Friday, 10 October 2014

ကြွေ ဆိုသည်မှာ

ကြွေ ကို အင်္ဂလိပ် က Porcelain လို့ခေါ်တယ်။ တရုတ်စကား ကို အင်္ဂလိပ်လို
ဘာသာပြန်ထားတာလို့ ထင်တယ်။ တရုပ်လူမျိုးတွေ က ကြွေကို ( TZU ) လို့ခေါ်
ပြီး အနောက်တိုင်းအခေါ်ဝေါ် ( Stone Ware ) နဲ့ဆင်ဆင်တူပါတယ်။
ကြွေထည် တခု လို့ အဓိပ္ပါလ် သတ်မှတ် နိုင်ဖို့ရာ သတ်မှတ်ချက်တွေ ရှိပါတယ်။
ကြွေထည် ဖြစ်ဖို့ရာ မှာ
၁။ ဖြူဖွေးတဲ့အရောင် ရှိ ပြီး ဖန်သားလို ဖြစ်နေရပါမယ်။
၂။ကြည်လင်ပြီး အလင်းဖြတ်သန်းနိုင်ရမယ် ။
၃။ အပူချိန် ၁၂၈၀ ဒီဂရီ စင်တီ ဂရိတ် ခန့် မီးဖုတ်ထားတဲ့အတွက်
ကျောက်သားလို မာကြောနေရပါမယ်။
ဒီအချက်တွေ က ကြွေထည် တခုရဲ့ အဓိပ္ပါလ်ဖွင့်ဆိုချက်ဖြစ်တယ်။
ကြွေထည်မှာ တရုပ် က စံပြဖြစ်တယ်။ တရုတ်တွေ က ကြွေထည်မှာ ပစ္စည်း
တွေ ကို အချိုးဆနဲ့ထည့်ပါတယ်။ ကြွေထည်မှာ မြေစေးဖြူ ( Kaolin) နဲ့
ကြွေထည်ဖြစ်စေတဲ့ ပစ္စည်း ( porcelain stone ..dunzi, a feldspathic rock)
တွေ ကို အမှုန့်ပြုလုပ်ပြီး မြေစေးဖြူ နဲ့အချိုးဆ အတိုင်းရောစပ်ကြပါတယ်။
ကြွေ ထည်လုပ်ဖို့ ရောစပ်ပြီးတဲ့အခါ မှာ လုပ်လို တဲ့ပစ္စည်းကို ပုံသွင်းလုပ်ကြ
ပါတယ်။ ပြီးရင် အခြောက်ခံ ပြီး လေထုစိုထိုင်းမူနည်းတဲ့ မီးဖိုမှာ အပူချိန်
၁၂၀၀- ၁၃၀၀ ဒီဂရီ စင်တီ ဂရိတ်အထိ မီးအပူပေးပြီး ထည့်ဖုတ်ကြတယ် ။
မီးဖုတ်တဲ့အခါ မှာအရေးကြီးတဲ့အချက်က ဖန်သားလိုလဲ ကြည်လင်ရမယ် ။
မီးမဖုတ်ခင် လုပ်ထားတဲ့ ပုံသဏ္ဍန်လဲ မပျက်စီးဘဲထွက်လာမှ သုံးလို့ရ
အဆင့်မှီတဲ့ ကြွေထည်တခု ရလာမှာဖြစ်တဲ့အတွက် မီးဖုတ် ရင် အပူချိန် ၊
ကြွေထည်ရဲ့ အရည်သွေးပုံသဏ္ဍန် တခု မှ ပျက်လို့မရပါဘူး။
ကြွေထည်ပုံသဏ္ဍန်မပျက်အောင် မြေစေးဖြူ ( Kaolin) က စွမ်းဆောင်ပေး
သလို ၊ ကြွေထည် အရောင် တောက်ပဖို့နဲ့ ကျောက်သားလို မာကြောဖို့
( porcelain stone ..dunzi, a feldspathic rock) က လုပ်ဆောင်ပေးပါတယ်။
မြေစေးဖြူမှာပါတဲ့ ကျောက်သားကို အမှုန့်ပြုတဲ့အခါ ပါဝင်တဲ့ ဆီလီကာ(သဲ)
တွေ အပူနဲ့တွေ့တဲ့အခါ အရည်ပျော်ပြီး ဖန် ဖြစ်သွားတဲ့ သဘောကြောင့်
ကြည်လင်လာပါတယ်။ ဒီနေရာမှာ ကြွေထည်သန့်ရှင်းဖို့အတွက် မြေစေးဖြူ
ကို ရေအထပ်ထပ်ဆေးကြောရပါတယ်။ ( dunzi, a feldspathic rock) ကို
အမှုန့်လုပ်ပြီးတဲ့အခါမှာလည်းရေသန့်သန့်နဲ့ကြိမ်ဖန်များစွာဆေးကြောနိုင်
လေလေ အခြားဓါတ်သတ္တု တွေ ပါဝင်မူ နည်းလေလေ ကြွေသားကောင်းလေ
လေပါ။
မှတ်သားဖူးတဲ့ ကြွေလုပ်နည်းမှာ ဘုရင်သုံး ကြွေထည်ပစ္စည်းတခုရဘို့
