Monday 26 August 2013

ကြိုးစားရင် ဖြစ်နိုင်ပါတယ်...



Myanmar Online News Monday, August 26, 2013
တခါက ကြက်ခြံတခြံမှာ ဥနှုန်းတွေ အရမ်းကျနေတော့ ခြံပိုင်ရှင် စိတ်အရမ်းညစ်နေသတဲ့။

ဒီလောက်အစာကျွေးတာတောင် မဥတဲ့ကြက်တွေလို့ ဒေါသထွက်ပြီး ကြက်တွေကို "မနက်ဖြန် တကောင် နှစ်လုံးစီ ဥရင်ဥ မဥရင်တော့ ရိုက်သတ်ချက်စားမယ်" လို့ ကြိမ်းထားခဲ့သတဲ့။

နောက်နေ့လည်းရောက်ရော ကြက်တွေကို တကောင်ချင်းစီလိုက်စစ်တော့ ကျန်တဲ့ကြက်တွေ အားလုံးက နှစ်လုံးစီဥထားပြီး တကောင်ကပဲ တလုံးထဲ ဥထားတာတွေ့သတဲ့။ ဒါနဲ့ တင်းသွားပြီး "ဒီကြက်က တလုံးထဲဥတယ် ရိုက်သတ်ပြီး ချက်စားမှပဲ" လို့ပြောတော့...

အဲ့ဒီကြက်က ထစ်ထစ်အအနဲ့ "ဟို... ဟိုလေ... ကျနော်က ကြက်ဖပါ" ရှက်ကိုးရှက်ကန်းဖြေသတဲ့....

(ဒီတော့ သားလေးတို့လည်း ကြတ်ဖပေမယ့် အားမလျှော့ဘဲ ဖြစ်ညှစ်ပြီး ကြိုးစားရင် ဘာပဲပြောပြော တဥတော့ ထွက်လာနိုင်ပါတယ်လို့.... ~ခိခိ)

Myanma Spectrum

No comments:

Post a Comment