Saturday 24 August 2013

သိပ်တော်တဲ့ ဘာသာပြန်

Myanmar Online News Saturday, August 24, 2013
မိန်းမ ။ ။ ကိုရေ ကနေ့ သူငယ်ချင်းများ တွေ့ဆုံပွဲတက်ရမယ်တဲ့ အခုမှ သိရတာ။
အဲ့ဒါ နေ့လည်စာကို အဆင်ပြေသလို စားလိုက်တော့နော်။
ယောင်္ကျား။ ။ ဟင် ဟုတ်လား။ ရပါတယ်ကွာ။ တစ်ခါတစ်လေပဲ
မိန်းမ ။ ။ ကနေ့တစ်ရက်ပါ ကို ။ ငါးသေတ္တာတွေ ရှိတယ် ရယ်ဒီမိတ်ပဲဟာ။ ရတယ်နော်။
ယောင်္ကျား။ ။ ကို အဆင်ပြေသလို စားလိုက်တော့မယ် ။ ကိုအတွက် မပူနဲ့နော်။

ညနေရောက်သော်- တွေ့ဆုံပွဲသွားပြီး ပြန်လာသော မိန်းမ မှ

မိန်းမ ။ ။ ကိုရေ ငါးဟင်းနဲ့ စားကောင်းရဲ့ လား
ယောင်္ကျား။ ။ ဟာ စားရတာ အရမ်းကောင်းတယ်။ ဒါပေမယ့် ကိုယ့်ခြေထောက်တွေ ရေနွေးပူ လောင်သွားတယ်။ အရည်ကြည်ဖုတောင်ထနေတယ်။
မိန်းမ ။ ။ ဟင် ဘာဖြစ်လို့လဲ။ ဘယ်လိုလုပ်ပြီး စားလိုက်လို့လည်း။ အညွန်းစာပါတယ်လေ။

ယောင်္ကျား။ ။ ကိုလည်း ဗူးမှာ ပါတဲ့ အညွှန်းအတိုင်း လုပ်စားတာပဲလေ။
“ Open tin and stand in hot water for five minutes ‘’ လို့ ရေးထားတာပဲ။
မိန်းမ ။ ။ ဟောတော်။

စိတ္တဇ ဟာသများ

No comments:

Post a Comment