Saturday 24 August 2013

Human Papilloma Virus (HPV) လိင်အင်္ဂါကြွက်နို့ဗိုင်းရပ်စ်ပိုး




Human Papilloma Virus (HPV)

လိင်အင်္ဂါကြွက်နို့ဗိုင်းရပ်စ်ပိုးလို့ အများသိထားကြတဲ့ HPV အကြောင်းကို အနည်းငယ် ဆွေးနွေးလိုပါတယ်။ အမှန်တော့ HPV ဗိုင်းရပ်စ်ပိုးဟာ အများသိထားသလို သားအိမ်ခေါင်းကင်ဆာ ရောဂါကိုသာမက မွေးလမ်းကြောင်းတွင်းကင်ဆာ၊ စအိုကင်ဆာ၊ အာခံတွင်းနဲ့ လည်ချောင်းကင်ဆာ၊ လိင်တံကင်ဆာများကိုပါ ဖြစ်စေနိုင်ပါတယ်။ အမျိုးသား၊ အမျိုးသမီး လိင်အင်္ဂါများတ၀ိုက်
ကြွက်နို့ရောဂါများကိုလည်း ဖြစ်စေနိုင်ပါတယ်။

HPV ပိုးဟာ လူတစ်ဦးနဲ့ တစ်ဦး အရေပြားချင်း ထိကပ်ရာမှာ ကူးစက်တာဖြစ်ပါတယ်။ ဘယ်အချိန်မှာ ဘယ်လို ၀င်သွားသလဲ သိမှာ မဟုတ်သလို ရောဂါကူးစက်ခံလိုက်ရတဲ့ အချိန်မှာ တစုံတရာ ထူးခြားမှုလည်း ပြမှာ မဟုတ်ပါဘူး။ HPV ပိုးအမျိုးအစားပေါင်း ၄၀ကျော်ရှိတဲ့အထဲက
အမှတ် ၁၆နဲ့ ၁၈အမျိုးအစားတွေက သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေတာပါ။

ဒီ့အတွက်လည်း သားအိမ်ခေါင်းကင်ဆာကို ကာကွယ်နိုင်ဖို့ ရောဂါကာကွယ်ထိုးဆေး နှစ်မျိုးရှိပါတယ်။ Cervarix နဲ့ Gardasil ဆိုတဲ့ ဆေး နှစ်မျိုးပါ။ Cervarix ဆေးက အမှတ် ၁၆နဲ့ ၁၈ HPV ပိုးနှစ်မျိုး
ကို ကာကွယ်နိုင်တယ်။ Gardasil ကတော့ အဲဒီနှစ်မျိုးအပြင် အမှတ် ၆နဲ့ ၁၁ HPV ပိုးနှစ်မျိုးကိုပါ ကာကွယ်နိုင်ပါတယ်။ အဲဒီပိုးနှစ်မျိုးက လိင်အင်္ဂါကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးအမျိုးအစားတွေ ဖြစ်ပါတယ်။
အဲဒီကာကွယ်ဆေးတွေကို ထိုးရင် HPV အမှတ် ၁၆၊၁၈တွေကြောင့် ဖြစ်တဲ့ မွေးလမ်းကြောင်းတွင်း ကင်ဆာ၊ စအိုကင်ဆာ၊ အာခံတွင်းနဲ့ လည်ချောင်းကင်ဆာ၊ လိင်တံကင်ဆာများ အားလုံးလိုလိုကို ၄၀%ကနေ ၈၀%အထိ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

အသက် ၉နှစ်မှ ၂၆နှစ်အတွင်း အမျိုးသမီးတွေကို ထိုးနှံမယ်ဆိုရင် အာနိသင်ရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၁၁နဲ့ ၁၂နှစ် ကြား မိန်းကလေးတွေအားလုံးလိုလို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဖို့ ထိုးနှံထားသင့်တယ်လို့လဲ သုတေသသီများက အဆိုပြုထားကြပါတယ်။