တရုပ်လူမျိုးတွေ လူ ၇၀ လောက် အသုံးပြုခဲ့ရတယ်လို့ဆိုပါတယ်။ မြေတူးတဲ့သူ
ကတူး၊ ကျောက်ခြေတဲ့ သူကခြေ ၊ ရေဆေးသူဆေး ၊ အချိုးဆ စပ်တဲ့သူ ၊
ပုံသွင်းသူ ၊ ဖင်ကွင်းဖြတ်သူ ၊ ပန်းချီ ဆွဲသူ ၊ လက်မှတ်ရေးထိုးသူ စသဖြင့် အဆင့်
ဆင့်လုပ်ကြရတယ်။ ကြွေထည် အဖြူပေါ်မှာအပြာနဲ့ ရေးဆွဲတာကို White and
translucent porcelain with underglaze blue ချော်ရည်အောက်က အပြာကို
Yuan dynasty (AD 1279-1368) မှာစတင်လုပ်နိုင်ခဲ့ပါတယ်။
အဖြူရောင်မြေစေးဖြူ တမျိုးတည်းသာ ဖုတ်တဲ့ ပစ္စည်းတွေ ကို ceramic လို့
ခေါ်ပါတယ်။ Shang Dynasty (16th century -11th century B.C ) မှာ
မြေစေးဖြူ တမျိုးတည်း သုံးပြီး မီးဖုတ်ရာကနေ အလွန်ပါးလွာတဲ့ အစိမ်းရောင်
ချော်ရည် ပစ္စည်းတွေ စတွေ့ခဲ့ရတယ်လို့ဆိုတဲ့အတွက် တရုပ်ပြည်မှာ ချော်ပညာ
အယူဆဟာ ( ဘီစီ ၁၆ ) လောက်မှာ စတင်ပေါ်ပေါက်နေပြီလို့ဆိုပါတယ်။
အခုလို မျိုးပါးလွာတဲ့ အစိမ်းရောင် ချော်လို့ယူဆရတဲ့ ချော် ဘာ့ကြောင့် ဖြစ်ခဲ့
ပါသလဲလို့ ပညာရှင်တွေယူဆချက်ထဲ မှာ ကြွေပညာရှင် Jan-Erik Nilsson
SWEDEN ရဲ့ယူဆချက်ကို သဘောကျပါတယ်။
သူ့အယူဆအရ အိုးလုပ်တဲ့အခါ သုံးတဲ့ မြေစေးဖြူ ကို မသန့်စင်နိုင်သေးတဲ့
အတွက် သူ့မှာ နဂို က ပါဝင်နေတဲ့ ဓါတ်သတ္တု ၊ အိုးလုပ်တဲ့အခါ အသုံးပြုရတဲ့
ရေ ၊ အိုးတွေကို မီးဖုတ်တဲ့အခါ သုံးရတဲ့ ထင်းတွေ မှာထွက်တဲ့ ပြာတွေ ဓါတ်တိုး
မူကြောင့် သဲမှုန်တွေ ပျော်တဲ့အခါမှာဖန်သားလို တောက်ပလာမဲ့ ချော်ရည်တွေ
အရောင်ထွက်ရခြင်း အရောင်ပြောင်းရခြင်းဖြစ်တယ်လို့သုံးသပ်ထားပါတယ်။
တရုပ်လူမျိုးတွေ ကြွှေထည် အတတ်ပညာကို တတ်မြောက်တာ ရာစု ပေါင်းများ
စွာကြာမြင့်ခဲ့ပြီ ဖြစ်ပေမဲ့ ဥရောပ သားတွေ ကတော့ ကြွေထည်ကို အေဒီ ၁၇၀၇
မှသာ ထုတ်လုပ်နိုင်ခဲ့တယ်။
မြန်မာ့သမိုင်း ပဒေသရာဇ် စနစ်မှာ ကြွေထည်ထုတ်နိုင်ခဲ့သလားဆိုတဲ့မေးခွန်း
အဖြေတိတိကျကျ မသိသေးပါဘူး။ အရေးကြီးတဲ့ စဥ့်ဖို တွေ့ဖို့လိုနေသေးတယ်။
တွံတေး ကြွေထည်မြေထည် ပြတိုက် ကို အလည်သွားတုန်း က ဆရာကြီး
ဒေါက်တာမျိုးသန့်တင် က မြေဖြူနဲ့ ( pro-porcelain) ( ceramic ) တခု ပြခဲ့
တယ်။ တွံတေးက လုပ်ခဲ့တယ်လို့ထင်တဲ့ မြေဖြူ အိုးလေးလို့ထင်ကြောင်း
ပြောပါတယ်။ ထိုင်းနိုင်ငံ ဗီယက်နမ် နိုင်ငံက မြေထည် ပစ္စည်းတွေ လေ့လာရင်း
တွံတေးဘက်မှာ အခုလို မြေဖြူထည်တွေ ထုတ်လုပ်နိုင်ခဲ့တယ်လို့ ထင်မိပါ
တယ်။ သုတေသန ဆက်လုပ်ရင် သိလာမယ်ထင်ပါတယ်။
( ၉ ၁၀ ၂၀ ၁၄ )
https://www.facebook.com/groups/657921987629585/?fref=ts

