Sunday 25 August 2013

ကသိကအောင့်နိယာမများ



Myanmar Online News Sunday, August 25, 2013
၁) ညီမျှခြင်းနိယာမ
ဇနီးဖြစ်သူကပြောတဲ့ ငါးမိနစ်အတွင်း အပြင်သွားဖို့ အသင့်ဖြစ်ပြီဆိုတဲ့ အချိန်ဟာ ခင်ပွန်းဖြစ်သူကပြောတဲ့ ငါးမိနစ်အတွင်း ဖုန်းပြန်ဆက်ပါ့မယ်ဆိုတဲ့ အချိန်နဲ့ညီတယ်...

၂) တန်းစီခြင်းနိယာမ
စီနေတဲ့ အတန်းကနေပြောင်းလိုက်တဲ့အခါ သင်အရင်စီနေတဲ့အတန်းက အခုစီနေတဲ့အတန်းထက် ပိုမြန်မြန် ရှေ့ကို ရွေ့သွားလိမ့်မယ်...

၃) တယ်လီဖုန်းနိယာမ
သင် ဖုန်းနံပတ်မှားဆက်မိတဲ့အခါ ဖုန်းမအားတာမျိုးကို ဘယ်တော့မှ မကြုံရဘူး...

၎) စက်ပြင်နိယာမ
သင်လက်တွေမှာ ဆီချေးတွေ ပေသွားပြီဆိုရင် သင့်နှာခေါင်း စယားလာလိမ့်မယ်...

၅) အလုပ်ရုံနိယာမ
ပြုတ်ကျသွားတဲ့ ကိရိယာတန်ဆာပလာတိုင်းဟာ လက်လှမ်းမမီဆုံးနေရာကို လိမ့်သွားလိမ့်မယ်....

၆) ရေချိုးခန်းနိယာမ
သင့်တစ်ကိုယ်လုံး ရေစိုပြီးသွားတဲ့အခါ ဖုန်းမြည်သံကို ကြားရလိမ့်မယ်...

၇) ပက်ပင်းတိုးဥပဒေသ
လူမသိစေချင်တဲ့သူနဲ့ တွဲသွားတဲ့အခါ သိတဲ့သူတွေနဲ့ ပိုဆုံမိတယ်....

၈) သက်သေပြခြင်းနိယာမ
စက်တစ်ခုခု ကောင်းကောင်းအလုပ်မလုပ်ကြောင်း တစ်ယောက်ယောက်ကို ခေါ်ပြတဲ့အခါ အဲ့ဒီစက်က ပုံမှန်လုပ်နေလိမ့်မယ်...

၉) ဇီဝတုံ့ပြန်မှုနိယာမ
ယားခြင်းအဆင့်မြင့်မားမှုဟာ လက်လှမ်းမီခြင်းနဲ့ ပြောင်းပြန်အချိုးကျတယ်...

၁၀) ကော်ဖီနိယာမ
ကော်ဖီပူပူးလေးတစ်ခွက်သောက်ဖို့ သင်ထိုင်လိုက်တာနဲ့ သင့်ဆရာခိုင်းလိုက်တဲ့ကိစ္စဟာ ကော်ဖီအေးတဲ့အချိန်မှပဲ ပြီးတော့တယ်...

၁၁) ကမ်းလှမ်းမှုနိယာမ
ကမ်းလှမ်းမှုတစ်ခုကို သင်လက်ခံပြီးတဲ့အခါ ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းမှုတစ်ခု ရောက်လာလိမ့်မယ်...

Ref: Fans of LOL
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway

No comments:

Post a Comment