Thursday 29 August 2013

သွေးလွန်တုပ်ကွေးရောဂါ ( Dengue fever )



Theingi Win shared Mg Mandalay's photo.

( သွေးလွန်တုပ်ကွေးနှင့်ပတ်သက်ပြီး အထူးသတိပေးခြင်းနှင့် ကျန်းမာရေး အသိများသိရှိစေရန် မကြာခဏတင်ပြပေးခဲ့ပါတယ် ယခု ထပ်မံပြီး ဂရုစိုက်စေချင်လို့ သိသင့်တာကို ဆက်လျက် တင်ပြပေးပါသည် .... mg mandalay )

သွေးလွန်တုပ်ကွေးရောဂါကို အားလုံးသိထားသည့် ခြင်ကြောင့်ဖြစ်သည့် ရောဂါတစ်မျိုးဖြစ်ပါတယ် အေးဒီစ် အမျိုးအစားသည်သာ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးကို သယ်ဆောင်နိုင်သည်ခြင်ဖြစ်ပါတယ် သွေးလွန်တုပ်ကွေးဖြစ်နေသည့် လူတစ်ယောက်ကို ကိုက်လိုက်ပြီး ဌင်းခြင်သည် နောက်တစ်ယောက်ကို ကိုက်လိုက်ပါက ကူးစပ်ခြင်းဖြင့် သွေးလွန်ုတုပ်ကွေးရောဂါ ထပ်မံကူးစက်ပြန့် ပွားပါတော့သည် ။

သွေးလွန်တုပ်ကွေးစဖြင်သည့်အနေအထားတစ်ခုကိုပြောပြရရင် ရိုးရိုးပုံမှန်ဖျားသည့်အတိုင်းစဖြစ်လာပါတယ် အဲလိုချိန်မှာ ဝေဒနာခံစားရသူသည် တစ်ကိုယ်လုံးကိုက်လာပါတယ် အဲလိုဖြစ်နေသည့် ကလေးတွေက ခံစားမှု့ ကို မပြောတက်တော့ ဖျားနေသည့်ကလေးကို မိဘများက ပုံမှန်ဖျားနေသည့်အတိုင်းထင်ပြီး ရက်အနည်းငယ်ကြာလာလို့ မပျောက်နိုင်ဖြစ်လာတော့မှာ ဆေးရုံးကိုရောက်လာကြတာများပါတယ် ဒါကြောင့်လဲ မဖြစ်သင့်တာတွေလွန်တာတွေဖြစ်လာတော့ နောက်ဆက်တွဲ စိတ်မကောင်း ဝမ်းနည်းစရာများစွာ ဖြစ်ပေါ်ခဲ့ကြပါတယ် အခုတင်ပြသည့် အပိုင်းကို ကလေးမိဘများတိုင်း အထူးသိထားသင့်သည့်အချက်တစ်ခုပါ ။

သွေးလွန်တုပ်ကွေးအမျိုးအစား (၃)မျိုးဖြင့် တုပ်ကွေးကွေးကြပါတယ်။
(၁) Dengue Fever ကတော့ ပုံမှန်ဖျားနာ တုပ်ကွေးပါ
(၂) Dengue Hemorrhagic Fever (DHF) ဒီအမှတ်စဉ်ကတော့ ပြင်းထန်းစွာဖြစ်ပေါ် နိုင်သည့်တုပ်ကွေးဖြစ်ပါတယ် ဘာဖြစ်လို့ လဲဆိုတော့ သွေးယိုစိမ့်မှု့ အပိုင်းတွေဖြစ်ပေါ်လာလို့ ပါ ။
(၃) Dengue Shock Symdrome အဆင့်ရောက်နေရင်တော့ နောက်ကျနေတယ်လို့ တောင် ပြောလို့ ရသည် ဖျားနာတုပ်ကွေးအမျိုးအစားများထဲ့က ဝေဒနာရှင်တစ်ယောက်ကို ပြောင်းလဲသွားစေနိုင်လို့  အထူးသတိထား ကြပ်မတ်ကုသရတော့သည့် အပိုင်းဖြစ်ပါတယ် အလွန်ပင်အရေးသည်လို့ တောင် ဆိုလိုရပါတယ် ။

ကလေးငယ်တစ်ယောက်သည့် ပုံမှန်ဖျားနာခြင်းစဖြစ်ပြီး အပြင်းဖျားလိုက် သက်သလာလိုက်ဖြစ်နေတယ် ဆိုပြီးတော့ မပေါ့ဆသင့်ပါဘူး ကလေးတွေမှာ အဖျားကျတယ်ဆိုရင် ဆော့ကစားချင်သည့်စိတ်တွေဖြစ်လို့ ဆော့ပါတယ် ဒီရောဂါကြတော့ သွေးလန့် လို့ သာ အဖျားကျပြီး ကလေးမှာ မှေးနေပါတယ် အဲလို့ ဖြစ်နေပြီးဆိုရင် ရက်အနေအားဖြင့် ၃ ရက်ကျော်လာရင်တော့ မိဘများ ၊ အုပ်ထိန်းသူများ အနေဖြင့် ဆေးရုံးဆေးခန်းသို့ ချက်ခြင်းသွားရောက်ကုသမှု့ ခံယူပါလို့  ပြောကြားလိုပါတယ် ။

မလွန်ခင်က ကုသခြင်းဖြင့် အသက်ကို ကယ်တင်နိုင်မှာဖြစ်လို့ ပါဘဲ တစ်ချို့ မိဘတွေ မိတ်ဆွေတွေမှာ ဒါလေးတွေကောင်းတယ် သူတို့ တွေလဲ ဒါနဲ့ ပျောက်ကြတယ်ဆိုပြီး နားယောင်လိုက်တက်ကြပါတယ် အဲလိုမျိုးတွေ လျှောက်နေကြလို့ လဲ မဖြစ်သင့်သည့်ခံစားရသည့်လူတွေ မနည်းတော့ပါဘူး ။ အကောင်းဆုံးကတော့ ဆေးရုံးကိုသာ ကုသပါလို့ တိုက်တွန်းပြောကြားလိုက်ပါသည် ။

အသက်ရာကျော် ရှည်ပါစေ

No comments:

Post a Comment