ဖုန်း မှား သွား လို့



“ဟယ်လို…မိန်းမလား”……
“ရှင်……….”
“မိန်းမလား……… လို့…..”
“မဟုတ်ပါဘူးရှင်… ကျွန်မက ဒီအိမ်က အိမ်ဖော်ပါ”

… “သြော်… အေးအေး… မင်းမမလေးကော…. ရှိလား”
“ဟုတ်…”

“ခေါ်ပေးကွာအရေးကြီးလို့”
“..ရှင်… မမလေးက သူ့အမျိုးသားနဲ့ အိပ်နေတယ်.. မခေါ်ပေးရဲဘူး”
“ဘာ….. သူ.ယောင်္ကျားနဲ့ဟုတ်လား…”
“အင်းလေ.. ဟုတ်ဘူးလား”

“ဒီမှာငါကမှ.. သူ.ယောင်္ကျား… မှတ်ထား.
ကောင်မက တော်တော် လင်ပေါနေတယ် မှတ်တယ်…
ခု လင်ငယ်နဲ့ အိပ်နေတယ်ပေါ့………
တောက်… သေမယ့်သာမှတ်…
ဟေ့… ဟေ့.. ဒီမှာ… မင်းအခုချက်ချင်း အခန်းထဲဝင်ပြီး.. ကောင်မကိုကော အကောင်ကိုကော.. သတ်ပစ်စမ်းကွာ..”

