Wednesday, 7 August 2013

စောစောကပြောရောပေါ့


Myanmar Online News
Wednesday, August 07, 2013

စီမံချက်အရ မော်တော်ပီကယ် တစ်ယောက်နဲ့ ရဲအရာရှိတို့သည် ကားမောင်းလိုင်စင်မရှိဘဲ ကားမောင်းလာသူ တစ်ဦးအား ဖမ်းဆီးလိုက်သည် ။

ထိုသူအား သူတို့ကားနောက်မှ ကားမောင်းပြီး ရဲစခန်းသို့ လိုက်ခဲ့ရန် ပြောလိုက်သည် ။

ရဲစခန်းသို့ ထွက်လာစဉ် လမ်းတွင် တရားခံပြေးတစ်ယောက်၏ ကားကို တွေ့လေသည် ။

သို့နှင့် ထိုကားနောက်သို့ ရဲကားမှာ အရှိန်မြှင့်ပြီး အသားကုန် လိုက်လေ၏ ။

နောက်ဆုံးတွင် ထိုတရားခံပြေးကားကို မိသွားသည် ။

ရဲအရာရှိများက ထိုတရားခံကို ဖမ်းနေစဉ် သူတို့နောက်မှ စောစောက ဖမ်းလာသော လိုင်စင်မဲ့မောင်းသူ၏ ကားရောက်လာပြီး သူတို့နားတွင် ထိုးရပ်လိုက်သည် ။

လိုင်စင်မဲ့မောင်းသူသည် ကားထဲမှထွက်လာပြီး ရဲအရာရှိများကို ပြောလိုက်ပုံမှာ...

" ရဲစခန်းကို ဘယ်လိုသွားရမယ်ဆိုတာ စောစောက ပြောရောပေါ့ဗျာ... ဒါဆိုရင် ကျွန်တော် အဲဒီမှာ သွားစောင့်နေမှာပေါ့ ... အခုတော့ ခင်ဗျားတို့ ကားနောက်ကို လိုက်ရတာ လွယ်တာမှတ်လို့ ... ဟူးးးးးး " တဲ့ ။ ။

တစ်ထောင်.တစ်ညပုံပြင်ကြိုက်သူများ


No comments:

Post a Comment