အသက် ၁၁နှစ်အရွယ် ကလေးအရွယ်တွေကို ဦးစားပေးထိုးနှံစေချင်တဲ့ အကြောင်းရင်းကတော့ အပျိုရည်မပျက်ခင်(လိင်ဆက်ဆံမှု မပြုဖူးခင်)မှာ ဆေးရဲ့အာနိသင်ကို လက်ဦးမှုရစေချင်
လို့ ဖြစ်ပါတယ်။

ယောင်္ကျားလေးတွေမှာလဲ Gardasil ဆေးကိုထိုးနှံနိုင်တယ်။ အထူးသဖြင့် လိင်တူဆက်ဆံသူ အမျိုးသားတွေနဲ့ မိန်းမလျာ (Gay)တွေ အတွက်ဖြစ်ပါတယ်။ သူတို့တွေကိုလည်းပဲ အသက် ၂၆နှစ် မတိုင်မီမှာ ထိုးနှံဖို့ တိုက်တွန်းထားကြပါတယ်။

အသက် ၂၆နှစ်ကျော်မှ ဒီဆေးတွေကို ထိုးရင် သားအိမ်ခေါင်း ကင်ဆာနဲ့ လိင်အင်္ဂါကြွက်နို့ရောဂါ တွေကို ကာကွယ်နိုင်ကြောင်း တစုံတရာ သက်သေမပြနိုင်ပါ။ (နောက်ပိုင်းတွေ့ရှိချက် အချို့မှာတော့ အသက် ၄၅နှစ် အရွယ်အထိ အာနိသင်ရှိနိုင်ကြောင်း ပြောဆိုလာကြတာ ရှိပြန်ပါတယ်။) ဒီဆေးတွေကို သုံးကြိမ် ထိုးရတယ်။ ပထမအလုံးထိုးပြီးရင် ဒုတိယအလုံးကို နောက်နှစ်လခွာ ထိုးတယ်။ တတိယ အလုံးကိုတော့ ပထမအလုံးထိုးပြီး ခြောက်လအကြာမှာ ထိုးရပါတယ်။

သားအိမ်ခေါင်းကင်ဆာရဲ့ ၇၀-၈၀%ကိုသာ ကာကွယ်နိုင်တာမို့လို့ ကာကွယ်ဆေး ထိုးပြီးသော်လည်းပဲ သားအိမ်ခေါင်းအသားစယူခြင်း လုပ်ငန်းများကို ပုံမှန် ဆက်လုပ်သွားဖို့ လိုအပ်နေပါသေးတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာတော့ အဆိုပါ ကာကွယ်ဆေး များကို ထိုးနှံရန် မပြဌာန်းသေးပါ။
ကလေးမီးဖွားပြီးမှသာ ထိုးနှံဖို့ အကြံပြု ထားကြပါတယ်။ တစ်နှစ်မှာ ကမ္ဘာအနှံ့ သားအိမ်ခေါင်း ကင်ဆာ လူနာသစ် ငါးသောင်းကျော်ရှိပြီး ၂၇၀၀၀ကျော် သားအိမ်ခေါင်း ကင်ဆာကြောင့်
သေဆုံး နေကြရပါတယ်။ ကျွန်တော်တို့ဆီမှာလည်း သားအိမ်ခေါင်း ကင်ဆာရောဂါဟာ အမျိုးသမီးတွေမှာ အဖြစ်အများဆုံးကင်ဆာ တစ်မျိုးပါ။

ကမ္ဘာတလွှား မိန်းကလေးငယ်များကို ဒီကာကွယ်ဆေးများ ထိုးနှံနိုင်တဲ့တစ်ချိန်မှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုနှုန်းဟာ သုံးပုံ နှစ်ပုံအထိ ကျဆင်းသွားမည်ဖြစ်ပါကြောင်း

No comments:

Post a Comment