Wednesday, 7 August 2013

၂၃ ယောက်မြောက် ကလေး မွေးပြီးတဲ့နောက် မှာ ဧဝ က အာဒမ် ကို ဘာ ပြောခဲ့ လည်း....

Myanmar Online News
Tuesday, August 06, 2013

(မနီရဲ့ အဖြေလေးပါ)

မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်
ဆရာမ။ ။ မနီ ကမ္ဘာ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့လည်း
မနီ အိပ်အိုက်နေသဖြင့် မကြားသောကြောင့် သူမ နောက်တွင် ထိုင်နေသော ကိုဖြိုးမှ ဘော့ပင်နှင့် ထိုး၍ သတိပေးလိုက်သည်။ ထိုအခါ
မနီ။ ။ "ဘုရားသခင်" (လန့်သွားသဖြင့် ယောင်၍ အော်လိုက်သည်။ ထို့နောက် သူမ ပြန်လည် အိပ်ပျော်သွားပြန်သည်)။

ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က ဘယ်သူလဲ သမီး

ဆရာမမေးသည် ကို မနီမ မကြား၊ အိပ်လို့ကောင်းနေသည် ၊ ထို့ကြောင့် ကိုဖြိုးမှ ဘော့ပင်ဖြင့် ထိုး၍ သတိပေး ရပြန်သည်။

မနီ။ ။ "ဂျီးဆပ် ခရစ်" (လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ပြန်သည်၊ ထို့နောက် တဖန် အိပ်ပျော် ပြန်လေသည်။)

ဆရာမ။ ။ မှန် ပါ တယ်၊ ဆရာမ နောက်ဆုံး တစ်ခု မေးချင်တာ ကတော့ ၂၃ ယောက်မြောက် ကလေး မွေးပြီးတဲ့နောက်မှာ ဧဝက အာဒမ်ကို ဘာပြောခဲ့ လည်း ။

ဒီတစ်ခါတော့ ကို ဖြိုး အိပ်ပျော်နေသော မနီ ကို ဘော့ပင်နှင့် နာနာ ထိုး၍ သတိပေးလိုက်သည်။ မနီ အတော် နာသွားသည်။ ထို့ကြောင့် အိပ်ယာမှ နိုးလာသဖြင့် ရုတ်တရတ် ထလိုက်ကာ

မနီ။ ။ နောက်တစ်ခါ ငါ့ကို ထပ် ထိုးရဲ ထိုးကြည့် ၊ နင့် ဟာကို ထက်ပိုင်း ချိုးပစ်မယ်
ဆရာမ ခမျာ ဘုမသိ ဘမသိ ဖြင့် သတိလစ် သွား ရှာသည်။

ရီမောနိုင်ပါစေ

အူတက်အောင်ရီရသောဟာသများနဲ့အခြား(Facebook)

No comments:

Post a Comment