Wednesday 28 August 2013

ရေအသောက် လွန်တဲ့အခါ



Today Myanmar


 လူတစ်ဦးရဲ့ ကျောက်ကပ်ဟာ တစ်နာရီမှာ ရေတစ်ကွာတား ပမာဏခန့် စွန့်ထုတ်နိုင်ပါတယ်။ အရည် အမြောက်အမြား သောက်တဲ့အခါ ကျောက်ကပ်ရဲ့စွန့်ထုတ်နိုင်တဲ့စွမ်း ရည်ကိုကျော်လွန်ပြီး (hyponatre mia) လို့ခေါ်တဲ့ ရေဓါတ်လွန်ကဲမှု ဖြစ်ပေါ်တတ်ပါတယ်။
မာရသွန်အပြေးသမားများနှင့် အပြင်းအထန် လေ့ကျင့်ခန်းဆင်းရ တဲ့ အားကစားသမားတွေမှာ ချွေး ထွက်များခြင်းကြောင့် ဆိုဒီယမ်ဓါတ် များဆုံးရှုံးပြီး ရေဓါတ်ပြန်လည် ဖြည့် တင်းသော်လည်း ဆိုဒီယမ်ကိုပါ အလုံအလောက် မဖြည့်တင်းနိုင်တဲ့ အခါ သွေးတွင်းဆိုဒီယမ်နည်းပြီး ရေ များလာတဲ့ hyponatremia အခြေ အနေကိုရောက်ရှိလာပါတယ်။

သွေးတွင်းဆိုဒီယမ်ကျဲလာတဲ့ အခါ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေး ခြင်း၊ အန်ခြင်း၊ နွမ်းနယ်ခြင်းတို့ဖြစ် လာပါတယ်။ အလွန်အကျွံဆိုးလာ တဲ့အခါ တက်ခြင်း၊ သတိမေ့ခြင်း၊ သေဆုံးခြင်းအထိဖြစ်နိုင်ပါတယ်။

သာမန်အားဖြင့် ရေသောက် များသူတွေမှာ ဖြစ်လေ့ဖြစ်ထမရှိဘဲ လေ့ကျင့်ခန်း အပြင်းအထန်လုပ်ပြီး ရေချည်းဖိ သောက်နေသူများမှာသာ အဖြစ်များပါတယ်။

ရေငတ်ရတဲ့အ ကြောင်းရင်းများစွာရှိတဲ့အနက် ချွေးထွက်လွန်ခြင်းကြောင့် ရေငတ်တဲ့ အခါ ရေချည်းသက် သက်မဟုတ်ဘဲ ဓါတ်ဆားရည်ကိုပါ သောက်ပေးဖို့ လိုပါတယ်။ ဓါတ်ဆားရည်ထဲမှာ ဆိုဒီယမ်သာမက ပိုတက်ဆီယမ်နှင့် အခြားလျှပ်လိုက်ဓါတ်တွေပါဝင်တာကြောင့် ခန္ဓာကိုယ် လိုအပ်ချက်အတိုင်း ဖြည့်တင်း ပေးနိုင်ပါတယ်။

သီဟ
Source:RD
Health Updates Journal

No comments:

Post a Comment