Wednesday 28 August 2013

ခဲတံနဲ့ ခဲဖျက်ပုံပြင်



Myanmar Online News Tuesday, August 27, 2013
ခဲတံ : စိတ် မ ကောင်း ပါ ဘူး

ခဲဖျက် : ဘာအတွက်လဲ? မင်းဘာမှ အမှား မလုပ်ပါဘူး

ခဲတံ : ငါ့ကြောင့် မင်း အမြဲနာကျင် ခံစားရတာ ငါ စိတ် မ ကောင်းပါဘူး
ငါ အမှားတစ်ခါလုပ်တိုင်း မင်းက လိုက်ဖျက်ပေးတယ်
မင်းက ငါ့ အမှားကို လိုက်ဖျက်တိုင်း မင်းရဲ့ အစိတ်အပိုင်းလေး တစ်ခုခုဆုံးရှုံးနေရတယ်
ငါ့အမှားတွေကြောင့်ပဲ မင်းဟာ တဖြည်းဖြည်း သေးသေးလေး ဖြစ်သွားတာ ငါ စိတ် မ ကောင်း ပါ ဘူး

ခဲဖျက် : ဒါတော့ မှန်ပါတယ်
ဒါပေမယ့် ဒါတွေ ငါ့စိတ်ထဲ မရှိပါဘူး
မင်းသိလား? ငါ က ဒီ အတွက် ပဲ ဖြစ် လာခဲ့တာလေ
ငါဆိုတာက မင်းအမှားတစ်ခုလုပ်တိုင်း လိုက်ဖျက်ပေးဖို့ ဖြစ်တည်လာတာပါ
တစ်နေ့နေ့ရောက်လို့ ငါ့တစ်ကိုယ်လုံး ပျောက်ဆုံးသွားရင် လဲ အဲဒီနေရာမှာ အခြားအရာ အသစ်တစ်ခုရောက်လာမယ် ဆိုတာ ငါသိပါတယ်
ဒါပေမယ့် ငါ့ဘဝကို ငါကျေနပ်ပါတယ်
ဒါကြောင့် ကျေးဇူးပြုပြီး စိတ်ပူနေတာတွေ စိတ်ဆင်းရဲစရာတွေ ရပ်လိုက်ပါ
မင်းဝမ်းနည်းနေတာတော့ ငါ မကြည့်ရက်ပါဘူး


အမှားတွေ လုပ်တိုင်းအမြဲ နားလည်ခွင့်လွှတ်ပေးနေတဲ့ 'ခဲဖျက်' က တော့ ကျွန်တော်တို့ အဖေအမေတွေဖြစ်ပြီး
အမှားတွေ ခဏခဏ လုပ်မိနေတဲ့ 'ခဲတံ' က တော့ ကျွန်တော်တို့ ကိုယ်တိုင် ပါပဲ

MHW@ဒိုင်ယာရီ (27.8.2013)

No comments:

Post a Comment