Thursday, 15 August 2013

ကျုပ်ကို မမျှော်လင့်နဲ့လို့ လာပြောတာ

Myanmar Online News
Thursday, August 15, 2013

အသက် ၄၀ အပျိုကြီးတစ်ယောက် သတင်းစာထဲမှာ ကြော်ညာထည့်သည်

အားကိုးအားထိုက်ပြုလောက်သော ခင်ပွန်းအလိုရှိသည်

၁။ အရက်မသောက်ရ
၂။ဆေးလိပ်မသောက်ရ
၃။မိန်းမမလိုက်စားရ
၎။ဖဲမရိုက်ရ
၅။အသက် ၄၅ထက်မကြီးရ
၆။လူပျိုဖြစ်ရမည်
အထက်ပါအချက်လက်များပြည့်စုံပါက အောက်ပါလိပ်စာအတိုင်းဆက်သွယ်ပါ"
x   x   x   x
X   x   x
X   x

နောက်နေ့မနက်ရောက်တော့ အိမ်ရှေ့မှာ တံခါးလာခေါက်သည်။ ဖွင့်ကြည့်လိုက်တော့ အရက်ကို အလွန်အကျွံ မူးနေအောင် သောက်ထားသော သူတစ်ယောက် ဖြစ်နေသည် ပါးစပ်တွင် ဆေးပေါလိပ် ခဲထားသည်။

အပျိုကြီးက မေးလိုက်သည်

ဘာကိစ္စတုန်း

အာလေးရှာလေးနဲ့အမူးသမားပြန်ဖြေသည်

ဒီလိုပါ ကျုပ် သတင်းစာထဲမှာ ခင်ဗျားကြော်ညာတွေ့လို့လာခဲ့တာပ

အပျိုကြီးက ၀မ်းသာအားရနှင့်

အပျိုကြီး - ရှင်!!!!!!! ဟုတ်လား ဒါဆိုရှင်က အရက် မသောက်တတ်ဘူးပေါ့

အမူးသမား - မှောက်သွားတဲ့ထိ သောက်တယ်

အပျိုကြီး - ဟင် ... ဒါဆို ဆေးလိပ် မသောက်တတ်ဘူးပေါ့

အမူးသမား - ခုတောင် ခဲထားတာမတွေ့ဘူးလား မပြတ်တမ်း သောက်တယ်

အပျိုကြီး - ဒါဆို ဖဲမရိုက်တတ်ဘူးပေါ့

အမူးသမား - အခုပဲဖဲဝိုင်းက ထလာတာ

အပျိုကြီး - မိန်းမတော့ မလိုက်စားတတ်လောက်ပါဘူး

အမူးသမား - သူငယ်ချင်း မိန်းမတောင် မရှောင်ဘူ

အပျိုကြီး - အသက်ကတော့ ၄၅နှစ် မကျော်သေးပါဘူးနော်

အမူးသမား - ၅၀ပြည့်တော့မယ် လပိုင်းပဲ လိုတော့တယ်

အပျိုကြီး - ဒါဆို လူပျိုတော့ ဟုတ်တယ်မလား

အမူးသမား - မိန်းမ ယူတာ နှစ်ယောက်ရှိပြီ ကွာရှင်းထားတာ ခုက

အပျိုကြီး - ဒါဆို ဘာလို့လာနေသေးတာလဲ သေနာကျရဲ့

အမူးသမား - ကျုပ်ကို မမျှော်လင့်နဲ့လို့ လာပြောတာ ဟဲဟဲ

တိန်~!

ကိုစိုးနိုင်၏ ဘလော့

No comments:

Post a Comment