Sunday 25 August 2013

သီလနှင့်ပြည့်စုံသူ၏အကျိုး



Buddhavasa Tiloka's photo.
• အမိုက်မှောင်သည် နေရောင်အတွင်းသို့ မဝင်နိုင်သကဲ့သို့ စွပ်စွဲခြင်းစသော ဘေးသည် သီလရှိသူ၏စိတ်သို့ မဝင်နိုင်။

• လမင်းသည် အရောင်ပြည့်မှ ကောင်းကင်၌ တင့်တယ်သကဲ့သို့ ရဟန်းသည် သီလပြည့်မှ သာသနာ၌တင့်တယ်၏။

• သီလရှိသူ၏ကိုယ်မှ အညစ်အကြေးနံ့သည်ပင် နတ်ဗြဟ္မာတို့ကို ဝမ်းမြောက်စွာ မွှေးကြိုင်စေသည်။ သီလနံ့ကား ဆိုဖွယ်မရှိ။

• သီလအနံ့သည် နံ့သာအားလုံးတို့ကို လွှမ်းမိုး၏။ ပိတ်ပင်တားဆီး၍မရ၊ အရပ်ဆယ်မျက်နှာလုံး အညီအမျှလှိုင်၏။

• သီလရှိသူအားလှူသောပစ္စည်းသည် နည်းသော်လည်း ကြီးကျယ်သောအကျိုးရှိ၏။ ထို့ကြောင့် သီလရှိသူသည် ပူဇော်ခြင်း၊ အရိုအသေပြုခြင်း၏ တည်ရာဖြစ်၏။

•သီလရှိသူကို မျက်မှောက်ဘဝ၌ ဘေးရန်မနှိပ်စက်၊ နောက်ဘဝ၌ဒုက္ခ၏ အမြစ်ကိုတူးပစ်၏။

• သီလရှိသူအား အလိုရှိလျှင် လူ့စည်းစိမ် နတ်စည်းစိမ်သည် မခဲယဉ်း၊ သူ၏စိတ်သည် အေးချမ်းသောနိဗ္ဗာန်သို့ ပြေးဝင်နေ၏။

ဤသို့စသဖြင့် စည်းစိမ်အားလုံးတို့၏ အကြောင်းရင်းဖြစ်သော သီလ၌ အကျိုးအာနိသင်တို့ကို ရှုဆင်ခြင်၍လည်း ဖြူစင်ကြောင်းဝေါဒါနပြည့်စုံ၏။ အခါခပ်သိမ်း သီလကိုဖြူစင်စေအပ်၏။


ဦးသော်စင်
ဝိသုဒ္ဓိမဂ်


No comments:

Post a Comment