အိမ်ဖော်မလေး.. ဆတ်ခနဲတုန်သွားပြီးမှ…..
“ရှင်..!!!! … မ… မ.. လုပ်ပါရစေနဲ့ရှင်”

“တောက်… နင်ပါသေချင်လို့လား… ငါအခုပြန်လာလိုက်ရ.. ၃ လောင်းပြိုင်ဖြစ်သွားမယ်… နားလည်လား..သွားစမ်း သွားစမ်း
အံဆွဲထဲမှာသေနတ်ရှိတယ်… နှစ်ယောက်စလုံးကိုပစ်သတ်..
ကြားလား… ဖြစ်သမျှငါရှင်းမယ်.. သွားပစ်လိုက်စမ်း”

“ဟို… ဟိုလေ…….”
“ဟိုလေ ဒီလေလုပ်မနေနဲ့.. ဘာလဲ.. နင်ပါသေချင်လို့လား”
“မဟုတ်ပါဘူးရှင်…. သ.သ..သွားပါ့မယ်……….”

ခဏအကြာ…. ဒိုင်းခနဲသေနတ်သံနှစ် ချက်ကြားလိုက်ရသည်။
“ပြီး..ပြီးပြီ.. ဘာ.. ဘာဆက်လုပ်ရမှာလဲဟင်…..”
“အေး…ပြီးရင်.. ဂုန်နီအိတ်နဲ့ထုပ်ပြီး… အိမ်ရှေ့ယူလာခဲ့
ပြီးရင်ပြော..”

အနည်းငယ်ကြာပြီးနောက်…..
“ပြီးပြီ… ဆက်ပြော…”
“ပြီးရင်…. အိမ်ရှေ့က ရေကန်ထဲ ခဏချထား… ငါပြန်လာမယ်… ကြားလား”
“ရှင်… ဘာကြီး……….”

“ရေကန်ဟေ့… ရေကန်… နားလေးနေလား.. ငါဒေါသထွက်နေရတဲ့အထဲ”
“ဟို..ဟိုလေ… အိမ်ရှေ့မှာရေကန် မရှိဘူးရှင့်”
“ဘာ… ဟုတ်လို့လား”
“ဟုတ်….ဟုတ်…”

“ဒါ..ဒါဖြင့် phone နံပါတ်ကကော.. ဟင်…”
“09 ... ... ... ...  လေ….”
“ဗျာ…… အဟင်း.. ဘယ်လိုပြောရမလဲ….. sorry့ နော်…….
ဟို.. ဟိုလေ… ဟို..ဗျာ… ဟို… phone မှားသွားလို့…..ဗျ…. ဟုတ်…… ဒါပဲနော်”….
……….တဲ့…. (..တေပီ..)
ရီမောပျော်ရွင်ပါစေ

ရှာရှာဖွေဖွေ အသုံးဝင်နည်းအထွေထွေ


သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး နဖူး တလျှောက် ပွတ်တိုက်ပေးပါ။
တဆစ်ဆစ် ကိုက်နေတာတွေ သက်သာသွားပါလိမ့်မယ်။
ခြင်ကိုက်လို့ယားနေပါလား၊ ဆပ်ပြာနဲ့ အနည်းငယ် ပွတ်ပေးခြင်းဖြင့် ခဏတဖြုတ် သက်သာပါတယ်။
သကြားအညိုတွေ ခဲနေပါက ပန်းသီးတစိပ်လောက် ထည့်လိုက်ပါ ချက်ချင်း အရည်ပျော်သွားပါလိမ့် မယ်။
တလတခါ ရာသီလာချိန်မှာ ကိုက်ခဲနာကျင်တတ်သူ အစ်မနဲ့ ညီမလေးတွေအတွက်ပါ၊ ဒိန်ချဉ် ဘူးလေးပဲဖြစ်ဖြစ်၊ ရိုးရိုးဒိန်ချဉ်ကို သကြားလေးနဲ့ဖြစ်ဖြစ် ဖျော်သောက်ပါ။ ကိုက်ခဲတဲ့ နာကျင်မှု ဝေဒနာတွေ သက်သာစေပါတယ်။
ပြောင်းဖူး ပြုတ်တဲ့အခါ ဆားလေးနည်းနည်းထည့်ပြီး ပြုတ်ကြည့်ပါ။ ပြောင်းဖူး ရဲ့ သဘာဝ အချိုဓါတ်တွေ ထွက်လာစေပါတယ်။
ပုရွက်ဆိပ်ကလေးတွေ အိမ်မှာတန်းစီနေပါသလား၊ မြေဖြူ ခဲလေးနဲ့သာတားလိုက်ပါ။
ထမင်းအိုး ဟင်းအိုးတွေ တူးပီး ဂျိုးတွေ ကပ်နေပါက ပန်သီးနွာထားတဲ့ အခွံတွေ ထည့်ပြုတ်လိုက်ပါ
ကြေးအိုး ကြေးဇွန်တွေ ပြောင်လက်စေချင်ရင် မန်ကျီးရွက်(မန်ကျီးအနှစ်ရည်)နဲ့ တိုက်လိုက်ပါ
မီးဖိုချောင်သုံးစတီးအိုးခွက်များကို သံလွင်ဆီ (Olive Oil / Baby Oil )သုတ်ပေးချင်းဖြင့် အရောင်တက်ပီး အပြင်၊အစွန်းအထင်းတွေကိုပါ ဖုံးလွှမ်းပေးနိုင်ပါတယ်။
ရုံပတီသီးကြော်စားလို့ ချွှဲပစ်ပစ်ဖြစ်နေတာ မကြိုက်ပါက ဟင်းအိုးချတဲ့အချိန်မှာ သံပုရာသီး တစိပ်ထည်လိုက်ပါ လုံးဝမချွှဲတော့ပါဖူး
ကြက်သွန်နီနွာလို့ မျက်ရည်မကျချင်ရင် လှီးမယ့်ဓါးကို ဆားအနည်ငယ် သုတ်ပီး လှီးပါ
အခန်းလုံတွေမှာ ဟင်းချက်ပီး ဟင်းနံ့တွေ စွဲနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ
အနံ့တွေပျောက်သွားပါလိမ့်မယ်

