Wednesday 28 August 2013

အပြိုင်အဆိုင်



Myanmar Online News Wednesday, August 28, 2013
တစ်ခါက ဆံပင်ညှပ်ဆိုင် ၂ဆိုင် မျက်နှာချင်းဆိုင်ဖွင့်ကြသတဲ့။
အကြံတူတော့ ရန်သူဆိုတဲ့အတိုင်း တစ်ဆိုင်နဲ့တစ်ဆိုင် မတည့်ကြဘူးပေါ့။
တစ်ဆိုင်ထက်သာအောင် နောက်တစ်ဆိုင်က အမြဲကြိုးစားနေတယ်။
နောက်ဆုံး ဖောက်သည်ပိုရဖို့အတွက် အပြိုင်အဆိုင် ဈေးလျှော့ကြပါလေရော…

ဒီဘက်ဆိုင်က ဈေးနှုန်းကဒ်ပြားချိတ်တယ်…“ဆံပင်ညှပ် ၁ဝ ဒေါ်လာ”
ဟိုဘက်ဆိုင်က သူ့ထက်ဈေးလျှော့ချိတ်တယ်……“ဆံပင်ညှပ် ၈ ဒေါ်လာ”

ဒီဘက်ဆိုင်က ထပ်လျှော့တယ်…“ဆံပင်ညှပ် ၆ ဒေါ်လာ"
ဟိုဘက်ဆိုင်က ပိုလျှော့တယ်……“ဆံပင်ညှပ် ၄ ဒေါ်လာ”

ဒီတစ်ခါတော့ ဒီဘက်ဆိုင်က ဈေးမလျှော့ဘဲ တိုက်စစ်ပြောင်းပြီး ဈေးနှုန်းချိတ်လိုက်တာ ဆိုင်ရှင် ၂ယောက် နဘမ်းထလုံးကြပါလေရော။
ကြည့်ဦးလေ သူရေးထားတာက…

“၄ ဒေါ်လာတန်နဲ့ ညှပ်ပြီး၊ ပုံပျက်သွားသော ဆံပင်များကိုပြင်ပေးသည်၊ ၅ဒေါ်လာ”


သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko
ဟာသဗိမာန်-ဆရာသန်

No comments:

Post a Comment