Thursday, August 15, 2013
“ မင်းကဘာလို. အရက်ကို အလွန်အကျွှံ သောက်ရတာလဲ...”
“ သူရမေရိယကံ ကျူးလွန်ပြီး... အခြားကံ
လေးပါးလုံအောင်လို့ပါ...”
“ ဘာကွ!... သူရာမေရိယကံ ကျူးလွန်ပြီးရင်.... အခြားကံ
လေးပါးပါ ချိုးဖောက်တာ မဟုတ်ဘူးလား...”
“ ဘယ့်နဲ... ချိုးဖောက်ရမှာလဲ..ဗျာ.. အေ့... တကယ်သောက်ကြည့်
ပါလား... အရက်မူးလွန်လို့ သူများကို လိမ်ဖို့ မပြောနဲ့ ကိုယ့်လျှာအလုံးကြီးကို
ပြန်မကိုက်မိအောင်လို့ မနဲ ထိန်းထားရတယ် အေ့”
“ အေ့!...”
“ မအေ့နဲ. တချို့ဆို အမူးလွန်ပြီး အမှန်တိုင်း
ပြောမိလို့ ကျွှဲခိုးပေါ်တာရှိသေး.. အေ့။”
“ အဲ့!”
“ မ အဲ့ နဲ့ ဦး ရှိသေးတယ်.. သူတစ်ပါးပိုက်ဆံခိုးဖို.
မပြောနဲ့ ကိုယ့်အိပ်ထဲ ပိုက်ဆံတောင် ဘယ်ကောင် နှိက်သွားမှန်း မသိလို့ ပျောက်ရတာ အကြိမ်ကြိမ်...အေ
့။”
“ ဟင်! ”
“ မဟင်နဲ့ဦး.. ကျန်သေးတယ်... သူတစ်ပါးအသက် သက်ဖို့မပြောနဲ့
ကိုယ်ဘာသာကို မရပ်နိုင်လို့ ဓာတ်တိုင် ဖတ်ထားရတာဘဲ ကြည့် တော့... အေ့..။ ”
“ သြော်!”
“ မသြော်နဲ့ မပြီးသေးဘူး... သူများသားမယားကို ပြစ်မှားဖို့
ဆို ဝေးရော...
နိုင်ငံခြားမှာ ဖြစ်ဖူးတယ်... အမူးလွန်ပြီး ပန်ခြံထဲမှာ
အိပ်နေတာ ကိုယ့်ဖင်ထဲကို
မြွေဝင်သွားမှန်း တောင်မသိဘူး... အေ့..။”
“ အေးကွာ... မင်းပြောတော့လည်း ဟုတ်သလိုဘဲ...... ငါလည်း
ကံလေးပါး လုံအောင် အရက်သောက်ရမလို ဖြစ်နေပြီ...
အရက်ဆိုင် သွားဦးမှ.....။”
ဟာသကုမ္ပဏီ
No comments:
Post a Comment