ထမင်းစားချိန် ထမင်းစာပွဲမှာ ယင်ကောင်တွေလာနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ
ရေချိုးခန်းထဲ မှိုတက်ခြင်း၊ ဂျေးတက်ခြင်းတွေကို ကာကွယ်ချင်ရင် baby oil သုတ်ထားလိုက်ပါ။ အရောင်လွှင်ပြယ်တာကိုကာကွယ်တဲ့ အပြင် ၊မှိုတက်မဖြစ်တော့ပါဖူး
သတင်းစာကို ရေ နဲ့ ရှာလကာရည် ဆွတ်ပြီး မှန်ကို တိုက်လိုက်ပါ တခဏအတွင်း ကြည်ကြည်လင်လင်လေး ဖြစ်လာပါလိမ့်မယ်
ရေမှာပါတဲ့ ထုံးဓါတ်ကြောင့် အဖြူလေးတွေကို ရှာလကာရည်ကို အသုံးပြုပြီး ဘေစင်ကို စင်ကြယ်အောင် တိုက်ချွတ်နိုင်ပါတယ်။
ရေနွေးပူလေးထဲ ဇွန်းနှစ်ပီးမှ ပျားရည်ကို ခတ်ပါက ပျားရည်များ ဇွန်းမှာ ကပ်မနေတော့ပါ။
ဆက်ပါဦးမည်..
The Express Times
Credit- Original Writer

Thursday, 9 October 2014

အသိပညာရဲ့တန်ဖိုး

တခါတုန်းက အလွန်ကြီးမားတဲ့ သဘောင်္ကြီးတစ်စင်းရဲ့ အင်ဂျင်ဟာ ပျက်သွားတယ် ။ သဘောင်္ပိုင်ရှင်ဟာ စက်ပြင်သမားတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းပြီးပြပေမယ့် ဘယ်သူကမှ အင်ဂျင် ပြန်ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အဖြေ ရှာမတွေ့ခဲ့ကြဘူး ။

တစ်နေ့မှာ စက်ပြင်သမားတွေက သင်္ဘောအင် ဂျင်နဲ့ပတ်သတ်လို့ ငယ်ငယ်ကတည်းကတတ်ကျွမ်းခဲ့တဲ့ အဖိုးအိုတစ်ဦးကိုခေါ်လာတယ် ။ အဖိုးအိုက အိတ်ကြီး တစ်လုံးကိုလွယ်ထားတယ် ။ ရောက်ရောက်ခြင်းပဲ သူဟာ အင်ဂျင်ဆီကိုသွားပြီးအလုပ်လုပ်ဖို့ စတင်ပါတယ် ။

