Friday 30 May 2014

ဝါးတစ်ပြန် ဘမောင်

အခန်း(၁)
"ဝါးတစ်ပြန် ဘမောင်တဲ့ဟေ့။ ဝါးတစ်ပြန် ဘမောင်တဲ့ဟ"
ဝါးတစ်ပြန် ဘမောင် ဆိုသည့် အသံကြားတော့ သူ့အကြောင်း မသိသူများ တုန်လှုပ်သွားရသည်။ နာမည်က ဝါးတစ်ပြန် ဘမောင် တဲ့လေ။ သူ့အကြောင်း သိသူများက ပြုံးကြသည်။ သူသည် စစ်ကိုင်းတိုင်း ဝက်လက်နယ် အတွင်းက ရွာတစ်ရွာတွင် နေထိုင်သူဖြစ်သည်။ ရိုးအေးသူဖြစ်သည်။
ဒီနေ့တော့ဝါးတစ်ပြန်ဘမောင် သောင်းကျန်းနေသည်။ ငှက်ကြီးတောင် ဓါးရှည်တစ်ချောင်းနှင့်။ ရွာထဲရှိ ကလေး လူကြီး ခွေးပါမကျန် အိမ်ထဲဝင်ပြေးသည်။ ချောင်ကပ်နေကြသည်။ သူ့ပုံစံက ကြောက်ဖို့ကောင်းသည်။ အရပ်က ထောင်မောင်း၍ အသားက ညိုသည်။ ယခုက ပုဆိုးပါ စလွယ်သိုင်းထားသေးသည်။ အသက်က ၃၅လောက်။ ထိပ်ပြောင်၍ ဆံပင်ကျဲသည်။ ယခုရွာထဲတွင် လှုပ်ရှားနေတာကတော့ သူနှင့် ငှက်ကြီးတောင် မှတပါးအခြားမရှိ။
အားလုံးငြိမ်ဆိမ်နေတော့သည်။
=   =   =
အခန်း(၂)
ကိုဘမောင် ဂွ ပုံး ဆွဲထွက်လာသည်။ စက်ဘီးဖာသည့် ခုံနားတွင် ချလိုက်သည်။ ကိုဘမောင်သည်
ရိုးသားသည်။ စက်ဘီး ဖာသည်။ ကျွမ်းကျင်လှသည်တော့မဟုတ်။ ငယ်ဆရာမရှိ။ တက်သလောက်
မှတ်သလောက်နှင့်ပင်။ ကိုဘမောင်သည် သူ့အား ဝါးတစ်ပြန် ဘမောင် ဟုခေါ်လျှင် အကြိုက်တွေ့နေသည်။ လေ အခမဲ့ ထိုးပေးသည်။ သို့သော် ဝါးတစ်ပြန် ဆိုသော အဓိပ္ပာယ်ကိုကား မသိ။
=   =   =

အခန်း(၃)
ဒီတစ်နေ့တော့ ကိုဘမောင် တစ်ယောက် စိတ်တွေလေနေသည်။ ဘာလုပ်လို့ ဘာကိုင်ရမည်မသိ ဖြစ်နေစဉ် သူ့ခေါင်းထဲ အတွေးတစ်ခုဝင်လာသည်။ သူ့ကို နာမည်ရှေ့တွင် ဘာကြောင့် ဝါးတစ်ပြန်လို့
ထည့်ခေါ်တာလဲဆိုသောအတွေး။ စဉ်းစားသည်။ စဉ်းစား၍မရ။ ကိုဘမောင်အိမ်နှင့် မနီးမဝေးတွင်
အနောက်ပြောင်သန်သော ဘိုးစိန် ဆိုသူရှိသည်။ ဝါးတစ်ပြန်ဘမောင်လို့လဲ ဘိုးစိန်မှ စခေါ်ခဲ့ခြင်း ဖြစ်သည်။ ( ကျွတ် ကျွတ် ရေးရတာ လက်ညောင်းတာ ---mmz )p

ဘိုးစိန် လမ်းလျှောက်ရင်း ကိုဘမောင်ရဲ့ ဘီးဖာဆိုင်လေးသို့ ရောက်လာသည်။ ဘိုးစိန် စကား စလိုက်သည်။
စိန်။ ။ ဟေ့ ဝါးတစ်ပြန် ဘမောင်။ ဖာသည်ဆိုပါလား။ ok လားဟ။
ဘ။ ။ Ok.ပါ့ ။ အကြမ်းရေသောက်အုံး။
စိန်။ ။ အေး ငါက အကြမ်းရေဆို နုရင် မကြိုက်ဘူးနော်။
ဘ။ ။ အကြမ်းရေ ဆိုပေမယ့် မကြမ်းဘူးဗျ။
စိန်။ ။ စ တာပါကွာ။
ဘ။ ။ သိပါတယ်လေ။ ဒါနဲ့ ဦးလေးဘိုးစိန်ကို မေးစရာရှိသေးတယ်။
စိန်။ ။ ဘာများလဲကွ ဟေ ။
ဘ။ ။ ကျုပ်ကို ဘာဖြစ်လို့ ဝါးတစ်ပြန်ဘမောင် လို့ခေါ်ကြတာလဲဗျ။
စိန်။ ။ မသိချင်ပါနဲ့ကွာ။
ကိုဘမောင်သည် မသိချင်ပါနဲ့ဆိုမှပို. .သိချင်လာသည်။ ဘိုးစိန်ကလဲ မပြောလိုပေ။ ကိုဘမောင် စိတ်တိုလာသည်။ ငှက်ကြီးတောင်ဓါးကို ပြေးဆွဲလိုက်သည်။ မပြောလျှင် ဓါးနဲ့ခုတ်မည် ဟုဆိုသည်။ ဒီတော့လည်း ဘိုးစိန်ခမျာ မပြောဘဲ မနေရဲတော့ပေ။
ကြောက်ကြောက်လန့်လန့်နဲ့ပြောလိုက်သည်က “ဒီ ... ဒီလိုပါကွာ” စကားတွေ ထစ်ငေါ့နေသည်။
“မင်းကိုလေ ဝါးတစ်ပြန်ဘမောင် လို့ခေါ်တာက မင်းဖါလိုက်တဲ့ ဘီးတိုင်းက မင်းရဲ့ဟောဒီ ဘမောင် ဘီးဖာသည်.. ဆိုတဲ့ ဆိုင်ကနေ ဝါးတစ်ပြန်လောက် ရောက်ရင် အဖာကွာပြီး ပြန်ပေါက်တယ်လေ အဲ. . အဲဒါကြောင့် မင်းကို…”
ဘိုးစိန် စကားပင် မဆုံးလိုက်။
ဘမောင် ရှက်ကန် ဒေါသထွက်ပြီး ငှက်ကြီးတောင် နှင့် လိုက်၍ ခုတ်တော့သည်။
ဝါးတစ်ပြန် ဘမောင်တဲ့ဟေ့
ဝါးတစ်ပြန် ဘမောင်တဲ့ဟ

(pးpဗျာ ညောာာာာင်းတာ လက်တွေ။ dလောက်ရှည်ရှည် ခုမှ ရေးဘူးတယ်။ mmz)
ရွှင်လန်းချမ်းမြေ့ကြပါစေ။ ။
 
Minmin Zaw
မင်းမင်းဇော်
https://www.facebook.com/minmin.zaw.7982

1 comment:

  1. အိမ်ဘေးက သူငယ်ချင်း ၀ါးတစ်ပြန်မြင့်ကျော်ကို သတိရတယ်

    ReplyDelete