Wednesday, 14 August 2013

"ယတြာ"



Myanmar Online News
Wednesday, August 14, 2013

တခါက... ...
တရားမမှုတစ်ခုကို ရင်ဆိုင်နေရတဲ့ လူတစ်ယောက်ဟာ နာမည်ကြီး ဗေဒင်ဆရာ တစ်ယောက်ဆီ ရောက်လာတယ်။ ရင်ဆိုင်နေရတဲ့အမှုကို ပြီးပြတ်ချင်နေပြီလေ။ စရိတ်ကုန် အချိန်ကုန်၊ အဘက်ဘက်က နှိပ်စက်ခံနေရတော့ စိတ်ညစ်လှပြီ

ဒါနဲ့ ဗေဒင်ဆရာက ယတြာချေခိုင်တယ်... ...
 
"ကြွက်ရုပ်တစ်ရုပ်ကို မြစ်ထဲသွားပစ်လိုက်"

ကြွက်ရုပ်လိုက်ရှာတာ ဘယ်မှမရလို့ နောက်ဆုံး ရှေးဟောင်းပစ္စည်းရောင်းတဲ့ဆိုင်က ရခဲ့တယ်

ကြွက်ရုပ်လေးပိုက်ပြီး အိမ်ပြန်လာတာ... ...
ဆိုင်ကထွက်ထွက်ခြင်း ကြွက် လေးငါးကောင် သူ့နောက်က လိုက်လာတယ်
နည်းနည်းဆက်သွားတော့ ကြွက်တွေ နည်းနည်းများလာတယ်
တော်တော်လေးလည်း သွားမိရော တမြို့လုံးမှာ ရှိတဲ့ ကြွက်တွေ သူ့နောက်က လိုက်လာသတဲ့

ဗေဒင်ဆရာပြောတဲ့အတိုင်း ကြွက်ရုပ်လေးကို မြစ်ထဲလဲခပစ်လိုက်ရော နောက်ကလိုက်လာတဲ့ ကြွက်တွေအကုန်လုံး မြစ်ထဲကို လိုက်ပြီး ခုန်ဆင်းသွားကြတယ်
သူလည်း အံ့သြနေတာပေါ့

ပြီးတော့မှ အကြံတစ်ခု ရသွားပြီး ခုနက ကြွက်ရုပ်ဝယ်ခဲ့တဲ့ဆိုင်ကို ပြန်သွားတယ်
သူဆိုင်ထဲဝင်လာတာ မြင်တော့ ဆိုင်ရှင်ကပြောတယ်... ...

"ဘာလဲ... ကြွက်ရုပ် လိုချင်ပြန်ပြီလား၊ မရှိတော့ဘူး၊ ခုနဟာက နောက်ဆုံးကြွက်ရုပ်ပဲ"

ဒီတော့ သူက ပြန်ပြောတယ်.... ....

"မဟုတ်ဘူးဗျ၊ ရှေ့နေအရုပ် လာရှာတာ"... တဲ့

https://www.facebook.com/thanlayko
သန်၎ကို-ဘာသာပြန်ထားတာပါ
ဟာသဗိမာန်-ဆရာသန်

No comments:

Post a Comment