အဖိုးအိုဟာ အင်ဂျင်ကို ဂရုတစိုက်နဲ့ သေချာကြည့်တယ် အပေါ် ကနေ အောက်ခြေ အထိ သေသေ ချာချာစစ်ဆေးတယ် ။ အဲဒီနေရာမှာ သင်္ဘောပိုင်ရှင်ကလည်း ကြည့်နေတယ် ။ အဖိုးအို ဘာလုပ်မလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့ ။

အကုန်လုံးကြည့်ပြီးတဲ့အခါ အဖိုးအိုဟာ အိတ်ထဲကို လက်နှိုက်လိုက်ပြီး တူသေးသေးလေး တစ်ချောင်း ကိုထုတ်လိုက်တယ် ။ ပြီးတော့ တစ်နေရာကို ညှင်သာစွာ ခေါက်လိုက်တယ် ။ ရုတ်တရက်ပဲ အင်ဂျင်က စက်နှိုးသွားပါတယ် ။ အဖိုးအိုဟာ သူ့ တူလေးကို ဂရုတစိုက်အိတ်ထဲထည့်ပြီး ထွက်ခွာသွားတယ် ။ ခဏလေးပါပဲ --- အင်ဂျင်ပြင်တာပြီးသွားပါပြီ ။

တစ်ပတ်ကြာပြီးနောက်မှာ သဘောင်္ပိုင်ရှင်ဟာ အဖိုးအိုဆီက ငွေတောင်းခံလွှာကို လက်ခံရရှိခဲ့တယ် ။ ဒေါ်လာ ၁၀၀၀၀ ဖြစ်ပါသတဲ့ ။
“ ဘာ ” သဘောင်္ပိုင်ရှင် ထိတ်လန့်သွားတယ် ။ “ သူက ဘာများ ခက်ခဲစွာ လုပ်ရလို့လဲ ”
ဒီလိုနဲ့ သဘောင်္ပိုင်ရှင်က အဖိုးအိုကို ပစ္စည်းတန်ဖိုးနဲ့တကွ ကုန်ကျစရိတ်ကိုတောင်းခံလွှာပို့လိုက်တယ် ။ အဖိုးအို က စာပြန်ပို့လိုက်တယ် ။
“ တူ နှင့် ထု ခ --- ၂ ဒေါ်လာ မည်သည့်နေရာကို ထု ရမလဲ သိသည့် အသိပညာခ - ၉၉၉၈ ဒေါ်လာ "

လောကကြီးမှာ အသိပညာ အတတ်ပညာဟာ အရာအားလုံးကို ဖြေရှင်းပေးနိုင်သလို ဘ၀ရဲ့ အောင်မြင် ခြင်းသော့ ချက်လည်းဖြစ်တယ် ။ ဒါကြောင့် ကျွန်တော်တို့အားလုံးလည်း အသိပညာတစ်ခုခုကို စူးစိုက်လေ့ လာသင်ကြားကြဖို့လိုတယ် ။ ဘယ်နေရာလေး (Key point ) ကို အားစိုက်ပြုပြင်ရမလဲဆိုတာ သိခြင်း ဟာ လော က မှာ အရေးကြီးဆုံး အရာတစ်ခုပါပဲ ။

