအထိ စိတ်မဆိုးသေးဘူး..။ ဟဲဟဲ- ဟဲဟဲ နဲ့ အားလုံးနဲ့ အတူ လိုက်ရီရင်း.. '' ငါတို့က ပြတ်သွားပါပြီကွာ '' လို့ မချိပြုံးနဲ့ ပြောရှာတယ်..။
သြော်.. မင်းတို့က ပြတ်သွားပြီကိုး.. စိတ်မကောင်းစရာပဲ..။ ဒါနဲ့ မင်းနဲ့ အဲ့ဒီအဘွားကြီးနဲ့ ပြတ်သွားတာ ဘယ်လောက်ကြာပြီလဲလို့.. တစ်ယောက်က ၀င်မေးပြန်တယ်..။
ကာယကံရှင်က စိတ်မရှည်တော့ဘူးနဲ့ တူတယ်..။ လက်ခလယ် ထောင်ပြတယ်..။ f**k you ပေါ့လေ..။
သူထောင်ပြတဲ့ အဲ့ဒီလက်ခလယ်ကို ကြည့်ပြီး တစ်ယောက်က '' သြော်.. ပြတ်သွားတာ one month တောင်ရှိပြီကိုး '' လို့ အတည်ပေါက်နဲ့ ၀င်ပြောတော့.. အားလုံး ပတ်တုတ်မရ ရယ်လိုက်ကြရတာဗျာ..။
(ဟဲဟဲဟဲ.. ကာယကံရှင်တွေ နာမည်ထည့်မထားဘူးနော်.. ငါ့ပို့စ်အောက်မှာ ကွန့်မင့်လိုလို ဆဲတာလိုလို ၀င်ရေးလို့ ပေါ်ကုန်ရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ ဟဲဟဲ)

No comments:
Post a Comment