Friday 23 August 2013

မိန်းကလေးတွေရဲ့ ကွာခြားချက်

Cute myanmar girls's photo.
အိမ်ထောင်မပြုခင် ချစ်သူရည်းစားဘဝမှာ ..
မနက်စောစော ချိုသာတဲ့အသံလေးနဲ့ ချစ်သူကို အိပ်ရာနှိုးပေးတယ် ။
အိမ်ထောင်လည်းကျပြီးရော မနက်မှာ နည်းနည်းလေးအိပ်ရာ နောက်ကျတာနဲ့ ပွစိပွစိပြောပြီး အိပ်ရာနှိုးတတ်ကြတယ် ။


အိမ်ထောင်မပြုခင် ချစ်သူရည်းစားဘဝမှာ ..
တစ်နေကုန်လျှောက်လည် စားချင်တာမှန်သမျှ လုံးဝမနှမြောပဲ ဝယ်စားတတ်ကြတယ် ။
အိမ်ထောင်လည်းပြုပြီးရော ..
အပြင်မှာ ထမင်းသွားစားကြရအောင် ဆိုရင်တောင် ကိုယ့်ဗိုက်ကိုယ် မသထာချင်တော့ဘူး ။ နောင်အနာဂတ်အတွက်ပဲ ပိုက်ဆံကို ခြစ်ကုတ်းစုဆောင်းတတ်ကြတယ် ။

ဒါပေမယ့် ..

ချစ်သူဘဝမှာရော အိမ်ထောင်ကျပြီး ဘဝမှာရော ..
မပြောင်းလဲတာက ..
'သဝန်တို'တတ်တာပဲ

ဘယ်အချိန်ရောက်ရောက် ကိုယ်ချစ်တဲ့သူကို စိတ်မချတတ်တာ သဘာဝပဲမဟုတ်လား

{ မယ်ပိုး }
< Heart Canteen >
Photo : Cute myanmar girls

No comments:

Post a Comment