Credit - Original Writer
The Express Times

ဆိုင်းသမ စုလတ်နိုင် ပြောတဲ့ မြန်မာ့ဆိုင်းဝိုင်းက ဗုံ၃၁လုံး

၃၁ဘုံနေထိုင်ကြကုန်သော သတ္တဝါအပေါင်းကိုသာယာနာပျော်ဖွယ် အသံတွေနဲ့ စိတ်ချမ်းမြေ့အောင် ဖန်တီပေးနိုင်ရန်အတွက် အင်ဝခေတ်က မင်းသားတစ်ပါးပာာ ၃၁ ဘုံ ကိုရည်ညွှန်း၍ ဗုံ ၃၁ လုံးကို စတင်တီထွင်ခဲ့ပါတယ် ... ဆိုင်းဝိုင်းထဲမှာ ဗုံ ၃၁ လုံ ဖြစ်ဖို့ ပတ်လုံးဗုံ၂၁လုံးပါတဲ့ ရှစ်ချပ်ထောင်ဆိုင်းဝိုင်း ကြီးပာာဖြင့် ဗြမ္မာဘုံ ၂၀ နှင့် လူ့ဘုံ ၁ ဘုံ ကိုရည်ညွှန်း၍ ဗုံ ၂၁ လုံးဖြင့်ဖွဲ့စည်းထားပါတယ် ။ ခြောက်လုံးပတ်ဗုံ ဆိုတာကတော့ နတ်ပြည် ၆ ထပ်ကို ရည်ညွှန်းထားတာဖြစ်ပါတယ် ။ စခွန့်ဗုံ ပတ်မကြီးဗုံ စည်တော်ကြီးဗုံနှစ်လုံး အစရှိတာတို့ကတော့ အပါယ် ၄ ဘုံကို ရည်ညွှန်းထားတာဖြစ်ပြီး အားလုံးပေါင်း ၃၁ဗုံ ဖြင့်အသံမျိုးစုံ ထွက်ပေါ်လာပါတယ်။ ဗုံတိုင်းသူအသံနဲ့သူ သာယာနာပျော်ဖွယ်စွာအသံထွက်ပါတယ် ။ ထို့အတူ မြန်မာ"စာ" သည်လည်း ယခုဘဒ္ဒကမ္ဘာမှာပထမဦးဆုံးပွင့်တော်မူခဲ့သော "က" ကကုသန်မြတ်စွာဘုရားကို ရည်ညွှန်းထားတာဖြစ်ပြီး နောက်ဆုံးစာလုံး "အ" ကတော့ ဤဘဒ္ဒကမ္ဘာမှာ နောက်ဆုံးပွင့်တော်မူမည့် အရိမေတ္တယျ မြတ်စွာဘုရားကိုရည်ညွှန်းထား တာဖြစ်ပါတယ် ။
ချစ်သေားပရိတ်သတ်အားလုံးကို အစဉ်လေးစားလျှက် ။ .... ။ စုလတ်နိုင် ။

Wednesday, 8 October 2014

သီတင်းကျွတ်ည

ညခင်းရယ်သာ
လစန္ဒာတောင်ယုဂန်က
မှောင်ထုလှန်ခွင်း။
တာရာကြယ်စုံ
ပု ဏ္ဏမီခဝပ်လှုံခဲ့
မြဝတ်စုံ ရွှေယုန်လင်းတယ်
တိမ်ကင်းလို့ဝင်း။

လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်

အိပ်ရေးမဝခြင်း၏ အကျိုးဆက်

အိပ်ရေးမဝခြင်း ရဲ့ အကျိုးဆက်ကတော့ မကောင်းဘူး ဆိုတာ လူတိုင်း ပြောစရာမလို ခံစား သိရှိထားမှာ ဖြစ်ပါတယ်။ အိပ်ရေးမဝခြင်းဖြင့် ဖြစ်နိုင်တဲ့ ဆိုးကျိုး များ ကတေ့
၁။ ကိုယ်ခံအားနည်းခြင်း
ကိုယ်ခံအားနည်းခြင်း အကျိုးဆက်ကြောင့် ဘယ်လို ရောဂါမျိုးမဆို အလွယ်တကူ ဝင်ရောက်စေနိုင်မှာ ဖြစ်ပါတယ်။
၂။ သွေးချို၊ ဆီးချို အဖြစ်လွယ်ခြင်း
တစ်ရက်ကို ၅ နာရီထက် လျော့အိပ်နေသူ များဟာ ခန္ဓာကိုယ်တွင်းက သွေး ထဲက ဂလူးကိုစ့်ဓာတ်ကို များလာ စေပြီး သွေးချို၊ ဆီးချို ရောဂါ တို့ကို အလွယ်တကူ ဖြစ်လာစေမှာ ဖြစ်ပါတယ်။
၃။ မျိုးပွားနိုင်နှုန်း ကျဆင်းခြင်း
အိပ်ရေးမဝတဲ့ သူဟာ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသား ဖြစ်ဖြစ် မျိုးပွားနိုင်တဲ့ ဆဲလ်များ မွေးဖွားမှု နည်းပြီး ကလေး မရနိုင်တဲ့ အခြေအနေ အထိ ဆိုးသွား နိုင်ပါတယ်။
၎။ နှလုံးရောဂါ ဖြစ်လွယ်စေခြင်း
အိပ်ရေးမဝသူရဲ့ ကိုယ်တွင်း သွေးလည်ပတ်မှုဟာ သာမန်လူထက် မြန်ခြင်း၊ နှေးဖြစ် ဖြစ်တတ်ပြီး Blood pressure မမှန် ပါဘူး။ ဆိုးကျိုး အကျိုးဆက် အနေနဲ့ ကတော့ နှလုံး ရောဂါ ဖြစ်စေမှာ ဖြစ်ပါတယ်။
၅။ အဆီတက်၍ ဝလာစေခြင်း
အိပ်ရေးမဝသူတို့ရဲ့ ကိုယ်တွင်းမှာ Leptin လို့ခေါ်တဲ့ ဓာတ်တစ်မျိုး မြင့်တက်ပြီး ဝလာစေပါတယ်။ ဝတာက ကျန်းမာရေးနဲ့ ဆီလျော်စွာ ဝခြင်း မဟုတ်ပဲ အဆီပိုများ ထွက်ရှိလာခြင်း ဖြစ် ပါတယ်။ အများစု အထင်မှားတာက အိပ်ရေးပျက်ရင် ပိန်မယ် ဆိုတဲ့ အချက် ဖြစ်ပြီး ယင်းဟာ မှားယွင်း ပါတယ်။ အိပ်ရေး ပျက်လေလေ ပိုဝလာ လေလေ ဖြစ်ပါတယ်။ နဂို ပိန်နေသူများ အနေနဲ့ ghrelin ဓာတ် လျော့ကျပြီး ပိုပိန် ပါတယ်။ သူက ဝဖို့ ဓာတ်ခံရှိသူကို ပိုဝစေပြီး၊ ပိန်ဖို့ ဓာတ်ခံ ရှိသူကို ပိုပိန် စေပါတယ်။ ဒီတော့ အိပ်ရေးဝအောင် ပုံမှန် အိပ်ခြင်းကသာ ကျန်းမာရေးနဲ့ နည်းလမ်းကျကျ ဝစေ၊ ပိန်စေမှာ ဖြစ်ပါတယ်။
ဒီတော့ အရွယ်ရောက်ပြီး သူများ အနေနဲ့ တစ်ရက်ကို အနည်းဆုံး ၇ နာရီ အိပ်ရန် လိုအပ် ပါတယ်။ အိပ်ရေး ပျက်သူများ အတွက် ဖြေရှင်းတဲ့ နည်းလမ်း ရှိပါတယ်။ ယင်းကတော့ အားလပ်ရပ်၊ အနားယူရက်တွေမှာ ကိုယ် အိပ်ရေးပျက်ခဲ့တဲ့ နာရီတွေအစား ပြန်လည် အိပ်စက်ပေးခြင်း ဖြစ်ပါတယ်။ ပြီးတော့ တစ်ရက်က မဖြစ်မနေ အကြောင်း အမျိုးမျိုးကြောင့် အိပ်ရေးပျက်ထားရင် နောက်နေ့မှာ အိပ်ရေးမပျက်အောင် ဂရုစိုက်ပြီး စောစော အိပ်ပေးဖို့ လိုအပ်ပါတယ်။ အိပ်ရန် အကောင်းဆုံး အချိန် အနေနဲ့ ၁၀ နာရီကနေ မနက် ၈ နာရီကြား ဖြစ်ပါတယ်။ ရိုးရာလေး စာဖတ်သူတို့ အိပ်စက်ခြင်းဖြင့် ကျန်းမာရေး ကောင်းမွန်အောင် ဆန္ဒဖြင့် ရေးသား မျှဝေ လိုက်ရ ပါတယ်။
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
‪#‎aungkham_yyl‬
‪#‎knowledge_yyl‬