ပူပြင်းတဲ့နွေရာသီတစ်ခုမှာ
ကျီးကန်းတစ်ကောင်ဟာ ရေငတ်ပါတော့တယ်။ ကျီးကန်းဟာ ရေထွက်ရှာတော့ လမ်းတစ်နေရာက
ရေတွင်းဟောင်းတစ်ခုမှာ ရေအနည်းငယ်ပါတဲ့ ပုလင်းတစ်လုံးကို သွားတွေ့ပါတယ်။ ပုလင်းက
အဝကျဉ်းတာကြောင့် ကျီးကန်း ရေသောက်လို့ မရခဲ့ပါဘူး။
ပုလင်းကိုစောင်းလိုက်ရင်လည်း
ရေတွေဖိတ်ကုန်မှာစိုးတာကြောင့် ကျီးကန်းဟာ ရေသောက်ရဖို့ အကြံထုတ်ပါတော့တယ်။
ရေတွင်းဘေးမှာ ကျောက်စရစ်ခဲတွေကိုတွေ့တော့ ကျီးကန်းဟာ အကြံတစ်ခုရသွားခဲ့ပါတယ်။
ကျီးကန်းက ကျောက်စရစ်ခဲလေးတွေကို
တစ်လုံးချင်းစီ နုတ်သီးနဲ့ ကိုက်ချီပြီး ပုလင်းထဲထည့်ပါတယ်။
ကျောက်စရစ်ခဲတစ်လုံးချလိုက် ရေကအပေါ်ကို အနည်းငယ် တက်လာလိုက်နဲ့ နောက်ဆုံးမှာ
ကျောက်စရစ်ခဲတွေ ထည့်ရင်းထည့်ရင်း သူ ရေသောက်လို့ ရသွားပါတော့တယ်။
ကျီးကန်းရဲ့ပုံပြင်က အခက်အခဲကြုံချိန်
ဦးနှောက်သုံးပြီး ခေါင်းအေးအေးနဲ့ စဉ်းစားမယ်ဆိုရင် အခက်အခဲတွေကို အလွယ်တကူ
ဖြေရှင်းနိုင်ကြောင်းကို ဆိုလိုတာဖြစ်ပါတယ်။
မူလတန်းအရွယ်မှာ သင်ခဲ့ရတယ်ဆိုတော့
ကျွန်မတို့သင်ခဲ့တုန်းက ကဗျာရွတ်သလိုလို ဘာလိုလိုနဲ့ ကလေးတွေမှတ်ရလွယ်အောင်
အလွယ်ဆုံးစကားလုံးနဲ့ သင်ခဲ့ရတာပါ။ ကလေးတွေကို ပြောပြတဲ့ အခါမှာ
ဒီစာအတိုင်းမဟုတ်ဘဲ ပုံပြင်ဆန်ဆန်လေးနဲ့ ပြောပြနိုင်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်
No comments:
Post a Comment