Wednesday, 14 August 2013

ဘယ်သူပိုသာသလဲ


Wednesday, August 14, 2013

Arthur Davidson (Harley Davidson မော်တော်ဆိုင်ကယ် ကုမ္ပဏီပိုင်ရှင်) သေပြီး နတ်ပြည် ရောက်သွားသည်။

စိန့်ပီတာပြောသည်။

"ခင်ဗျားထွင်ခဲ့တဲ့ ဆိုင်ကယ်တွေဟာ ကမ္ဘာကိုပြောင်းလဲစေခဲ့တဲ့အတွက် နတ်ပြည်မှာ ကြိုက်တဲ့သူနဲ့ နေခွင့်ပေးမယ်"

"ဒါဆို ဘုရားသခင်နဲ့ နေမယ်ဗျာ"

သို့နှင့် စိန့်ပီတာလဲ Arthur ကို ဘုရားသခင် နှင့် မိတ်ဆက်ပေးသည်။

Arthur က ဘုရားသခင် ကိုမေးသည်။

"ဒါနဲ့ ခင်ဗျားဟာ မိန်းမတွေကို ဖန်တီးခဲ့တဲ့သူ မဟုတ်လား"

"ဟုတ်တယ်လေ"

"ဒါဆို ပညာရှင် အချင်းချင်း ဆွေးနွေးရအောင်၊ ခင်ဗျားရဲ့ ဖန်တီးချက်မှာ ဒီဇိုင်းအားနည်းချက်တွေ ရှိနေတယ်။

၁. ရှေ့ပိုင်းက တစ်ခုနဲ့ တစ်ခု အရွယ်ရော၊ ပုံစံရော မတူတာတွေ များလွန်းတယ်။

၂. အသံ ညံလွန်းတယ်။

၃. နောက်ပိုင်းကလဲ သိပ်မခိုင်ဘူး၊ လှုပ်တုတ် လှုပ်တုတ်နဲ့။

၎. အပိုပစ္စည်းတွေလဲ ခဏခဏ ဝယ်ရတယ်။

၅. ထိန်းသိမ်းပြုပြင်စရိတ်ကလဲ ကြီးလွန်းတယ်ဗျာ။"

ဘုရားသခင်ပြန်ပြောသည်။

"အေး မင်းပြောတဲ့အချက်တွေ မဆိုးဘူးပဲ၊ ခဏစောင့်ကွာ"

ဘုရားသခင်လည်း နတ်ပြည်ရှိ စပယ်ရှယ်ကွန်ပြူတာ တွင် သွားရောက် တွက်ချက်သည်။ ခဏနေသော် စာရွက်တစ်ရွက် ထွက်လာသည်။ ဘုရားသခင် စာရွက်ကို ဖတ်ပြီး ပြောသည်။

"ငါ့တီထွင်မှုမှာ အားနည်းချက်တွေရှိတာတော့ ဟုတ်တယ်၊ ဒါပေမယ့် ဒီကိန်းဂဏန်းတွေအရ ဆိုရင်တော့ လူ့ပြည်မှာ မင့်ဆိုင်ကယ်တွေထက် ငါတီထွင်ထားတာကို ယောက်ျားတွေ ပို 'စီး' ကြတယ်ဆိုပဲ"

Chilly Chan
ကမ္ဘာ့အံ့ဖွယ်နေရာများ


No comments:

Post a Comment